မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးတွေကို အာဟာရပြည့်အောင် ကျွေးမွေးတာက သူတို့ရဲ့ ကြီးထွားမှု၊ ဖွံ့ဖြိုးမှုနဲ့ ကျန်းမာရေးအတွက် အရေးကြီးပါတယ်။ သိပ္ပံနည်းကျလေ့လာထားတဲ့ အချက်တွေ၊ နည်းလမ်းကောင်းတွေကို ဒီမှာ လေ့လာကြည့်ရအောင်။

ကျန်းမာရေးဗဟုသုတ

မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

မတ်တတ်ပြေး နဲ့ မူကြိုအရွယ်ကလေး အာဟာရ

မတ်တတ်ပြေး နဲ့ မူကြိုအရွယ်ကလေး အသက် ၁ နှစ် ကနေ ၅ နှစ်အရွယ်ကို အစားအစာကျွေးမွေးရတာက တော်တော်လေး စိန်ခေါ်မှု ဖြစ်စေတဲ့ ကိစ္စရပ် တစ်ခုပါ။ ဒီကာလမှာ ကလေးက များစွာသော ပြောင်းလဲမှုတွေ၊ ကြီးထွားဖွံ့ဖြိုးမှုတွေ ဖြစ်ပေါ်နေတာကြောင့် အာဟာရ ပြည့်ဝအောင် ဖြည့်ဆည်းပေးဖို့က အတော်လေး အရေးကြီးပါမယ်။ ဒီကာလမှာ သူတို့က ကြီးထွားမှု စပြီး နှေးသွားပြီ ဖြစ်သလို အစားစားချင်စိတ်လည်း နည်းသွားပါပြီ။ ဒီလို အပြောင်းအလဲတွေကြောင့် အစားစားချိန်မှာ ကျွေးဖို့ ခက်ခဲနိုင်ပါတယ်။ ဒါကြောင့် ဒီကာလမှာ ကလေးကို အာဟာရ ပြည့်အောင် ကျွေးဖို့ လိုသလို အာဟာရမျှတအောင် ကျွေးဖို့လည်း လိုပါမယ်။ ဒီတော့ မတ်တတ်ပြေး နဲ့ မူကြိုအရွယ်ကလေး အာဟာရ အကြောင်းကို အတူတူ […]

မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ ကို ရှာဖွေမည်။

မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးအတွက် အာဟာရပြည့်ဝတဲ့ နေ့လယ်စာထမင်းဘူး ပြင်ဆင်မယ်

ကလေးအတွက် အာဟာရပြည့်ဝတဲ့ နေ့လယ်စာထမင်းဘူး ပြင်ဆင်မယ် .... ကလေးတွေအတွက် ထမင်းဘူးပြင်ဆင်ပေးတဲ့အခါမှာ အရေးအကြီးဆုံးအချက်တစ်ခုက ကလေးတွေအတွက် တစ်နေ့တာလိုအပ်မယ့်အာဟာရဓာတ်ပြည့်ပြည့်ဝဝပါဝင်ဖို့ပါ။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေ့လယ်စာဖြစ်ဖို့က အသီးအရွက်၊ သစ်သီး၊ ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ် မာဏတွေကို သင့်တင့်မျှတစွာပါဝင်ပြီး ဆားနဲ့သကြားပါဝင်မှု မများဖို့ဘဲ ဖြစ်ပါတယ်။ အာဟာရမျှတတဲ့ နေ့လယ်စာက ကလေးကိုနေ့လယ်နေ့ခင်းမှာပင်ပန်းနွမ်းနယ်မှု မခံစားရအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ ကလေးတွေအတွက် အာဟာရပြည့်ဝတဲ့နေ့လယ်စာကို ဘယ်လိုပြင်ဆင်ပေးရမှန်းမသိဘဲ အခက်တွေ့နေရတဲ့မေမေတွေအတွက် အာဟာရပြည့်ဝတဲ့နေ့လယ်စာပြင်ဆင်ပုံလေးကိုဖော်ပြပေးလိုက်ပါတယ်။ ကလေးအတွက် အာဟာရပြည့်ဝတဲ့ နေ့လယ်စာထမင်းဘူး ပြင်ဆင်မယ် ကလေးအတွက် အာဟာရပြည့်ဝတဲ့ နေ့လယ်စာထမင်းဘူး ပြင်ဆင်မယ် ဆိုရင် သတိထားရမှာလေးတွေ ရှိပါတယ်။ ကလေးတွေကို အစားအသောက်ပြင်ဆင်ပေးတဲ့နေရာမှာ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေ၊အမျှင်ဓာတ်နဲ့ လိုအပ်တဲ့ အာဟာရဓာတ်တွေ ပြည့်စုံအောင် ပြင်ဆင်ပေးတာက ကလေးတွေကို အဝလွန်တာမျိုးမဖြစ်အောင်လည်း ကာကွယ်ပေးရာရောက်ပါတယ်။ ကလေးတွေအတွက် နေ့လယ်စာ ပြင်ဆင်ပေးတဲ့အခါ ကစီဓာတ်နဲ့ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

