ကျောင်းနေအရွယ်ကလေးရဲ့ ကြီးထွားမှုနဲ့ဖွံ့ဖြိုးမှု

အသက် ၆နှစ်ကနေ ၁၂နှစ်ကြား၊ ကျောင်းနေအရွယ်ကလေးတွေက အရပ်ရော ကိုယ်အလေးချိန်ရော တက်လာသလို ဘာသာစကား သင်ယူတာ၊ ပေါင်းသင်းဆက်ဆံရေး စတာတွေလည်း စတင် ဖွံ့ဖြိုးလာပါပြီ။ ဒီအရွယ်တွေမှာ ကလေးကို ဘယ်လို ပျိုးထောင်ရမလဲဆိုတာကို မိဘများ ဒီမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျောင်းနေအရွယ်ကလေးရဲ့ ကြီးထွားမှုနဲ့ဖွံ့ဖြိုးမှု

ကျောင်းနေအရွယ် သားသားမီးမီးတို့ကို သင်ကြားပေးထားသင့်တဲ့ ကိုယ်ခံအားဖြည့်အလေ့အထများ

ကျောင်းဆိုတဲ့နေရာက ကလေးတွေကို အမှီအခိုကင်းတဲ့ လူကြီးလေးတစ်ယောက်အဖြစ် ရှင်သန်ကြီးပြင်းလာစေဖို့ လေ့လာစရာတွေကို သင်ကြားပေးပြီး လူမှုဆက်ဆံရေးပညာရပ်တွေနဲ့ သိမြင်မှုစွမ်းရည်တွေ တိုးတက်အောင် သင်ကြားပေးတဲ့နေရာပါ။ ကျောင်းနေအရွယ် ရောက်လာပြီဆိုရင် ကလေးတွေရဲ့ အချိန်တော်တော်များများက စာသင်ခန်းတွေထဲမှာ ကုန်ဆုံးကြတာပါ။ စာသင်ခန်း ဆိုတဲ့နေရာမှာ ကလေးတွေ အများအပြားရှိသလို ရောဂါပိုးတွေလည်း မနည်းပါဘူး။ ကလေးတစ်ယောက်ကနေ တစ်ယောက်ကို ရောဂါပိုးတွေ ကူးစက်နိုင်ခြေကလည်း တော်တော်လေး များပါတယ်။ ဒီပြဿနာတွေက ရှောင်လွှဲလို့ မရဘူးလားဆိုတော့ မဟုတ်ပါဘူး။ သားသားမီးမီးတို့ကို သင်ကြားပေးထားသင့်တဲ့ ကိုယ်ခံအားဖြည့်အလေ့အထများ ကို လေ့လာထားမယ်ဆိုရင် ကလေးကို ရောဂါပိုးတွေကနေ ကာကွယ်ထားနိုင်မှာပါ။ ကျောင်းနေအရွယ် သားသားမီးမီးတို့ကို သင်ကြားပေးထားသင့်တဲ့ ကိုယ်ခံအားဖြည့်အလေ့အထများ   ကျောင်းနေတဲ့အရွယ်ရောက်လာပြီဆိုပေမယ့် သားသားမီးမီးတွေက အသက် ၇ နှစ် ကျော် ၈ နှစ် မရောက်သေးခင်အထိ သူတို့လေးတွေရဲ့ ကိုယ်ခံအားက ပြည့်ပြည့်ဝဝ မဖွံ့ဖြိုးသေးပါဘူး။ […]

