ကလေးငယ်အာဟာရ

ကလေးများ မွေးပြီး ပထမတစ်နှစ်အတွင်းမှာ ကျန်းကျန်းမာမာနဲ့ ကြီးထွားလာဖို့ ကောင်းမွန်တဲ့ အာဟာရလိုပါတယ်။ မိဘများ သိထားသင့်တဲ့ ပညာရှင်တွေရဲ့ အကြံပေးချက်တွေကို ဒီမှာဖတ်ရှုလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

ကလေးငယ်အာဟာရ

ဘေဘီလေးကို စတော်ဘယ်ရီ ကျွေးမယ်ဆိုရင်

ဘေဘီလေးကို စတော်ဘယ်ရီ ကျွေးမယ်ဆိုရင် ဒါလေးကို အရင်ဖတ်ကြည့်လိုက်ပါ။ စတော်ဘယ်ရီ ဆိုတာက ကလေးတွေရော လူကြီးတွေပါ နှစ်သက်တဲ့ အသီးလေး တစ်မျိုးပေါ့။ အရောင်အသွေး အသွင်အပြင်အရကလည်း ကလေးကြိုက်တဲ့ ကာလာလေးပါ။ ဒီလိုမျိုး အရောင်အသွေး အသွင်အပြင်ရော အရသာကပါ ကလေးတွေကို နှစ်ခြိုက်စေတဲ့ စတော်ဘယ်ရီသီးလေးကို ဘေဘီလေးကို ကျွေးလို့ ရမလား! ဘာတွေ သိထားဖို့ လိုမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။  စတော်ဘယ်ရီ ဆိုတာ စတော်ဘယ်ရီ ဆိုတာက ဘယ်ရီသီးမျိုးရင်းဝင် တစ်မျိုးပါ။ အရောင်က အနီရောင်ရဲရဲလေးနဲ့ အညှာတံကတော့ အစိမ်းရောင်လေးပါ။ အရသာက ချိုချိုချဉ်ချဉ်နဲ့ တော်တော်လေး စားကောင်းပါတယ်။ ဒီအတိုင်း စားလို့ ရသလို နို့စိမ်း၊ နို့ဆီတွေနဲ့ ခေါက်သောက်တာမျိုး လုပ်ပေးလို့လည်း ရပါတယ်။ စတော်ဘယ်ရီမှာ အခုလို အာဟာရဓာတ်လေးတွေလည်း ပါဝင်နေပါတယ်။ ဗီတာမင် C၊ […]

ကလေးငယ်အာဟာရ ကို ရှာဖွေမည်။

ကလေးငယ်အာဟာရ

သင့်ကလေးကို ဘယ်အချိန်မှာ ပန်းသီးဖျော်ရည်တိုက်နိုင်ပြီလဲ

အသီးဖျော်ရည်သည် သောက်ရလွယ်ကူသော ဖျော်ရည်တစ်ခုဖြစ်ပြီး ဗီတာမင် နှင့် သတ္တုဓါတ်များကြွယ်ဝသော အစားအစာရင်းမြစ်တစ်ခုအဖြစ် ယုံကြည်ကြသည်။ သို့သော် သင့်ကလေးအထူးသဖြင့် မွေးကင်းစကလေးနှင့် တစ်နှစ်အောက်ကလေးများကို အသီးဖျော်ရည် တိုက်ဖို့အတွက်ကိုတော့ သင်တွေးထားတာထက် ပိုစဉ်းစားသတိထားဖို့လိုအပ်သည်။ သစ်သီးဖျော်ရည်များသည် တစ်နှစ်အောက်ကလေး ဝမ်းချုပ်ခြင်းအတွက် အထူးကောင်းမွန်သည်။ ကလေးဆရာဝန်များသည် တစ်နှစ်အောက်အရွယ် သင့်ကလေး ဝမ်းချုပ်ခြင်း သက်သာစေရန် ပန်းသီးဖျော်ရည်နှင့် ရေကို ရောပြီး တိုက်ကျွေးဖို့ အကြံပေးထားပါသည်။ ထိုဖျော်ရည်သည် ၁၀၀ ရာခိုင်နှုန်း သဘာဝစစ်စစ်ဖြစ်ပြီး သကြား၊ ဆေးသကြားများ ပါဝင်ခြင်းမရှိရန်၊ ဖျော်ရည်ဘူးတွင် ပိုးသတ်ထားသည်ဟု ရေးထားသော အညွှန်းပါရန် အထူးသတိထားပါ။ သင့်ကလေး ကို ပန်းသီးဖျော်ရည် (သို့) မည်သည့်ဖျော်ရည်မဆို မတိုက်ကျွေးခင် ကလေးအတွက် ဘေးကင်းစိတ်ချကြောင်း သေချာစေရန် သင့်ဆရာဝန်၊ အာဟာရပညာရှင် (သို့) ကလေးဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။ အတွေ့အကြုံမရှိသောသူ (သို့) […]


ကလေးငယ်အာဟာရ

ကလေးများသည် ဘာကြောင့် တစ်နေ့လျှင် သုံးနပ်စားဖို့ လိုအပ်သလဲ

တစ်နေ့ကို အစာသုံးကြိမ်စားခြင်းသည် ဟိုးရှေးယခင် အချိန်များကတည်းက စာအုပ်များတွင် ဖော်ပြထားပြီး ကလေးများအတွက် ကျန်းမာရေးကောင်းစေမည့် အရေးကြီးသည့်အချက်ဖြစ်ပါသည်။ ထိုသို့စားခြင်းသည်အရသာကိုလည်းကောင်းစေသလို အစာများကိုလည်း ပုံမှန်အတိုင်းစားနိုင်စေပါသည်။ မိဘများအနေဖြင့် မိမိကလေးများကို ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများ စားတတ်စေရန် ကူညီပေးရမည်ဖြစ်ပါသည်။ မနက်စာမစားခြင်းသည် အများထင်ထားသလို ကိုယ်အလေးချိန်မကျစေဘဲ ကိုယ်အလေးချိန်ကို ပိုတိုးစေပါသည်။ မနက်စာစားခြင်းဖြင့် စွမ်းအင်များရရှိကာ ကျောင်းတွင်လည်း စာများကို အာရုံစူးစိုက်နိုင်မည်ဖြစ်ပါသည်။ ကလေးများသည် နေ့လည်စာကိုကျောင်းမှာ စားကြရပါသည်။ ထို့ကြောင့် နေ့လည်စာကို အခြားအချိန်များထက် သကြားဓါတ်နည်းပြီး အာဟာရဓါတ်နှင့်ကျန်းမာစေသော အဆီဓါတ်များ ပိုပါအောင် စီစဉ်ပေးသင့်ပါသည်။ ပုံမှန်အားဖြင့် ညစာတွင် အာဟာရတန်ဖိုးများစွာပါဝင်သည့်အတွက် ကလေးများ၏ ကြီးထွားဖွံ့ဖြိုးမှုကို အဓိကအားပေးခြင်းဖြစ်ရာ ညစာမစားခြင်းသည် ကလေးများ၏ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေပါသည်။ အကောင်းဆုံး အာဟာရတန်ဖိုးများရရှိအောင် ကြိုးစားခြင်း တစ်နေ့တွင် သုံးနပ်စားခြင်း၏ အကျိုးကျေးဇူးတစ်ခုမှာ ကလေးများသည် တနေကုန် စွမ်းအင်များ သူ့အချိန်နှင့်သူရရှိနေသည့်အတွက် ထမင်းတစ်နပ်နှင့် တစ်နပ်ကြားတွင် […]


ကလေးငယ်အာဟာရ

ကလေးများအတွက် နွားနို့ထက် ဖော်စပ်ထားသော နို့မှုန့်များက ဘာကြောင့် ပိုသင့်တော်ပါသလဲ

ကလေးများအတွက် နွားနို့ထက် ဖော်စပ်ထားသော နို့မှုန့်များက ဘာကြောင့် ပိုသင့်တော်ပါသလဲ ..... မိခင်များသည် ကလေးများအတွက် ဖော်စပ်ထားသော နို့မှုန့်များထက် နွားနို့ကို ပိုပြီးအသုံးပြုကြပါသည်။ အဘယ်ကြောင့်ဆိုသော် နွားနို့သည် ပိုပြီး သဘာဝအရင်းအမြစ်ဖြစ်ခြင်းနှင့် အာဟာရဓာတ်များ ပိုပြည့်စုံမည်ဟုထင်ခြင်းတို့ကြောင့်ဖြစ်ပါသည်။ ကလေးများအတွက် နွားနို့ထက် ဖော်စပ်ထားသော နို့မှုန့်များက ဘာကြောင့် ပိုသင့်တော်ပါသလဲ ကလေးများအတွက် နွားနို့ထက် ဖော်စပ်ထားသော နို့မှုန့်များက ဘာကြောင့် ပိုသင့်တော်ပါသလဲ ဆိုတော့ မည်သို့ပင်ဆိုစေကာမူ နွားနို့သည် သင့်ကလေး အသက် အနည်းဆုံး ၁၂ လပြည့်မှ စတိုက်သင့်သော အရာဖြစ်ပါသည်။ အသက် ၆ လအထိ မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးသင့်သည်ဟု ကျန်းမာရေးအဖွဲ့အစည်းတွေက အကြံပြုထားတာဖြစ်ပါသည်။ https://hellosayarwon.com/parenting/baby/baby-nutrition/how-to-choose-best-milk-powder-for-babies/ အဘယ်ကြောင့် နွားနို့ကို ကလေးအသက် အနည်းဆုံး ၁၂ လပြည့်မှ စတိုက်သင့်သလဲ။ အမေရိကန်နိုင်ငံမှ ကလေးဆရာဝန်များ၏ အဆိုအရ ကလေးကို […]


ကလေးငယ်အာဟာရ

ကလေးနှင့် ဗီတာမင် အေ

ဗီတာမင်နှင့် သတ္တုဓါတ်များသည် ကလေးကျန်းမာရေး နှင့် ကြီးထွားဖွံ့ဖြိုးမှုအတွက် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေသည်။ ဗီတာမင် အေ သည် ထိုအရေးကြီးသော ဗီတာမင်များထဲမှ တစ်ခုဖြစ်သည်။ ၎င်းသည် မျက်စိအမြင်အာရုံ နှင့် အရိုးကြီးထွားမှုအတွက် အရေးပါပြီး ရောဂါပိုးဝင်ခြင်းမှလည်း ကာကွယ်ပေးနိုင်သည်။ ဤဆောင်းပါးတွင် ကလေးများအတွက် ဗီတာမင် အေ ၏ အကျိုးကျေးဇူးများအကြောင်းကို ဖော်ပြလိုက်ပါသည်။ ဗီတာမင်အေ ဆိုတာဘာလဲ။ ဗီတာမင်အေ ပင်မရင်းမြစ်နှစ်ခုရှိပါသည်။ ၎င်းတို့မှာ retinol နှင့် beta-cartoene တို့ဖြစ်ပါတယ်။ Retinol ကို စစ်မှန်သော ဗီတာမင်အေ ဟုခေါ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် ခန္ဓါကိုယ်အတွက် အသုံးပြုဖို့ အဆင်သင့်ဖြစ်ပြီး ၎င်းကို အသား (ဥပမာ။ ။ အသည်း၊ ဥ နှင့် အဆီများသောငါး) နှင့် စီရီယယ်များတွင် အလွယ်တကူ […]


ကလေးငယ်အာဟာရ

ကလေးနှင့် ဗီတာမင်

ကလေးကြီးထွားဖွံ့ဖြိုးမှုအတွက် အာဟာရလိုအပ်ချက်များတွင် ဗီတာမင်သည် အရေးကြီးဆုံး အစိတ်အပိုင်းထဲမှ တစ်ခု ဖြစ်သည်။ ကလေး၏ ခန္ဓါကိုယ်သည် လိုအပ်သလောက် ဗီတာမင် ပမာဏကို မထုတ်လုပ်ပေးနိုင်သောကြောင့် ဗီတာမင်ဓါတ်များကို အစားအသောက်မှ နေ့စဉ် ရရှိရန်လိုအပ်သည်။ ဗီတာမင် အေ ဗီတာမင်အေကို အဝါရောင်၊ လိမ္မော်ရောင်ရှိသော အစားအစာများ (ဥပမာ။ ။ မုန်လာဥ၊ ဝဥ ၊ ဖရုံသီး၊ နို့၊ ဒိန်ခဲ၊ ဥ) တွင် အလွယ်တကူ တွေ့ရှိရသည်။ ထိုဗီတာမင်သည် ပုံမှန်ကြီးထွားဖွံ့ဖြိုးမှု၊ တစ်ရှုးနှင့် အရိုးပြန်လည် ပြုပြင်မှု၊ အရေပြားနှင့် မျက်လုံးကျန်းမာရေး၊ ကိုယ်ခံအား တို့ကို တိုးမြှင့်ပေးသော အစွမ်းအာနိသင်ရှိသည်။ ဗီတာမင် ဘီ ဗီတာမင်ဘီ အုပ်စုတွင် ဗီတာမင် ဘီ ၂၊ ၃၊ ၆ နှင့် ၁၂ တို့ပါဝင်ပါသည်။ ၎င်းတို့သည် […]


ကလေးငယ်အာဟာရ

ကလေးများအတွက် အကျိုးပြု ဘက်တီးရီးယားများနှင့် ဘက်တီးရီးယားအစာများ

လူတို့၏ အစာခြေစနစ်ထဲတွင် ကျန်းမာရေးကို အကျိုးပြုသော ပိုးကောင်များ သန်းပေါင်းများစွာ ရှိပါသည်။ ထိုပိုးကောင်များသည် ဗိုင်းရပ်စ်များ ၊ မှိုများ၊ ဘက်တီရီးယားများဖြစ်ကြပြီး ယေဘူယျအားဖြင့် ပြောရလျှင် လူတို့ အတွက် အကျိုးပြုစေသော ပိုးကောင်များ ဖြစ်ပါသည်။ ဘက်တီးရီးယားများတွင် ကောင်းသော ဘက်တီးရီးယားများနှင့် မကောင်းသာ ဘက်တီးရီးယားများဟူ၍ ၂ မျိုးရှိပါသည်။ ကောင်းသော ဘက်တီးရီးယားများသည် အစာချေလမ်းကြောင်းတွင်ရှိပြီး အစားအစာများနှင့် ဗီတာမင်များကို ချေဖျက်ရာတွင် ကူညီပေးပါသည်။ ကောင်းကျိုးမပြုသော ဘက်တီးရီးယားများသည် ပိုးသတ်ဆေးများဖြင့် နှိမ်နင်းသင့်သော ဘက်တီးရီးယားများ ဖြစ်ပါသည်။ ထို့ကြောင်းကောင်းကျိုးပြုသော ဘက်တီးရီးယားများကို ပွားများစေရန် နှင့် မကောင်းသော ပိုးကောင်များကို မကြီးထွားလာစေရန် ပြုလုပ်သင့်ပါသည်။ ထို့ကြောင့် ကလေးများသည် အကျိုးပြူ ဘက်တီးရီးယားများနှင့် ဘက်တီးရီးယားအစာများကို သင့်တင့်မျှတစွာ စားပေးရန် လိုအပ်ပါသည်။ ကလေးများတွင် အကျိုးပြူ ဘက်တီးရီးယားများနှင့် […]


ကလေးငယ်အာဟာရ

ကလေးများ၏ စိတ်ခံစားမှုနှင့် အစာစားချင်စိတ် ဆက်နွယ်မှု

အစာစားခြင်းဟာ ကလေးတိုင်းရဲ့ဘဝအတွက်အရေးကြီးတဲ့အရာတစ်ခုပဲဖြစ်ပါတယ်။ အစာကောင်းကောင်းစားခြင်းဟာ ခန္ဓါကိုယ်ဖွံ့ဖြိုး၍ ကျန်းမာစေရုံသာမကပေါင်းသင်းဆက်ဆံရေးနှင့် စိတ်ဓါတ်ပိုင်းတွင်လည်းတိုးတက်စေပါတယ်။ အစာစားချင်းနှင့်အစားအစာရွေးချယ်မှုကိုနေထိုင်ရာပတ်ဝန်းကျင် ၊ ကျန်းမာရေးနှင့် ပတ်ဝန်းကျင်၏အပူချိန်တို့က လွှမ်းမိုးပါတယ်။   စိတ်ခံစားမှုကြောင့် အစာစားခြင်းဆိုတာဘာလဲ။ စိတ်၏စေခိုင်းမှုကြောင့် အစာစားခြင်းမှာ အာဟာရပြည့်ဝရန်ထက် သက်တောင့်သက်သာရှိစေရန် ၊ ပျင်းရိမှုမှလွတ်မြောက်ရန် သို့ စိတ်လှုပ်ရှားမှုကိုတုံ့ပြန်ခြင်းအားဖြင့် ဖြစ်စေ စားခြင်းဖြစ်ပါတယ် ။ ကလေးများ ၊ ဆယ်ကျော်သက်များနှင့် အရွယ်ရောက်ပြီးသူများတောင်မှစိတ်၏အလိုအရ တစ်ခါ သို့ တစ်ခါထက်ပိုပြီး စားမိတတ်ကြပါတယ် ။ စိတ်ခံစားမှုကြောင့် အစာစားခြင်းသည်အမှန်တစ်ကယ်ဆာ၍စားခြင်းနှင့် မည်သို့ကွာသလဲ။ ကလေးတွေဟာ အခြေအနေတစ်ခု သို့ အတွေ့အကြုံတစ်ခုနှင့်ကြုံတွေ့ရတဲ့အခါမှာ စိတ်လှုပ်ရှားပြီး အစားစားချင်စိတ်များ အလွန်ဖြစ်ပေါ်လာတတ်ပါတယ်။ အခြားတစ်ဖက်မှာတော့ခန္ဓါကိုယ်လိုအပ်ချက်ကြောင့်ဗိုက်ဆာတဲ့ကလေးတွေဟာတော့ သူတို့ရဲ့အစာအိမ်ထဲမှာ ဘာမှမကျန်တဲ့အခါမှသာအစာစားချင်စိတ်ဖြစ်ပေါ်လာကြပါတယ်။ စိတ်ခံစားမှုကြောင့်အစာစားတဲ့ကလေးများဟာ အစားအစာတစ်မျိုးထဲကိုပဲစားချင်စိတ်ပြင်းထန်နေတတ်ကြပြီး ပုံမှန်ဗိုက်ဆာတဲ့ကလေးတွေဟာတော့မည်သည့်အစားအစာဖြစ်စေ ကျေနပ်တတ်ကြပါတယ် ။ ဥပမာအားဖြင့် သူငယ်ချင်းများနှင့်ရန်ဖြစ်ပြီးတဲ့ကလေးတွေဟာရေခဲမုန့်တွေအများကြီးစားတာကိုသူတို့ဘာသာသတိထားမိတတ်ကြပြီး အချို့ကတော့ သတိမထားမိတတ်ကြပါဘူး ။ စိတ်ခံစားမှုကြောင့်အစာစားခြင်းဟာ ဘာကြောင့်မကျန်းမာစေသလဲ။ စိတ်အလိုလိုက်၍ အစာစားခြင်းဟာ အဝလွန်ခြင်း( အလွန်အကျွံစားသုံးမိ၍) ၊လုံလောက်သောခန္ဓါကိုယ်အလေးချိန်မရှိခြင်း( […]


ကလေးငယ်အာဟာရ

ကလေးတွေ ဖွံ့ဖြိုးမှုမှာ omega 3 နဲ့ omega 6 တို့ရဲ့ အရေးပါမှု၊ မိခင်တွေအနေနဲ့ omega 3 အကြောင်း ဘာတွေသိထားဖို့ လိုအပ်သလဲ

Omega 3 ကို လူတွေရဲ့ ကျန်းမာရေး၊ အထူးသဖြင့် ကလေးတွေ ဖွံ့ဖြိုးမှုအတွက် ကောင်းကျိုးအများရရှိမှုနဲ့ ပတ်သက်ပြီး သိကြတာ ကြာပါပြီ။ ဒါပေမယ့် omega 3 ချို့တဲ့တဲ့ အစားအသောက်သာ စားရတဲ့ ကလေးတွေ အများအပြားရှိပါသေးတယ်။ သင့်ကလေးတွေရော။ Omega 3 ဆိုတာဘာလဲ။ Omega 3 fatty acids ဆိုတာ သင့်ခန္ဓါကိုယ်မှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတာပါ။ omega 3 အဓိကအရေးကြီးတဲ့ အမျိုးအစား ၂မျိုးရှိပါတယ်။ EPA နဲ့ DHA ပါ။ ဒါ့အပြင် ALA လည်းပါဝင်ပါတယ်။ လူတွေရဲ့ ခန္ဓါကိုယ် အထူးသဖြင့် ကလေးတွေရဲ့ ခန္ဓါကိုယ်ဟာ ကျန်းမာရေး အန္ထရာယ်အတော်များများကို ရှောင်ရှားဖို့နဲ့ လုပ်ငန်းဆောင်တာတွေ ကောင်းမွန်စွာ လည်ပတ်နိုင်ဖို့ omega […]


ကလေးငယ်အာဟာရ

သင့်ကလေးကို ဖြည့်စွက်စာကျွေးရန် နည်းလမ်း

ဖြည့်စွက်စာကျွေးတာက အမေတွေအတွက်သာမက ကလေးတွေရဲ့ ဘဝအတွက်ပါ အရေးပါပါတယ်။ တကယ်လို့ သင်ဟာ ဖြည့်စွက်စာကျွေးဖို့ အခက်တွေ့နေတယ်ဆိုလျှင် အောက်ပါအချက်အလက်တွေက သင့်ကို ကူညီပါလိမ့်မယ်။ ဘယ်အချိန်မှာ ဖြည့်စွက်စာကျွေးဖို့ အကောင်းဆုံးလဲ။ အမေရိကန် ကလေးကျန်းမာရေးပညာပေး အဖွဲ့အစည်းရဲ့ အဆိုအရ ကလေးတွေကို မွေးပြီး ၆လအထိ မိခင်နို့တစ်မျိုးထဲကို တိုက်သင့်ပြီး အဲ့နောက်ပိုင်း မိခင်နို့နဲ့ အစားနဲ့ကို ကလေးအသက် ၁နှစ်အထိ ကျွေးသင့်ပါတယ်။ မိခင်နို့တိုက်ကျွေးတာကို သင်နှင့် သင့်ကလေးဆန္ဒရှိတဲ့ အချိန်အထိ တိုက်ကျွေးနိုင်ပါတယ်။ သင့်ကလေးကို ဘယ်အချိန်မှာ ဖြည့်စွက်စာ စသင့်တယ်ဆိုတာက သင့်ရဲ့ ဆုံးဖြတ်ချက်ပဲ ဖြစ်ပါတယ်။ ဖြည့်စွက်စာ စကျွေးတော့မယ်ဆိုလျှင် ဘာမှမစခင် သင်နဲ့ သင့်ကလေးရဲ့ လိုအပ်ချက်ကို အရင်ဆုံးစဉ်းစားပါ။ သင့်အခြေအနေကို တခြားမိသားစုတွေနဲ့ မနှိုင်းယှဉ်ပါနဲ့။ တကယ်လို့ သင်ဟာကိုယ်ဝန်ဆောင် သို့မဟုတ် သင့်ကလေးက မွေးခါစဖြစ်လျှင် ဖြည့်စွက်စာကို […]


ကလေးငယ်အာဟာရ

သကြားဆိုတာ သင့်ကလေးကိုအငြိမ်မနေစေတာ ဟုတ်ပါသလား

ကလေးများကို ကောင်းကောင်းမွန်မွန်ပြုမူစေချင်သည့်အခါ သင့်စကားနားထောင်စေချင်သည့်အခါ ချိုချဉ်၊ သကြားနှင့်လုပ်သည်များကို မပေးပါနှင့်။ လူတိုင်းလိုလို ထိုသို့ပြောကြပါသည်။ ရာစုနှစ်များစွာကြာသည်အထိ သကြားသည် ကလေးများတွင် အငြိမ်နေခြင်း ဆူပူသောင်းကျန်းခြင်းနှင့် ဆက်စပ်ကြောင်း ယုံကြည်ခဲ့ကြသည်။ အကျိုးအပြစ်ဆက်စပ်မှုကို တိတိကျကျလေ့လာပြီးနောက် ထိုယုံကြည်မှုသည် အချက်အလက်တစ်ခုအနေနှင့်ဖြစ်လာပါသည်။ အံ့သြစရာကောင်းသည်က မကြာသေမီကလုပ်ထားသော သုတေသနများတွင်တော့ ၎င်းနှင့်ဆန့်ကျင်ဖက်ကို သက်သေပြထားနိုင်ခဲ့ပါသည်။ သကြားနှင့် ကလေးအငြိမ်မနေခြင်း ဆက်စပ်ပုံကို ဘာကြောင့် လူတွေကယုံကြည်ကြတာလဲ။ - လမ်းလျှောက်တတ်စအရွယ်များတွင် သကြားနှင့် အငြိမ်မနေခြင်း ဆက်စပ်မှုရှိကြောင်းကို ၁၉၇၃ ခုတွင် ဓာတ်မတည့်မှုကျွမ်းကျင်သူ Benjamin Feingold, M.D သည် Feingold diet (ဖြည့်စွက်ပစ္စည်းကင်းသည့် အစာ) အကြောင်း တင်ပြခဲ့သည်။ ထိုမှတ်တမ်းသည် သူ၏ယခင်သုတေသနဖြစ်သော ဖြည့်စွက်ဓာတုပစ္စည်းများနှင့် ကလေးများ၏ အငြိမ်မနေမှုအပေါ် ဆက်စပ်ချက်ပေါ် အခြေခံထားခြင်းဖြစ်သည်။ Feingold diet ဆိုသည်မှာ အရသာတု၊ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်