home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ဖိုးဖိုးဖွားဖွားအရွယ် ကြွက်သား သန်မာအောင် နေကြမယ်ဆိုရင်

ဖိုးဖိုးဖွားဖွားအရွယ် ကြွက်သား သန်မာအောင် နေကြမယ်ဆိုရင်

တရွေ့ရွေ့ရှေ့ကိုတိုးလာတဲ့ အသက်အရွယ်နဲ့အညီ နုပျိုသန်မာမှုတွေလည်း လျော့ပါးလာတာ ဇရာပဲပေါ့။ အရင်လို မသွားနိုင်မလာနိုင်တော့ဘူး၊ ငါအရင်လို မသန်မာတော့ပါဘူး၊ အလုပ်တွေလည်း မလုပ်နိုင်တော့ဘူး လို့ ဖြစ်လာကြတာပဲမဟုတ်လား။ အရေပြားတွေ လျော့တွဲပြီး ကြွက်သားတွေ လျော့လာပြီလေ။

အသက် ၃၀ ကျော် နဲ့ အသက် ၄၀ စွန်းစွန်းမှာ ကြွက်သားတည်ဆောက်မှုအကောင်းဆုံးအချိန်ဖြစ်ပြီး ၄၀ ကျော်လာတာနဲ့အမျှ ကြွက်သားတွေက တဖြည်းဖြည်းချင်းလျော့ပါးလာပါတယ်။ အသက်အရွယ်ကြောင့် ဖြစ်တဲ့ ကြွက်သားစိုင် ဆုံးရှုံးမှု၊ ကြွက်သားအင်အား ယုတ်လျော့လာမှုနဲ့ လုပ်ငန်းဆောင်ရွက်နိုင်စွမ်း လျော့ပါးလာတာတွေကို Sarcopenia လို့ခေါ်ဆိုပြီး ဒီဖြစ်စဉ်က ထင်ထားတာထက် ပိုပြီးမြန်မြန်ဆန်ဆန်ဖြစ်ပေါ်တာဖြစ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုမရှိတဲ့သူတွေမှာ ကြွက်သား လျော့ပါးမှုဟာ အသက် ၃၀ ကျော်လာတဲ့အခါ ၃ ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်းအထိရှိလာတာ ဖြစ်ပါတယ်။

ဒါကို ကာကွယ်ကုစားဖို့လုပ်ဆောင်တာမျိုးမရှိဘူးဆိုရင် ဆယ်နှစ်တာအတွင်း ကြွက်သား ၇ ပေါင်လောက် ဆုံးရှုံးသွားနိုင်ခြေရှိပါတယ်။

ကြွက်သားလျော့ပါးမှုဖြစ်စဉ်ရဲ့အဓိကကျတဲ့ အခန်းကဏ္ဍတစ်ရပ်ဖြစ်တဲ့ အရာတစ်ခုက ဘာတွေစားလဲ၊ ဘယ်အချိန်တွေမှာစားလဲဆိုတာနဲ့ ဘယ်လိုလေ့ကျင့်ခန်းမျိုးတွေလုပ်ဆောင်လဲ ဆိုတဲ့ နေ့စဉ်လှုပ်ရှားမှုတွေကို သတိထားစောင့်ကြည့်မှုကလည်း အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။

အသက်အရွယ်ရလာတဲ့အခါ ကြွက်သား တွေက အရွယ်အစားနဲ့အင်အားလျော့ကျလာသလို ကြွက်သားတွေရဲ့ ကျုံ့နိုင်ဆန့်နိုင်တဲ့စွမ်းရည်ကလည်းကျဆင်းလို့လာပါတယ်။ ကြွက်သားလျော့ပါးလာမှုက ဇီဝတွင်းဖြစ်ပျက်မှု လုပ်ငန်းစဉ်တွေကိုလည်းကျဆင်းစေပါတယ်။ ကြွက်သားတွေရဲ့ဇီဝဗေဒဆိုင်ရာ အခန်းကဏ္ဍကလှုပ်ရှားနိုင် အောင်လုပ်ဆောင်ပေးတယ် ဆိုတဲ့အတိုင်းအတာထက်ပိုပါတယ်။ ကြွက်သားတွေလျော့ပါးမှုမဖြစ်အောင် ထိန်းသိမ်းတာက ဇီဝတွင်းဖြစ်ပျက်မှုနဲ့ဟော်မုန်းကျဆင်းမှု၊အဝလွန်တာ၊ ဆီးချိုရောဂါနဲ့နှလုံးသွေးကြောဆိုင်ရာ ဝေဒနာတွေကိုကာကွယ်ရာမှာလည်းအထောက်အကူပြုပါတယ်။

ကြွက်သားတွေက သိမြင်နိုင်စွမ်းကိုတိုးမြှင့်ပေးသလို အိုမင်းရင့်ရော်မှုဖြစ်စဉ်ကိုနှေးကွေးစေပါတယ်။ ကြွက်သားဆုံးရှုံးမှုက ရုပ်ပိုင်းဆိုင်ရာ စွမ်းအင်ဆုံးရှုံးမှုတစ်ရပ်ဖြစ်ပြီး ကိုယ်အလေးချိန်ကိုတိုးစေနိုင်သလို ရောဂါခုခံနိုင်စွမ်းကိုလည်းကျဆင်းစေပြီး အိုမင်းရင့်ရော်မှုကိုလည်းဖြစ်ပေါ်စေပါတယ်။ အသက်အရွယ်ကြောင့် ကြွက်သားလျော့ပါးလာမှု (Sarcopenia) ကချော်လဲနိုင်ခြေပိုများစေနိုင်သလို အသက်အန္တရာယ်ရှိတဲ့ နောက်ဆက်တွဲဝေဒနာတွေကိုဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်။

ဘဝနေထိုင်မှုပုံစံကိုအနည်းငယ်ပြောင်းလဲလိုက်ခြင်းဖြင့် အသက်အရွယ်ကြောင့် ကြွက်သားတစ်သျှူးတွေ လျော့ကျတာကိုသိသိသာသာလျှော့ချပေးနိုင်မှာဖြစ်ပါတယ်။

  • လေ့ကျင့်ခန်းလုပ်ပါ။

  • ပရိုတင်းဓါတ်များများစားပေးပါ။

  • အကျိုးပြုအဆီ အိုမီဂါ သရီးစားသုံးပေးပါ။ (ဥပမာ- အစေ့အဆန်၊ ငါး၊‌ ထောပတ်သီး)

  • ဘေးကင်းတဲ့ အာဟာရပြည့်အစားအစာတွေပဲ စားပါ။ (အသင့်စား၊ အလွယ်စား၊ တာရှည်ခံပါတဲ့ အစားအသောက်တွေရှောင်ပါ)

  • အရက်လျှော့သောက်ပါ။

  • ဆေးလိပ်ဖြတ်ပါ။

  • အဆီများတာတွေ လျှော့စားပါ။

အာဟာရပြည့်ဝအောင်စားသုံးပြီး သင့်တော်တဲ့လေ့ကျင့်ခန်းတွေကိုပုံမှန်လုပ်ဆောင်ပေးခြင်းဖြင့် သက်ကြီးရွယ်အိုတွေမှာ အသက်အရွယ်ကြောင့် ဖြစ်တဲ့ကြွက်သားတစ်သျှူးတွေလျော့ပါးလာမှုကို ကာကွယ် ပေးနိုင်မှာဖြစ်ပါတယ်။

လေ့ကျင့်ခန်းလုပ်တာက အသက်အရွယ်ကြောင့် ကြွက်သားတစ်သျှူးတွေလျော့ပါးတာကို ကာကွယ်နိုင်တဲ့ အကောင်းဆုံးသောနည်းလမ်းဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ဆောင်တာက ကြွက်သားတွေကို စွမ်းရည် တိုးတက်စေသလို၊ကြွက်သားတွေရဲ့ ကျုံ့နိုင်ဆန့်နိုင်စွမ်းကိုလည်း တိုးစေနိုင်ပြီး ကြွက်သားပရိုတင်းတွေ ပေါင်းစပ်မှုကိုလည်း တိုးစေပါတယ်။ ကြွက်သားတွေရဲ့ mitochondrial enzyme activity ကိုလည်းတိုးစေပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Yun Sandi Nan Mon မှ ရေးသားသည်။ 11/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။