ဗီတာမင် A
ကလေးတွေရဲ့ အမြင်အာရုံ အတွက် အဓိက လိုအပ်တဲ့ ဗီတာမင်ဖြစ်ပြီး အသားအရေကိုလည်း ကျန်းမာစိုပြည်စေတယ်။ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတဲ့အပြင် ကိုယ်တွင်းတစ်ရှူးတွေ ကိုလည်း ပြုပြင်ပေးနိုင်တယ်။
ဗီတာမင် B complex
ဗီတာမင် B အုပ်စုဝင်တွေဖြစ်တဲ့B2 ၊ B3၊ B6၊ B12, ဖောလိတ် တို့က ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို အထောက်အကူပြုတယ်၊ သွေးလည်ပတ်မှု ကောင်းစေတယ်၊ အာရုံကြောစနစ်ကို အားကောင်းစေတယ် စတဲ့ ကောင်းကျိုးတွေ အများကြီးရှိပါတယ်။
DHA
အကျိုးပြုအဆီဓာတ်(Omega-3 fatty acids) တစ်မျိုးဖြစ်တဲ့ DHA ဟာ မျက်စိ၊ ဦးနှောက်နဲ့ အာရုံကြောစနစ် အတွင်း ဖွဲ့စည်းတည်ဆောက်မှု အတွက် အရေးပါတဲ့နေရာက ပါဝင်ပံ့ပိုးပေးပါတယ်။
Probiotics (အကျိုးပြုဘက်တီးရီးယား)
အူလမ်းကြောင်းအတွင်းက အကျိုးပြုဘက်တီးရီးယားလေးတွေ (Probiotics) ကောင်းကောင်းအလုပ်လုပ်တဲ့အခါ ကလေးဟာ ကိုယ်ခံအားစနစ် ပိုအားကောင်းနိုင်ပါတယ်။ ကလေးရဲ့အစာအိမ်နဲ့အူလမ်းကြောင်း အနေနဲ့ အာဟာရတွေကို စုပ်ယူမှုအားပိုကောင်း စေနိုင်တဲ့အတွက် ဝမ်းနဲ့ပတ်သက်တဲ့ ရောဂါတွေ အပြင် အဖြစ်များတဲ့ အသက်ရှူလမ်းကြောင်း ပြဿနာတွေဖြစ်နိုင်ခြေ လျော့နည်းစေပါတယ်။
ဒီ အကျိုးပြုဘက်တီးရီးယားလေးတွေ ကောင်းမွန်သန်မာပြီး ကိုယ့်ကလေးရဲ့ ခန္ဓာကိုယ်အတွက် အလုပ် ကောင်းကောင်းလုပ်ပေးနေနိုင်ဖို့အတွက် သူတို့လေးတွေမှာလည်း အာဟာရဓာတ် (Prebiotics) လိုအပ်ပါတယ်။ အကျိုးပြုဘက်တီးရီးယားလေးတွေ (Probiotics) ရော သူတို့အတွက် လိုအပ်တဲ့အာဟာရဓာတ် (Prebiotics) ရော ပြည့်စုံနေမှ ကလေးရဲ့ အရေးအကြီးဆုံး ပထမ သုံးနှစ်တာ ဖွံ့ဖြိုးမှုက အားကောင်းနိုင်မှာပါ။
ငယ်စဉ်မှာ အာဟာရမပြည့်ဝတဲ့ကလေးတွေဟာ သင်ယူနိုင်စွမ်း အားနည်းတာ၊ အာရုံစူးစိုက်နိုင်စွမ်း နည်းတာလိုမျိုးပြဿနာတွေ ရင်ဆိုင်ရနိုင်ပါတယ်။
ဒီပြဿနာတွေ ကင်းစေဖို့ဆိုရင် အပေါ်မှာ ပြောခဲ့တဲ့ အာဟာရတွေကို ကလေးတစ်ယောက် နေ့စဉ် စားသုံးနေကျ အစားအစာတွေဖြစ်တဲ့ ထမင်း၊ အသား၊ ငါး (ဆယ်လ်မွန်ငါး)၊ ပန်းဂေါ်ဖီစိမ်း၊ ကန်စွန်းဥ၊ မုန်လာဥနီ၊ ရွှေဖရုံသီး တို့ကနေ ရရှိစေဖို့ ကျွေးမွေးပေးနိုင်သလို ကလေးတွေအတွက် အထူးစီမံထုတ်လုပ်ထားတဲ့ အာဟာရဖြည့်နို့တွေ တိုက်ကျွေးပေးလို့လည်းရပါတယ်။
အစားအသောက်တွေ၊ ဖြည့်စွက်အာဟာရတွေကနေ အာဟာရဓာတ်တွေ ကောင်းကောင်းရရှိတဲ့ ကလေးဟာ ဉာဏ်ရည်ပိုင်းတင်မကဘဲ ခန္ဓာကိုယ် ကြီးထွားမှုပိုင်းပါ ဖွံ့ဖြိုးမှုက သူများထက် သာနေမှာ သေချာပါတယ်နော်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။