အိမ်ချက်ကလေးအစားအစာအတွက် လုံခြုံစိတ်ချရမှုဆိုတာဘာလဲ

မိဘတိုင်းက ကလေးကိုဖြည့်စွက်စာကျွေးချိန်မှာ ကလေးတွေအာဟာရဖြစ်ဖို့ ဂရုစိုက်ပြီး ကျွေးလေ့ရှိပါတယ်။ ဒါပေမယ့် မိဘတော်တော်များများ တခြားအရေးကြီးတဲ့အရာတစ်ခုကို မေ့တတ်ကြတယ်။ ဒါကတော့ အစားအစာလုံခြုံစိတ်ချရမှုပါ။ ကလေးတွေအတွက် အစားအစာပြင်ဆင်ပေးတဲ့အခါမှာ ကျန်းမာသန့်ရှင်းပြီး အကောင်းဆုံးအစားအစာအဖြစ် စိတ်ချရအောင် ဘာလုပ်သင့်ပါသလဲ။ ပါဝင်ပစ္စည်းများကို သေချာရွေးချယ်ပါ။ ဟင်းတစ်ပွဲရဲ့အရည်အသွေးဟာ ပါဝင်ပစ္စည်းအပေါ် အများကြီးမူတည်ပါတယ်။ ဒါ့ကြောင့် ကလေးကို ကျန်းကျန်းမာမာနဲ့ ဘေးကင်းလုံခြုံဖို့အတွက် တတ်နိုင်သလောက် ပါဝင်ပစ္စည်းတွေကို သေချာရွေးချယ်ဖို့ အလွန်အရေးကြီးပါတယ်။ လွယ်ကူတဲ့နည်းလမ်းအချို့ရှိပါတယ်။ ပတ်ဝန်းကျင်က ရာသီပေါ်အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေကို ရွေးချယ်ပါ။ သူတို့မှာ အာဟာရဓါတ်မြင့်မားစွာပါဝင်ပြီး ပိုလတ်ဆတ်သလို လွယ်လွယ်ကူကူနဲ့ရနိုင်ပါတယ်။ ကိုယ်တိုင်စိုက်ပျိုးတာက အကောင်းဆုံးပါပဲ။ ခရမ်းချဉ်ပင်၊ နံနံပင်၊ ပဲပင်ပေါက်စတာတွေက အချိန်နည်းနည်းနဲ့ လွယ်လွယ်ကူကူစိုက်ပျိုးနိုင် ခူးဆွတ်နိုင်ပါတယ်။ အသီးအနှံတွေ ကွဲနေတာ၊ အနာအဆာပါတာ ဒါမှမဟုတ် ပျက်စီးနေတာမျိုးတွေ ရှောင်ပါ။ ဝယ်မယ့်ပစ္စည်းတွေရဲ့ သက်တမ်းကုန်ဆုံးရက်၊ ဘယ်ကလာတယ်၊ ဘယ်မှာစိုက်ပျိုးတယ်ဆိုတာ သိအောင်လုပ်ပါ။ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးများအတွက် မရှိမဖြစ်လိုအပ်သော အဆီများ

