ဘေဘီလေးကို ကင်းမွန် ကျွေးတဲ့အခါ လတ်ဆတ်ပြီး ဆားပါဝင်မှု မရှိတာမျိုး ဖြစ်ဖို့ လိုပါမယ်။ နောက်တစ်ခုက သေချာသန့်စင်ဖို့နဲ့ မင်အိတ် မပါစေဖို့ပါ။
ကင်းမွန်က ဘေဘီလေးရဲ့ ကျန်းမာရေးကို ဘယ်လို ထောက်ကူပေးလဲ ……..
ဘေဘီလေးကို ကင်းမွန်ကျွေးတာကနေ အခုလို အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။
ကင်းမွန်က shellfish မျိုးရင်းဝင် တစ်မျိုးပါ။ အာဟာရ ပါဝင်မှုများတဲ့ ပင်လယ်စာ တစ်ခုဆိုလည်း မမှားပါဘူး။ ကင်းမွန်မှာ ပရိုတင်း ပါဝင်မှု များသလို၊ သတ္တုဓာတ်တွေလည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ကယ်လ်လိုရီ ပါဝင်မှု နည်းတာကြောင့် ဘေဘီလေးကို ကျန်းကျန်းမာမာနဲ့ အင်အားပြည့်စေဖို့ ထောက်ကူပေးမှာပါ။
ကင်းမွန်က ၁၀၀ ဂရမ်မှာမှ ကယ်လ်လိုရီ ပါဝင်မှုက ၇၅ ကနေ ၈၅ ကယ်လ်လိုရီပဲ ရှိတာပါ။ ဒါကြောင့် ဘေဘီလေးကို အာဟာရ အပြည့်အဝ ရရှိစေပြီး အဝလွန်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်မှာပါ။
ကင်းမွန်က ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ပရိုတင်းကို ပြည့်ပြည့်ဝဝ ရရှိစေနိုင်ပါတယ်။ ကယ်လ်လိုရီ ပါဝင်မှု နည်းပြီး ပရိုတင်း ပြည့်ဝမှုက ဘေဘီလေးကို ကျန်းကျန်းမာမာနဲ့ ကြီးထွားဖွံ့ဖြိုးစေမှာပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။