ကလေးများသည်အသက်ကြီးလာသည်နှင့်အမျှ နို့၊ စီရီယယ်လ်၊အစပ်ပါသောအစားအစာများကိုပါကျွေးလို့ရပါသည်။ မိဘများသည်ဟင်းခတ်အမွှေးအကြိုင်နှင့် အစပ်ပါသောအစားအစာများအပါအဝင် အစားအစာပုံစံအမျိုးမျိုးကိုစတင်ကျွေးသင့်ပါသည်။
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe
ကလေးများသည်အသက်ကြီးလာသည်နှင့်အမျှ နို့၊ စီရီယယ်လ်၊အစပ်ပါသောအစားအစာများကိုပါကျွေးလို့ရပါသည်။ မိဘများသည်ဟင်းခတ်အမွှေးအကြိုင်နှင့် အစပ်ပါသောအစားအစာများအပါအဝင် အစားအစာပုံစံအမျိုးမျိုးကိုစတင်ကျွေးသင့်ပါသည်။
ယနေ့ခေတ်တွင် ကလေးများစားသောအစားအစာများသည် ထူးခြားသောပုံပန်းသွင်ပြင်မရှိသကဲ့သို့ စိတ်ဝင်စားစရာလည်းမကောင်းပါဘူး။ ကျွမ်းကျင်သူများသည် ကလေးများကို အနံ့အရသာအမျိုးမျိုးနှင့် အစားအစာအမျိုးမျိုးကိုစတင်ကျွေးမွေးဖို့ကြိုးစားကြပါသည်။သို့သော်လည်း မိဘများစွာသည် အစပ်ပါသော အစားအစာများသည် ကလေးများအားဗိုက်အောင့်ဗိုက်နာစေလိမ့်မည် အစာခြေခြင်းဆိုင်ရာ ပြဿနာများဖြစ်လိမ့်မည်ဟု ယုံကြည်နေကြပါသည်။ အမှန်တကယ်တော့ကလေး၏ အစားအစာထဲကို ဟင်းခတ်အမွှေးအကြိုင်နှင့် အစပ်အများအပြား ထည့်သင့်သည်ဟုမဆိုလိုပါဘူး။ ကလေးများ၏အစာခြေစနစ်သည်ထိခိုက်လွယ်သည်။ အစပ်ပါသောအစားအစာများများစွာစားခြင်း (ငြုပ်သီးပါသောအစားအစာများများစွာစားခြင်း)သည် ကလေး၏အစာအိမ်အတွက်ပြဿနာများဖြစ်စေနိုင်ပါသည်။ သင့်ကလေးအတွက် စားနေကျမဟုတ်သော သို့မဟုတ်အစပ်ပါသော အစားအစာများစကျွေးခြင်းသည် အန္တရာယ်များနိုင်ပါသည်။ ထို့ကြောင့် ကလေးငယ်ကို ရိုးရှင်းပြီး အစပ်အနည်းငယ်သာပါသော အစားအစာများ စတင်ကျွေးသင့်ပါသည်။
မှတ်ထားသင့်သည့်အချက်ကတော့ သင့်ကလေးအသက်ခြောက်လကျော်မှသာ အစပ်များကိုစတင်ကျွေးသင့်ပါသည်။ သင်သည်အစပ်တစ်မျိုးစီကို သက်သက်စီကျွေးကြည့်ပါ။ သို့မှသာ ဓါတ်မတည့်ခြင်းများဖြစ်ပေါ်လျှင်မည်သည့်အစပ်ကဓါတ်မတည့်သည်ကိုအလွယ်တကူသိရှိနိုင်မည်ဖြစ်သည်။
သင့်ကလေး၏အစားအစာများကိုအစပ်ထည့်ခြင်းသည် ကလေးများကြီးလာပါက အစားအစာအသစ်များကို အလွယ်တကူစားတတ်စေရန်ပိုမိုလွယ်ကူစေသည်။ သင့်ကလေးအရွယ်ရောက်ပြီဆိုပါကအစပ်အမျိုးမျိုးကို ထည့်ကျွေးသင့်သည်။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။
Dr. K Zin Thwe
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။