ကျောင်းနေအရွယ်ကလေးရဲ့ ကြီးထွားမှုနဲ့ဖွံ့ဖြိုးမှု ကို ရှာဖွေမည်။

ကျောင်းနေအရွယ်ကလေးရဲ့ ကြီးထွားမှုနဲ့ဖွံ့ဖြိုးမှု

အမွှေစိန်လေးတွေရဲ့ ကျောင်းပိတ်ရက်ရှည် ရောက်လာတော့မယ်နော်

နွေဦးရာသီ ရောက်လာပြီဆိုရင်တော့ ကလေးတို့မျှော်နေတဲ့ ကျောင်းပိတ်ရက်ရှည် ကြီး နီးကပ်လာပါပြီ။ အမွှေစိန်လေးတွေ အိမ်မှာမြဲပြီး ကဲကြမှာကို စိုးရိမ်နေတဲ့ မိဘတွေ ရှိကြပါတယ်။ ဒါပေမယ့် အလုပ်တွေ၊ ကျောင်းတွေနဲ့ လည်ပတ်နေရတဲ့ မိသားစုတွေ လူစုံတက်စုံရှိကြတဲ့အချိန်မို့ ပျော်စရာကောင်းမှာပါနော်။ မိသားစုရဲ့ပျော်ရွှင်စရာအမှတ်တရတွေ ဖန်တီးနိုင်မယ့်အချိန်လည်းဖြစ်လို့ ကလေးတွေကို စည်းကမ်းတွေအတင်းမချပါနဲ့၊ ပိတ်ရက်လေးတောင် ကျူရှင်ကိုပဲအတင်းမပို့ပါနဲ့။ ကလေးတို့လည်းအကျိုးရှိ၊ ပျော်ဖို့လည်းကောင်းတဲ့ အရာတွေလည်း ဖန်တီးရအောင်ပါ။ ခရီးသွားကြမယ်။ အခွင့်အရေးရတုန်းလေး အမှတ်တရအဖြစ်ရော အပန်းဖြေခရီးအနေနဲ့ပါ ကျောင်းပိတ်ရက်ရှည် မှာ မိသားစုလိုက် ခရီးတစ်ခုခုထွက်သင့်ပါတယ်။ ဘုရားဖူး သို့မဟုတ် ကမ်းခြေ ခရီးသွားတာမျိုးမှာ ပျော်ရွှင်စရာအမှတ်တရတွေဖန်တီးပါ။ ခရီးမှာတွေ့ရတဲ့ အသစ်အဆန်းတွေကို စူးစမ်းလေ့လာတဲ့ကလေးအတွက် သမိုင်းကြောင်းတွေ၊ ဗဟုသုတဖြစ်စရာလေးတွေ ပြောပြပေးပါ။ ပျော်စရာသင်တန်းတွေ တက်ခိုင်းမယ်။ (၁) ဂီတသင်တန်း အားလပ်ရက်မှာ ကလေးကို စန္ဒရား၊ တယော သို့မဟုတ် တူရိယာပစ္စည်းတစ်ခုခုကို တီးခတ်နည်းသင်ပေးလိုက်ပါ။ သားယောက်ျားလေးဆိုရင် ဂီတာတီးသင်ပေးတာလည်းကောင်းပါတယ်။ […]


ကျောင်းနေအရွယ်ကလေးရဲ့ ကြီးထွားမှုနဲ့ဖွံ့ဖြိုးမှု

အတန်းထဲမှာ ကိုယ့်ကလေးပဲ ပိန်ညှက်မနေအောင် ဒီလိုဂရုစိုက်ကြမယ်

ခုခေတ်ကလေး တော်တော်များများကို ကြည့်လိုက်ရင် ပိန်ပိန်သေးသေးလေးနဲ့ အားမရှိသလို ပုံလေးတွေ ဖြစ်နေတာ သတိထားမိမယ်ထင်တယ်နော်။ ဒါတွေက ဘာကြောင့်ဖြစ်ရတာလဲဆိုရင် ကလေးရဲ့ တစ်နေ့တာမှာ လိုအပ်တဲ့ အာဟာရတွေ မရတာ၊ အထိုင်များပြီး လှုပ်ရှားမှုနည်းလွန်းတာ၊ စာမှ စာ စာကိုပဲ ဂရုစိုက်ရင်း ထိုင်ခုံမှာပဲ တစ်နေ့တာ ကုန်ဆုံးနေရတာ၊ ကလေးက ကိုယ်ခံအားနည်းပြီး မကြာခဏ ဖျားနာချူချာတော့ ပိန်ချုံးလာတာ စတဲ့ အကြောင်းရင်းတွေကြောင့်ပါပဲ။ ကလေးထွားစေဖို့ ဘယ်လိုအာဟာရတွေကို အဓိကကျွေးကြမလဲ။ တခြားကလေးတွေနဲ့ ယှဉ်လိုက်တိုင်း ကိုယ်ကလေးက ပိန်ပြီး ညှက်နေတာမျိုး မဖြစ်စေချင်ဘူးဆိုရင် မေမေတို့အနေနဲ့ ငယ်ငယ်ကတည်းက ပရိုတင်းဓာတ်ကို ပြည့်ဝစုံလင်စွာ ကျွေးထားဖို့ လိုပါတယ်။ ပရိုတင်းဓာတ် တစ်နည်းအားဖြင့် အသားဓာတ်က ကိုယ်ခန္ဓာမှာရှိနေတဲ့ ကြွက်သားထုကို တည်ဆောက်ပေးတယ်။ ကိုယ်ခံအားစနစ်ကိုလည်း ကောင်းစေပြီး အလွယ်တကူ ဖျားနာခြင်းမဖြစ်စေဖို့ ကာကွယ်ပေးနိုင်တယ်။ ကလေးရဲ့ […]


ကျောင်းနေအရွယ်ကလေးရဲ့ ကြီးထွားမှုနဲ့ဖွံ့ဖြိုးမှု

ကြယ်ပွင့်လေးရဲ့ ထူးချွန်ထက်မြက်မှုကို မေမေတို့ ဘယ်လိုအရောင်တင်ပေးမလဲ

ကိုယ့်သားသမီးတွေကို ထူးချွန်ထက်မြက်တဲ့ ကြယ်ပွင့်လေးတွေဖြစ်လာစေချင်တာ မိဘတိုင်းရဲ့ဆန္ဒပါ။ ဒါပေမယ့် ဒီလိုဖြစ်လာစေဖို့က သူတို့တွေရဲ့ဝါသနာနဲ့ စိတ်အားထက်သန်ရာ နယ်ပယ်တွေကို မိဘတွေဘက်က ကူညီပျိုးထောင်ပေးဖို့တော့ လိုပါတယ်။ အရင်ဆုံး - ကလေးက ဘယ်နေရာမှာ ထူးချွန်လဲ အတည်ပြုပါ ဆုတံဆိပ်တွေရနေမှ ထူးချွန်မှုမဟုတ်ပါဘူး။ ကလေးရဲ့ အားသန်ရာ၊ စိတ်အားထက်သန်မှုပြင်းပြရာ တစ်ခုခုကို ဆိုလိုပြီး ဒီအလုပ်တစ်ခုခုနဲ့ဆိုရင် ကလေးက ပျော်ရွှင်တက်ကြွနေပြီး ရလဒ်ကောင်းနေတတ်တာမျိုးပါ။ ဥပမာ ပန်းချီဆွဲတာ၊ ဂီတတူရိယာတစ်ခုခုတီးတာ၊ ဘောလုံးကန်တာ၊ သီချင်းဆိုတာ စတဲ့ ဝါသနာလေးတွေထဲက ကလေးရဲ့စိတ်အားထက်သန်မှုအပြင်းပြဆုံးကို သူ့ရဲ့ထူးချွန်မှုအဖြစ် မှတ်ယူပေးပါ။ ကလေးရဲ့ကြိုးပမ်းအားထုတ်မှုကို အသိအမှတ်ပြု ချီးကျူးပါ အစကတော့ အရေးမလုပ်ဘဲ ဆုရမှ၊ ထူးချွန်လွန်းနေမှ ဂုဏ်ယူတာမျိုး မဖြစ်သင့်ပါဘူး။ အောင်မြင်မှု ရှိရှိ၊ မရှိရှိ ကလေးရဲ့ အားထုတ်မှုရလဒ်မှန်သမျှကို အသိအမှတ်ပြုပေးပါ။ အားပေးချီးမြှောက်ပါ။ သူတို့အတွက် အားဆေးတစ်ခွက်ဖြစ်တဲ့ မိဘရဲ့ ချီးကျူးမှုကို […]


ကျောင်းနေအရွယ်ကလေးရဲ့ ကြီးထွားမှုနဲ့ဖွံ့ဖြိုးမှု

ထူးချွန်ထက်မြက်တဲ့ ကလေးတစ်ယောက်ရဲ့ ဘဝအစခြေလှမ်း

ထူးချွန်ထက်မြက်တဲ့ ကလေးတစ်ယောက်ရဲ့ ဘဝအစခြေလှမ်း က ဘာများ ဖြစ်မလဲ ကြည့်လိုက်ရအောင်နော်။ ပတ်ဝန်းကျင်မှာ အရမ်းဉာဏ်ကောင်းပြီး ထက်ထက်မြက်မြက်ရှိတဲ့ ကလေးတွေကို တွေ့ဖူးကြမှာပါ။ ဒီလိုကလေးတွေရဲ့ ဘဝကို အနီးကပ်လေ့လာကြည့်မယ်ဆိုရင် ပင်ကိုယ်သဘာဝကိုက ကြိုးစားချင်စိတ်ရှိတယ်၊ မိဘတွေကလည်း နောက်ကွယ်ကနေ စိတ်ပိုင်းဆိုင်ရာ အားပေးကူညီမှုတွေ၊ လိုအပ်တဲ့ ပညာရေးဆိုင်ရာ အထောက်အပံ့တွေ ပေးနိုင်တဲ့အပြင် သားသမီးနဲ့ မိဘကြားမှာ အဆင်ပြေပြေ စကားပြောဆိုဆက်ဆံလို့ရတဲ့ ငြိမ်းချမ်းတဲ့ ဆက်ဆံရေးတစ်ခု ရှိနေတတ်ပါတယ်။ နောက်တစ်ခုကတော့ ကလေးတွေက အသက်အရွယ်အလိုက် လိုအပ်တဲ့ အာဟာရတွေကိုလည်း ပြည့်ပြည့်ဝဝ ရရှိကြတာပါ။ ကိုယ့်သားသမီးကိုလည်း သူတို့လိုမျိုး ဉာဏ်ရည်ထက်မြက် ပျော်ရွှင်ကျန်းမာစွာနဲ့ ကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ စေတနာ မေတ္တာပါပဲ။ ဒီဆောင်းပါးလေးမှာ ကိုယ့်ကလေးကို ဘယ်လိုထူးချွန်ထက်မြက်အောင် ပုံသွင်းပေးနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး မိဘတွေ သိထားသင့်တဲ့ ဆောင်ရန်၊ ရှောင်ရန်တွေကို ပြောပြပေးချင်ပါတယ်။ https://hellosayarwon.com/parenting/toddler-preschooler/toddler-and-preschooler-growth-and-development/child-development-with-mental-and-physical/ ထူးချွန်ထက်မြက်တဲ့ […]


