backup og meta

ကိုဗစ်ကာလမှာ ကလေးကို ကျောင်းပြန်ပို့တော့မယ်ဆိုရင်

ကိုဗစ်ကာလမှာ ကလေးကို ကျောင်းပြန်ပို့တော့မယ်ဆိုရင်

COVID-19 ကပ်ရောဂါအတွက် ခုထက်ထိ ကာကွယ်ဆေးရော၊ ကုသဆေးပါ မတွေ့သေးဘူးဆိုပေမယ့် လူတွေဟာ New normal ဆိုတဲ့ နေထိုင်မှုပုံစံအသစ်နဲ့ နေသားကျဖို့ ကြိုးစားနေကြပါပြီ။

အလုပ်တွေပြန်လုပ်နေကြပြီဖြစ်သလို ကျောင်းတွေလည်း အတိုင်းအတာတစ်ခုအထိ ပြန်ဖွင့်လာကြပါပြီ။ ကျောင်းပြန်ဖွင့်မယ်ဆိုတုန်းက ဒီလို အခြေအနေမှာ ကျောင်းပြန်ဖွင့်တာက ကလေးတွေကို မတော်တဆ ရောဂါပိုးတွေများ ကူးစက်စေမလားဆိုပြီး တစ်နှစ်လောက် ကျောင်းနားလိုက်ဖို့အထိ စဉ်းစားထားကြတဲ့ မိဘတွေလည်း ဒုနဲ့ ဒေးပါပဲ။

မတတ်သာလို့သာ ဒီလိုစဉ်းစားကြတာပါ။ တတ်နိုင်ရင် ကလေးကို တစ်နှစ်နားစေချင်မှာ မဟုတ်ပါဘူး။ ခုဆိုရင် ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ကလေးတွေကို တတ်နိုင်သမျှ အန္တရာယ်ကင်းကင်းနဲ့ ကျောင်းတက်နိုင်အောင်လို့ လိုက်နာရမယ့် စည်းကမ်းလေးတွေ ထုတ်ပြန်ထားပါတယ်။

အသိပေးထားပါ။

တတ်နိုင်ရင် ကလေးကို သူနားလည်လောက်မယ့် စကားလုံးတွေနဲ့ ကိုရိုနာဗိုင်းရပ်စ်အကြောင်းကို ရှင်းပြထားပါ။ ဒီရောဂါဟာ ဘယ်လိုရောဂါမျိုးဖြစ်တယ်၊ ဘယ်လိုနည်းနဲ့ ကူးစက်တတ်တယ်ဆိုတဲ့အကြောင်းကို ရှင်းပြထားပါ။ ဒါမှ သင်နောက်ပိုင်းမှာ ပြောမယ့် ရောဂါကာကွယ်နည်းတွေအကြောင်း၊ ကျောင်းမှာ လိုက်နာရမယ့် သူတို့မကြုံဖူးတဲ့စည်းကမ်းတွေအကြောင်းကို သူတို့နားလည်နိုင်မှာပါ။

ကျောင်းသို့မလာခင်နဲ့ ကျောင်းလာချိန်မှာ မိဘနဲ့ ကလေးတွေ လိုက်နာရမယ့်အချက်များ

ကလေးတွေကို အိမ်မှာတည်းက သင်ထားပေးရမယ့် အလေ့အကျင့်ကောင်းတွေကတော့

လက်ဆေးနည်း

နှာခေါင်းစည်းတပ်နည်း

နှာချေ၊ ချောင်းဆိုးရမှာ လိုက်နာရမယ့် ကျင့်ဝတ်တွေပဲ ဖြစ်ပါတယ်။

– ပြီးတော့ ကလေးကို ကျောင်းတက်တဲ့ ကာလတစ်လျှောက်မှာ အာဟာရပြည့်အောင် ကျွေးဖို့၊ အိပ်ရေးဝဝအိပ်ခိုင်းဖို့၊ တစ်ကိုယ်ရေသန့်ရှင်းရေး လုပ်ဖို့ ဆိုတာတွေကလည်း မေမေတို့ သိပြီးသားအရာတွေပဲ ဖြစ်ပါတယ်။

– အရေးကြီးဆုံးအချက်ကတော့ ဖျားနေတဲ့ကလေးကို ကျောင်းမပို့ပါနဲ့။ ဖျားနေရင် ကလေးကို ဆရာဝန်နဲ့ ပြသပြီး ကုသမှုခံယူပါ။

– ကျောင်းကြိုတာ/ ပို့တာကိုလည်း တတ်နိုင်သမျှ တစ်ယောက်တည်းကပဲ သတ်သတ်မှတ်မှတ်ပို့ပေးပါ။

– နှလုံး၊ သွေးတိုး၊ ဆီးချို၊ အဆုတ်ရောဂါလို နာတာရှည် ရောဂါအခံရှိတဲ့သူတွေ၊ အသက်အရွယ်ကြီးတဲ့သူ (အသက်၆၀နဲ့ အထက်)တွေတတ်နိုင်ရင် ကျောင်းအကြို/အပို့ မလုပ်ပါစေနဲ့။ ဖျားနာနေရင်လည်း ကလေးကို ကျောင်းအကြိုအပို့ မလုပ်ပါနဲ့။

– ကျောင်းလာပို့ရင်လည်း မိဘတွေအချင်းချင်း အရင်လို နီးနီးကပ်ကပ်စကားပြောတာ၊ ကလေးတွေအကြောင်း ဆွေးနွေးတာမျိုးတွေက မသင့်တော်ပါဘူး။ တတ်နိုင်ရင် အချင်းချင်း ၆ပေလောက်ခွာပြီးနေပါ။

– ကျောင်းလာတဲ့လမ်းတစ်လျှောက်မှာ နှာခေါင်းစည်း၊ မျက်နှာအကာကို သေချာတပ်ပေးလိုက်ပါ။ ဘာလို့ ဒါမျိုးတွေ မဖြစ်မနေ တပ်နေရလဲဆိုတာကို ကလေးကို နားလည်အောင် ရှင်းပြပေးပါ။

– ကျောင်းကားစီးမယ်ဆိုရင် တတ်နိုင်သမျှ ပြတင်းပေါက်တွေ ဖွင့်ထားပါ။ လေဝင်လေထွက်ကောင်းပါစေ။

ကျောင်းမှာ ဆရာ/ဆရာမများနဲ့ ကလေးများ လိုက်နာရမယ့်အချက်များ

– စာသင်ခန်းထဲကို ဝင်မယ်ဆိုရင် တစ်ယောက်နဲ့ တစ်ယောက် ၆ပေလောက်ခွာပြီးမှ ဝင်ကြပါ။ ကျောင်းပေါက်ဝမှာတည်းက ကလေးတစ်ယောက်ချင်းစီကို ကိုယ်အပူချိန်တိုင်းဖို့ စီစဉ်ထားပါလိမ့်မယ်။

– စာသင်ကြားချိန်အတွင်းမှာလည်း  မျက်နှာအကာတပ်ပြီး နှာခေါင်းစည်းကိုလည်း တတ်နိုင်သမျှ တပ်ထားပါ။ တောက်လျှောက်တပ်ဖို့ကတော့ ကလေးအတွက် အခက်အခဲရှိနိုင်တယ်လို့ ယူဆပါတယ်။

– အစာမစားမီ၊ နှာချေချောင်းဆိုးပြီးတိုင်း၊ နှာခေါင်းစည်းမကိုင်မီနဲ့ ကိုင်ပြီးတိုင်း၊ အညစ်အကြေးကိုင်ပြီးတိုင်း၊ အိမ်သာမှဆင်းတိုင်း၊ အများသုံးပစ္စည်းကိုင်တွယ်ပြီးတိုင်း လက်ဆေးဖို့ မှာထားပါ။

– အသုံးပြုပြီးတဲ့ တစ်သျှူးတွေ၊ နှာခေါင်းစည်းတွေကို အမှိုက်ပုံးထဲသို့ စနစ်တကျစွန့်ပစ်ခိုင်းပါ။ ပြီးရင် လက်ပြန်ဆေးခိုင်းပါ။

– လူစုလူဝေးဖြစ်နိုင်မယ့် အစည်းအဝေးတွေ၊ ကျောင်းတွင်းလှုပ်ရှားမှုတွေကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။ လုပ်မယ်ဆိုလည်း တစ်ယောက်နဲ့ တစ်ယောက် ခပ်ခွာခွာနေပါ။ နှာခေါင်းစည်းတပ်ပါ။

– ကျောင်းချိန်အတွင်းမှာ ဖျားနာတာမျိုး ဖြစ်ခဲ့မယ်ဆိုရင် မိဘကို ချက်ချင်းအကြောင်းကြားပါ။ ဆရာဝန်နဲ့ ပြသပြီး ကုသမှုခံယူပါ။

မုန့်စားဆင်းချိန်မှာ လိုက်နာရမယ့်အချက်များ

– ဖြစ်နိုင်ရင် အိမ်ကထည့်ပေးလိုက်တာကိုပဲ စားပါ။

– အိမ်ကထည့်ပေးလိုက်တဲ့ ထမင်းတွေ၊ မုန့်တွေကို တစ်ဦးချင်း သပ်သပ်ခွဲစားပါ။ သူငယ်ချင်းတွေနဲ့ စုပြီး မစားပါနဲ့။

– အစာမစားခင်နဲ့ စားပြီးချိန်မှာလည်း လက်ဆေးဖို့မမေ့ပါနဲ့။

ကျောင်းဆင်းချိန်မှာ မိဘနဲ့ ကလေးတွေ လိုက်နာရမယ့်အချက်များ

– ကျောင်းဆင်းချိန်မှာလည်း ကျောင်းလာပို့သလိုပဲ မိဘတွေ အချင်းချင်း နီးနီးကပ်ကပ်မနေပါနဲ့။

– ကျောင်းဂိတ်ဝကနေပဲ ကြိုပါ။ တတ်နိုင်ရင် ကျောင်းထဲ မဝင်ပါနဲ့။

– အိမ်ရောက်တာနဲ့ အဝတ်တွေကို ချက်ချင်းလဲပါ။ အဝတ်တွေကို မခါပါနဲ့။ ဆပ်ပြာနဲ့ မိနစ်၃၀လောက်စိမ်ပြီးမှ လျှော်ပါ။ အကြိုအပို့လုပ်တဲ့သူရော ကလေးပါရေချိုးပါ။

– ရေမချိုးရသေးဘဲ အိမ်မှာရှိတဲ့ မိသားစုဝင်တွေ (အထူးသဖြင့် သက်ကြီးရွယ်အိုတွေနဲ့) အနီးကပ်မနေပါနဲ့။

ဒီအချက်တွေကတော့ ကိုဗစ်ကာလမှာ ကျောင်းတက်ရမယ်ဆိုရင် ရောဂါကူးစက်မှုနည်းစေဖို့ လိုက်နာသင့်တဲ့ အချက်တွေပါပဲ။ စစချင်းမှာ ကလေးတွေအတွက် အသက်ငယ်ရင် ငယ်သလို စည်းကမ်းတွေကို လိုက်နာဖို့ ခက်ခဲနိုင်တာကြောင့် မိဘနဲ့ ဆရာ/ဆရာမတွေ အတူပူးပေါင်းပြီး ကလေးကို စောင့်ရှောက်ပေးဖို့လိုပါတယ်။ မိဘတွေရော၊ ဆရာ/ဆရာမတွေရော၊ ကလေးတွေရော တိတိကျကျ စည်းကမ်းလိုက်နာမှပဲ ရောဂါကူးစက်မှုအန္တရာယ်ကို ကာကွယ်နိုင်ပြီး ကျန်းမာပျော်ရွှင်စွာနဲ့ ကလေးတွေ ပညာသင်ကြားနိုင်မှာပဲဖြစ်ပါတယ်။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://mohs.gov.mm/Main/content/publication/school

ယခုပုံစံ

20/06/2022

Dr. Htet Htet Zaw Win မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

စူပါမေမေ ဖြစ်ဖို့အဆင့် (၈)ဆင့်

မေမေတစ်ယောက် ဖြစ်ရတာ အခက်အခဲ များစွာနဲ့ပါ .. ဒါပေမဲ့ သင်ကျော်လွှားနိုင်တာ ယုံကြည်ပါ



Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 20/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement