ကလေးငယ်

ကလေးငယ်ရဲ့ ပထမတစ်နှစ်က အင်မတန်စိတ်လှုပ်ရှားစရာကောင်းပါတယ်။ သင့်ရဲ့ ကလေးလေး ဒီအရွယ်ကစပြီး ကျန်းမာပျော်ရွှင်နိုင်ဖို့ သင့်အနေနဲ့ ကလေးထိန်းကျောင်းနည်းလမ်းကောင်းတွေ ရဖို့ လိုတာပေါ့။ ဒီစာမျက်နှာမှာ သင့်ကလေးအတွက် လိုအပ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို ရှာဖွေနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးငယ်

ကလေးလေးတွေမှာ baby oilသုံးပေးခြင်း ရဲ့ ကောင်းကျိုးများ

ကလေးလေးတွေ အသားအရေအတွက် lotionတွေ၊ ဆပ်ပြာတွေ သုံးကြပေမယ့် baby oilကိုတော့ သုံးတဲ့သူ နည်းမယ်လို့ ထင်ပါတယ်။ တကယ်တော့ baby oilကလည်း ကလေးလေးတွေမှာ သုံးပေးလို့ ရသလို ကောင်းကျိုးတွေလည်း ရှိပါတယ်။ ဒါဆို ကလေးလေးတွေမှာ baby oilသုံးပေးခြင်း ရဲ့ ကောင်းကျိုးများ ကို လေ့လာကြည့်ရအောင်။ ကလေးလေးတွေမှာ baby oilသုံးပေးခြင်း ရဲ့ ကောင်းကျိုးများ ကလေးလေးတွေမှာ baby oilသုံးမယ်ဆိုရင် ရေချိုးပြီးစ အသားအရေ စိုစွတ်နေချိန်မှာ သုံးတာ အကောင်းဆုံးပါ။ ကလေးလေးတွေအတွက် baby oilကို နှိပ်နယ်ဖို့ အသုံးပြုပေးနိုင်ပါတယ်။ ရေချိုးပြီးစ အချိန်ဖြစ်ဖြစ်၊ ကလေးကို သိပ်ခါနီးအချိန်ဖြစ်ဖြစ် baby oilကို လက်ထဲ အနည်းငယ်ထည့်ပြီး ကလေးရဲ့ လက်တွေ၊ ခြေထောက်တွေ၊ ကျောပြင်တွေကို အသာအယာ ပွတ်သပ်ပေးပါ။ […]

ကလေးငယ် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးငယ် ကို ရှာဖွေမည်။

ကလေးငယ်ပထမနှစ်

35 ပတ်သားကလေး

ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြုအမူ ကျွန်ုပ်၏ကလေးသည် မည်သို့ဖွံ့ဖြိုးလာသင့်ပါသလဲ။ အခုဆိုရင် သင့်ရင်သွေးလေးရဲ့ အမြင်အာရုံဟာ တချို့သောရှုထောင့်တွေမှာ လူကြီးတွေနဲ့တူလာပါပြီ။ အနီးနားမှာရှိတဲ့ အရာတွေကို ကောင်းကောင်းမြင်နိုင်သလို အဝေးမှာရှိတဲ့အရာတွေကို မြင်နိုင်စွမ်းလည်း တိုးတက်လာပြီဖြစ်တာကြောင့် အခန်းထဲရှိသမျှ လူတွေ၊ ပစ္စည်းတွေကို ခွဲခြားသိမြင်လာနိုင်ပါပြီ။ အခန်းထဲကတခြားဖက်မှာရှိတဲ့ အရုပ်လေးတွေကိုမြင်နိုင်ပြီး တွားသွားပြီးယူတတ်လာပါပြီ။ မျက်လုံးအရောင်ဟာလည်း သူတို့တစ်ဘဝလုံးမှရှိနေမယ့် မျက်လုံးအရောင်ဖြစ်နေပါပြီ။ ရှစ်လပြည့်ပြီးလို့ သုံးပတ်လောက်ကြာချိန်၊ ခုအချိန်မှာ သင့်ကလေးဟာ- • အမြင်အာရုံပိုကောင်းလာပါပြီ • တရွတ်တိုက် ဒါမှမဟုတ် လေးဘက်တွား သွားတတ်လာပြီ • ထိုင်နေရာမှ မတ်တပ်စရပ်ပါပြီ • ပစ္စည်းသေးသေးလေးတွေကိုပါ လက်မနဲ့ လက်ညှိုးနဲ့ ညှပ်ပြီးကိုင်တတ်လာပါပြီ(ဒါကြောင့် အန္တရာယ်များတဲ့ အရာတွေကို ကလေးတွေလက်လှမ်းမမီနိုင်မယ့်နေရာမှာထားပါ) • ‘မေမေ၊ ဖေဖေ’ စသည်ဖြင့် မပီမသခေါ်ချင်သလို လျှောက်ခေါ်တတ်လာပါပြီ သူ့ကို ဘယ်လိုအထောက်အပံ့ပေးနိုင်မလဲ အခုအခါမှာ ကလေးတွေမှာ ဟိုးတုန်းကမကြောက်ခဲ့ဖူးတဲ့ သူတို့နားမလည်နိုင်တဲ့အရာတွေကို လန့်တတ်လာတာမျိုး ရှိလာနိုင်ပါတယ်၊ ဥပမာ- တံခါးဘဲလ်မြည်သံမျိုး၊ ရေနွေးအိုးဆူသံမျိုး စသည်ဖြင့်ပေါ့။ […]


ကလေးငယ်ပထမနှစ်

36 ပတ်သားကလေး

ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြုအမူ ကျွန်ုပ်၏ကလေးသည် မည်သို့ဖွံ့ဖြိုးလာသင့်ပါသလဲ။ ရှစ်လပြည့်ပြီးလို့ နောက်ဆုံးရက်သတ္တပတ်မှာဆိုရင့် သင့်ကလေးလေးဟာ- • လက်ခုပ်တီးတတ်၊ တာ့တာပြတတ်ပါပြီ • ပရိဘောဂတွေကိုအားပြုရင်း လမ်းစလျှောက်တတ်ပါပြီ • ခဏလောက်လေးမတ်မတ်ရပ်နိုင်ပြီ • အမြဲတမ်းသုံးမနေပေမယ့် ‘ဟင့်အင်း’ ပြောတတ်၊ ငြင်းတတ်လာပါပြီ သူ့ကို ဘယ်လိုအထောက်အပံ့ပေးနိုင်မလဲ ကလေးလေးစတင်မတ်တပ်ရပ်တတ်၊ တစ်နေရာမှတစ်နေရာ ကူးပြောင်းသွားလာတတ်တာနဲ့ သင်ဟာ ဖိနပ်လေးတွေလိုလာပြီလားလို့ တွေးနိုင်ပါတယ်။ ကလေးကအပြင်ဘက်မှာ စတင်လမ်းလျှောက်တာမဟုတ်မချင်း သူတို့ဖိနပ်မလိုသေးပါဘူး။ ခြေဗလာလေးနဲ့လျှောက်တာက သာမန်အခြေအနေဖြစ်ပြီး ဒါဟာသူတို့ခြေထောက်ကြွက်သာလေးတွေကို သန်မာလာစေတယ်၊ ပြီးတော့သူတို့လျှောက်နေတဲ့အရာကို တိုက်ရိုက်ထိတွေ့နေခြင်းဖြင့် လမ်းလျှောက်ရာမှာ ပိုငြိမ်အောင် ကူညီပေးပါတယ်။ သင့်ရင်သွေးလေး လမ်းလျှောက်ဖို့အားထုတ်တာကို သူ့ရှေ့ကနေ သူ့လက်လေးကိုကိုင်ရင်း သင့်ဆီလျှောက်လာစေခြင်းဖြင့် ကူညီအားပေးနိုင်ပါတယ်။ တချို့ကလေးတွေကတော့ အရုပ်ကားလေးတွေ တွန်းရင်းလျှောက်ရတာကိုနှစ်သက်တတ်ကြတယ်။ ဒါဟာသူတို့ကိုအမှီအသဟဲတစ်ခုအဖြစ်ဆောင်ရွက်နိုင်ပြီး သူတို့လှုပ်ရှားမှုကိုထောက်ပံ့ပေးပါတယ်။ ကျယ်ပြန့်ပြီး အဖုအထစ်၊ အဟန့်အတားမရှိတဲ့ ကြမ်းပြင်တစ်ခုလည်းဖြစ်သင့်ပါတယ်။ တံခါးတွေကိုသော့ခတ်ထားသင့်ပြီး သန့်ရှင်းရေးပစ္စည်းတွေ အဆိပ်ရှိနိုင်တဲ့ပစ္စည်းတွေကို ကလေးတွေမမှီနိုင်မယ့် စင်အမြင့်ပေါ်မှာတင်ထားသင့်ပါတယ်။ နောက်ပြီး ကလေးငယ်ရဲ့ပုခတ်ဟာလည်း အနိမ့်နေရာမှာသာရှိသင့်ပါတယ်။   ကျန်းမာဖို့၊ လုံခြုံဖို့ ဆရာဝန်နှင့် […]


ကလေးငယ်ပထမနှစ်

37 ပတ်သားကလေး

ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြုအမူ ကျွန်ုပ်၏ကလေးသည် မည်သို့ဖွံ့ဖြိုးလာသင့်ပါသလဲ။ သုံးဆယ့်ခုနှစ်ပတ်ရောက်ပြီဆိုရင် သင့်ရင်သွေးလေးဟာ- • ခပ်လှမ်းလှမ်းကအရုပ်ကို သွားယူတတ်လာပြီ • ပြုတ်ကျသွားတဲ့ပစ္စည်းကို ပြန်ရှာတတ်လာပြီ သူ့ကို ဘယ်လိုအထောက်အပံ့ပေးနိုင်မလဲ သင်က ရက်အနည်းငယ်လောက် ခရီးသွားစရာရှိလာရင် သူ့အဖိုးအဖွားတွေ၊ ကလေးထိန်းတွေအတွက်တော့ ဒုက္ခပါပဲ။ သင့်ကလေးဟာသင့်ကိုအရမ်းတွယ်တာနေပြီး တခြားလူတွေအကုန်လုံးကိုလန့်နေလို့ပါ၊ ကလေးကိုဖြေးဖြေးချင်းသာ ချဉ်းကပ်ပြီး သူ့ဘက်ကနေစတင်လိုလားမှု၊ လှုပ်ရှားမှုကိုစောင့်ဖို့ မှာထားခဲ့ခြင်းဖြင့်တော့ နည်းနည်းလွယ်ကူသက်သာပါစေလိမ့်မယ်။ ကလေးတွေဟာ ဒီအရွယ်မှာ ‘ခရီးသွားတယ်’ ဆိုတာမျိုးကိုနားမလည်သေးပါဘူး။ ဒါပေမယ့် မရောက်ဖူးတဲ့ နေရာစိမ်းတစ်နေရာရောက်နေတယ်ဆိုတာတော့ သိတတ်ကြပါတယ်။ မကြည်မသာနဲ့ သင့်နားသာတွယ်ကပ်နေမှာမို့ အသင့်ပြင်ထားပါ။ ရုပ်ပြစာအုပ်တွေ၊ အသံထွက်တဲ့အရုပ်လေးတွေ၊ အရုပ်ဆက်တာတွေ၊ လက်ထိုးရုပ်တွေနဲ့ အာရုံလွှဲပြောင်းနိုင်ပါတယ်။ တကယ်လို့ သူတို့အမြဲတမ်းကိုင်လေ့ရှိတဲ့အရုပ်လေးရှိရင်လည်း ထိုအရုပ်လေးနဲ့ပေါ့….။ ဒါ့အပြင် ကလေးစိတ်ရှုပ်မှုနည်းအောင် သူစိမ်းတွေနဲ့တွေ့ဆုံချိန်ကိုလည်း လျှော့ချပါ။   ကျန်းမာဖို့၊ လုံခြုံဖို့ ဆရာဝန်နှင့် ဘာတွေ ဆွေးနွေးသင့်ပါသလဲ။ ဆရာဝန်တိုင်းမှာ သူတို့စစ်ဆေးစမ်းသပ်မှုပုံစံရှိကြပြီး စစ်ဆေးမှုအမျိုးအစားအရေအတွက်ဟာလည်း ကလေးတစ်ယောက်ခြင်းဆီရဲ့ လိုအပ်မှုပေါ်မူတည်ပြီး ကွာခြားနိုင်ပါတယ်။ စစ်ဆေးနိုင်တာတွေကတော့…. • အိမ်မှာမိသားစုနဲ့ ကလေးဘယ်လိုနေလဲဆိုတဲ့မေးခွန်းတွေ၊ […]


ကလေးငယ်ပထမနှစ်

38 ပတ်သားကလေး

ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြုအမူ ကျွန်ုပ်၏ကလေးသည် မည်သို့ဖွံ့ဖြိုးလာသင့်ပါသလဲ။ အသက်သုံးဆယ့်ရှစ်ပတ်မှာဆိုရင် သင့်ကလေးလေးဟာ- • ထိုင်ရာကနေမတ်တပ်ရပ်တတ်လာပါပြီ • လေးဘက်ထောက်သွားတတ်ပြီ • ဝမ်းလျားမှောက်နေရာမှထိုင်တတ်လာပြီ • သင်ကသူ့အရုပ်ကိုယူပစ်ရင်ငြင်းတတ်လာပြီ • တစ်ယောက်ယောက်၊ တစ်ခုခုကိုကိုင်ပြီး မတ်တပ်စရပ်လာပြီ • ပစ္စည်းသေးသေးလေးတွေကိုပါ လက်မနဲ့ လက်ညှိုးနဲ့ ညှပ်ပြီးကိုင်တတ်လာပါပြီ (ဒါကြောင့် အန္တရာယ်များတဲ့ အရာတွေကို ကလေးတွေလက်လှမ်းမမီနိုင်မယ့်နေရာမှာထားပါ) • ‘မေမေ၊ ဖေဖေ’ စသည်ဖြင့် မပီမသခေါ်ချင်သလို လျှောက်ခေါ်တတ်လာပါပြီ • တူတူပုန်းတမ်းကစားတတ်လာပြီ • အရုပ်တွေကိုဘယ်မှာထားထားတာလဲ ဆိုတာမျိုး ပိုတိကျတဲ့အချက်တွေကို မှတ်မိတတ်လာပြီ • ဒီတစ်ပတ်အတွင်းမှာ သူတို့တွေ့ဖူးထားတဲ့ ဟန်ပန်တွေအတိုင်းလိုက်လုပ်တတ်လာပါပြီ။   သူ့ကို ဘယ်လိုအထောက်အပံ့ပေးနိုင်မလဲ သူတို့ဟာ ခုဆိုရင် ခွက်တွေ၊ ပုံးတွေထဲကို ပစ္စည်းတွေထည့်လိုက် ပြန်ထုတ်လိုက်လုပ်တတ်လာပြီမို့ ထိုအရည်အချင်းသစ်ကို လေ့ကျင့်လို့ရအောင် ပလတ်စတစ်ပုံးတစ်ပုံးနဲ့ ရောင်စုံတုံးလေးတွေသာပေးထားလိုက်ပါ။ ဒါပေမယ့် မျိုချပစ်မှာစိုးလို့ သေးသေးလေးတွေတော့ မဖြစ်ပါစေနဲ့။ သူတို့က တံခါးလိုမျိုးအဖွင့်အပိတ်လုပ်လို့ရတာမျိုးလေးတွေ၊ အတင်အချလုပ်လို့ရတာတွေပါတဲ့ အရုပ်မျိုး ၊ ရွှေ့လို့တဲ့ကစားစရာမျိုးတွေကို နှစ်သက်တတ်ကြပါတယ်။ ကြမ်းပေါ်မှာလျှောက်မောင်းပြီး ဆော့လို့ရတဲ့ […]


ကလေးငယ်ပထမနှစ်

39 ပတ်သားကလေး

ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြုအမူ ကျွန်ုပ်၏ကလေးသည် မည်သို့ဖွံ့ဖြိုးလာသင့်ပါသလဲ။ သုံးဆယ့်ကိုးပတ်သားလေး သင့်ရင်သွေးငယ်ဟာ- • လက်ခုပ်တီးတတ်၊ တာ့တာပြတတ်လာပြီ။ • စကားလုံး၊ စာကြောင်းတွေမပီကလာ ပီကလာပြောတတ်လာပြီ။ • ပရိဘောဂတွေကိုင်ရင်း လမ်းလျှောက်တတ်လာပြီ။ • မလုပ်ရဘူး ဆိုတာကိုနားလည်လာပြီ၊ (အမြဲတမ်းတော့လိုက်နာမှမဟုတ်ပေမယ့်…။)   သူ့ကို ဘယ်လိုအထောက်အပံ့ပေးနိုင်မလဲ ကလေးငယ်ဟာ သင်ပြောလိုက်တဲ့စကားတွေထက် သင်သုံးလိုက်တဲ့လေသံကိုပိုပြီး အဓိပ္ပါယ်ပေါက်တာပါ။ သင်ကျေနပ်နေတဲ့လေသံကိုသူတို့နားလည်တဲ့အတွက် သင်က ‘အရုပ်ကလေးတွေလိုက်ကောက်ထားတာ တော်လိုက်တာ’ စသည်ဖြင့် ချီးမွမ်းစကားပြောပေးသင့်ပါတယ်။ သင့်ကလေးနဲ့စကားများများပြောလေလေ၊ ပြောဆိုဆက်သွယ်ခြင်းကို သူတို့ပိုနားလည်လည်လေဖြစ်ပါတယ်။ ကလေးငယ်ဟာ ‘မလုပ်ရဘူး’ ‘ဟင့်အင်း’ စသည့်ဖြင့် အငြင်းစကားကို နားလည်လာပါပြီ၊ လိုက်နာမှာတော့မဟုတ်ပေမယ့်ပေါ့….။ ဥပမာ၊ သင်ကမထိဖို့ မကိုင်ဖို့ပြောတာတောင် လှမ်းကိုင်ဖို့ကြိုးစားတာမျိုး တွေ့ရမှာပါ။ ဒါကြောင့် ထိုတားမြစ်စကားကို အမြဲသုံးမနေဘဲ တကယ်လိုမှသုံးပြီး သုံးတဲ့အခါမှာလည်း ထိထိရောက်ရောက် ထိုအရာကိုသူတို့ရှေ့ကဖယ်ပစ်ပြီး တခြားတစ်ခုခုနဲ့အစားထိုးအာရုံလွှဲလိုက်ပါ။   ကျန်းမာဖို့၊ လုံခြုံဖို့ ဆရာဝန်နှင့် ဘာတွေ ဆွေးနွေးသင့်ပါသလဲ။ စစ်ဆေးစမ်းသပ်မှုပုံစံတွေ၊ အမျိုးအစားအရေအတွက်ဟာ ကလေးတစ်ယောက်ခြင်းဆီရဲ့ လိုအပ်မှုပေါ်မူတည်ပြီး ကွာခြားနိုင်ပါတယ်။ စစ်ဆေးနိုင်တာတွေကတော့…. • ယခင်မထိုးဖူးသေးပါက […]


ကလေးငယ်ပထမနှစ်

24 ပတ်သားကလေး

ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြုအမူ ကျွန်ုပ်၏ကလေးသည် မည်သို့ဖွံ့ဖြိုးလာသင့်ပါသလဲ။ သင့်ကလေးသည် ယခုလောကကြီးကို သင်မြင်သကဲ့သို့ ပင်မြင်ပြီး၊သင်ကြားသကဲ့သို့ပင်ကြားသည်။ သူ၏ ပြောဆိုဆက်သွယ်သည့်စွမ်းရည်သည်လည်း လျင်မြန်စွာတိုးတက်လာသည်။ သူ၏ အသံသည် ပျော်ရွှင်ခြင်း၊ စိတ်အားထက်သန်ခြင်း နှင့် စိတ်ကျေနပ်မှုရှိခြင်းတို့ကဲ့သို့သော အရာဝတ္ထုများအပေါ် သူ၏ အမြင်နှင့်တုံ့ပြန်မှုကို ဖော်ပြနိုင်သည်။ ငါးလ၏ နောက်ဆုံးပတ်တွင် သင့်ကလေးသည်- • ထိုင်နေရာမှ ထထိုင်ရန် ထူမနိုင်သည်။ • တစ်စုံတစ်ယောက်ကို ကိုင်ရင်း မတ်တပ်ရပ်နိုင်သည်။ • သူနှင့်အလှမ်းဝေးနေသော အရုပ်ကို ရအောင်ယူနိုင်သည်။ • လက်လှမ်းမမီသော အရုပ်ကို ရအောင် ကြိုးစားသည်။ • လက်တစ်ဖက်မှ တစ်ဖက်သို့ ပစ္စည်းများလွှဲပြောင်းယူသည်။ • ပြုတ်ကျသော ပစ္စည်းကို ကောက်ယူနိုင်သည်။ • လူကြီးများကဲ့သို့ပင် မြင်နိုင်ကြားနိုင်သည်။ • ဗျည်းနှင့် သရသံများကို ပေါင်းပြီး ပါပါ၊ မာမာ၊ ဒါဒါ ကဲ့သို့သော အသံများထွက်နိုင်သည်။ ကလေးကို မည်ကဲ့သို့ ကူညီထောက်ပံ့ပေးနိုင်ပါသနည်း။ သင့်ကလေးကို စကားပြောခြင်း၊ စကားလုံးများကိုသုံးသည့် ကစာနည်းများ […]


ကလေးငယ်ပထမနှစ်

25 ပတ်သားကလေး

ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြုအမူ ကျွန်ုပ်၏ကလေးသည် မည်သို့ဖွံ့ဖြိုးလာသင့်ပါသလဲ။ သင့်ကလေးသည် ယခု အသက် ၆လပြည့်ပြီးဖြစ်သည်။ ယခုအချိန်သည် ပထမဆုံးအသက်တစ်နှစ်၏ တစ်ဝက်တိတိချိန်လည်းဖြစ်သည်။ သင့်ကလေးနှင့် နေရချိန်များသည် တန်ဖိုးရှိပြီး ၎င်းအချိန်များသည် အလျင်အမြန်ကုန်ဆုံးသွားပါလိမ့်မည်ဖြစ်သောကြောင့် ထိုအချိန်တိုင်းကို တန်ဖိုးထားသင့်သည်။ ခြောက်လမြောက်၏ ပထမဆုံးအပတ်တွင် သင့်ကလေးသည် - • ထိုင်နေသည့်အခါ ခေါင်းကို မတ်မတ်ထားနိုင်သည်။ • ဗျည်းသံ ၊သရသံ အတွဲစကားလုံးအချို့ကို ပြောနိုင်သည်။ ကလေး ကို မည်သို့ ကူညီထောက်ပံ့နိုင်ပါသလဲ။ သင့်ကလေး ပို၍ တက်ကြွလှုပ်ရှားတတ်လာသောအခါ ကလေးကို သက်တောင့်သက်သာဖြစ်စေရန် ဝတ်ဆင်ပေးသင့်သည်။ သင့်ကလေး လှုပ်ရှားသောအခါ ပွတ်ရှခြင်းမရှိစေသော နူးညံ့သောအဝတ်အစားများကို ရွေးချယ်ပါ။ ချောင်ချိလွတ်လပ်သော အဝတ်အစားများကို ဝတ်ဆင်ပေးခြင်းဖြင့် သင့်ကလေးသည် အပြည့်အ၀ လှုပ်ရှားကစားစေနိုင်ပါသည်။ ကလေးကို ကြမ်းတမ်းသောအစများ၊ယားစေသောအစများကို ဝတ်ပေးခြင်း၊ ဝတ်ဆင်ရရှုပ်ထွေးသောအဝတ်များကို ဝတ်ပေးခြင်းသည် ကလေးကို အိပ်ချိန်၊ ကစားချိန်များတွင် မသက်မသာဖြစ်စေသည့်အတွက် ရှောင်ကြဉ်ပါ။ ကလေးသည် […]


ကလေးငယ်ပထမနှစ်

26 ပတ်သားကလေး

ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြုအမူ ကျွန်ုပ်၏ကလေးသည် မည်သို့ဖွံ့ဖြိုးလာသင့်ပါသလဲ။ ခါက်လမြောက်၏ ဒုတိယပတ်တွင် သင့်ကလေးသည် - • မြှောက်ချီထားလျှင် ခြေထောက်တွင် အလေးချိန်ကို ခံနိုင်သည်။ • အထောက်အကူမပါဘဲထိုင်နိုင်သည်။ • အသံလာရာသို့လှည့်သွားနိုင်သည်။ • ရယ်မောသံများကို ဖန်တီးနိုင်သည်။ ကလေး ကို မည်သို့ ကူညီထောက်ပံ့နိုင်ပါသလဲ။ သင့်ကလေးသည် လက်တစ်ဖက် အသုံးပြုပြီး ခဏကြာလျှင် အခြားတစ်ဖက်ကို ပြောင်းသုံးရသည်ကို နှစ်သက်လိမ့်မည်။ သို့သော် ကလေးအသက် သုံးလေးနှစ်ရောက်သည်အထိ ဘယ်သန်၊ ညာသန်ကို အသေအချာ ခွဲခြားနိုင်လိမ့်မည်မဟုတ်ပါ။ သင့်ကလေး၏ ဘယ်သန်၊ညာသန်ဖြစ်ခြင်းကို ပြောင်းလဲရန်မကြိုးစားပါနှင့်။ ၎င်းသည် မွေးရာပါဖြစ်သည်။ အတင်းအကြပ်ပြောင်းလဲခြင်းသည် ကလေးအတွက် စိတ်ရှုပ်ထွေးစေပြီး လက်နှင့်မျက်လုံး၏ ဆက်သွယ်မှုကို အခက်အခဲဖြစ်စေသောကြောင့် စာရေးခြင်းနှင့် အခြားလက်ဖြင့်လုပ်ရသော အလုပ်များတွင် အခက်အခဲဖြစ်တတ်သည်။ လက်အမူအရာပြခြင်းကို သင်ပေးလိုလျှင် ယခုအချိန်သည် အချိန်ကောင်းဖြစ်သည်။ သင့်ကလေးကို ကိုယ့်ကိုယ်ကို ဖော်ပြနိုင်သော နည်းလမ်းကို သင်ပေးခြင်းအားဖြင့် သင့်ကလေး၏ စိတ်မသက်မသာဖြစ်မှုကို လျော့နည်းစေသည်။ […]


ကလေးငယ်ပထမနှစ်

27 ပတ်သားကလေး

ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြုအမူ ကျွန်ုပ်၏ကလေးသည် မည်သို့ဖွံ့ဖြိုးလာသင့်ပါသလဲ။ ၂၇ ပတ်တွင် သင့်ကလေးသည် - • တစ်ယောက်ယောက် သို့မဟုတ် အရာဝတ္ထုတစ်ခုခုကို ကိုင်ပြီး မတ်တပ်ရပ်နိုင်သည်။ • သူမအရုပ်ကို သင်ယူသွားဖို့လုပ်လျှင် မကြိုက်ကြောင်းပြသည်။ • သူလက်လှမ်းမမီ သောနေရာမှ ကစားစရာဆီသို့ ရောက်ရန်ကြိုးစားသည်။ • လက်တစ်ခုမှ တစ်ခုသို့ ပစ္စည်းများကို ပြောင်းကိုင်သည်။ • ပြုတ်ကျသော ပစ္စည်းကို လိုက်ရှာနိုင်သည်။ • ပစ္စည်းသေးများကို ကောက်ယူနိုင်ပြီး လက်ထဲတွင် ဆုပ်ကိုင်နိုင်သည်။ • ဘ-ဘ-ဘ မ-မ-မ ကဲ့သို့သော အတွဲသံများကို ပြောနိုင်လာသည်။ • လက်နှင့် အစာစားရန် ကြိုးစားလိုသည်။ • လက်ထဲတွင် မုန့်များကို ဆုပ်ကိုင်ထားခြင်း၊ လက်ထဲမှ မုန့်ကို စားခြင်းများ လုပ်နိုင်သည်။ ကလေးကို မည်သို့ ကူညီထောက်ပံ့နိုင်ပါသလဲ။ သင့်ကလေးသည် သင့်ဇွန်းကို ဆွဲလုခြင်း၊ သင့်ပန်းကန်ထဲမှ အစားကို လက်နှင့်နှိုက်ခြင်းဖြင့် သူလက်ဖြင့် အစာစားနိုင်နေပြီ ဖြစ်ကြောင်း သင့်ကို […]


ကလေးငယ်ပထမနှစ်

28 ပတ်သားကလေး

ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြုအမူ ကျွန်ုပ်၏ကလေးသည် မည်သို့ဖွံ့ဖြိုးလာသင့်ပါသလဲ။ ဤအရွယ်တွင် ကလေးသည် တိရစ္ဆာန်အရွယ်မျိုးစုံကို စိတ်ဝင်စားပါလိမ့်မည်။ သင့်ကလေး၏ အနှစ်သက်ဆုံးသော အရုပ်များဖြစ်လာနိုင်သည်။ သင့်ကလေးသည် သင့်ကို မှီခိုရန်ထက် သူ့ဘာသာသူ နေထိုင်ရန်ပိုကြိုးစားလာသည်။ သင့်ကလေးအတွက် ဝက်ဝံရုပ်ဝယ်ပေးလျှင် နူးညံ့ပြီး စိတ်ချရသော အရုပ်မျိုးကို ရွေးချယ်ပါ။ သင့်ကလေးသည် ဘောလုံးနှင့် ကစားတတ်လာသည့် အရွယ်ဖြစ်လာသောကြောင့် ပါးစပ်ထဲသို့ ထည့်လို့ရသော ဘောလုံးအရွယ်ကို မဝယ်ပေးပါနှင့်။ ခြောက်လ၏ နောက်ဆုံးပတ်တွင် သင့်ကလေးသည် - • ညည်းညူတတ်လာသည်။ လေးဘက်တွားပြီး လျှောက်သွားနိုင်သည်။ • ထိုင်နေရာမှ ထရပ်ဖို့ လုပ်နိုင်သည်။ • လေးဘက်ထောက်ရာမှ ထိုင်သည့်ပုံစံသို့ ပြောင်းနိုင်သည်။ • လက်မနှင့် လက်ညှိုးကို အသုံးပြုပြီး ပစ္စည်းများကို ကောက်နိုင်သည်။ • ပါးပါး၊ မားမား ခေါ်တတ်လာသည်။ ကလေး ကို မည်သို့ ကူညီထောက်ပံ့နိုင်ပါသလဲ။ ယခုအချိန်တွင် ခြေထောက်က အလေးချိန်ကို ခံနိုင်ရည်ရှိပြီး လှုပ်ရှားပြီး […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း