မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးတွေကို အာဟာရပြည့်အောင် ကျွေးမွေးတာက သူတို့ရဲ့ ကြီးထွားမှု၊ ဖွံ့ဖြိုးမှုနဲ့ ကျန်းမာရေးအတွက် အရေးကြီးပါတယ်။ သိပ္ပံနည်းကျလေ့လာထားတဲ့ အချက်တွေ၊ နည်းလမ်းကောင်းတွေကို ဒီမှာ လေ့လာကြည့်ရအောင်။

ကျန်းမာရေးဗဟုသုတ

မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

မတ်တတ်ပြေး နဲ့ မူကြိုအရွယ်ကလေး အာဟာရ

မတ်တတ်ပြေး နဲ့ မူကြိုအရွယ်ကလေး အသက် ၁ နှစ် ကနေ ၅ နှစ်အရွယ်ကို အစားအစာကျွေးမွေးရတာက တော်တော်လေး စိန်ခေါ်မှု ဖြစ်စေတဲ့ ကိစ္စရပ် တစ်ခုပါ။ ဒီကာလမှာ ကလေးက များစွာသော ပြောင်းလဲမှုတွေ၊ ကြီးထွားဖွံ့ဖြိုးမှုတွေ ဖြစ်ပေါ်နေတာကြောင့် အာဟာရ ပြည့်ဝအောင် ဖြည့်ဆည်းပေးဖို့က အတော်လေး အရေးကြီးပါမယ်။ ဒီကာလမှာ သူတို့က ကြီးထွားမှု စပြီး နှေးသွားပြီ ဖြစ်သလို အစားစားချင်စိတ်လည်း နည်းသွားပါပြီ။ ဒီလို အပြောင်းအလဲတွေကြောင့် အစားစားချိန်မှာ ကျွေးဖို့ ခက်ခဲနိုင်ပါတယ်။ ဒါကြောင့် ဒီကာလမှာ ကလေးကို အာဟာရ ပြည့်အောင် ကျွေးဖို့ လိုသလို အာဟာရမျှတအောင် ကျွေးဖို့လည်း လိုပါမယ်။ ဒီတော့ မတ်တတ်ပြေး နဲ့ မူကြိုအရွယ်ကလေး အာဟာရ အကြောင်းကို အတူတူ […]

မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ ကို ရှာဖွေမည်။

မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ရောဂါပိုးတွေ ပြန့်ပွားနေချိန် သင့်ကလေး ခုခံအားကို မြှင့်တင်ပါ။

လူကြီးတွေက တစ်နှစ်လုံးနေမှ တစ်ခါ ဖျားခဲပေမယ့် ကလေးတွေကတော့ ခဏခဏ ဖျားတတ်ပါတယ်။ ကျန်းမာပါတယ်ဆိုတဲ့ ကလေးတွေတောင် တစ်နှစ်ကို ၃-၄ ခေါက် ဖျားတတ်တာ သဘာဝပါ။ ဒါပေမယ့် ခုလို ကိုဗစ်ကာလမှာတော့ မေမေတွေအနေနဲ့ ကိုယ်ကလေးကို နည်းနည်းလေးတောင်မှ ဖျားစေချင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ရာသီဥတုက မိုးဦးကျ ဖြစ်လာပြီ။ ကိုဗစ်အပြင် ရာသီတုပ်ကွေး၊ သွေးလွန်တုပ်ကွေးတွေပါ ပါလာနိုင်တယ်အတွက် မိဘတွေအနေနဲ့ ကိုယ့်ကလေးကို ကာကွယ်ထားသင့်ပါပြီ။ ဘာပဲဖြစ်ဖြစ် ကာကွယ်ခြင်းက ကုသခြင်းထက် ကောင်းတာကြောင့် ဒီအချိန်မှာ ကလေးတွေကို ခုခံအားကောင်းအောင် ထားပေးဖို့ အကြံပေးလိုပါတယ်။ ရောဂါပိုး တွေကို ခံနိုင်အောင် ခုခံအား မြှင့်တင်မယ်ဆိုရင် အာဟာရပြည့်အောင် ကျွေးပါ။ ကလေး အသက်အရွယ်ပေါ်လိုက်ပြီး သင့်တော်တဲ့ အာဟာရရအောင် ကျွေးပေးပါ။ မိခင်နို့ကတော့ ကလေး အသက် […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

မိုး အေးချိန်မှာ ကလေးတွေ ရှောင်သင့်တဲ့ အစားအစာများ

မိုး လို့ ဆိုလိုက်ရင် ကလေးတွေကတော့ ပျော်တာပဲ။ ကျောင်းသွား ကျောင်းပြန် မိုးရေထဲ သွားရတာ ပျော်တယ်၊ ဆော့ရတာပျော်တယ်။ မိုးရေချိုး ချင်ကြတယ်။ တချို့ကလေးတွေကျ အိပ်ရာထဲ ကွေးနေချင်တာ သဘာဝပါပဲ။ ဒီလိုရာသီ ကလေးတို့ ရဲ့ ကျန်းမာရေးအတွက် မိဘတွေမှာ တာဝန်ကြီးတာပေါ့။ မိုး နဲ့အတူ ပါလာနိုင်တဲ့ ရောဂါတွေက နည်းမှ မနည်းဘဲလေ။ ဥပမာ မိုးရာသီ မှာ ဝမ်းပျက်ဝမ်းလျှော ဖြစ်စေတဲ့ ရောဂါပိုး အပါအဝင် ဒီအချိန် ဖြစ်တတ်တဲ့ ရောဂါ တွေအတွက် ကြိုတင်ကာကွယ်ပေးရပါလိမ့်မယ်။ မိုး ရာသီမှာ ကလေးတွေ ရှောင်သင့်တဲ့ အစားအသောက် (၇) မျိုး မိုးရာသီမှာ ကလေးအာဟာရနဲ့ ပတ်သက်ပြီး အရေးကြီးဆုံး သတိထားရမှာက သန့်ရှင်းမှုနဲ့ လတ်ဆတ်မှု ပါ။ သန့်ရှင်းမှု အားနည်းတဲ့အခါ ဝမ်းပျက်ဝမ်းလျှော […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

သားသားမီးမီးတို့အတွက် မိုးရာသီ အစားအစာလမ်းညွှန်

မိုးလေးကျလာရင် မေမေတိုင်း စိုးရိမ်တာက သားသားမီးမီးတို့ ဖျားနာမှာကိုပါ။ အခုနှစ်မှာတော့ ရာသီတုပ်ကွေးအပြင် မေမေတို့ စိုးရိမ်စရာတစ်ခုတိုးလာပါပြီ ဒါကတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲကြီး (WHO) က ကမ္ဘာ့ကပ်ရောဂါအဖြစ် ထုတ်ပြန်ကြေညာထားတဲ့ COVID-19 ပါ။ ဒီတော့ မုတ်သုံကာလမှာ သားသားမီးမီးတွေကို မုတ်သုံ​ကြောင့်ဖြစ်မယ့် ရောဂါတွေကိုရော ​ကိုဗစ်ကိုပါ ကာကွယ်ဖို့အတွက် ကိုယ်ခံအားကောင်း အောင် မေမေတို့အနေနဲ့ ဘာတွေများ ပြင်ဆင်ပေးမယ် စိတ်ကူးလဲ........... ကလေးတွေကို မိုးရာသီမှာ ရောဂါကင်းပြီး ကျန်းမာနေစေဖို့ ချစ်ရတဲ့ သားသားမီးမီးတို့ကို မိုးရာသီမှာ ရောဂါကင်းပြီး ကျန်းမာနေစေဖို့ဆိုရင် နေ့စဉ် စားသုံးတဲ့ အစားအစာတွေထဲမှာ ဒါလေးတွေ ပါဝင်အောင် ပြင်ဆင်ပေးပါ။ နနွင်း ဟင်းချက်တဲ့အခါ နနွင်းကို ထည့်တတ်ကြပါတယ်။ ဒီနနွင်းက ဟင်းကို အရောင်လှစေရုံတင် မဟုတ်ဘဲ ရောဂါတွေကိုလည်း တိုက်ဖျက်ပေးနိုင်ပါတယ်။ နနွင်းမှာပါတဲ့ curcumin က […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

မိဘများ သိထားသင့်တဲ့ ကလေးနို့မှုန့် အာဟာရအကြောင်း

သားသမီးတွေအတွက်ဆိုရင် အမြဲတမ်း အကောင်းဆုံးဆိုတဲ့ အရာတွေကိုမှ ပေးစွမ်းချင်တယ်ဆိုတာ မိဘတွေရဲ့ စေတနာပါ။ ကိုယ်ဝန်ဆောင်ချိန်ကာစလို့ ကလေးမွေးပြီး ကျန်းမာစွာ ကြီးပြင်းလာတဲ့အထိ အရိပ်တကြည့်ကြည့်နဲ့ ပြုစုစောင့်ရှောက်ပေးဖို့တတ်သူတွေပါ။ ကိုယ့်ကလေး ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာဖို့မှာ အာဟာရဟာ အလွန်ကြီးမားတဲ့နေရာက ပါဝင်နေတယ်ဆိုတာကို မိဘတွေသိနားလည်ဖို့လိုအပ်ပါတယ်။ ကလေးတွေအတွက် အဓိကလိုအပ်တဲ့ အစာအာဟာရ ကလေးမွေးပြီး ၆လအထိ အချိန်ကိုတော့ မိခင်နို့ တစ်မျိုးတည်းကိုသာ မဖြစ်မနေ တိုက်ဖို့ လိုအပ်ပါတယ်။ မိခင်နို့မှာ ကလေးတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်နဲ့ အာဟာရဓာတ် အစုံအလင် ပါဝင်တဲ့အပြင် ကလေးတွေကို ဉာဏ်ကောင်းထက်မြက်စေအောင်လည်း ကူညီပေးနိုင်ပါတယ်။ ကလေး အသက် ၆လနောက်ပိုင်းမှာတော့ မိခင်နို့အပြင် ဖြည့်စွက် အာဟာရအနေနဲ့ နို့မှုန့်ကိုပါ ကျွေးလို့ ရပါတယ်။ ကလေးနို့မှုန့် မှာလည်း ကလေးတွေအတွက် အရိုးသန်စွမ်းစေမယ့် သံဓာတ်တွေ၊ ဦးနှောက် ဉာဏ်ရည်အတွက် Omega-3, […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးအတွက် အကောင်းဆုံးနို့ ရွေးချယ်နည်း လမ်းညွှန်

ကလေးတစ်ယောက် ကောင်းမွန်စွာ အရွယ်ရောက်လာစေဖို့ ငယ်စဉ်ကတည်းက အာဟာရပြည့်ဝဖို့ လိုပါမယ်။ ကောင်းမွန်ပြည့်စုံတဲ့ အာဟာရဓာတ်မရရှိတဲ့ကလေးတွေဟာ ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတွေနောက်ကျတတ်ပါတယ်။ ကလေးတွေရဲ့ အာဟာရလမ်းကြောင်းမှာ မဖြစ်မနေအရေးပါတာကတော့ နို့တိုက်ကျွေးမှုပါ။ ဒီ တစ်ခေါက်တော့ ကလေးတစ်ယောက် ကြီးထွားစေဖို့ မဖြစ်မနေ လိုအပ်တဲ့ နို့အာဟာရတွေထဲကမှ ကလေးအတွက် အသင့်တော်ဆုံး နဲ့ အာဟာရအပြည့်ဆုံးဖြစ်မယ့် နို့ကို ဘယ်လိုရွေးချယ်မလဲဆိုတဲ့ နည်းလမ်းလေး ဆွေးနွေးရအောင်လား …………… ကလေးတစ်ယောက် ဘယ်အရွယ်ထိ နို့သောက်သင့်လဲ…………. ကလေးတစ်ယောက်ဟာ အသက် ၁၀ နှစ်အထိ အာဟာရပြည်ဝတဲ့ နို့ကို သောက်သုံးဖို့လိုပါမယ်။ မွေးစကနေ ၅ နှစ်အထိက မှတ်ဉာဏ်တည်ဆောက်ဖို့၊ဦးနှောက်နဲ့ အာရုံကြောတွေ အကောင်းဆုံး ဖွံ့ဖြိုးဖို့နဲ့ ကိုယ်ခံအား တည်ဆောက်ဖို့ ဖြစ်ပြီး ၅ နှစ် ကနေ ၁၀ နှစ်အတွင်းမှာတော့ ရှိသင့်တဲ့ ကိုယ်အလေးချိန် နဲ့ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ရာသီအကူးအပြောင်းမှာ ကလေးတွေကို မကျွေးသင့်တဲ့ အစားအစာများ

