သားသားမီးမီးတွေကို တက်တက်ကြွကြွ လန်းလန်းဆန်းဆန်းနဲ့ နေရောင်ဆမ်းတဲ့ ပန်းလေးတွေလို လန်းဆန်းစေချင်တယ် မဟုတ်လား မေမေဖေဖေတို့ရေ…… သားသားမီးမီးတို့ လန်းဆန်းတက်ကြွမှုက ကလေးကို ဉာဏ်ရည်ထက်မြက်စေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။
ကလေးက သွက်လက် တက်ကြွနေမှ သင်ယူမှုကောင်းသလို မှတ်သားနိုင်စွမ်းလည်း ကောင်းမှာပါ။ ပျော်ရွှင်ပြီး ဉာဏ်ရည်ထက်မြက်တဲ့ သားသားမီးမီးတို့ကို ပိုင်ဆိုင်ခွင့်ရတာက မေမေဖေဖေတို့အတွက် အဖိုးမဖြတ်နိုင်တဲ့ ပျော်ရွှင်မှုပါ။
ဒီလို တက်ကြွပြီး ဉာဏ်ရည်ထက်မြက်တဲ့ သားသားမီးမီးတို့ဖြစ်စေဖို့ဆိုရင် ဖေဖေမေမေတို့အနေနဲ့ ပြည့်ဝအောင် ဖြည့်ဆည်းပေးရမယ့်အာဟာရဓာတ်လေး တစ်ခုရှိပါတယ်။ ဒါကတော့ သံဓာတ်ပါ။
သားသားမီးမီး နဲ့ သံဓာတ်
သားသားမီးမီးတွေက အရွယ်ရောက်လာလေ အစားအသောက် ကျွေးရခက်လာလေလေပါ။ အသက် ၂ နှစ်ကျော်လာပြီဆိုရင် အစားအသောက်တွေကို ကိုယ်တိုင် ရွေးချယ်လာကြပြီလေ။ ဒီလိုအချိန်မှာ အာဟာရပြည့်ဝဖို့ကလည်း အရေးကြီး၊ သူတို့ကလည်း ဟိုဟာဆို မစားချင် ဒီဟာဆို စားချင်ဘူးဆိုတော့ မေမေတို့ အခက်တွေ့ပြီပေါ့။
ဒီကာလမှာ ကလေးအများစုက အစားရွေးရင်း သံဓာတ် အားနည်းတာကို ကြုံတွေ့ပါတယ်။ ၂နှစ်အထက် ကလေးတွေရဲ့ ၈ ရာခိုင်နှုန်းလောက်က သံဓာတ် ချို့တဲ့ကြပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။