အရိုးအကြောခွဲစိတ်ကုသမှုများ

အရိုးအကြောခွဲစိတ်ကုသမှုများ သည် အရိုးအကြောရောဂါများကို ကုသရာတွင် အရေးပါသည့် ကုသမှုနည်းလမ်းများ ဖြစ်လာပြီး တဖြည်းဖြည်း အဆင့်မြင့်လာကြပါပြီ။

ကျန်းမာရေးဗဟုသုတ

အရိုးအကြောခွဲစိတ်ကုသမှုများ

အရိုးအကြောခွဲစိတ်မှု နဲ့ ပတ်သက်ပြီး ဒါတွေ သိထားသင့်ပါတယ်။

မြန်မာနိုင်ငံမှာ အရိုးအကြောခွဲစိတ်မှု ဌာနက အလုပ်များတဲ့ ဌာနပါ။ နေ့တိုင်း ကားမတိုက်တဲ့ရက်၊ ဆိုင်ကယ်မမှောက်တဲ့ရက်၊ ချော်မလဲတဲ့ရက်ရယ်မှ မရှိပဲလေ။ တစ်ခုခု ပြင်းပြင်းထန်ထန် ထိခိုက်မိလို့ အရိုးထိသွားပြီလား မသိဘူးဆို ဒီဌာနကိုပဲ ရောက်ကြလာပါတယ်။ အရိုးအကြောခွဲစိတ်မှု ဆိုတာ အရိုးအကြောခွဲစိတ်မှု ဆိုတာ အထူးပြုခွဲစိတ်မှု တစ်ခုပါ။ အရိုးနဲ့ ပတ်သက်တဲ့ ရောဂါတွေ (အရိုးအဆစ်၊ တွယ်ဆက်တစ်ရှူးတွေ ဖြစ်တဲ့ အရွတ်တွေ၊ အရွတ်တွဲတွေ) အားလုံးကို ကုသမှု ပေးပါတယ်။ သာမန်အဆစ်လွဲတာကစလို့ ကျောရိုးခွဲစိတ်မှုတွေ၊ ပေါင်ရိုးအစားထိုးမှုတွေအထိ ပါပါတယ်။ မတော်တဆ ဖြစ်တာကနေ စလို့ ရောဂါတွေအထိ ပါဝင်တာကြောင့် အရေးပေါ်ကုသမှု လိုသလို တခြားရောဂါတွေကို အေးဆေးရက်ချိန်းပြပြီးမှ ကုရတာလည်း ဖြစ်နိုင်ပါတယ်။ အရိုးအကြောခွဲစိတ်မှုက အင်မတန်ကျယ်ပြန့်ပါတယ်။ ဖြစ်တဲ့ ဝေဒနာပေါ်မူတည်ပြီး ခွဲစိတ်မှု အကြီးအသေး၊ ပြန်ကောင်းဖို့ ကြာချိန်တွေ ကွာနိုင်ပါတယ်။ အရိုးအကြောခွဲစိတ်မှုမှာ […]

အရိုးအကြောခွဲစိတ်ကုသမှုများ ကို ရှာဖွေမည်။

အရိုးအကြောခွဲစိတ်ကုသမှုများ

လည်းပင်းရိုးရောဂါ စစ်ဆေးကုသခြင်း

လည်ပင်းရိုးမရောဂါဆိုတာ လည်ပင်းရိုး၊ ကြောရိုးကြားခံပြားနဲ့ အဆစ်တို့ ပျက်စီးပြီး ဦးနှောက်၊ ပင်မအာရုံကြောကြီးနဲ့ အာရုံကြောလေးများကို ဒုက္ခပေးနေခြင်းဖြစ်ပါတယ်။ ယင်းရောဂါကို စောစောတွေ့ရှိနိုင်ပြီး ထိရောက်သောကုသမှုပေးနိုင်ပါတယ်။   ရောဂါစစ်ဆေးမှုများ ရောဂါစစ်ဆေးမှုကို တွေ့ဆုံမေးမြန်းခြင်းဖြင့် စတင်ပါတယ်။ ဒဏ်ရာအနာတရတွေ ဖြစ်ဖူးလားနဲ့ ရောဂါလက္ခဏာတွေကို မေးမြန်သွားမှာပါ။ ကိုယ်ကာယပိုင်းဆိုင်ရာစစ်ဆေးခြင်း ထို့နောက် အောက်ပါကိုယ်ယာယစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်သွားမှာပါ။ - ခေါင်းလှုပ်နိုင်လား၊ ခေါင်းစောင်းနိုင်လားနဲ့ ခေါင်းလှည့်နိုင်လားဆိုတာတွေကို စစ်ဆေးသွားမှာပါ။ - ကျွမ်းကျင်သူက ခေါင်းငုံ့စေကာ ဖိအားပေးပြီး ပြန်လည်ခေါင်းမတ်နိုင်လား ကြည့်ခြင်းအားဖြင့် ကြွက်သားစွမ်းရည်ကို ဆန်းစစ်မှာပါ။ ပင်မအာရုံကြောမကြီးနဲ့ အာရုံကြောလေးတွေကို ဖိအားတွေသက်ရောက်မှုရှိနေလား ရှာဖွေတွေ့ရှိနိုင်ပါတယ်။ - ဖိအားတွေက သင့်လှုပ်ရှားမှုကို သက်ရောက်နေလားဆိုတာကတော့ လမ်းလျောက်စေပြီး ဆန်းစစ်ခြင်းအားဖြင့် သိရှိနိုင်ပါတယ်။ ပုံရိပ်ဖော်ခြင်းဖြင့်စစ်ဆေးခြင်း ကိုယ်ကာယစစ်ဆေးမှုတွေဖြင့် လည်းပင်းကျောရိုးမကြီးရောဂါကို စောလျင်စွာတွေ့ရှိနိုင်သလို ပုံရိပ်ဖော်ခြင်းနည်းပညာဖြင့် လည်းပင်းမှာဖြစ်နေတဲ့ ချို့ယွင်းမှုတွေကို အသေးစိတ်ရှာဖွေတွေ့ရှိနိုင်ပါတယ်။ - ဓါတ်မှန်။ ဓါတ်မှန်ရိုက်ခြင်းက လည်ပင်းပုံစံအသေးစိတ်ကို ပုံဖော်ပေးနိုင်ပြီး လည်းပင်းကျောရိုးမရောဂါ၊ အရိုးကျိုးခြင်း၊ […]


အရိုးအကြောခွဲစိတ်ကုသမှုများ

ခြေလက်ဆုံးရှုံးခြင်း

၁။ ခြေလက်ဆုံးရှုံးခြင်းဆိုတာဘာလဲ။ ခြေလက် ဆုံးရှုံးခြင်း၊ ခြေလက်ဖြတ်ခြင်းဆိုတာအရေပြားနဲ့ ဖုံးအုပ် ကာကွယ်ထားတဲ့ ကိုယ်ခန္ဓါ အစိတ်အပိုင်းတခုခု (လက်၊ ခြေထောက်၊ လက်ချောင်း) ကို ဖြတ်တောက်ဖယ်ထုတ်ခြင်း ဖြစ်ပါတယ်။ ၂။ ဘာကြောင့်ဖြတ်တောက်ခြင်းကိုလုပ်ဆောင် သင့်သလဲ။ အောက်ပါ အခြေအနေတွေမှာခွဲစိတ်ဖြတ်တောက်ခြင်းလုပ်ဆောင်တတ်ပါတယ်။ • ခြေလက်တခုခုမှာသွေးမလျှောက်တော့ဘဲအသားပုပ်ခြင်း။ ပင်မမဟုတ်သောအစွန်အဖျားသွေးလွှတ်ကြောတွေမှာရောဂါရရင် ဖြစ်တတ်ပါတယ်။ • ခြေလက်များတွင် ရောဂါဖြစ်ခြင်း။ ကင်ဆာ၊ ရောဂါပိုး ဆိုးဆိုးရွားရွားဝင်ခြင်းစတဲ့ အခြေအနေတွေမှာအသက်အန္တရာယ်ကြုံနိုင်လို့ ဖြတ်တောက်နိုင်ပါတယ်။ • ခြေလက်ကို ပြင်းထန်စွာထိခိုက်မိခြင်း။ ဥပမာ- ကားကြိတ်မိခြင်း၊ ပေါက်ကွဲမှုဖြစ်ခြင်း • ခြေလက်ပုံပျက်ခြင်း၊ အပြည့်အ၀ မသုံးနိုင်ဘဲအမြဲနာကျင်နေခြင်း ဆီးချိုရှိသူများဟာခြေလက်ဖြတ်တောက်ရနိုင်ခြေများပါတယ်။ ဆီးချိုဟာခြေလက်မှာရှိတဲ့ အာရုံကြောကိုထိခိုက်စေပြီးတော်ရုံဒဏ်ရာကိုသတိမပြုဘဲ ဖြစ်တတ်ပါတယ်။ ဆီးချိုရှိသူများဟာသွေးလွှတ်ကြောရောဂါ ဖြစ်လာနိုင်ခြေများပြီးအနာကျက်နှေးတတ်ပါတယ်။ ဒါပေမယ့် စောစီးစွာသတိထားမိပြီးကုသနိုင်ရင်တော့ လူနာအများစုဟာ ဖြတ်တောက်ခြင်းကိုရှောင်လွှဲနိုင်ပါတယ်။ ခွဲစိတ်ဖြတ်တောက်ခြင်းကိုဆေးရုံတွေမှာ ပြုလုပ်ပေးပြီးအသားပုပ်ခြင်း ပြန့်နှံ့မသွားအောင် ဖြစ်ပါတယ်။ အသားပုပ်ခြင်းဟာဆီးချို၊ နှင်းကိုက်ခြင်း၊ ဒဏ်ရာရခြင်း၊ သွေးကြောကျဉ်းခြင်းနဲ့ သွေးလည်ပတ်မှုကိုထိခိုက်စေတဲ့ ရောဂါတွေကြောင့် ဖြစ်တတ်ပါတယ်။ အရိုးကင်ဆာမပြန့်အောင်၊ ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာရထားတဲ့ လူနာတွေ သွေးထွက်လွန်ခြင်းမဖြစ်အောင် […]


အရိုးအကြောခွဲစိတ်ကုသမှုများ

ခြေမအဆစ်ရောင်ရမ်းခြင်းအား ခွဲစိတ်ကုသခြင်း

ခြေမအဆစ်ရောင်တဲ့ လူအများစုဟာရိုးရှင်းတဲ့ကုသခြင်းတွေနဲ့ ခြေမနာကျင်ခြင်းကိုသက်သာအောင် လုပ်ကြပါတယ်။ ဥပမာအားဖြင့် ရှူးဖိနပ်ကြီးတာကိုစီးတာ၊ အခုအခံထည့်တာစတာတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုပြုလုပ်ရုံနဲ့ မသက်သာဘူးဆိုရင်တော့ ဆရာဝန်ဟာ ခွဲစိတ်ဖို့ အကြံပြုပါလိမ့်မယ်။   ခြေမအဆစ်ရောင်ခြင်းဆိုတာဘာလဲ ခြေမအဆစ်ရောင်ခြင်းဆိုတာခြေမရဲ့အရင်းကအရိုးဟာအဖုအထစ်ဖြစ်လာပြီးရောင်ရမ်းလာခြင်းကိုဆိုလိုပါတယ်။ ခြေမအဆစ် ရောင်လာတဲ့အခါ အဲ့ဒီခြေညှိုးဟာခြေညှိုးဘက်ကိုသိသိသာသာစောင်းသွားပါတယ်။ ခြေမအဆစ်ရောင်ခြင်းဟာအသားနဲ့အရိုး ၂ခုစလုံးကို ထိခိုက်စေတဲ့ ခြေဖဝါး ပုံပျက်ခြင်းပဲ ဖြစ်ပါတယ်။ ခြေမအဆစ် ရောင်ခြင်းဟာအရမ်းနာကျင်ပါတယ်။ ဒီပြဿနာကိုအဖြစ်များစေတာကတော့ မတော်တဲ့ ရှူးဖိနပ်တွေစီးလို့ ဖြစ်ပါတယ်။ အရမ်းသေးတဲ့ ဒါမှမဟုတ် အရမ်းကြီးတဲ့ ဖိနပ်တွေစီးရင် ဖြစ်နိုင်ပါတယ်။ အဲဒီအခါ ဖြစ်ပေါ်တဲ့ ဖိအားကိုတုံ့ပြန်တဲ့ အခြေအနေ ဖြစ်စေပါတယ်။ အမျိုးသမီးတွေဟာအမျိုးသားတွေထက်စာရင် ပိုအဖြစ်များပါတယ်။   ခြေအဆစ်ရောင်ခြင်းကိုခွဲစိတ်ကုသရန် ဆုံးဖြတ်ခြင်း ခွဲစိတ်ကုသခြင်းရဲ့ အဓိကရည်ရွယ်ချက်ဟာပုံမှန်အတိုင်း ပြန်လည်သက်သာပြီးနာကျင်မှုကိုပျောက်ကင်းစေဖို့ အရိုးအတက်ကိုဖယ်ရှားကာအဆစ်ကို (အရွတ်၊ ကြွက်သားအရွတ်နဲ့ အာရုံကြောတွေ အပါအဝင်) ပြန်လည် ထိန်းညှိပေးခြင်းပဲ ဖြစ်ပါတယ်။ ခြေမအဆစ် ရောင်ခြင်းအတွက် ခွဲစိတ်ကုသတဲ့နည်းပေါင်း ၁၀၀ […]


အရိုးအကြောခွဲစိတ်ကုသမှုများ

အရိုးအစားထိုးကုသခြင်း အကြောင်းသိကောင်းစရာ

၁၉၅၀ ကျော်ကာလမှာ နယူးယောက်၊ ကူးပါးစ်မြို့က ဒေါက်တာသောမတ်စ်ဟာ ပထမဆုံး ရိုးတွင်းချဉ်ဆီ အစားထိုးမှုအောင်မြင်ခဲ့ပါတယ်။ မွေးချင်းအမြွှာ ၂ယောက် အကြား ပြုလုပ်တာဖြစ်ပြီး တယောက်က သွေးကင်ဆာ ရောဂါ ခံစားနေရလို့ ဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ အရိုးအစားထိုးလဲလှယ်ခြင်းကို တွင်ကျယ်စွာအသုံးပြုခဲ့ပြီး သွားရောဂါများ ကုသရာမှာ၊ ခြေသလုံးရိုးထိခိုက်ခြင်းကို ကုသရာမှာ၊ ကင်ဆာရောဂါ ကုသရာမှာ အသုံးပြုခဲ့ကြပါတယ်။ သင့်ခန္ဓါကိုယ်ရဲ့ အရိုးစုဟာ ပုံမှန်ကြီးထွားနေတာ ဖြစ်ပါတယ်။ အရိုးကျိုးခဲ့ရင် သူ့ဖာသာ တဖြည်းဖြည်းနဲ့ ပြန်ဆက်သွားနိုင်ပါတယ်။ ဒါပေမယ့် အရိုးမှာ ရောဂါတခုခုရနေရင်၊ ဆိုးရွားစွာ ပျက်စီးနေရင်၊ ရှုပ်ထွေးတဲ့ ပြဿနာတခုခုရှိနေရင်၊ ကျန်းမာရေးကို ထိခိုက်စေရင် အရိုးအစားထိုး ကုသရပါတယ်။ အရိုးအစားထိုးခြင်းဟာ ကျိုးပဲ့ခြင်း နှင့် ကင်ဆာကြောင့် ပျက်စီးသွားတဲ့ အရိုးကို ပြန်လည် ပြုပြင်ခြင်း၊ ပြန်လည်တည်ဆောက်ခြင်း စတဲ့အဆင့်တွေနဲ့ အကူအညီပေးပါတယ်။ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်