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ ပုံမှန်လုပ်ငန်းဆောင်တာတွေ ဆောင်ရွက်နိုင်ဖို့အတွက် အဆီဓာတ်တွေကို လိုအပ်ပါတယ်။ Essential fatty acids (မရှိမဖြစ်လိုအပ်တဲ့ Fatty Acids အဆီဓာတ်)တွေဟာ ကျွန်တော်တို့ ကျန်းမာရေးနဲ့ ဖွံ့ဖြိုးကြီးထွားမှုအတွက် အရေးပါလှပါတယ်။ အထူးသဖြင့် ကြီးထွားဖွံ့ဖြိုးနေတဲ့ ကလး‌တွေမှာဆိုရင် ပိုပြီး လိုအပ်ပါတယ်။ အဓိက ဦးနှောက်ဖွံ့ဖြိုးမှုအတွက် လိုအပ်တာပါ။ ကလေးများအတွက် မရှိမဖြစ်လိုအပ်သော အဆီများ က ဘာတွေလဲဆိုတာကို အောက်မှာ ဆက်ရှင်းပြထားပါတယ်။ ကလေးတွေအတွက် Essential fatty acid တွေဟာ ဘာကြောင့်အရေးပါရတာလဲ။ Essential Fatty Acids ( EFAs )တွေဟာ ကျွန်တော်တို့ အစားအစာတွေထဲမှာ နေ့စဉ်ပါဝင်နေဖို့လိုအပ်တဲ့ အဆီတစ်မျိုးဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအဆီဓာတ်တွေကို ခန္ဓာကိုယ်က အလိုအလျောက်မထုတ်ပေးနိုင်လို့ပါ။ ဒီအက်ဆစ်တွေဟာ အာရုံကြောစနစ်ရဲ့ တစ်သျှူးတွေကို တည်ဆောက်ပေးပြီး အာရုံကြောတွေကို လှုံ့ဆော်ပေးနိုင်ပါတယ်။ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

၂ နှစ်သား ကလေးကို ဘယ်လို ကျွေးမွေးပြုစုသင့်သလဲ

အသက်၂နှစ်ရောက်တဲ့အခါ သင့်ကလေးရဲ့စားသောက်မှုပုံစံက ပြောင်းလဲလာပါပြီ။ သူတို့လေးတွေ ကျန်းမာရေးနဲ့သင့်တော်မျှတတဲ့ စားသောက်မှုပုံစံကို အသားကျပြီး ကျန်းမာပျော်ရွှင်တဲ့ဘဝနေထိုင်မှုပုံစံကို ရရှိလာစေဖို့အတွက် သူတို့စားတဲ့အစားအသောက်တွေ၊ ဗီတာမင်တွေကို သင့်အနေနဲ့ထိန်းညှိပေးဖို့လိုလာပါတယ်။ အသက်၂နှစ်အရွယ် သင့်ရင်သွေးလေးဟာ လူကြီးတွေစားသလို တစ်နေ့ကိုသုံးကြိမ်စားသင့်ပါပြီ။ ကြားထဲမှာလည်း အဆာပြေသရေစာလေးတစ်ကြိမ်နှစ်ကြိမ်စားပေါ့။ ဒါပေမယ့် သင့်ကလေးကို ဗီတာမင်နဲ့သတ္တုဓါတ်တွေလုံလောက်အောင် ဖြည့်ဆည်းပေးနိုင်မယ့် သစ်သီးအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်တွေနဲ့ပရိုတင်းဓါတ်တွေကို ရွေးချယ်ပေးဖို့လိုအပ်ပါလိမ့်မယ်။ ဒါမှသာ အာဟာရမပြည့်ဝခြင်း၊ ဗီတာမင်ဓါတ်ချို့တဲ့ခြင်းတွေရဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။ အခုဆိုရင် သင့်ကလေးဟာ ဇွန်းနဲ့စားတတ်လာပါပြီ။ ရေခွက်ကို လက်တဖက်တည်းနဲ့ကိုင်ပြီးသောက်တတ်လာပါပြီ။ ပြီးတော့ အစားအမျိုးမျိုးလည်း စားတတ်လာပါပြီ။ ဘယ်လိုပဲဖြစ်ဖြစ် သင့်ကလေးဟာ ငယ်ရွယ်သေးတာမို့တချို့အစားအစာတွေစားတဲ့အခါ ကစားချင်ဇောနဲ့အလျင်စလိုစားတဲ့အခါ ဒါမှမဟုတ် တခြားကိုအာရုံရောက်သွားတဲ့အခါမျိုးမှာ အစာနင်တာ၊ သီးတာတွေ ဖြစ်နိုင်သေးတဲ့အတွက် သူတို့လေးတွေ အစာစားချိန်ဆိုရင် ဘေးကနေစောင့်ကြည့်ပေးဖို့လိုအပ်တုန်းပဲ ဖြစ်ပါတယ်။ ကလေးတွေဟာ သူတို့စားနေကျ၊ သူတို့ကြိုက်တဲ့အစားအစာတွေကိုသာ တောင့်တလေ့ရှိကြတာမို့အစားအစာအသစ်တခုစားဖို့ဆိုရင် ငြင်းဆန်တတ်ကြတာ၊ ထွက်ပြေးတတ်ကြတာဟာသဘာဝပဲ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

၃နှစ်သား ကလေး ဘယ်လို ကျွေးမွေးပြုစုသင့်သလဲ

အသက်၃နှစ်ရောက်တဲ့အခါ သင့်ကလေးရဲ့စားသောက်မှုပုံစံက ပြောင်းလဲလာပါပြီ။ သူတို့လေးတွေ ကျန်းမာရေးနဲ့သင့်တော်မျှတတဲ့ စားသောက်မှုပုံစံကို အသားကျပြီးကျန်းမာပျော်ရွှင်တဲ့ဘဝနေထိုင်မှုပုံစံကို ရရှိလာစေဖို့အတွက်သူတို့စားတဲ့အစားအသောက်တွေ၊ ဗီတာမင်တွေကို သင့်အနေနဲ့ထိန်းညှိပေးဖို့လိုလာပါတယ်။ ကလေးကိုဘာတွေကျွေးရမလဲ။ သင်နဲ့သင့်မိသားစုတွေစားတဲ့အတိုင်း ကလေးကိုကျွေးနိုင်ပါတယ်။ အောက်မှာဖော်ပြထားတဲ့ အနံ့၊ အရသာနဲ့ ပုံစံမတူညီတဲ့ အစားအစာအုပ်စု၄ခုလုံးထဲမှာပါဝင်တဲ့ အစားအစာတွေကို ကျွေးရပါမယ်။ ၁။ အသီးအနှံနဲ့ဟင်းသီးဟင်းရွက်တွေ ၂။ အစေ့အဆံတွေ ၃။ နို့ ၄။ အသား ကလေး အစားအသောက်စားတဲ့အခါ အန္တရာယ်ကင်းအောင် ဘယ်လိုကူညီရမလဲ။ အသက်လေးနှစ်အောက်ကလေးတွေဟာ အသက်ကြီးတဲ့ကလေးတွေ ဒါမှမဟုတ် အရွယ်ရောက်ပြီးသားလူကြီးတွေနဲ့ယှဉ်ရင် အစာနင်တာ၊အစာသီးတာဖြစ်ဖို့အခွင့်အလမ်းပိုများပါတယ်။ ဘာလို့လဲဆိုတော့ ကလေးတွေရဲ့အသက်ရှုလမ်းကြောင်းက ပိုကျဉ်းတဲ့အပြင် အစာမြိုချတာကိုထိန်းချုပ်နိုင်စွမ်းလည်း နည်းပါးသေးတာကြောင့် ဖြစ်ပါတယ်။ အစာနင်တာ၊ သီးတာကို ကာကွယ်ဖို့အတွက် သင့်ကလေးအစာစားတဲ့အခါ ဘေးနားကစောင့်ကြည့်ပေးပါ။ သစ်သီးတွေနဲ့ဟင်းသီးဟင်းရွက်တွေကို တစ်ကိုက်စာ အဆင်ပြေအောင်လှီးပေးပါ။ ကလေးတွေ အစားကို ကျေညက်အောင်ဝါးစားတတ်ဖို့သင်ပေးပါ။ ကလေးတွေ ဂဏှာမငြိမ်လှုပ်ရှားနေတုန်း ဒါမှမဟုတ် လှဲနေတုန်း အစာကျွေးတာကိုရှောင်ရှားပါ။ ကလေးကို မကျွေးသင့်တာတွေများ ရှိသလား။ သုံးနှစ်အောက် ကလေးတွေအနေနဲ့ နင်တတ်၊ သီးတတ်တဲ့ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

လမ်းလျှောက်တတ်စကလေးများတွင် အစာစားချင်စိတ်လျော့ကျခြင်း

သင့်ကလေးသည်မနက်စာနေ့လည်စာညစာစားချိန်များတွင်အစာစားချင်စိတ်လျော့ကျနေသည်ဟုထင်ရပါသည်။ အစာစားချင်စိတ်မရှိခြင်းသည်ကျန်းမာရေးထိခိုက်နိုင်သောကြောင့်မိဘများအနေနှင့်စိတ်ပူနိုင်ပါသည်။ အလားတူပင်ကလေး၏ အစာစားပုံစားနည်းသည် ကလေးငယ်၏ရုပ်ပိုင်းဆိုင်ရာနှင့်စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုကိုသက်ရောက်မှုရှိသောကြောင့်ဖြစ်ပါသည်။ လမ်းလျှောက်တတ်ကာစကလေးများတွင်အစာစားချင်စိတ်လျော့ကျခြင်း၏အကြောင်းအရင်းများသည်ဘယ်အရာတွေလဲ၊ ဖျားနာခြင်းသည်သင့်ကလေးအစာစားချင်စိတ်လျော့ကျစေသည့်အဖြစ်များသောအကြောင်းအရင်းတစ်ခုဖြစ်သည်။ ထို့ကြောင့်သင်သည်သင့်ကလေးကိုလည်ပင်းနာနေသလားဖျားနေသလားခန္ဓါကိုယ်တွင်အနီကွက်များဖြစ်နေသလားသို့မဟုတ်အခြားရောဂါလက္ခဏာတွေဖြစ်နေသလားဆိုသည်ကိုစစ်ဆေးပါ။ အကယ်၍ထိုလက္ခဏာများရှိနေပါကကလေးငယ်သည်ဖျားနေခြင်းဖြစ်နိုင်ပါသည်။ ထိုအခါသင်၏ဆရာဝန်နှင့်ဆက်သွယ်၍ကုသမှုခံယူပါ။ အောက်ပါအကြောင်းအရင်းများသည်လည်းသင့်ကလေးငယ်အစာစားချင်စိတ်လျော့ကျခြင်းဖြစ်ပေါ်စေနိုင်ပါသည်။ အစာစားချိန်များကြားတွင်မုန့်စားခြင်း အစာစားချိန်များကြားတွင်အချိုရည်သို့မဟုတ်အခြားအရည်များသောက်ခြင်း ကလေးသည်ပုံမှန်ထက်လှုပ်ရှားမှုနည်းခြင်း   ကလေးငယ်၏အစာစားချင်စိတ်ကိုဖြစ်ပေါ်စေမည့်နည်းလမ်းကောင်းများ ကလေးငယ်၏နေထိုင်မှုပုံစံအသက်ကိုယ်ခန္ခါလှုပ်ရှားမှုကြီးထွားမှုအချိန်များပေါ်မူတည်၍အောက်ပါနည်းလမ်းကောင်းများကိုသင်ရွေးချယ်နိုင်ပါသည်။ ထမင်းစားချိန်ကိုပျော်အောင်လုပ်ပေးပါ။ သင့်ကလေးကိုအစာစားရခြင်း၌ပျော်အောင်လုပ်ပေးပါ။ ကလေးငယ်ကိုအစားအစာများချပြပေးပြီးသူတို့ကြိုက်သောအစားအစာရွေးချယ်စားသုံးပါစေ။ သူတို့မစားချင်သောအစာကိုအတင်းမစားခိုင်းပါနှင့်။ သင့်ကလေးကိုသူတို့ဘယ်လောက်စားမလဲဆိုသည်ကိုဆုံးဖြတ်ပါစေ။ ကလေးငယ်များအစာစားချင်စိတ်လျော့ကျခြင်း၏အဖြစ်များဆုံးအကြောင်းအချက်သည်တစ်နေ့တည်းတွင်သွားရည်စာများနှင့်အစားအစာများအများကြီးစားသုံးခြင်းပင်ဖြစ်ပါသည်။ သို့ဖြစ်၍သင့်အနေနှင့်သူတို့ဘယ်လောက်ပမာဏစားမည်ကိုကိုယ်တိုင်ဆုံးဖြတ်ခိုင်းပါ။ သင့်ကလေး၏အစားအသောက်စာရင်းကိုအမျိုးမျိုးပြောင်းပေးပါ။ ကလေးများသည်အရောင်စုံ၍စိတ်ဝင်စားစရာကောင်းသောပစ္စည်းများကိုစိတ်ဝင်စားတတ်ကြသည်။ သို့ဖြစ်၍သင်ဟာအစားအစာများကိုယုန်ပုံသဏ္ဍာန်၊အိမ်ပုံသဏ္ဍာန်၊ခွေးပုံသဏ္ဍာန်၊နေပုံသဏ္ဍာန်၊တိမ်ပုံသဏ္ဍာန်စသည်ဖြင့်ကလေးများကြိုက်သောပုံသဏ္ဍာန်များလှီးပြီးကျွေးပါ။ သင့်ကလေးအတွက်အောက်ပါဖော်ပြထားသောအစားအစာအုပ်စုလေးမျိုးပါဝင်ပါစေ။ ပြည့်ဝသောအစေ့အဆံမှရသောထုတ်ကုန်များ(ဆန်၊နှံစားပင်မှပြုလုပ်သောစီရီယယ်၊ပေါင်မုန့်နှင့်အခြားသောသံဓါတ်၊ဗီတာမင်ဘီ၊ဖောလိတ်အက်ဆစ်ကြွယ်ဝသောအစေ့အဆံများ) ကိုက်စားလို့ရသောအရွယ်ပြုလုပ်ထားသည့်ဟင်းသီးဟင်းရွက်များ၊သစ်သီးများ နို့၊ဒိန်ချဉ်၊ချိစ်စသောနို့ထွက်ပစ္စည်းများ ကြက်သား၊ဝက်သား၊ငါးနှင့်အသားများ အနှောင့်အယှက်များမှရှောင်ရှားပါ။ တီဗွီကြည့်ခြင်း၊အရုပ်များနှင့်ကစားခြင်းသည်သင့်ကလေးအစာစားချင်စိတ်ကိုလျော့ကျစေပါသည်။ သို့ဖြစ်၍အစာစားချိန်အတွင်းအရုပ်များနှင့်ကစားခြင်းတီဗီကြည့်ခြင်းများကိုရှောင်ရှားပါ။ အစာကိုနည်းနည်းစီခွဲကျွေးပါ။ ကလေးငယ်၏အစာအိမ်သည်လူကြီးများ၏အစာအိမ်ထက်သေးငယ်ပါသည်။ ထို့ကြောင့်ကလေးငယ်များကိုသူတို့စားနိုင်တာထက်ပိုကျွေးမည်ဆိုပါကသူတို့၏အစာစားချင်စိတ်သည်လျော့ကျသွားမည်ဖြစ်ပါသည်။ သင်ဟာပန်းကန်ပြားကြီးကြီးပေါ်မှာအစားအစာပမာဏနည်းနည်းကိုထည့်ပြီးကျွေးပါ။ သူတို့ထပ်၍စားချင်လျှင်သင့်ကိုထပ်တောင်းပါလိမ့်မည်။   Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးများအတွက် ထောပတ်သီး

ကလေးတစ်ယောက်ကို အသီးအနှံ စကျွေးမည်ဆိုလျှင် ထောပတ်သီးသည် ပထမဆုံးရွေးချယ်သင့်သည့် အစားအစာပင် ဖြစ်ပါသည်။ အဘယ်ကြောင့် ထောပတ်သီး ကျွေးသင့်သလဲဆိုသည်ကို အောက်တွင် ကြည့်ရှုနိုင်ပါသည်။ ၁။ ဦးနှောက်ဖွံ့ဖြိုးမှု၊ နှလုံးကျန်းမာရေးနှင့် အခြားအကျိုးကျေးဇူးများ ထောပတ်သီးသည် ကယ်လိုရီများစွာ ပါဝင်သော အစားအစာဖြစ်သည်။ ထောပတ်သီး ၁၀၀ဂရမ်တွင် ၁၆၀ကယ်လိုရီပါဝင်သည်။ ကယ်လိုရီ ၇၅မှ ၈၀ရာခိုင်နှုန်းသည် အဆီများမှ လာသည်။ သို့ဖြစ်၍ ထောပတ်သီးသည် အဆီအနှစ်အများဆုံး သစ်သီးမျိုး ဖြစ်သည်။ သို့သော်လည်း ထောပတ်သီးတွင် ပါဝင်သော အဓိကအဆီသည် ဦးနှောက်နှင့် အမြင်အာရုံအဖွဲ့အစည်းများ ဖွံ့ဖြိုးတိုးတက်ရန်နှင့် ပုံမှန်လုပ်ဆောင်ခြင်းများ လုပ်ဆောင်နိုင်ရန် မရှိမဖြစ် လိုအပ်သော အခန်းကဏ္ဍတွင် ပါဝင်သည်။ အိုလီရစ်အက်ဆစ်အမျိုးအစား မပြည့်ဝသောအဆီ ဖြစ်သည်။ ကလေးငယ်၏ ဉာဏ်ရည်ဖွံ့ဖြိုးမှု အဓိကကြီးထွားချိန်ဖြစ်သော အသက်နှစ်နှစ်အရွယ်တွင် ထောပတ်သီးသည်ကလေးငယ်၏ အစားအစာတိုင်းအတွက် အရေးကြီးဆုံးလိုအပ်သည့် အခန်းကဏ္ဍမှ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးများအတွက် အကောင်းဆုံး အစားအစာ(၈)မျိုး