ကျောင်းနေအရွယ်ကလေးရဲ့ ကြီးထွားမှုနဲ့ဖွံ့ဖြိုးမှု

ကျောင်းစတက်ရမယ့် သားသားမီးမီးတို့အတွက် မေမေတို့ရဲ့သောကတွေပြေစေဖို့

ပထမဆုံး ကျောင်းစတက်ရတဲ့အချိန်ဆိုတာ ကိုယ်သိပ်ချစ်ရတဲ့ ကလေးတွေအတွက်ရော မေမေတို့အတွက်ပါ ဘဝရဲ့ ပထမဆုံးအမှတ်တရ ကျောက်တိုင်တစ်ခုပါပဲ။ ကလေးတွေကျတော့လည်း မိဘရိပ်အောက်ကနေ ခဏတာထွက်လာပြီး တကယ့်လူ့လောကအလယ်မှာ သူစိမ်းတွေနဲ့ စတင်ထိတွေ့ဆက်ဆံရတဲ့အချိန်မို့ စိတ်ထဲက စိုးရိမ်ထိတ်လန့်ရတယ်။ မေမေတွေကလည်း ကိုယ့်ကလေး ကျောင်းမှာ အဆင်ပြေပါ့မလား၊ ငိုနေမလား၊ ဗိုက်ဆာနေမလား၊ ၅နှစ်လုံးလုံး ကိုယ့်မျက်စိအောက်က အပျောက်မခံ၊ ကိုယ်တိုင်ပဲ ထိန်းကျောင်းလာခဲ့ရတာဆိုတော့ အိမ်မှာ ကလေးမရှိတဲ့အခါ ဟာတာတာနဲ့ ဘာလုပ်ရမှန်းမသိ ဖြစ်တတ်တာ သဘာဝပါပဲ။ ဒီတော့ မေမေတို့ရဲ့ သောကတွေ ပြေစေဖို့ နည်းလမ်းကောင်းတွေကို ဝေမျှပေးလိုက်ချင်ပါတယ်။ ၁။ ကလေးမရှိတဲ့အချိန်တွေကို အကျိုးရှိစွာ အသုံးချပါ။ ကလေးတစ်ခုခုများဖြစ်မလားဆိုပြီး စိတ်နဲ့လူနဲ့ မကပ် ပူလောင်နေတာထက် သူမရှိတဲ့အချိန် အိမ်မှာလုပ်လို့ရတာတွေ ရှိပါတယ်။ ဥပမာ - ထမင်း၊ ဟင်းချက်ပြုတ်ပြင်ဆင်တာ၊ အိမ်သန့်ရှင်းရေးလုပ်တာ၊ ဒါမှမဟုတ်လည်း ကိုယ့်မိဘဆွေမျိုးတွေဆီ […]


ကျောင်းနေအရွယ်ကလေးရဲ့ ကြီးထွားမှုနဲ့ဖွံ့ဖြိုးမှု

ကျောင်းနေပျော်သူလေးဖြစ်စေဖို့

ကိုယ့်ကလေးကို အများထက် မထူးချွန်ရင်တောင် အများနည်းတူ ဉာဏ်ကောင်းတဲ့ ကလေးဖြစ်စေချင်တဲ့ ဆန္ဒရှိတယ်မဟုတ်လား မေမေတို့ရေ။ ဒီလိုဖြစ်ဖို့ မေ့ထားလို့မရတဲ့ အချက်လေးတစ်ခုရှိပါတယ်။ ဒါကတော့ ကျောင်းနေပျော်မှစာတော်မယ်ဆိုတဲ့အချက်ပါ။ ကလေးတစ်ယောက် ထူးချွန်ဖို့ အခြေခံကျတဲ့ လိုအပ်ချက်က ကျောင်းသွားရတာ၊ စာဖတ်ရတာကို ပျော်နေဖို့ပါ။ ဒီတော့ ထူးချွန်ထက်မြက်တဲ့ ကလေးဖြစ်လာစေဖို့အတွက် ကျောင်းနေပျော်တဲ့ အလေ့အထလေးကို ငယ်စဉ်ကတည်း ကမွေးမြူပေးဖို့ ပြောပါရစေနော်။ ကလေးတစ်ယောက်အတွက် ကျောင်းတက်ရတာက အတွေ့အကြုံသစ်တစ်ခုပေါ့။ ဒီအခြေအနေကို သားသားမီးမီးတွေအကောင်းဆုံးကျော်လွှားနိုင်အောင် ငယ်စဉ်ကတည်းက ပျိုးထောင်ပေးလို့ရပါတယ်။ ဒီတော့ ကျောင်းနေပျော်ပြီး စာတော်တဲ့ ကလေးဖြစ်အောင် ဘာတွေများလုပ်ပေးမလဲ။ ကျောင်းနေပျော်ပြီး စာတော်တဲ့ ကလေးလေးဖြစ်စေဖို့ ကျောင်းနေပျော်ပြီး စာတော်စေဖို့ဆိုရင် သူတို့လေးတွေကို စိတ်ချမ်းသာအောင်အရင်ဆုံးထားရမှာပါ။ ဘာတွေကများ ကလေးကို စိတ်ချမ်းသာစေမလဲလို့ တွေးရခက်နေလား။ အများကြီးမတွေးပါနဲ့။ ကလေးဘဝမှာ လိုချင်တာစားချင်တာတွေရနေရင်ကို စိတ်ချမ်းသားခဲ့ဖူးတယ်ဟုတ်။ ဒီလိုပါပဲ။ ကလေးတွေကလည်း သူတို့စိတ်ကြိုက်ပစ္စည်းလေးတွေရရင် […]


ကျောင်းနေအရွယ်ကလေးရဲ့ ကြီးထွားမှုနဲ့ဖွံ့ဖြိုးမှု

ကလေးရဲ့ ဦးနှောက်ဉာဏ်ရည်ဖွံ့ဖြိုးမှုကို ဘယ်လိုမြှင့်တင်ပေးနိုင်မလဲ

ကလေးတွေကို ဉာဏ်ရည်ထက်မြက်ပြီး ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ အိပ်မက်ပါ။ မိဘရယ်လို့ ဖြစ်လာပြီဆိုရင်တော့ ကိုယ့်ရဲ့ ကလေးကို ပထမဦးစားပေးအနေနဲ့ ဂရုစိုက် ပြုစုစောင့်ရှောက်တတ်တာ သဘာဝပါ။ ကလေးတွေရဲ့ ကျန်းမာရေးအတွက် အစားအစာပြင်ဆင်ချက်ပြုတ်ရမှာ သေချာဂရုစိုက်ပြီး စီမံပေးရသလို မိဘတွေရဲ့ ကလေးအပေါ် ဆက်ဆံတဲ့ အပြုအမူတွေဟာ ဦးနှောက်ဉာဏ်ရည် ဖွံ့ဖြိုးတိုးတက်လာစေမှုမှာ သက်ရောက်မှု အများကြီး ရှိနိုင်ပါတယ်။ ကလေးတွေ ဉာဏ်ရည်ထက်မြက်စေဖို့ တွန်းအားဖြစ်စေတဲ့ မိဘတွေရဲ့ အပြုအမူတွေ။ ကလေးတွေဟာ အတုမြင် အတတ်သင်ကြတဲ့ အရွယ်ပါ။ ကလေးတွေရဲ့ ဦးနှောက်ဉာဏ်ရည်ဖွံ့ဖြိုးမှုကို အထောက်အကူ ဖြစ်စေနိုင်ဖို့ မိဘတွေအနေနဲ့ ဘယ်လိုပြုမူနေထိုင်သင့်လဲ၊ ဘယ်လို အမူအကျင့်မျိုး လုပ်ဖို့လိုသလဲဆိုတာကို ပြောပြပေးမယ်နော်။ ၁။ ကိုယ်ဝန်ဆောင်နေစဉ် မိခင်ကျန်းမာရေးကို ဂရုစိုက်ပါ။ အစကောင်းမှ အနှောင်းသေချာ ဆိုသလိုပဲ ကိုယ်ဝန်ဆောင်နေတဲ့ မိခင်ရဲ့ ကျန်းမာရေးကို အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။ […]


ကျောင်းနေအရွယ်ကလေးရဲ့ ကြီးထွားမှုနဲ့ဖွံ့ဖြိုးမှု

သင့်ကလေးကျောင်းမှာ အနိုင်ကျင့်ခံနေရပြီလား

သင့်ကလေးကျောင်းမှာ အနိုင်ကျင့်ခံနေရပြီလား ဒီရက်ပိုင်းထဲမှာပဲ သုံးတန်းကျောင်းသားလေးကို လေးတန်းကျောင်းသားက ကျောင်းကားပေါ်မှာ အနိုင်ကျင့် ခြေထောက်နဲ့ကန်ကျောက်လို့ အနိုင်ကျင့်ခံရတဲ့ ကလေးခမျာ အင်္ကျီတွေအကုန်လုံး သွေးတွေပေပွနေတာကို လူမှုကွန်ယက်မှာ တွေ့လိုက်ရပါတယ်။ အသက်မတိမ်းမယိမ်း လူအများအပြား တစုတစည်းတည်း နေထိုင်ရတဲ့ ကျောင်း/တက္ကသိုလ်တွေဟာ အနိုင်ကျင့်ခြင်းနတ်ဆိုးရဲ့ စားကျက်ကောင်းဖြစ်နေခဲ့တာ နှစ်ပေါင်းမနည်းတော့ပါဘူး။Netflix ရဲ့ နာမည်ကျော်စီးရီး (ဝတ္ထုကို ဇာတ်လမ်းတွဲပြန်ရိုက်ထားတာ) 13 Reasons Why ဆိုရင်လည်း ကျောင်းတွင်း အနိုင်ကျင့်တဲ့အကြောင်းကို တစေ့တစောင်း တင်ပြထားတာပါ။ ဆိုလိုချင်တာက ကျောင်း/တက္ကသိုလ်တွေမှာ တဦးကိုတဦး အနိုင်ကျင့်ခြင်းဟာ နေရာဒေသမရွေး ရှိနေတယ်ဆိုတဲ့အချက်ပါပဲ။ ဒီဆောင်းပါးလေးမှာတော့ ကျောင်းတွင်းအနိုင်ကျင့်ခြင်းနဲ့ ပတ်သက်လို့ သိမှတ်ဖွယ်ရာ၊ဆောင်ရန်/ရှောင်ရန်လေးတွေကို မျှဝေပေးသွားပါမယ်။   အနိုင်ကျင့်ခြင်း ဆိုတာဘာလဲ သူငယ်ချင်း အချင်းချင်း ချစ်လို့ခင်လို့ စနောက်တာနဲ့ အနိုင်ကျင့်ခြင်းကို ကွဲကွဲပြားပြား သိရပါမယ်။ တကယ်တမ်းပြောရမယ်ဆိုရင် သူငယ်ချင်းတွေအကြား တဦးနဲ့တဦးနောက်ပြောင်ကျီစယ်တယ်ဆိုတာ အင်မတန်မှ […]


ကျောင်းနေအရွယ်ကလေးရဲ့ ကြီးထွားမှုနဲ့ဖွံ့ဖြိုးမှု

လက်ရေးက ဘာလို့ အရေးကြီးလဲ

လက်ရေးက ဘာလို့ အရေးကြီးလဲ ...... အခုလိုနည်းပညာတွေတိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ လက်နဲ့စာရေးတာတွေအစား ကွန်ပျူတာနဲ့ စာရိုက်တဲ့နည်းလမ်းကို ပိုမိုအသုံးပြုလာကြပါတယ်။ ဒါပေမယ့်လည်း ထိုသို့ဖြစ်လာခြင်းဟာ အပြုသဘောဆောင်သလား၊ မဆောင်ဘူးလားဆိုတာ အငြင်းပွားစရာပါပဲ။ လက်နဲ့စာရေးခြင်းရဲ့ အသုံးဝင်မှုတွေကို ဝေခွဲမရဖြစ်လျက်ရှိသော်လည်း ကလေးတွေမှာတော့ သမာရိုးကျ လက်နဲ့ စာရေးခြင်းနည်းလမ်းက အကျိုးပြုနေပါတယ်။ ကဲ ...... လက်ရေးက ဘာလို့ အရေးကြီးလဲ ဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ လက်ရေးက ဘာလို့ အရေးကြီးလဲ ဆိုတော့ လက်ရေးက ဘာလို့ အရေးကြီးလဲဆိုတာ ကလေးကို ဘာကြောင့် စာရေးတတ်အောင် အရင်သင်ပေးဖို့ လိုတာလဲ။ ကီးဘုတ် အသုံးပြုစာရိုက်ခြင်းနဲ့ ယှဉ်ကြည့်မယ်ဆိုရင် လက်နဲ့ရေးတာက ကလေးတွေရဲ့ သိမြင်မှုဆိုင်ရာ ဖွံ့ဖြိုးမှုတွေအတွက် သိသိသာသာကြီး ပိုအကျိုးပြုပါတယ်။ – လက်ချောင်းလှုပ်ရှားမှုတွေက ကလေးဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေကို လှုံ့ဆော်ပါတယ်။ အမြင်၊ လှုပ်ရှားမှု၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ ဘာသာစကားနဲ့ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်