ကလေးငယ်အာဟာရ

ကလေးများ မွေးပြီး ပထမတစ်နှစ်အတွင်းမှာ ကျန်းကျန်းမာမာနဲ့ ကြီးထွားလာဖို့ ကောင်းမွန်တဲ့ အာဟာရလိုပါတယ်။ မိဘများ သိထားသင့်တဲ့ ပညာရှင်တွေရဲ့ အကြံပေးချက်တွေကို ဒီမှာဖတ်ရှုလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

ကလေးငယ်အာဟာရ

ဘေဘီလေးကို စတော်ဘယ်ရီ ကျွေးမယ်ဆိုရင်

ဘေဘီလေးကို စတော်ဘယ်ရီ ကျွေးမယ်ဆိုရင် ဒါလေးကို အရင်ဖတ်ကြည့်လိုက်ပါ။ စတော်ဘယ်ရီ ဆိုတာက ကလေးတွေရော လူကြီးတွေပါ နှစ်သက်တဲ့ အသီးလေး တစ်မျိုးပေါ့။ အရောင်အသွေး အသွင်အပြင်အရကလည်း ကလေးကြိုက်တဲ့ ကာလာလေးပါ။ ဒီလိုမျိုး အရောင်အသွေး အသွင်အပြင်ရော အရသာကပါ ကလေးတွေကို နှစ်ခြိုက်စေတဲ့ စတော်ဘယ်ရီသီးလေးကို ဘေဘီလေးကို ကျွေးလို့ ရမလား! ဘာတွေ သိထားဖို့ လိုမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။  စတော်ဘယ်ရီ ဆိုတာ စတော်ဘယ်ရီ ဆိုတာက ဘယ်ရီသီးမျိုးရင်းဝင် တစ်မျိုးပါ။ အရောင်က အနီရောင်ရဲရဲလေးနဲ့ အညှာတံကတော့ အစိမ်းရောင်လေးပါ။ အရသာက ချိုချိုချဉ်ချဉ်နဲ့ တော်တော်လေး စားကောင်းပါတယ်။ ဒီအတိုင်း စားလို့ ရသလို နို့စိမ်း၊ နို့ဆီတွေနဲ့ ခေါက်သောက်တာမျိုး လုပ်ပေးလို့လည်း ရပါတယ်။ စတော်ဘယ်ရီမှာ အခုလို အာဟာရဓာတ်လေးတွေလည်း ပါဝင်နေပါတယ်။ ဗီတာမင် C၊ […]

ကလေးငယ်အာဟာရ ကို ရှာဖွေမည်။

ကလေးငယ်

သင့်ကလေးရဲ့ နေ့စဉ်စားသောက်မှုမှာ ပါဝင်သင့်တဲ့ မဂ္ဂနီဆီယမ်

ကယ်လ်ဆီယမ် ဒါမှမဟုတ် အခြားသော သတ္တုဓါတ်တွေလို အလေးပေးအရေးတယူပြုခြင်းမခံရပေမယ့် မဂ္ဂနီဆီယမ်ဟာ သင့်ကလေးရဲ့ ကျန်းမာရေးနဲ့ ကြီးထွားဖွံ့ဖြိုးရေးအတွက် အင်မတန်အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်နေပါတယ်။   မဂ္ဂနီဆီယမ်က ဘာလုပ်ပေးသလဲ။ ခန္ဓါကိုယ်မှာရှိတဲ့ အရိုးတွေသန်မာအောင်နဲ့ အပူအအေးမျှတဖို့အတွက် မဂ္ဂနီဆီယမ်က အရေးပါပါတယ်။ ဒါ့အပြင် ခုခံအားစနစ်ကောင်းစွာ အလုပ်လုပ်ဖို့၊ ကြွက်သားတွေ၊အာရုံကြောတွေ ပုံမှန်အတိုင်းလုပ်ဆောင်နိုင်ဖို့အတွက် မဂ္ဂနီဆီယမ်ဓါတ်ကို လိုအပ်ပါတယ်။ မဂ္ဂနီဆီယမ်မရှိဖူးဆိုရင် ကျွန်တော်တို့ရဲ့ ခန္ဓါကိုယ်ကနေ စွမ်းအင်ထုတ်ပေးနိုင်တော့မှာ မဟုတ်တဲ့အပြင် ကြွက်သားတွေကလည်း တချိန်လုံးတင်းပြီး ညှစ်နေကြမှာဖြစ်ပါတယ်။ ကိုလက်စထရောထုတ်လုပ်မှုနဲ့ သွေးထဲပို့ဆောင်မှုတွေကိုလည်း ကောင်းကောင်းထိန်းညှိနိုင်တော့မှာ မဟုတ်ပါဘူး။   မဂ္ဂနီဆီယမ်ဓါတ်ချို့တဲ့နည်းပါးရင် ဘာတွေ ဖြစ်လာနိုင်သလဲ။ မဂ္ဂနီဆီယမ်ဓါတ်နည်းပါးခြင်းဟာ ဆိုးရွားတဲ့ နောက်ဆက်တွဲပြဿနာတွေကို ဖြစ်ပေါ်လာစေနိုင်တာမို့ သင့်ကလေးရဲ့ သွေးတွင်းမဂ္ဂနီဆီယမ်ပမာဏကို ဂရုတစိုက်စောင့်ကြည့်နေဖို့ လိုအပ်ပါတယ်။ အောက်ဖော်ပြပါ နောက်ဆက်တွဲပြဿနာတွေကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။ အိပ်မပျော်ခြင်း။ ဝမ်းချုပ်ခြင်း။ ADHD or ADD growth pains လို့ခေါ်တဲ့ ခန္ဓါကိုယ်ကြီးထွားစဉ် […]


ကလေးငယ်

သင့်ကလေးကို ဘယ်အစာတွေ စကျွေးမလဲ

ကလေးလေးတွေကို အစာ စတင်ပြီးကျွေးရတဲ့ အချိန်ဟာ စိတ်လှုပ်ရှားဖို့ကောင်းတဲ့ အချိန်ဖြစ်သလို မသေချာမရေရာမှုတွေနဲ့ ပြည့်နှက်နေတဲ့ အချိန်လည်းပဲ ဖြစ်ပါတယ် (အထူးသဖြင့် သားဦး၊သမီးဦး မွေးထားသူတွေမှာပေါ့)။ ကလေးငယ်အများစုကို အသက် ၆လဝန်းနောက်ပိုင်းမှာ ဖြည့်စွက်အစာစတင်ပြီး ကျွေးလေ့ရှိပါတယ် (ကလေးတယောက်နဲ့ တယောက်တော့ မတူဖူးပေါ့)။ ဒါကြောင့် သင့်ကလေးကို အစာစတင်ပြီး ကျွေးသင့်မကျွေးသင့် သေချာစွာ သိရှိနိုင်စေဖို့အတွက် ကလေးအထူးကုဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ရမှာ ဖြစ်ပါတယ်။ ဒီစိတ်လှုပ်ရှားစရာ အချိန်လေးမှာ သင့်အနေနဲ့ ပိုပြီးမိမိကိုယ်ကို ယုံကြည်မှုရှိစေဖို့အတွက် အချို့သော အရပ်စကားတွေကို ချေဖျက်ကြည့်ကြရအောင်။ အရပ်စကား တကယ်လို့ ကလေးဟာ အဖေ၊အမေရဲ့ ထမင်းပန်းကန်တွေကို ဆွဲရင် ဒါမှမဟုတ် အစားအစာတွေကို လိုက်ကိုင်ရင် သူလေးအနေနဲ့ အစာ စပြီး စားဖို့ အဆင်သင့်ဖြစ်နေပြီ။ အမှန် အစားအသောက်အပေါ် စိတ်ဝင်စားခြင်းဟာ အစာ စကျွေးသင့်ပြီဆိုတဲ့ အချက်နဲ့ ဆိုင်ချင်မှဆိုင်ပါလိမ့်မယ်။ ပိုကောင်းတဲ့ နည်းလမ်းက […]


