backup og meta

ဒူးထိခိုက်မှုတွေအတွက် အသင့်တော်ဆုံး ကုထုံးတစ်ခု


Aye Thi Mon မှ ရေးသားသည်။ · 22/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Arthroscopy (အရိုးအဆစ်အတွင်း မှန်ပြောင်းဖြင့်စစ်ဆေးခြင်း) ဆိုတာ

    ဒူးဆစ်အတွင်း မှန်ပြောင်းဖြင့်စစ်ဆေးခြင်း ( Arthroscopy Of Your Knee)

    ဒူးဆစ်အတွင်းမှန်ပြောင်းဖြင့် စစ်ဆေးခြင်းဆိုတာ

    ဒီကုထုံးက ဒူးထိခိုက်မှုတွေအတွက် အသုံးများတဲ့ ကုထုံးတစ်ခုပါ။ ဒီအသေးစားခွဲစိတ်ကုသမှုက Arthoscope လို့ခေါ်တဲ့ ကိရိယာကို အသုံးပြုပြီး လုပ်ဆောင်ရတာပါ။

    ဒူးနာမှုကိုဖြစ်စေတဲ့အကြောင်းအရင်းတွေက

  • ထိခိုက်ဒဏ်ရာရတာ
  • ဒူးကို အသုံးများတာ
  • အားနည်းတာ
  • အသက်အရွယ်ကြီးရင့်လာတာ
  • အားကစားလုပ်တာတွေကြောင့် ဒူးထိခိုက်တာတွေဖြစ်နိုင်ပါတယ်။
  • ဘယ်လိုကောင်းကျိုးတွေရရှိမှာလဲ

    ဒူးဆစ်အတွင်းမှန်ပြောင်းဖြင့် စစ်ဆေးခြင်းက အဆစ်အတွင်းမှာ ဖြစ်နေတဲ့ အခြေအနေကို ကြီးကြီးမားမားခွဲစိတ်တာမျိုးမလုပ်ဘဲ တိတိကျကျသိရှိနိုင်မှာပါ။ ဒူးဆစ်အတွင်းက အရိုးနုပျက်စီးခြင်း၊ အရွတ်စုတ်ပြဲတာ၊ အရွတ်ထိခိုက်တာ၊ အဆစ်ရောင်တာတွေလိုမျိုး အရိုးအဆစ်ထိခိုက်မှြုပဿနာတွေကို အထိရောက်ဆုံးကုသပေးနိုင်ပါတယ်။ နာကျင်မှုနည်းပြီးမြန်မြန်ပြန်လည်ကောင်းမွန်လာစေမှာပါ။ အကောင်းဆုံးကတော့ ခွဲစိတ်ကုသမှုလုပ်ပြီးတဲ့အခါ အချိန်အကြာကြီးစောင့်စရာမလိုပဲ ပုံမှန်အတိုင်း လှုပ်ရှားမှုတွေလုပ်ဆောင်နိုင်တာပဲဖြစ်ပါတယ်။

    ထိခိုက်နိုင်ခြေဘယ်လောက်ရှိမလဲ

    ဒီကုထုံးက စိတ်ချရတဲ့ ကုထုံးတစ်ရပ်ဆိုပေမယ့် ထိခိုက်နိုင်ခြေကတော့ မဆိုစလောက်ရှိပါတယ်။ လူတစ်ယောက်ချင်းစီရဲ့ အခြေအနေ နဲ့ အရိုးအဆစ်တွေရဲ့ အနေအထားပေါ်မှာမူတည်ပြီးဖြစ်ပေါ်လာနိုင်တဲ့ အနေအထားက ကွာခြားနိုင်ပါတယ်။

  • အဆစ်တွေရောင်ရမ်းမယ်
  • အဆစ်တွေတောင့်တင်းမယ်
  • သွေးခဲမယ်
  • သွေးထွက်မယ်
  • ရောဂါပိုးကူးစက်ဝင်ရောက်တာ
  • ဒူးနာတဲ့ဝေဒနာတွေဆက်လက်ခံစားရတာမျိုးဖြစ်နိုင်ပါတယ်။
  • ပြန်လည်နလန်ထူလာဖို့ အချိန်ဘယ်လောက်ယူရမလဲ

    လူနာတစ်ယောက်ချင်းစီရဲ့ အခြေအနေပေါ်မှာ မူတည်ပြီးပြန်လည်နလန်ထူလာတဲ့အချိန်ကလည်း မတူနိုင်ပါဘူး။ များသောအားဖြင့်ကတော့ခွဲစိတ်ကုသမှု ခံယူပြီး တစ်ပတ်အတွင်း ပြန်ကောင်းလာကြပါတယ်။ လုံးဝအရှင်းကြီးပြန်ကောင်းလာပြီး ပုံမှန်အတိုင်းလုပ်ရှားနိုင်ဖို့ဆိုရင်တော့ အချိန် တစ်လ၊ နှစ်လလောက်ကြာမြင့်နိုင်ပါတယ်။

    အခုလိုမျိုးကောင်းကျိုးများပြီး ထိခိုက်ထားတဲ့ ဒူးတွေကို ပုံမှန်အတိုင်းပြန်လည်လှုပ်ရှားနိုင်ဖို့ဒူးဆစ်အတွင်း မှန်ပြောင်းဖြင့်စစ်ဆေးခြင်း ( Arthroscopy Of Your Knee) ကိုခံယူချင်တယ်ဆိုရင်တော့ပန်းလှိုင်စီလုံမှာ ကုသမှုခံယူလို့ရပါတယ်။ ဘာကြောင့် ပန်းလှိုင်စီလုံကိုရွေးချယ်ဖို့ပြောရတာလဲဆိုရင် ထိခိုက်မိတဲ့ အခါမြန်မြန်ဆန်ဆန်ကုသမှုပေးနိုင်လေလေ ထိရောက်မှုရှိလေလေဖြစ်တာကြောင့်ပါ။ ဒူးဆစ်အတွင်းထိခိုက်တာက မကုသဘဲ အချိန်အကြာကြီးထားမယ်ဆိုရင် မလိုလားအပ်တဲ့ ထိခိုက်မှုတွေဖြစ်လာနိုင်ပါတယ်။ အဆိုးဆုံးပြောရရင်နေ့စဉ်လှုပ်ရှားမှုတွေမှာထိခိုက်လာပြီး လမ်းလျှောက်ဖို့ လုံးဝအဆင်မပြေတော့ တဲ့အထိဖြစ်လာနိုင်ပါတယ်။ ဒီလိုမျိုးတွေမဖြစ်စေဖို့အတွက်ဆိုရင် ၂၄ နာရီပတ်လုံး ကုသမှုပေးတဲ့ ပန်းလှိုင်စီလုံက စိတ်အချရဆုံးဖြစ်မှာပါ။

    ပန်းလှိုင်စီလုံရဲ့ နောက်ထပ်အားသာချက်တစ်ခုက ဓါတ်မှန်နှင့်ပုံရိပ်ဖော်ခြင်း၊ ဓါတ်ခွဲစမ်းသပ်ခြင်းစတဲ့ ရောဂါရှာဖွေရေးဝန်ဆောင်မှုတွေ၊ အချိန်ပြည့်စောင့်ရှောက်မှုပေးနိုင်တဲ့ အရိုးအကြောထိခိုက်မှုဆိုင်ရာ ပါရဂူကြီးတွေ၊ မေ့ဆေးအထူးကုဆရာဝန်ကြီးတွေနဲ့ ခွဲစိတ်ခန်းအဖွဲ့၊ အထူးကြပ်မတ်ကုသဆောင်၊ ပစ္စည်းကိရိယာအစုံအလင်ကို အမြဲအဆင်သင့်ထားရှိတာက ထိခိုက်ဒဏ်ရာရရှိတဲ့လူနာကို ချက်ချင်းကုသမှုပေးနိုင်တာပါ။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 22/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement