နွေပူပူ နေ့လယ်ခင်းမှာ ဖရဲသီးစိတ် အေးအေးချိုချိုလေး စားရတာက တော်တော်လေးကို ရင်အေးစေတဲ့အရာပါ။ ဒီလို စားတဲ့အခါ အပူမခံနိုင်တဲ့ ဘေဘီလေးရော စားချင်မလား။ ကျွေးချင်မိတယ်ဆိုတဲ့ ဆန္ဒဖြစ်မိတယ်ဟုတ် မေမေ၊ ဘွားဘွား၊ တီတီတို့ရေ….. ဒီလို ဆန္ဒဖြစ်တာနဲ့အတူ တွေးမိနိုင်တာ တစ်ခုက ဘေဘီလေးကို ဖရဲသီး ကျွေးလို့ရရဲ့လား ဘေဘီလေးကို ဘယ်အချိန်မှာ ဖရဲသီး စကျွေးမလဲ ဆိုတာပါ။ ဒီမေးခွန်းလေးရဲ့ အဖြေလေးကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။