ကလေးများသည် အထူးသဖြင့် ပထမအသက်သုံးနှစ်အရွယ်တွင် လုံလောက်သော အာဟာရရရှိဖို့ လိုအပ်သည်။ သို့မှသာ ကောင်းမွန်စွာဖွံ့ဖြိုးကြီးထွားနိုင်မည်ဖြစ်သည်။ မနက်စာ၊ နေ့လယ်စာ၊ ညစာ ထိုသုံးနပ်အပြင် သတ္တုဓာတ်၊ ဗီတာမင်၊ အမျှင်ဓာတ်နှင့် ကျန်းမာရေးနှင့်ညီညွတ်သော အဆီများရဖို့အတွက် အောက်ဖော်ပြပါ အစားအစာများကို ထပ်မံကျွေးမွေးသင့်ပါသည်။ ၁။ ဘယ်ရီ စတော်ဘယ်ရီ၊ ရက်စ်ဘယ်ရီ၊ ဘလက်ဘယ်ရီနှင့် အခြားသော ဘယ်ရီသီး အမျိုးအစားများသည် အရသာရှိရုံသာမက အာဟာရများနှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝကြသည်။ ဘယ်ရီသီးများ စားသုံးခြင်းသည် ကလေး၏ အမျှင်စုပ်ယူနိုင်စွမ်းကို တိုးတက်စေသည်။ ဘယ်ရီသီးများကို အလုံးလိုက်စားနိုင်သကဲ့သို့ ဘယ်ရီသီးမှ ပြုလုပ်ထားသော အချိုရည်များနှင့် ပို၍စေးပျစ်သော အချိုရည်များကိုလည်းကလေး၏ သရေစာအဖြစ် ကျွေးနိုင်ပါသည်။ ၂။ ထောပတ်သီးများ စွမ်းအင်ပေးစွမ်းသော အစားအစာတွင် ပါဝင်သော နောက်ထပ်အသီးအနှံတစ်ခုမှာ ထောပတ်သီး ဖြစ်ပါသည်။ ထောပတ်သီးများသည် သဘာဝဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်ပါသည်။ ထောပတ်သီးများသည် နှလုံးရောဂါဖြစ်ပွားစေသည့် […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးများမစားသင့်သော အစားအစာ ၅ မျိုး

အစားအစာတိုင်းဟာ ကလေးတွေအတွက် မကောင်းနိုင်ပါဘူး။ တချို့တွေက အာဟာရ မဖြစ်တဲ့အပြင် သကြားဓာတ်တွေလည်း အရမ်း များပါတယ်။ ဒီလို အစားအစားတွေကို ကျွေးလိုက်တဲ့အခါ ကလေးမှာ အဝလွန်တာနဲ့ အာဟာရ မပြည့်ဝမှုကြောင့် သံဓာတ်ချို့တဲ့တာ၊ ကိုယ်ခံအား နည်းတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများမစားသင့်သော အစားအစာ ၅ မျိုး ကို ပြောပြပါ့မယ်။ https://hellosayarwon.com/parenting/baby/baby-care-baby/how-to-improve-eq-in-kid/ ကလေးများမစားသင့်သော အစားအစာ ၅ မျိုး ကလေးများမစားသင့်သော အစားအစာ ၅ မျိုး ကတော့ (၁) အချိုများတဲ့ ကွေကာအုပ် ကွေကာအုပ်တွေဟာ ကလေး အများစုအတွက် မနက်စာပါ။ Whole-grains ဆိုတဲ့ စကားလုံးက မိဘတွေကို ကျန်းမာရေး အတွက်ကောင်းစေတယ်လို့ အထင်မှားစေပါတယ်။ တကယ်တမ်းတော့ အဲဒါတွေက အမျှင်ဓာတ် အနည်းငယ်သာပါပြီး အချိုတွေ၊ ကယ်လိုရီတွေနဲ့ပြည့်နှက်နေပါတယ်။ Cereals ဝယ်တဲ့အခါ မည်သည့် သကြား […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

လမ်းလျှောက်တတ်ခါစကလေးကို သရေစာမုန့် ကျွေးရင်သိထားရမယ့် အချက် (၅)ချက်

လမ်းလျှောက်တတ်ခါစ ကလေးအရွယ် ၁နှစ်မှ ၃နှစ်သား များဟာ ကြီးထွားဖွံ့ဖြိုးမှု အလွန်မြန်ဆန်တယ်လို့ သိထားကြပါတယ်။ ဒီအချိန်ကလည်း သူတို့လိုအပ်တဲ့ ဗီတာမင် သတ္ထုဓာတ်တွေနဲ့ အစာကောင်းစွာစားဖို့ သေချာအောင်ပြုလုပ်ရမှာဖြစ်ပါတယ်။ ကျန်းမာပြီး စုံလင်တဲ့ အစားအသောက်ပုံစံတည်ဆောက်ဖို့ သင့်တော်တဲ့ အချိန်လည်း ဖြစ်ပါတယ်။ ဒါပေမယ့် ကလေးတွေဘာစားသင့်လဲ သိနိုင်ဖို့နဲ့ ဘယ်လိုသရေစာတွေကို မှန်ကန်အောင်ကျွေးဖို့ မိဘတွေအတွက် ခက်ခဲနိုင်ပါတယ်။ ခုလမ်းညွန်ချက်ကတော့ မိဘနဲ့ ကလေးထိန်းတွေအတွက် ကလေးကိုသရေစာကျွေးလျှင် သိသင့်တဲ့ ၅ ချက် ဖြစ်ပါတယ်။ စားသောက်မှုပုံစံ မညီမျှခြင်းကို ထိန်းညှိခြင်း လမ်းလျှောက်တတ်ခါစ ကလေးငယ်တွေကို သရေစာမုန့် ကျွေးမွေးခြင်းက ကလေးဗိုက်ဝဖို့အတွက် အလွယ်ဆုံးနည်းလမ်း ဖြစ်ပါတယ်။ ဒီအရွယ်ကလေးငယ်တွေဟာ လောကအကြောင်း အလုပ်ရှုပ်လောက်အောင် လေ့လာနေပုံပေါက်တဲ့အတွက် အစာငြိမ်ငြိမ် ထိုင်မစားနိုင်ကြပါဘူး။ အချို့တွေက အစားအသောက်နဲ့ပတ်သက်ပြီး ကြေးများတတ်သလို စားသောက်ဖို့လည်းငြင်းဆန်ကြပါတယ်။ ကျန်းမာတဲ့ သရေစာတွေဟာ မညီမျှတဲ့စားသောက်မှုပုံစံကို […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital