အရိုးအကြောခွဲစိတ်ကုသမှုများ

အရိုးအကြောခွဲစိတ်ကုသမှုများ သည် အရိုးအကြောရောဂါများကို ကုသရာတွင် အရေးပါသည့် ကုသမှုနည်းလမ်းများ ဖြစ်လာပြီး တဖြည်းဖြည်း အဆင့်မြင့်လာကြပါပြီ။

ကျန်းမာရေးဗဟုသုတ

အရိုးအကြောခွဲစိတ်ကုသမှုများ

အရိုးအကြောခွဲစိတ်မှု နဲ့ ပတ်သက်ပြီး ဒါတွေ သိထားသင့်ပါတယ်။

မြန်မာနိုင်ငံမှာ အရိုးအကြောခွဲစိတ်မှု ဌာနက အလုပ်များတဲ့ ဌာနပါ။ နေ့တိုင်း ကားမတိုက်တဲ့ရက်၊ ဆိုင်ကယ်မမှောက်တဲ့ရက်၊ ချော်မလဲတဲ့ရက်ရယ်မှ မရှိပဲလေ။ တစ်ခုခု ပြင်းပြင်းထန်ထန် ထိခိုက်မိလို့ အရိုးထိသွားပြီလား မသိဘူးဆို ဒီဌာနကိုပဲ ရောက်ကြလာပါတယ်။ အရိုးအကြောခွဲစိတ်မှု ဆိုတာ အရိုးအကြောခွဲစိတ်မှု ဆိုတာ အထူးပြုခွဲစိတ်မှု တစ်ခုပါ။ အရိုးနဲ့ ပတ်သက်တဲ့ ရောဂါတွေ (အရိုးအဆစ်၊ တွယ်ဆက်တစ်ရှူးတွေ ဖြစ်တဲ့ အရွတ်တွေ၊ အရွတ်တွဲတွေ) အားလုံးကို ကုသမှု ပေးပါတယ်။ သာမန်အဆစ်လွဲတာကစလို့ ကျောရိုးခွဲစိတ်မှုတွေ၊ ပေါင်ရိုးအစားထိုးမှုတွေအထိ ပါပါတယ်။ မတော်တဆ ဖြစ်တာကနေ စလို့ ရောဂါတွေအထိ ပါဝင်တာကြောင့် အရေးပေါ်ကုသမှု လိုသလို တခြားရောဂါတွေကို အေးဆေးရက်ချိန်းပြပြီးမှ ကုရတာလည်း ဖြစ်နိုင်ပါတယ်။ အရိုးအကြောခွဲစိတ်မှုက အင်မတန်ကျယ်ပြန့်ပါတယ်။ ဖြစ်တဲ့ ဝေဒနာပေါ်မူတည်ပြီး ခွဲစိတ်မှု အကြီးအသေး၊ ပြန်ကောင်းဖို့ ကြာချိန်တွေ ကွာနိုင်ပါတယ်။ အရိုးအကြောခွဲစိတ်မှုမှာ […]

အရိုးအကြောခွဲစိတ်ကုသမှုများ ကို ရှာဖွေမည်။

အရိုးအကြောခွဲစိတ်ကုသမှုများ

ဒူးအစားထိုးကုသတယ်ဆိုတာ ဘယ်လိုမျိုးလဲ

ဒူးအစားထိုးကုသမှုဆိုတာ ထိခိုက်ထားတဲ့၊ အရွတ်စုတ်ပြဲထားတဲ့၊ လုပ်ဆောင်ချက်ပျက်ယွင်းနေတဲ့ ဒူးဆစ်ကိုပြန်လည်ကောင်းမွန်အောင် ခွဲစိတ်ကုသတာဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ နာကျင်မှုသက်သာစေဖို့နဲ့ အရင်လိုပြန်လှုပ်ရှားနိုင်ဖို့ပါပဲ။ခွဲစိတ်မှုမှာ ဆရာဝန်က ဒူးဆစ်ရိုးတွေကို သတ္တု သို့မဟုတ် ပလတ်စတစ်အလွှာနဲ့ဖုံးအုပ်ပေးတာ ဒါမှမဟုတ် ဒူးဆစ်ရိုးပုံသဏ္ဍာန် အဆစ်တုကိုအစားထိုးထည့်သွင်းပေးတာဖြစ်ပါတယ်။ အများအားဖြင့် အသက် ၅၀ နဲ့ ၈၀ ကြားအရွယ်တွေ လုပ်ဆောင်ကြတဲ့ ခွဲစိတ်မှုဖြစ်ပြီး ကုသမှုခံယူသူ ၉၀ ရာခိုင်နှုန်းကျော်က နာကျင်မှုနဲ့ လှုပ်ရှားနိုင်စွမ်းတို့မှာ သိသိသာသာထူးခြားလာတာတွေ့ရပါတယ်။ ခွဲစိတ်မှုခံယူထားတဲ့လူနာတစ်ယောက်ဟာ ဆရာဝန်ညွှန်ကြားချက်အတိုင်းလိုက်နာနေထိုင်သရွေ့နောက် ၁၅ နှစ်လောက်အထိ အစားထိုးဒူးဆစ်ရဲ့လုပ်ဆောင်ချက်ကောင်းမွန်နေဦးမှာဖြစ်သလို ကုသမှု ၈၀ ရာခိုင်နှုန်းကနေ ၈၅ ရာခိုင်နှုန်းလောက်က နှစ် ၂၀ ထိ တာရှည်ခံနိုင်ပါတယ်။ ဒူးအစားထိုးခွဲစိတ်မှု ဘာကြောင့်လိုအပ်တာလဲ ဒီကုသမှုကို ခံယူဖို့ လိုအပ်လာတဲ့ အဖြစ်များဆုံးအကြောင်းရင်းသုံးခုရှိပါတယ် - အရိုးအဆစ်ရောင်ရောဂါ - ဒီအရိုးအဆစ်နာရောဂါက အသက်အရွယ်နဲ့ဆိုင်ပါတယ်။ အသက်ကြီးလာတဲ့အခါ ဒူးဆစ်မှာ ယိုယွင်းပျက်စီးလာတာကြောင့် […]


အရိုးအကြောခွဲစိတ်ကုသမှုများ

အရိုးအစားထိုးကုသပစ္စည်းကို ကြက်ဥခွံကနေ ထုတ်လုပ်ဖန်တီး

အရိုးအစားထိုးကုသတဲ့ပစ္စည်းထုတ်လုပ်ရာမှာ စွန့်ပစ်ကြတဲ့ ကြက်ဥအခွံကနေ ဖန်တီးတဲ့နည်းလမ်းကို အိန္ဒိယသုတေသီတွေကတွေ့ရှိခဲ့ပါတယ်။ သုတေသီတွေက I-tricalcium phosphate (I-TCP) လို အရိုးအစားထိုးပစ္စည်းတွေကို အဆိပ်အတောက်ရှိတဲ့ဓါတုပစ္စည်းတွေ မသုံးဘဲ ထုတ်လုပ်နိုင်အောင် ကြိုးပမ်းနေတာပါ။ ကြက်ဥခွံဟာ သတ္တုဓါတ်ပါတဲ့ကယ်လ်စီယမ် အများဆုံး(၉၅.၁ ရာခိုင်နှုန်း) ပါဝင်တဲ့အပြင် ပရိုတင်းနဲ့ရေဓါတ်အနည်းငယ်လည်းပါဝင်ပါတယ်။ အရိုးပျက်စီးမှုတွေကိုကုသဖို့ အရိုးဆက်အစားထိုးပစ္စည်းတွေသုံးခဲ့တာ ကြာပါပြီ။ ကြက်ဥခွံကရတဲ့ ကယ်လ်စီယမ်ကိုညောင်ပင်ရဲ့အစေးနဲ့ပေါင်းစပ်ပြီး အရိုးအစားထိုးပစ္စည်းဖန်တီးပါတယ်။ ကနေ့ခေတ်ဆေးပညာမှာ လူနာ သို့မဟုတ် အလှူရှင်ဆီက အရိုးကိုPlaster of Paris လို ကယ်လ်စီယမ်ပါဝင်တဲ့ အတုပစ္စည်းတွေသုံးပြီး ထိခိုက်ပျက်စီးနေတဲ့အရိုးတွေကို အစားထိုးကုသပါတယ်။ နောက်ပိုင်းတော့hydroxyapatite နဲ့calcium phosphate တို့လိုဖော့စဖိတ်ဒြပ်ပေါင်းတွေကို သုံးကြပါတယ်။ ၁၆၆၈ ခုနှစ်မှာ ဒတ်ခ်ျလူမျိုးဆရာဝန်Van Meek’ren က အစောဆုံးမှတ်တမ်းဝင် အရိုးအစားထိုးကုသမှုကိုအောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ပြီးကတည်းက အရိုးအစားထိုးကုသမှုပေါင်း ၅၀ကျော်ကို စမ်းသပ်ကုသခဲ့ပြီးဖြစ်ပါတယ်။ ဒီလေ့လာမှုကို Indian Institute of Technology (IIT)၊National institute of […]


အရိုးအကြောခွဲစိတ်ကုသမှုများ

ဒူးပြဿနာကြောင့် စိတ်ညစ်နေရတယ်ဆိုရင် ဒူးအစားထိုးကုသမှု ခံယူနိုင်ပါတယ်

လူတွေက အရာတစ်ခုခုကိုပိုင်ဆိုင်ထားတုန်းမှာ တန်ဖိုးကို သိပ်သတိမထားတတ်ကြပါဘူး။ လမ်းလျှောက်လို့ရနေတုန်းမှာ ခြေထောက်တွေရဲ့ တန်ဖိုးကို သိပ်မသိကြပါဘူး။ ထိခိုက်မှုတစ်ခုကြောင့်ဖြစ်ဖြစ် မတော်တဆဖြစ်ရပ်တစ်ခုကြောင့်ဖြစ်ဖြစ် ခြေထောက်အသုံးပြုရခက်ခဲတဲ့အချိန်မျိုးနဲ့ ခြေထောက်လှုပ်ရှားလို့မရတော့တဲ့အချိန်မျိုးမှာမှ ပေါ့ပေါ့ပါးပါးလမ်းလျှောက်ခဲ့ချိန်တွေကို သတိရမိတတ်ကြတာပါ။ အခုတစ်ခေါက်တော့ ဒူးမကောင်းတာကြောင့် ထိုင်ပြီးရင် ထရခက်တာ၊ လမ်းလျှောက်ရတာအဆင်မပြေတာ၊ လှေကားအတက်အဆင်းလုပ်ရခက်နေသူတွေအတွက် ဒူးခေါင်းအစားထိုးကုသမှုအကြောင်းပြောပြပေးမယ်နော်။ ဒူးအစားထိုးကုသဖို့လိုအပ်မယ့် အခြေအနေတွေက နာတာရှည်ဒူးနာကျင်မှုဝေဒနာေကြာင့် ဒူးအဆစ်ပြင်းပြင်းထန်ထန်ထိခိုက်မိတာ မတော်တဆထိခိုက်မှုတစ်ခုခုကြောင့် ဒူးထိခိုက်မိတဲ့အခါ အရိုးပွေရာဂါကြောင့် ဒူးဆစ်နာကျင်မှုဖြစ်တဲ့အခါ ဒူးအစားထိုးကုသမှုဆိုတာ ဒူးဆစ်မှာထိခိုက်မိတဲ့အခါမျိုး၊ လေးဖက်နာေရာဂါကြောင့် ဒူးဆစ်ထိခိုက်သွားတဲ့အခါမျိုး၊ အရိုးပွရောဂါကြောင့် ဒူးဆစ်မှာထိခိုက်မိတဲ့အခါမျိုး နဲ့ အရိုးအဆစ်ေတွရောင်ရမ်းတာကြောင့် ဒူးကွေးရဆန့်ရ သွားလာလှုပ်ရှားရခက်တဲ့အခြေအနေမျိုးမှာ တော့ ဒူးခေါင်းအစားထိုးကုသမှုတွေလုပ်ဖို့လိုအပ်မှာပါ။ အရိုးအဆစ်ကိုထိခိုက်စေနိုင်တဲ့ ရောဂါတွေနဲ့ အရိုးအဆစ်တွေကိုထိခိုက်ထားတဲ့ ဒဏ်တွေက အချိန်ကြာလာတာနဲ့အမျှ အဆစ်တွေနဲ့ အဆစ်တဝိုက်မှာရှိတဲ့ တစ်ရှုးတွေကိုထိခိုက်စေနိုင်ပါတယ်။ ဒီလိုမျိုးအခြေအနေတွေဖြစ်လာတဲ့အခါ နေ့စဉ်လုပ်ဆောင်နေကျအလုပ်တွေကို မလုပ်နိုင်တော့တာမျိုးအထိဖြစ်နိုင်ပါတယ်။ ထိုင်ဖို့ ထဖို့ခက်နေသလို လှဲဖို့ဆိုတာတောင်တော်တော်လေးခက်တာမျိုးကြုံရနိုင်ပါတယ်။ ဒီလိုအချိန်မှာ အကောင်းဆုံးဖြေရှင်းနိုင်မယ့်နည်းလမ်းတစ်ခုက ဒူးခေါင်းအစားထိုးကုသတဲ့နည်းလမ်းပါ။ ဒူးအစားထိုးကုသမှုက […]


အရိုးအကြောခွဲစိတ်ကုသမှုများ

ဒူးထိခိုက်မှုတွေအတွက် အသင့်တော်ဆုံး ကုထုံးတစ်ခု

တစ်နေ့တာလှုပ်ရှားလုပ်ဆောင်မှုတွေအတွက် မရှိမဖြစ်အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုရှိပါတယ်။ ထိုင်တဲ့ ထတဲ့အခါ လမ်းလျှောက်တဲ့အခါ ဟန်ချက်ညီစေဖို့ အဓိကလုပ်ဆောင်ပေးနေတဲ့အစိတ်အပိုင်းလေးပေါ့။ ထချင်ပေမယ့် ချက်ချင်းထလို့မလွယ်ဘူး။ အရေးအကြောင်းဆို ထရမလွယ်လိုက်တာလို့ ညည်းညူနေရတာတွေရဲ့ လက်သည်က ဒူးမကောင်းလို့လေ။အသက်အရွယ်ရလာတာကြောင့် ဒူးမကောင်းတာမျိုးရှိသလို အဝလွန်တာ၊ အရိုးအဆစ်တွေထိခိုက်ထားတာတွေကြောင့် ဒူးမကောင်းတာမျိုးလည်းဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ ထိရောက်တဲ့ကုသမှုမျိုးခံယူဖို့လိုအပ်မှာပါ။ ဒီလိုမှမဟုတ်ရင် အရွတ်တွေ၊ အရိုးနုတွေ ထိခိုက်ပျက်စီးသွားပြီး ဆိုးရွားတဲ့ အကျိုးဆက်တွေဖြစ်လာနိုင်ပါတယ်။ အရိုးအဆစ်တွေအတွက် ထိရောက်တဲ့ ကုထုံးတစ်ခုကို ဒီဆောင်းပါးလေးကနေတဆင့် မိတ်ဆက်ပေးချင်ပါတယ်။ ဒါကတော့ Arthroscopy (အရိုးအဆစ်အတွင်း မှန်ပြောင်းဖြင့်စစ်ဆေးခြင်း) လို့ခေါ်တဲ့ ကုထုံးပါ။ Arthroscopy (အရိုးအဆစ်အတွင်း မှန်ပြောင်းဖြင့်စစ်ဆေးခြင်း) ဆိုတာ Arthroscopy ဆိုတာ အရိုးအဆစ်အတွင်းမှာဖြစ်နေတဲ့အရာတွေကို ကြည့်ရှုစစ်ဆေးပြီး ထိရောက်မှန်ကန်တဲ့ ကုသမှုပေးနိုင်စေဖို့အတွက် အသုံးပြုလေ့ရှိတဲ့ အသေးစားခွဲစိတ်ကုသမှုတစ်ရပ်ပါ။အဆစ်တွေကရောင်ရမ်းနေတဲ့အခါမျိုး၊ အဆစ်မှာ ထိခိုက်ဒဏ်ရာတစ်ခုခုရရှိသွားတဲ့အချိန်မျိုး ဒါမှမဟုတ် ထိခိုက်မိတဲ့ဒဏ်ကြောင့် အချိန်ကြာလာတာနဲ့အမျှ အရိုးအဆစ်တွေပျက်စီးသွားတဲ့အခါမျိုးမှာArthroscopy ကုထုံးကို […]


အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး

ခါးနာခြင်းကို DTS(ဖိအားပေး၍ဆွဲခြင်း ကုထုံး) ကဘယ်လိုသက်သာစေတာလဲ

ဖိအားပေး၍ ဆွဲခြင်း ကုထုံး သည် သင်နှင့် ရင်းနှီးပြီးသား ဖြစ်နိုင်ပါတယ်။ သင့်ဆရာဝန်ထံမှ ကြားဖူးခြင်း သို့မဟုတ် အင်တာနက်သတင်းများ တွင် မြင်ဖူးခြင်း တို့ဖြစ်နိုင်ါပတယ်။ သည်နည်းလမ်းကို ခါးနာခြင်း အတွက် အသုံးပြုသည်ကိုလည်း သိပြီး ဖြစ်နိုင်ပါတယ်။ သို့သော် သည်နည်းလမ်းက မည်သို့ အလုပ်ဖြစ်စေသည်ကို သိပါသလား။ သည်ဆောင်းပါးထဲမှာ အဖြေရှိပါတယ်။ ဖိအားပေး၍ ဆွဲခြင်း ကုထုံး ကိုမည်သို့ ပြုလုပ်ပါသလဲ။ ဖိအားပေး၍ ဆွဲခြင်း ကုထုံး တွင် ခါးရိုးကို ညင်သာစွာ ဆွဲဆန့်ရန်အတွက် အထူးပြုလုပ်ထားသော ကိရိယာလေးကို အသုံးပြုပါတယ်။ ထိုကိရိယာသည် စားပွဲ သို့မဟုတ် စောင့်ကြည့်ရသော ဆွဲဆန့်ခြင်း ကိရိယာတစ်မျိုးပဲ ဖြစ်ပါတယ်။ ထိုကုထုံး ခံယူစဉ် အဝတ်အစားများ ချွတ်ရန်မလိုပါ။ စားပွဲပေါ်တွင် လှဲလျောင်းနေရပြီး ကုသပေးသူက ကြိုးကို သင့်ရဲ့ […]


အရိုးအကြောခွဲစိတ်ကုသမှုများ

နာကျင်မှုကြောင့် နေ့စဉ်လှုပ်ရှားမှုတွေ ထိခိုက်နေရပြီဆိုရင် ဒူးဆစ်ရိုးတစ်စိတ်တစ်ပိုင်းအစားထိုး ကုထုံးရှိပါတယ်

သင်ရဲ့ ဒူးနာခြင်းဝေဒနာဟာ လျော့ပါးသက်သာမသွားဘဲ နေ့စဉ်လှုပ်ရှားသွားလာမှုတွေကိုပါ အနှောင့်အယှက်ပေးနေပြီဆိုရင်တော့ သင့်အနေနဲ့ MAKOplasty ခွဲစိတ်မှုကို ခံယူဖို့ လိုအပ်ကောင်းလိုအပ်နေပါပြီ။ အသက်ငယ်ငယ်ရွယ်ရွယ်မှာပဲ ဒူးနာခြင်းဝေဒနာကို ခံစားရတာဟာ နည်းနည်းတော့ လက်ပေါက်ကတ်ပါတယ်။ total knee replacement လို့ခေါ်တဲ့ ဒူးဆစ်ရိုးတခုလုံးကို အစားထိုးလဲလှယ်ဖို့ဆိုတာဟာလည်း သိပ်မဆိုးရွားသေးတဲ့ ဒူးနာခြင်းအတွက် မလိုအပ်သေးဘူးလို့ ယူဆသတ်မှတ်တတ်ကြတာကြောင့် အပ်နဲ့ထွင်းရမယ့်နေရာမှာ ပေါက်ဆိန်နဲ့ပေါက်ရတဲ့ အဆင့်ကို ရောက်သွားတတ်ကြပါတယ်။ ဒါကြောင့် ဒူးခေါင်းဒါဏ်ဖြစ်ခြင်း သို့မဟုတ် ဒူးနာခြင်းကို ပြင်းထန်မှုအနေအထားအဆင့်အရ သင့်လျော်သလို ကုသပေးနိုင်မယ့် အဆင့်မြင့်နည်းပညာတွေကို Mount Elizabeth ဆေးရုံမှ အရိုးအထူးကုခွဲစိတ်ဆရာဝန် Dr Jeffrey Chew က အခုလို ရှင်းပြပေးထားပါတယ်။ ဒူးမှာ အပိုင်းသုံးပိုင်း ပါဝင်ပါတယ် ___ အတွင်းဖက်ပိုင်း၊အပြင်ဖက်ပိုင်း နဲ့ ဒူးခေါင်ရိုးတဝိုက် အပိုင်းတွေပဲ ဖြစ်ပါတယ်။ အကယ်၍ အဆိုပါ […]


အရိုးအကြောခွဲစိတ်ကုသမှုများ

ကျောရိုးကွေးနေခြင်းကိုခွဲစိတ်ခြင်း,အန္တရာယ်ရှိသည်များနှင့် ခွဲစိတ်ပြီးဂရုစိုက်ရမည့်အရာများ

ကျောရိုးကွေးခြင်းကို ခွဲစိတ်ခြင်းဆိုတာဘာလဲ။ ကျောရိုးကွေးခြင်းကိုခွဲစိတ်သည်ဆိုသည်မှာ ပြင်းပြင်းထန်ထန်ကျောရိုးကွေးနေမှုကို သက်သာကောင်းမွန်စေပြီး ကျောရိုးကွေးနေခြင်းကိုကုသပေးတဲ့ခွဲစိတ်မှုတစ်ခုပဲ ဖြစ်ပါတယ်။ ခွဲစိတ်မှုဟာ ကျောရိုးကို ပုံမှန်အတိုင်းတော့ပြန်မဖြစ်စေပါဘူး။ ခွဲစိတ်ရတဲ့ရည်ရွယ်ချက်ကတော့ ကျောရိုးကို ညီညီမျှမျှဖြစ်စေပြီး ကျောရိုးကွေးခြင်းပိုဆိုးလာသည်မှကာကွယ်ရန်ဖြစ်ပါတယ်။ ဤသို့ပြုလုပ်ခွဲစိတ်ရာတွင် ခွဲစိတ်ဆရာဝန်များဟာ အရိုးများကိုဆက်နေစဉ်မှာ တုတ်ချောင်းကဲ့သို့အချောင်းလေးများကိုသုံးပြီး ကျောရိုးကိုကိုင်တွယ်ထိန်းချုပ်ထားပါတယ်။ အရိုးတွေဆက်သွားတာနှင့်အမျှ ကျောရိုးဟာ တည်ငြိမ်သွားပြီး အနာဂါတ်မှာပိုဆိုးမလာနိုင်တော့ပါဘူး။ အကယ်၍တုတ်ချောင်းလေးများကိုမဖယ်ဘူးဆိုလျှင် သူတို့ဟာ အနီးရှိတစ်ရှူးများကို အန္တရာယ်ပေးပါလိမ့်မယ်။ ဖြစ်နိုင်ချေရှိတဲ့အန္တရာယ်တွေကဘာတွေလဲ။ အခြားကုသမှုများကဲ့သို့ပင် ကျောရိုးကွေးခြင်းကိုကုသရာမှာလည်း အန္တရာယ်များရှိပါတယ်။ လေဖြတ်ခြင်း ။ လေဖြတ်ခြင်းဟာ ခွဲစိတ်ရာမှာအများဆုံးဖြစ်နိုင်တဲ့အန္တရာယ်တစ်ခုပဲ ဖြစ်ပါတယ်။ သို့သော်လည်း ထိုသို့ဖြစ်ခြင်းမှာအယောက်တစ်ထောင်မှတစ်သောင်းတွင်တစ်ယောက်သာဖြစ်လေ့ရှိပြီး အရမ်းရှားပါးပါတယ်။ ခွဲစိတ်နေစဉ်လေဖြတ်ခြင်းမှကာကွယ်ရန် အာရုံကြောမကြီးကိုအထူးနည်းလမ်းများဖြင့် စီယဉ်ထားထားသင့်ပါတယ်။ - SSEPs and MEPs .ထိုအရာများဟာ သင့်ခြေထောက်မှလျှပ်စစ်ဓါတ်ပိုအသုံးပြုပြီး ဦနှောက်မှအချက်ပြမှုများ နှေးသွားခြင်းရှိမရှိ ဖော်ပြပေးနေမှာဖြစ်ပါတယ်။ - ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့မှသင့်ကို ခွဲစိတ်နေစဉ် နှိုးပြီး သင့်ခြေထောက်ကို လှုပ်လို့ရမရ မေးပါလိမ့်မယ်။ နာကျင်မှာမဟုတ်ပါဘူး။ ခွဲစိတ်ပြီးတဲ့အခါမှာလည်းသင်ဟာဒါကိုမှတ်မိမှာမဟုတ်ပါဘူး။ အကယ်၍ အာရုံကြောမကြီးအတွင်းပိုင်းမှာ ပုံမှန်မဟုတ်သောအရာတစ်ခုပေါ်လာခဲ့ပါက ဆရာ့ဝန်မျဟာ […]


အရိုးအကြောခွဲစိတ်ကုသမှုများ

ကျောရိုးဆစ် အကြောညပ်ခြင်း(disk syndrome)ကို physiotherapy ကုသမှုက ဘယ်လိုကူညီပေးနိုင်သလဲ

ကျောရိုးဆစ် အကြောညပ်ခြင်း(disk syndrome) ဖြစ်ပြီဆိုရင် နာကျင်ခြင်း၊လှုပ်ရှားသွားလာရ အဆင်မပြေခြင်း စတာတွေကို ခံစားလာရတော့မှာ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ physiotherapy ကုသမှုကို ခံယူဖို့ ဆရာဝန်တွေက ညွှန်ကြားလေ့ရှိပါတယ်။ ဒါကြောင့် physiotherapy ဟာ ခါးဆစ်ကြောညပ်ခြင်းကို ကုသရာမှာ ဘယ်လိုအကျိုးဖြစ်ထွန်းစေလဲဆိုတာ သိရှိနိုင်ဖို့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ရအောင်။ ကျောရိုးဆစ် အကြောညပ်ခြင်း(disk syndrome)က ဘာပြဿနာတွေကို ဖြစ်စေနိုင်သလဲ။ ကျောရိုးဆစ် အကြောညပ်ခြင်း(disk syndrome)ကြောင့် ဖြစ်ပေါ်လာတဲ့ ရောဂါလက္ခဏာတွေက ပြင်းထန်မှုအဆင့် အမျိုးမျိုး ကွာခြားပါတယ်။ ကျောရိုးဆစ်တွေကြားမှာရှိတဲ့ အခွေလေး ပျက်စီးတာကြောင့်ဖြစ်ပေါ်လာတဲ့ ကျောရိုးဆစ် အကြောညပ်ခြင်း(disk syndrome)မှာ အောက်ပါ လက္ခဏာတွေ ခံစားရပါမယ်။ · ကျော သို့မဟုတ် လည်ပင်းမှာ နာကျင်ခြင်း။ · နာကျင်မှုဟာ သင့်ရဲ့ လှုပ်ရှားမှုတွေနဲ့ ဆက်စပ်နေပါလိမ့်မယ်။ သင်အချိန်ကြာမြင့်စွာ ထိုင်နေတဲ့အခါ ဒါမှမဟုတ် မတ်တပ်ရပ်နေတဲ့အခါ၊ဇက် […]


အရိုးအကြောခွဲစိတ်ကုသမှုများ

cervico 2000 ရဲ့ လုပ်ဆောင်ချက်တွေက ဘာတွေလဲ

လည်ပင်းနာကျင်တာက ဖြစ်လေ့ရှိပါတယ်။ နှစ်အတော်ကြာတဲ့အခါ လည်ပင်းနာကျင်မှုအတွက် ဆွဲဆန့်တဲ့ ကုသမှုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဆေးဝါးတွေ၊ ခွဲစိတ်မှုတွေ ကလွဲပြီး ဆွဲဆန့်ခြင်းက အများအားဖြင့် ရလဒ်ကောင်းတွေ ပေးပါတယ်။ ဒါပေမယ့် ဒီနည်းလမ်းတွေက ရှုပ်ထွေးပြီး ပြုလုပ်ရ ခက်ခဲပါတယ်။ Cervico 2000 က အဲ့ဒီ ပြဿနာတွေကို ဖြေရှင်းဖို့ ထွက်ပေါ်လာတာပါ။   Cervico 2000 ရဲ့ လုပ်ဆောင်မှုတွေက ဘာတွေလဲ။ Cervico 2000 ကို အရိုးခွဲစိတ်ဆရာဝန်များအဖွဲ့က တီထွင်ခဲ့ပြီး ကျောရိုးမ မူမမှန်ခြင်းနဲ့ ဒဏ်ရာတွေနဲ့ ဆက်စပ်သော သေးငယ်ပြီး နာတာရှည်ဖြစ်နေတဲ့ လည်ပင်းနာကျင်မှုကို ကုသပေးပါတယ်။ ဒါက သေးငယ်တယ်၊ သယ်ဆောင်ရလွယ်တယ်၊ အားကောင်းတယ်၊ လည်ပင်းအရွယ်အစားအားလုံးနဲ့ ကိုက်ညီတယ်၊ ထိန်းချုပ်နိုင်တယ်၊ spine effective traction unit မှာ အသုံးပြုနိုင်တယ်။ Cervico 2000 က […]


အရိုးအကြောခွဲစိတ်ကုသမှုများ

ခါးဆစ်ရိုးကျွံခြင်း အတွက် ခွဲစိတ်ကုသမှု

ကျောရိုးဆစ်ပြားတွေဆိုတာ ကျောရိုးတွေကြားမှာ တည်ရှိပါတယ်။ သူတို့တွေက ထိခိုက်မှုတွေလျော့ချတာ ,ခန္ဓါကိုယ်ကို ထောက်ပံ့ပေးတာ ,ပုံမှန် လုပ်ရှားမှုလုပ်တာတွေဖြစ်ဖို့ ကူညီပေးပါတယ်။ ဒါပေမယ့် မူမမှန်ကိစ္စတွေ ဥပမာ အဆစ်ကျွံတာတွေဖြစ်မယ်ဆိုရင်တော့ ခွဲစိတ်မှုကလိုလာပါလိမ့်မယ်။   ခါးဆစ်ရိုးကံျွခြင်း (lumar herniated disc ) ဆိုတာဘာလဲ? ခါးဆစ်ရိုးကံျွခြင်း (lumar herniated disc ) ကို slipped disc, ဒါမှမဟုတ် prolapsed disc ဆိုပြီး သိထားကြပါတယ်။ ကျောရိုးမကြီးရဲ့ အရိုးနုပြား ကံျွထွက်လာတဲ့အခါ အလယ်က ပျော့ပြောင်းတဲ့နေရာဟာ အက်ကွဲကြောင်းကနေတဆင့် အပြင်အမာနေရာကို ထွက်လာသောအခါ, အနီးအနားက အာရုံကြောတွေအပေါ် ဖိအားသက်ရောက်နိုင်ပြီး နောက်ကျော နာကျင်မှုကိုဖြစ်ပေါ်စေခြင်းသာမက ခြေထောက်တွေ နာကျင်မှုလည်း ရှိနိုင်ပါတယ်။ ခါးဆစ်ရိုးကံျွခြင်း (lumar herniated disc ) ဟာ လူကြီးများမှာ အဖြစ်အများဆုံးကျောရိုးပြဿနာဖြစ်ပါတယ်။ ဘယ်ချိန်မှာ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်