ကလေးငယ်အာဟာရ

ကလေးကို ဘယ်အချိန်မှာ ဘယ်လိုအစာကျွေးရမလဲ

ကလေးတစ်ယောက်ကို ကြီးပြင်းလာတဲ့ထိ ပြုစုစောင့်ရှောက်ဖို့ဆိုတာ လိုအပ်ချက်တွေအများကြီးရှိနေပါတယ်။ လိုအပ်ချက်တွေလို့ ဆိုရာမှာလည်း ဗဟုသုတ၊ သည်းခံနိုင်စွမ်းနဲ့ အတွေ့အကြုံတွေကလည်း မရှိမဖြစ်လိုအပ်တဲ့အရာတွေပါ။ ဒီအရာတွေအားလုံးထဲမှာ အရေးအကြီးဆုံးအရာတွေထဲက တစ်ခုကတော့ ကလေးအတွက် အစားအစာကို သူ့ကအသက်အရွယ်နဲ့လိုက်ပြီး အာဟာရပြည့်အောင် ပြင်ဆင်ရတာပါပဲ။ ဒီဆောင်းပါးမှာတော့ ကလေးရဲ့ ဘဝအစ ပထမ ၆လအတွင်း အစာတွေကို ဘယ်လို ဘယ်အချိန်မှာ ကျွေးရမယ်ဆိုတဲ့ နည်းလမ်းတွေကို ဖော်ပြပေးသွားမှာပါ။ ကလေးတစ်ယောက်ရဲ့ အသက်အရွယ်ကိုလိုက်ပြီး အစာကျွေးနည်း လမ်းညွှန် ကလေးရဲ့ ပထမ ၄လတာကာလကျွေးမွေးမှု အနေအထား (ပုံစံ) ဒီအသက်အရွယ်မှာတော့ သင့်ကလေးဟာ နို့စို့ဖို့အတွက် နို့သီးခေါင်းဘက်ကို လှည့်ရှာနိုင်နေပါပြီ။ ကျွေးရမည့်အရာ မိခင်နို့ သို့မဟုတ် နို့မှုန့်သာ တိုက်ပါ။ တစ်ရက်တာ ကျွေးမွေးမှု ပမာဏ ကလေးနို့ပမာဏဘယ်လောက်စို့လဲသိရဖို့ဆိုရင် နို့ဘူးတိုက်တဲ့အချိန်မှာ လေ့လာထားနိုင်ပါတယ်။ ဒါပေမယ့် မိခင်နို့တိုက်နေတဲ့အချိန်မှာတော့ ကလေးက တစ်နေ့တာအတွက် လုံလောက်တဲ့ အာဟာရပမာဏကို ရ၊မရဆိုတာ လက္ခဏာအချို့ပေါ် အခြေခံလို့ ဆုံးဖြတ်နိုင်ပါတယ်။ ကလေးကို […]


ကလေးငယ်အာဟာရ

ကြေးများတဲ့ကလေးကို ဘယ်လိုကျွေးမလဲ

အထူးသဖြင့် အစာရွေးတဲ့ ကလေးတွေမှာ အစာကျွေးချိန်တွေဟာ မိဘတွေအတွက် အိပ်မက်ဆိုးတွေပဲ ဖြစ်ပါတယ်။ ကလေးက အသက်ကြီးလာတဲ့အခါ သူတို့ လုပ်ချင်တာနဲ့ စားချင်တဲ့အစာတွေနဲ့ ပတ်သက်ပြီး အမှီအခို ကင်းလာကြပါတယ်။ အစမှာတော့ ဒါဟာ အလွန် စိတ်ရှုပ်စရာကောင်းပါတယ်။ အစာရွေးခြင်းဟာ ကလေးရဲ့ အစပထမနှစ်တွေမှာ အဖြစ်များပါတယ်။ ဒါဆို ဒီလို အစာရွေးတဲ့ ကလေးကို အစာကျွေးစဉ်မှာ ဘာတွေ သိထားသင့်သလဲ ကြည့်လိုက်ကြရအောင်။   ဖြစ်နိုင်ရင် ကလေးကို အခြားမိသားစုဝင်တွေနဲ့ အတူ စားခွင့်ပေးပါ။ မိဘအများစုဟာ ကလေးကို မိသားစု ထမင်းဝိုင်းမှာ စားခွင့်ပေးမယ်ဆိုရင် စိတ်တိုခြင်း၊ အာခံခြင်းမရှိပဲ ကလေးတွေ ကောင်းကောင်းစားတာကို တွေ့ရမှာပါ။ ဒါဟာ အစာစားရုံတင်သာမက မိသားစုအချင်းချင်း ရင်းနှီးမှုရတဲ့ အချိန်လည်းဖြစ်ပါတယ်။ သူတို့တစ်နေ့တာအကြောင်းကို မေးမြန်းခြင်းအားဖြင့် အစားအသောက်နဲ့ ပတ်သက်ပြီး ဂျီကျခြင်းကို မေ့အောင်ပြုလုပ်နိုင်ပါတယ်။ သူတို့ကို စားပွဲမှာအတင်းထိုင်ခိုင်းမယ့်အစား […]


ကလေးငယ်အာဟာရ

ကလေးများသည် EPA, DHA, GLA, နှင့် Vitamin D တို့ကိုကျန်းမာစွာနေနိုင်ရန်လိုအပ်ပါသည်

အဆီဓါတ်သည်ကလေး၏ အာဟာရအတွက် အရေးကြီးသောဓါတ်တစ်ခုဖြစ်သည်။ သို့သော်အဆီသည် ကျန်းမာရေးအတွက် အန္တရာယ်ဖြစ်စေနိုင်သည်ဟုတရားသေ ယူဆကြသောကြောင့် အဆီကို အာဟာရတွင်ချန်ထားတတ်ကြသည်။ မိဘများသည် ကလေးများကိုကျွေးသည့်အထဲတွင်အဆီကို များစွာ မထည့်တတ်ကြပေ။ ကလေး၏ စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများအတွက် fatty acid အဆီဓါတ်ကို လုံလောက်သော ပမာဏရနိုင်ရန်အရေးကြီးသည်။ ထို့ကြောင့်မည်သည့် အဆီဓါတ်သည်သင့်ကလေးအတွက် စားသင့်ပြီးမည်သည့်အတွက် စားသုံးသင့်ကြောင်း သင်သိထားသင့်ပါသည်။   DHA (Docosahexaenoic acid) DHA သည် Omega – 3 fatty acid ဖြစ်ပြီး မပြည့်ဝဆီအုပ်စုထဲတွင်ပါသည်။ ၎င်းသည် ကလေးများအတွက် ဘဝ၏ ပထမဆုံး နှစ်နှစ်တွင် ဦးနှောက်၏ ဖြစ်ပေါ်မှုနှင့် ဖွံ့ဖြိုးမှုအတွက် အရေးအကြီးဆုံး အဆီဓါတ် (fatty acid) ဖြစ်သည်။ DHA သည် ကလေးဦးနှောက်တွင် အဆီပါဝင်မှု၏၉% ကိုနေရာယူပြီး လူကြီးများတွင်၁၂%ခန့် ရှိသည်။ DHA သည် […]


ကလေးငယ်အာဟာရ

ကလေးဝမ်းချုပ်စေသော အစားအစာများ

ကလေးဘဝရဲ့ အစောပိုင်းကာလတွေမှာ ဖြည့်စွက်စာကျွေးခြင်းဟာ အလွန်အရေးပါပါတယ်။ ကလေးအတွက် သင့်တော်တဲ့ အစားအစာရွေးရတာ တစ်ကယ်တော့ မလွယ်ပါဘူး။ ကလေးဟာ ဝမ်းချုပ်နေရင်တော့ ဖြစ်နိုင်ချေရှိတာက အောက်ပါအစားအစာများကို လိုတာထက်ပိုစားမိလို့ပါပဲ။ ချိုလွန်းသော အစားအစာများ နေ့တိုင်းမကြာခဏ သကြားလုံး၊ ဘီစကစ်၊ မုန့်အချိုတွေကို ကလေးတွေက နှစ်သက်စွာစားလေ့ရှိပါတယ်။ ဒီမုန့်တွေမှာ သကြားဓါတ်အများအပြားပါဝင်ပြီး အမျှင်ဓါတ်လုံးဝမပါဝင်ပါဘူး။ ဒါ့အပြင် သကြားလုံးတွေစားတာက ဝမ်းချုပ်ခြင်းကို အလွယ်တကူ ဖြစ်ပေါ်စေပြီး ကလေးတွေကို ခံတွင်းပျက်ခြင်းနဲ့ အဝလွန်ခြင်းတွေဖြစ်အောင်လုပ်တဲ့ တရားခံဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်ကလေးရဲ့ သကြားပါတဲ့အစားအစာတွေကို ကန့်သတ်ရပါမယ်။ နို့နှင့်နို့ထွက်ပစ္စည်းများ ထောပတ်၊ ချိစ်၊ မလိုင်စတာတွေဟာ ကလေးရဲ့အရိုးကြီးထွားမှုအတွက် လိုအပ်တဲ့ ဗီတာမင်ဒီဓါတ်ကို ပံ့ပိုးပေးတယ်ဆိုပေမယ့် အလွန်အကျွံစားသုံးမိရင် ဝမ်းချုပ်စေတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သကြားပါဝင်မှုနှုန်းများပြီး အမျှင်ဓါတ်အနည်းငယ်သာ ပါဝင်လို့ဖြစ်ပါတယ်။ ဒါ့ကြောင့် နည်းနည်းပဲတိုက်တာ ကောင်းပါတယ်။ ငှက်ပျောသီး ငှက်ပျောသီးဟာ ကျန်းမာရေးအတွက် အလွန်ကောင်းမွန်တဲ့အသီးဖြစ်ပါတယ်။ ဗီတာမင်နဲ့အာဟာရဓါတ်တွေ ကြွယ်ဝစွာ […]


ကလေးငယ်အာဟာရ

ကလေးများအတွက်သင့်လျော်သောစားသောက်နည်းပုံစံ

ကျန်းမာသောစားသောက်နည်းပုံစံဆိုသည်မှာ အစာအုပ်စု များကိုသင့်တင့်မျှတစွာစားသုံးပြီး အဆီနှင့်သကြားဓါတ်ပါ သောအစားအစာကိုလျှော့စားခြင်းကိုဆိုလိုပါတယ်။ ထိုသို့ စားသုံးခြင်းအားဖြင့်ကလေးများအတွက်လိုအပ်သောစွမ်း အင်ကိုပေးစွမ်းနိုင်ပြီး ကျန်းမာစွာကြီးထွားဖွံဖြိုးစေနိုင်ပါ တယ်။ ကလေးများကိုကျန်းမာရေးနှင့်ညီညွှတ်သောအစား အစာများကိုသင့်တင့်မျှတစွာကျွှေးသင့်ပြီးနောင်အနာဂတ် တွင်သင့်လျော်စွာစားတတ်စေရန်အစာအုပ်စုများအကြောင်း သင်ကြားပေးသင့်ပါတယ်။   ၁။ ကျန်းမာရေးနှင့်ညီညွှတ်သောအစားအစာကိုရွေးချယ်ပါ။ အစားအစာများကိုယေဘုယျအားဖြင့် အသီးအနှံ၊ အရွက်၊ အသား၊ အစေ့အဆံ၊ နို့နှင့် နို့ထွက်ပစ္စည်းများဟူ၍အုပ်စု၅စု ခွဲခြားထားပါတယ်။ သို့သော်လည်းမှတ်ရလွယ်ကူစေရန် Go, Slow & Whoa food ဟူ၍၃အုပ်စုခွဲခြားထားပါတယ်။ က။Go Foods ၎င်းသည်ကျန်းမာရေးနှင့်အညီညွှတ်ဆုံးသောအစာအုပ်စုဖြစ် သည်။ ကယ်လိုရီနည်း၍ အာဟာရဓါတ်များသောအစားအ အစာဖြစ်သောကြောင့်အချိန်မရွေးစားသုံးနိုင်ပါတယ်။ အဆီ မပါဝင်သောအသီးအနှံ၊ ပေါင်မုန့်ကြမ်း၊ ဒိန်ချဉ်၊ ခရမ်းချဉ်သီး ဆော့များပါဝင်သည်။ ခ။Slow foods Slow foods များသည် အမြဲတမ်းမစားသင့်သောအစားအ စာများဖြစ်ပြီး သစ်သီးခြောက်၊ ဘီစကွတ်၊ အမဲသားစဉ်း ကော၊ ကြက်သား စသည်တို့ပါဝင်ပါတယ်။ ဂ။Whoa foods ၎င်းသည်ကျန်းမာရေးနှင့်မညီညွှတ်သောအစာအုပ်စုဖြစ်ပြီး အမြဲတမ်းစားသုံးပါကအဝလွန်နိုင်ပါတယ်။ ထို့ကြောင့်တတ် နိုင်သမျှလျှော့စားသင့်ပါတယ်။ ဟမ်ဘာဂါ၊ […]


ကလေးငယ်အာဟာရ

ကလေးများကြီးထွားဖွံဖြိုးရာတွင် အရေးပါသော ဗီတာမင်များ

ဗီတာမင်များသည် ဆဲလ်ကြီးထွားမှုအရှိန်နှင့် ကွာလတီပေါ် လွှမ်းမိုးနိုင်သည့်အတွက် လူကြီးများအတွက်သာမက ကလေးများအတွက်ပါ မရှိမဖြစ်လိုအပ်ပါသည်။ ဗီတာမင်ကောင်းကောင်းမရပါက ကြီးထွားဖွံဖြိုးမှုဖြစ်စဉ်ကို ထိခိုက်စေပြီး တစ်ခြားသော ရုပ်ပိုင်းဆိုင်ရာ မူမမှန်မှုများကို ဖြစ်သွားစေနိုင်ပါသည်။ ဗီတာမင် အေ၊ ဘီ၊ စီ၊ ဒီ၊ အီး နှင့် ကေ အပါအဝင် အဓိကဗီတာမင် ၆ မျိုးရှိ၏။   ဗီတာမင်အေ ဤဗီတာမင်သည် မျက်လုံးအမြင်အာရုံအတွက် အရေးကြီး၏။ ထို့အပြင် ဗီတာမင်အေကို နေ့စဉ်လုံလောက်စွာရရှိနေပါက သင်၏ကိုယ်ခံအားစနစ်ကို အားမြှင့်ပေးပြီး ဆဲလ်နှင့်အရိုးများ၏ ပုံမှန်ကြီးထွားမှုကို အားပေးပါသည်။ ဗီတာမင်အေကြွယ်ဝသော အစားအစာများမှာ နို့၊ ချိစ်၊ ဥများ၊ အထူးသဖြင့် အနီရောင် ဟင်းသီးဟင်းရွက်များဖြစ်သည့် မုန်လာဥနီနှင့် ခရမ်းချဉ်သီးတို့ဖြစ်သည်။   ဗီတာမင်ဘီ ဗီတာမင်ဘီအုပ်စုတွင် B1, B2, B6, B12, နိုင်ရာစင်၊ ဖောလစ်အက်စစ်၊ ဘိုင်အိုတင်နှင့် ပန်တိုသန်းနစ်အက်စစ်တို့ ပါဝင်သည်။ ဤဗီတာမင်အုပ်စုသည် ဇီဝရုပ်ဖြစ်ပျက်ရာနှင့် […]


ကလေးငယ်အာဟာရ

ကလေးတွေ စားသောက်မှုပုံစံ မှန်စေဖို့အတွက် လိုက်နာသင့်တဲ့ အချက်လေးတွေ

တကယ်လို့ သင်ဟာ အလုပ်လုပ်နေရတဲ့ မေမေဆိုရင် သင့်ကလေးရဲ့ စားသောက်မှုပုံစံနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ရှိနေမှာ အမှန်ပါပဲ။ ကလေးထိန်းနဲ့ ထားခဲ့တာပဲဖြစ်ဖြစ်၊နေ့ကလေးထိန်းကျောင်း ပို့တာပဲဖြစ်ဖြစ် သင့်ကလေး စားသောက်မှုပုံစံမှန်စေဖို့နဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကိုသာ စားသုံးစေဖို့အတွက် စီမံထားသင့်ပါတယ်။ တကယ်လို့ သင့်ကလေးဟာ အစာချေရည်ဆန်တက်ခြင်းကြောင့် ရင်ပူတဲ့ရောဂါ (gastroesophageal reflux disease (GERD)) ခံစားနေရရင် စားသောက်မှုပုံစံမမှန်ခြင်းဟာ ရောဂါအခြေအနေကို ပိုဆိုးစေတာမို့ ငယ်ရွယ်စဉ်အချိန်ကတည်းက အစားအသောက်နဲ့ ပတ်သက်တဲ့ အလေ့အကျင့်ကောင်းတွေ ပျိုးထောင်ပေးထားဖို့ အင်မတန် အရေးကြီးပါတယ်။ ရင်ပူခြင်း နဲ့ အက်ဆစ်ရည်ဆန်တက်ခြင်း၊အဝလွန်ခြင်းတို့ မဖြစ်ပေါ်စေဖို့အတွက် ကလေးကို ကူညီပေးရပါမယ်။ ကလေးတွေ စားသောက်မှုပုံစံ မှန်စေဖို့အတွက် လိုက်နာသင့်တဲ့ အချက်လေးတွေကို အောက်မှာ ဖော်ပြပေးထားပါတယ်။   မိသားစုလက်စုံထမင်းစားချိန်လေးကိုဖန်တီးပါ။ အခြားသော ကလေးတွေလိုပဲ သင့်ကလေးဟာလည်း အစားအသောက်ကို အာရုံလာချင်မှ လာပါလိမ့်မယ်။ […]


ကလေးငယ်အာဟာရ

ကလေးခန္ဓါကိုယ်ကြီးထွားဖွံ့ဖြိုးမှုအတွက် လိုအပ်သောအာဟာရများနှင့် ၎င်းတို့၏လုပ်ဆောင်မှုများ

ကလေးခန္ဓါကိုယ်ကြီးထွားဖွံ့ဖြိုးမှုအတွက် လိုအပ်သောအာဟာရများနှင့် ၎င်းတို့၏လုပ်ဆောင်မှုများ ကလေးတိုင်း ကျန်းမာသန်စွမ်းတဲ့ကလေးတစ်ယောက်အနေနဲ့ ကြီးပြင်းလာဖို့ဆိုတာက အာဟာရသင့်တင့်မျှတအောင်ကျွေးမွေးဖို့လိုအပ်တယ်ဆိုတာကို မိဘတိုင်းလိုလို သိရှိပြီးဖြစ်ကြမှာပါ။ ကလေးတွေကို အာဟာရမျှတအောင်ကျွေးမွေးနိုင်စေဖို့အတွက် ကလေးတွေမှာ မဖြစ်မနေလိုအပ်တဲ့ အာဟာရဓါတ်အချို့နဲ့ သူတို့ရဲ့ လုပ်ဆောင်မှုတွေကို ဖော်ပြပေးလိုက်ပါတယ်။ ပရိုတင်း - ကြွက်သားတွေနဲ့ ကလေးရဲ့ကိုယ်ခန္ဓါက အခြားတစ်ရှုးတွေကို တည်ဆောက်ပေးတဲ့အာဟာရဓါတ်ဖြစ်ပါတယ်။ ကိုယ်ခံအားစနစ် တိုးတက်ကောင်းမွန်အောင်လည်း အထောက်အပံ့ပေးပါတယ်။ ပရိုတင်းဓါတ်ပါဝင်တဲ့အစားအစာများ - ငါး ကြက်သား ကြက်ဆင်သား အဆီမပါတဲ့အသား အခွံမာသီးတွေ ဥအမျိုးမျိုး နို့အမျိုးမျိုး ဒိန်ချဉ် ချိစ် မြေပဲထောပတ် ပဲပိစပ်အစိမ်း ကာဗိုဟိုက်ဒရိတ်ဓါတ် - ကာဗိုဟိုက်ဒရိတ်က ခန္ဓါကိုယ်အတွက်အလွန်အရေးပါလှတဲ့ စွမ်းအင်အရင်းအမြစ်တစ်ရပ်ဖြစ်ပါတယ်။ ကာဗိုဟိုက်ဒရိတ်က ကလေးတွေရဲ့ ခန္ဓါကိုယ်တည်ဆောက်ဖို့နဲ့ တစ်ရှုးတွေပြုပြင်ဖို့အတွက် အဆီတွေနဲ့ ပရိုတင်းတွေကို အသုံးပြုရာမှာ အထောက်အကူပေးပါတယ်။ ကာဗိုဟိုက်ဒရိတ်ကို အစားအသောက်အမျိုးမျိုးကနေရရှိနိုင်ပါတယ်။ ကာဗိုဟိုက်ဒရိတ်ရရှိနိုင်တဲ့အစားအသောက်များ - ပေါင်မုန့် cereals ထမင်း ခရက်ခ်ကာ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်