ကလေးတွေရဲ့ အောင်မြင်မှုကို အမြင်ချင်ဆုံးက ဖေဖေ မေမေ တို့ ပါပဲ ။ စာမေးပွဲတို့ ပြိုင်ပွဲတို့ဆို ကာယကံရှင်လေးတွေထက် မိဘတွေက ပိုပြီး စိတ်လှုပ်ရှားတတ်ကြတာပဲ ကြည့်။ ကိုယ့်သားသမီးလေးတွေကို ပညာတော်စေချင်တာ ၊ ထိပ်ဆုံး ရောက်စေချင်တာ မိဘတိုင်း ရဲ့ ဆန္ဒပဲ မဟုတ်လား။