မိုးဦးတော့ကျလာခဲ့ပါပြီ။ မိုးနဲ့အတူ ကူးစက်ရောဂါတွေ၊ မှိုရောဂါတွေ၊ အရေပြားရောဂါတွေ၊ ကာလဝမ်းလို၊ တုပ်ကွေးလို ရောဂါတွေလည်း ကပ်လျက်လိုက်ပါလာကြပါတော့မယ်။ မိမိရဲ့ နေအိမ်မှာ ကလေးတွေ ရှိတယ်ဆိုရင် ဒီကာလဟာ မိဘတွေအတွက်တော့ ရင်ပူစရာကာလတစ်ခုပါပဲ။ ရာသီအကူးအပြောင်းမှာ ဖျားတာနာတာမျိုးက ကလေးတွေမပြောနဲ့ လူကြီးတွေမှာတောင် ဖြစ်တတ်တာမျိုးမဟုတ်လား။ ခုလိုကာလမျိုးမှာ ရင်သွေးတွေကို စားတာသောက်တာ နေတာထိုင်တာကအစ ဂရုတစိုက်ရှိနေဖို့ လိုအပ်ပါတယ်။ အထူးသဖြင့်တော့ အစားအသောက်ပါပဲ။ ကလေးတွေ ရဲ့ နုနယ်တဲ့ အစာအိမ်လေးတွေဟာ အစာပေါင်းစုံကို လက်ခံနိုင်စွမ်းမရှိပါဘူး။ ခုလို ရာသီအကူးအပြောင်းတွေမှာ ကိုယ်ခံအားပိုနည်းနေနိုင်တာမို့ အဖျားအနာပိုဖြစ်နိုင်ပါတယ်။ လူတိုင်းနီးပါးရဲ့ ကျန်းမာရေးပြဿနာတွေမှာ အစာအိမ်က ရာခိုင်နှုန်းတော်တော်များများ အရေးပါနေတတ်တယ်မဟုတ်လား။ ဒါကြောင့် ဒီလို ရာသီအကူးအပြောင်းကာလတွေမှာ ရင်သွေးတွေကို မကျွေးမွေးပဲ သတိထား ရှောင်ကြဉ်သင့်တဲ့ အစားအစာတွေကို ဖော်ပြချင်ပါတယ်။ ရာသီအကူးအပြောင်းမှာ ကလေးတွေကို မကျွေးသင့်တဲ့ အစားအစာများ ရာသီအကူးအပြောင်းမှာ ကလေးတွေကို မကျွေးသင့်တဲ့ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

မိုးတွင်းမှာ ကိုယ့်ကလေး ကျန်းမာအောင် ဘာတွေ ကျွေးမွေးမလဲ

မိုးရာသီရောက်လာပြီဆိုရင် ရာသီတုပ်ကွေး၊ သွေးလွန်တုပ်ကွေးကနေစလို့ အရေပြားရောဂါတွေအထိ ကျန်းမာရေးပြဿနာတွေ များတတ်ပါတယ်။ အထူးသဖြင့် ရင်သွေးတွေမှာပေါ့။ ကလေးတွေ မိုးတွင်းကာလမှာ ကျန်းမာရေးကောင်းမွန်နေဖို့ ဆိုရင် မိဘတွေရဲ့ ပြုစုစောင့်ရှောက်မှုက အရေးအကြီးဆုံး အချက်ပါပဲ။ ရင်သွေးတွေကို ကျန်းမာနေအောင်ပြုစုစောင့်ရှောက်တဲ့ မိဘတိုင်းဟာ ကိုယ့်ကလေးကို အာဟာရမျှတစွာ ကျွေးမွေးပြီး ကိုယ်ခံအားစနစ်ကောင်းမွန်နေအောင် အာဟာရဓာတ်တွေ ပြည့်ဝနေအောင် ကျွေးမွေးတတ်ကြတယ်မဟုတ်လား။ ပုံမှန်အချိန်မှာတောင် ရင်သွေးတွေကို ဘယ်လိုအစာတွေ ကျွေးရမယ်ဆိုတာက ခေါင်းခဲစရာပြဿနာတစ်ခုပါ။ ခုလို မိုးရာသီမှာ ရင်သွေးတွေရဲ့ ကျန်းမာသန်စွမ်းမှုကို မြှင့်တင်ပေးပြီး ဖျားတာနာတာကင်းအောင် အထောက်အကူဖြစ်စေမယ့် အစားအစာတွေကို ရွေးချယ်နိုင်ဖို့က ပိုပြီး ခေါင်းခဲစရာဖြစ်နေမှာပါ။ ဒီလိုဆိုရင်တော့ မပူပါနဲ့။ မိုးရာသီမှာ ရင်သွေးတွေရဲ့ ကျန်းမာရေးကို အထောက်အကူဖြစ်စေမယ့် အစားအစာတွေကို ဖော်ပြပေးသွားမှာပါ။ မှတ်သားပြီး ပြန်လည်အသုံးချကြည့်နိုင်ပါတယ်။ ၁။ ကြက်သွန်ဖြူ ကြက်သွန်ဖြူမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းလို့ခေါ်တဲ့ Antioxidants ပါဝင်နေတာမို့ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

အစားရွေးတဲ့ ကလေးတွေအတွက် မိဘများ ဘယ်လိုပြင်ဆင်ကြမလဲ

အစားနဲ့ ပတ်သက်လာရင် ဟိုဟာမစား၊ ဒီဟာမစား အရမ်းကြေးများတဲ့ ကလေးတွေကို ကိုယ့်ပတ်ဝန်းကျင်မှာ အမြဲ မြင်တွေ့နေရမှာပါ။ တကယ်တမ်းတော့ ကလေးတွေအရွယ်မှာ အစားကြေးများတယ်ဆိုတာ ပုံမှန် တွေ့ရတတ်တဲ့ လက္ခဏာတစ်ခုပါ။ ဒါကို အကြောင်းပြပြီး မိဘတွေအနေနဲ့ လိုတာထက်ပိုတဲ့ အတင်းအကြပ် ဖိအားပေးပြီး စားခိုင်းတာမျိုး၊ သူတို့ စားချင်တာတွေကို လုံးဝ ပိတ်ပင်တာမျိုးတော့ လုံးဝ မလုပ်သင့်ပါဘူး။ ဘယ်အချိန်မှာ ကလေးတွေ အစားရွေးတတ်နေပြီလဲ။ အသက် ၂ နှစ်အထက် ကြီးလာတဲ့အခါ ကလေးတွေကို အမာစာတွေ နည်းနည်းချင်း စပြီး ကျွေးလာရပါတယ်။ အစပိုင်းမှာတော့ ကလေးတွေအတွက် စားရတာ နည်းနည်း အခက်အခဲ ဖြစ်နိုင်ပေမယ့် ကျင့်သားရလာတဲ့အခါမှာ အဆင်ပြေသွားမှာပါ။ အဲဒီနောက်ပိုင်း အသက် ၄ နှစ်ဝန်းကျင်အရွယ်မှာ ကလေးတွေအနေနဲ့ ကိုယ်စားနေတဲ့ အစားအစာနဲ့ ပတ်သက်ပြီး အရသာ၊ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးရဲ့ အစာခြေစနစ် နဲ့ ကိုယ်ခံအားကို အားဖြည့်ပေးမယ့် အရာတွေက ဘာတွေများလဲ.......

ကလေးက ကျန်းမာတယ်နော်။ ကလေးက ထွားလိုက်တာ၊ ကလေးက တော်တော် ဉာဏ်ကောင်းတာပဲ ဆိုတဲ့ ချီးကျူးပြောဆိုမှုတွေ ကြားရရင် အလိုလိုနေရင်း ပြုံးမိပြီး စိတ်ထဲမှာ ပီတိဖြစ်မိတာ မေမေတိုင်းဟုတ်။ ကိုယ်ပျိုးထောင်တဲ့ ကလေးတစ်ယောက် ကောင်းကောင်းမွန်မွန် ကြီးပြင်းလာတာက မေမေတစ်ယောက်ရဲ့ မိခင်ဘဝ အောင်မြင်မှုဆိုလည်း မမှားပါဘူး။ ကလေးတစ်ယောက် အကောင်းဆုံး ကြီးပြင်းလာစေဖို့ မေမေတို့အနေနဲ့ ကလေးရဲ့ ကိုယ်ခံအား ကောင်းမွန်ဖို့ကို ဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။ ကိုယ်ခံအား မကောင်းဘူးဆိုရင် ရောဂါပိုးတွေ ဝင်ရောက်ပြီး မကြာခဏဆိုသလို နာမကျန်းတွေဖြစ် နောက်ဆက်တွဲအနေနဲ့ ဦးနှောက်နဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးမှု နှေးကွေးတာတွေဆက်ဖြစ်လာနိုင်ပါတယ်။ ကလေးတစ်ယောက် ဘယ်လို ကြီးထွားဖွံ့ဖြိုးလာတာလဲ............ ကလေးတစ်ယောက် အကောင်းဆုံး ကြီးပြင်းလာစေဖို့ဆိုရင် ၂နှစ် အထက်ကာလမှာ  အာဟာရ ပြည့်ဝမှုကို သေချာလေး ဂရုစိုက်ရပါမယ်။ အဲဒီကာလအတွင်းမှာ ကလေးက ကိုယ်ခံအား တည်ဆောက်တယ် ပထမဆုံး […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးသောက် ဖော်မြူလာနို့မှုန့်တွေ နဲ့ပတ်သက်ပြီး သိထားတာတွေ မှန်ရဲ့လား.................

ကလေးတစ်ယောက် ကျန်းမာပျော်ရွှင်နေဖို့အတွက် အာဟာရဓာတ်ပြည့်ဝနေဖို့က အရေးကြီးတယ်ဆိုတာ မေမေတို့သိပြီးသားဖြစ်မှာပါ။ အာဟာရဓာတ်နဲ့ပတ်သက်လို့ မေမေတို့ ကြားဖူးနေကြတဲ့ အကြောင်းအရာတွေလည်းအများကြီးရှိလိမ့်မယ်ထင်ပါတယ်။ ဒီအထဲမှာမှ မေမေတို့ ဝိဝါဒ ကွဲပြားလေ့ရှိတဲ့ ဖော်မြူလာနို့မှုန့် နဲ့ပတ်သက်ပြီး အထင်မှားနေတဲ့ အချက်လေးတွေရှိနေပါတယ်။ ဒါကြောင့် အခုတစ်ခေါက်တော့ ကလေးသောက် ဖော်မြူလာနို့မှုန့်တွေ နဲ့ပတ်သက်ပြီး သိထားတာတွေ မှန်ရဲ့လား................. ဆိုတာကို ဒီဆောင်းပါးမှာ ပြောပြသွားမယ်နော်။ https://hellosayarwon.com/parenting/baby/baby-nutrition/how-to-choose-best-milk-powder-for-babies/ ကလေးသောက် ဖော်မြူလာနို့မှုန့်တွေ နဲ့ပတ်သက်လို့ မေမေတို့ သိထားတာ မှန်ရဲ့လား............ ကလေးကို မိခင်နို့တိုက်ကျွေးတာက အကောင်းဆုံးဆိုပေမယ့် နို့မထွက်တဲ့အခါမျိုး၊ မိခင်က ရောဂါတစ်ခုခုခံစားနေရတဲ့အခါမျိုးမှာ ကလေးကို လုံလောက်တဲ့ အာဟာရ ရရှိစေဖို့ ဖော်မြူလာနို့မှုန့်တွေကို အားကိုးရပါတယ်။ ဒီအခြေအနေမှာ မေမေတိုင်း တွေးမိနိုင်တာက ကလေးကို နို့မှုန့်တိုက်လို့ ဖြစ်ပါ့မလား.... နို့မှုန့်တိုက်ရင် ကလေးကိုများ ထိခိုက်မလားဆိုတဲ့ အတွေးတွေပါ။ ဒီအတွေးတွေက မှန်ရော […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital