backup og meta

ခါးနာတဲ့ သင့်ဇနီး မယားကို သင်ဘယ်လိုကူညီရမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Kyaw Thura Htun မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခါးနာတဲ့ သင့်ဇနီး မယားကို သင်ဘယ်လိုကူညီရမလဲ

    ကိုယ်ချစ်တဲ့ တစ်စုံတစ်ယောက် နာကျင်ခံစားနေရတာကို မြင်ရတာဟာ အရမ်းဘဲခက်ခဲလွန်းတဲ့အရာပါ။ အထူးသဖြင့် သင့်ရဲ့ဇနီးမယား နာကျင်ခံစားနေရတယ် ဆိုရင်ပေါ့။ သူမဟာ ခါးအောက်ပိုင်းနာခြင်းကြောင့် ပျော်ရွှင်တော့မှာမဟုတ်တော့သလို ဒါကပဲ သင့်ကို သူမဆီက ရှောင်ခွာလိုစိတ် ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ ဒါဟာ အိမ်ထောင်ရေးမှာ ကြီးမားတဲ့အဟန့်အတားကြီးတစ်ခု ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ရှောင်ပုန်းမနေပါနဲ့။ သင့်ဇနီးကို ကူညီနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေပါ။ အခုပြောပြမှာကတော့ သင့်ဇနီးကို ကူညီနိုင်မယ့် နည်းလမ်းလေးတွေ ဖြစ်ပါတယ်။

    ပွင့်ပွင့်လင်းလင်းပြောဆိုကြပါ။

    ပွင့်ပွင့်လင်းလင်းပြောဆို ဆက်ဆံခြင်းက အိမ်ထောင်ရေးမှာ အရေးကြီးတဲ့ အချက်တစ်ချက်ပါ။ သင့်အနေနဲ့ သူမရဲ့ ခါးနာခြင်းအကြောင်းကို ပြောဆိုပြီး သူမရဲ့နာကျင်မှုကို နားလည်အောင်လုပ်ပါ။ သူမဟာ သူမနာကျင်နေတယ်ဆိုတာကို သင့်ကိုရော သူမရဲ့အနီးကလူတွေကိုပါ ဖုံးကွယ်ထားဖို့ ကြိုးစားနိုင်ပါတယ်။

    အကြောင်းကတော့ သူမဟာ သူမချစ်တဲသူတွေအပေါ် သူမကြောင့် ဝန်မပိစေချင်လို့ပါ။ သူမဟာ သူမအားနည်းနေတယ်လို့လည်း အမြင်ခံမှာမဟုတ်ပါဘူး။ သင့်အနေနဲ့ သူမကိုရှင်းပြရမှာက သူမနာကျင်လို့ရကြောင်း၊ တင်းခံထားဖို့မလိုကြောင်း၊ သင်ဟာ သူမအတွက် အကူအညီပေးဖို့အမြဲအဆင်သင့်ဖြစ်နေကြောင်း နားလည်အောင်ရှင်းပြပေးပါ။ သူမရဲ့နာကျင်မှုအခြေအနေကို နေ့စဉ်မေးမြန်းခြင်းက အရေးကြီးပါတယ်။ ဒီလိုမေးဖို့ အကောင်းဆုံးပုံစံက သူမရဲ့နာကျင်မှုကို ၁ ကနေ ၁၀ အကြား သတ်မှတ်ခိုင်းခြင်းပဲဖြစ်ပါတယ်။ နာကျင်မှုအခြေအနေက အမြဲတမ်း မတူညီနိုင်ပါဘူး။ သူမရဲ့နာကျင်မှုအခြေအနေကို သိထားခြင်းက သူမကိုသက်တောင့်သက်သာဖြစ်အောင် ဘယ်လိုလုပ်ပေးရမလဲဆိုတာ သင့်ကိုသိစေပါတယ်။

    အရမ်းကြီး အစိုးရိမ်မလွန်ပါနဲ့။

    သင့်အနေနဲ့ သူမကို သူမရဲ့ခါးနာခြင်းအကြောင်း ပြောခြင်း ဂရုစိုက်ပေးခြင်းကကောင်းပေမယ့် သူမဘာလုပ်လုပ် အသေးစိတ်ဂရုစိုက်နေရမယ်လို့တော့ မဆိုလိုပါဘူး။ အစီအရင် ခံစာတစ်ခုမှာ အသေးစိတ်ဂရုစိုက်ခံနေရတဲ့ ဇနီးတစ်ယောက်က သူမရဲ့နာကျင်မှုက မသက်သာဘူးလို့ဆိုပါတယ်။ ဒီလိုအသေးစိတ်ဂရုစိုက်ခြင်းက သူမရဲ့နေ့စဉ်လုပ်ငန်း ဆောင်ရွက်မှုတွေအပေါ် အဟန့်အတားဖြစ်စေပါတယ်။ သင့်အနေနဲ့ အသေးစိတ်ဂရုစိုက်ခြင်းက သူမရဲ့နာကျင်မှုကိုသက်သာစေတယ်လို့ ထင်ကောင်းထင်နေနိုင်ပေမယ့်တကယ်တော့ သူမရဲ့ ခါးနာခြင်းကို ထိန်းချုပ်နိုင်စွမ်းလျော့သွားစေပါတယ်။ သူမကို အသေးစိတ်ဂရုစိုက်တာမျိုးမလုပ်တော့ဘဲ သူမရဲ့ခါးနာရောဂါနဲ့ သူမလိုက်လျောညီထွေဖြစ်အောင် တချို့နေရာတွေလွှတ်ထားပေးသင့်ပါတယ်။ ပန်းကန်စင်အမြင့်ကြီးပေါ်မှာ ပန်းကန်တွေ ခွက်တွေတင်ထားပြီး သူမလိုအပ်ချိန်တိုင်း သင်ကယူပေးနေမည့်အစား ရင်ဘတ်လောက်အမြင့်ရှိတဲ့ ပန်းကန်စင်ကိုပြောင်းလဲပြီး သူမကိုယ်တိုင်ယူလို့ရအောင်ပြုလုပ်ပေးသင့်ပါတယ်။ ဒီလိုလုပ်ပေးခြင်းက သူမရဲ့ခါးနာရောဂါနဲ့ သူမကိုလိုက်လျောညီထွေဖြစ်စေပါတယ်။

    သင်ကိုယ်တိုင်လည်း ခါးနာခြင်းအကြောင်းကို လေ့လာပါ။

    သင့်ရဲ့ဇနီးခံစားနေရတဲ့ ခါးနာခြင်းအကြောင်းကို သင်ကိုယ်တိုင်နားလည်ထားခြင်းက သူမကျန်းမာရေးအတွက် ရွေးချယ်မှုမှန်ကန်အောင် ညွှန်းပြနိုင်မှာပါ။ သင့်အနေနဲ့ သင့်ဇနီးခံစားနေရတဲ့ ခါးနာရောဂါဟာ တကယ်ပြင်းထန်ပြီး သေရာပါဖြစ်သွားနိုင်တယ်ဆိုတာ သိထားသင့်ပါတယ်။ တစ်ခါတစ်လေ သူမဟာ အခြေအနေကောင်းပြီး ဘာနာကျင်မှုမှ မခံစားရတဲ့အထိကောင်းနိုင်ပေမယ့် တစ်ခါတစ်လေကျပြန်လည်း နာကျင်မှုအရမ်းပြင်းထန်ပြီး လှုပ်လို့မရတဲ့ထိလည်း အခြေအနေဆိုးနိုင်ပါတယ်။ သင်ကိုယ်တိုင် ခါးနာခြင်းအကြောင်း အကျွမ်းတဝင်နားလည်ထားခြင်းက သုမရဲ့နာကျင်မှုကိုထိန်းညှိခြင်း ခန့်မှန်းပေးခြင်းတို့ကို ပြုလုပ်လာနိုင်ပါတယ်။ နာကျင်မှုကို ဘယ်လိုထိန်းညှိပြီး လျှော့ချရမလဲဆိုတာက လူတစ်ဦးတစ်ယောက်စီချင်းအတွက် အရမ်းခက်ခဲပါတယ်။ သင့်အနေနဲ့ နာကျင်မှုကို ဘယ်လိုလျှော့ချရမလဲဆိုတာကို နားလည်ထားခြင်းက သင့်ဇနီးရဲ့ နာကျင်မှုကို အတူတိုက်ခိုက်ရာမှာ ကူညီနိုင်ပါတယ်။

    သင့်ဇနီးကို ကျောရိုးဆန့်ခြင်း ပြုလုပ်ဖို့သတိပေးပါ။

    ကျောရိုးဆန့်ခြင်းက ခါးနာခြင်းအတွက် အရမ်းထိရောက်ပါတယ်။ သူမကိုကျောရိုးနေ့တိုင်းဆန့်ခိုင်းပါ။ ထိုင်ခုံမှာပဲ တစ်နေကုန်ထိုင်နေခြင်း ကုတင်ပေါ်မှာ တစ်နေကုန်လှဲအိပ်နေခြင်းတို့က ခါးနာရောဂါကို ပိုပြီးဆိုးရွားလာစေနိုင်ပာ်တယ်။ ခါးနာခြင်းအတွက် ကျောရိုးဘယ်လိုဆန့ရမလဲဆိုတဲ့ နည်းလမ်းတွေ လေ့ကျင့်ခန်းတွေ သက်သက်ရှိပါတယ်။ အထူးကုများက မိနစ် ၂၀ တစ်ခါ မတ်တပ်ရပ်ပြီး ကျောရိုးဆန့်တန်း လေ့ကျင့်ခန်းများကိုလုပ်ဖို့ အကြံပြုထားပါတယ်။ သင်လည်း သင့်ဇနီးနဲ့အတူ ဒီလေ့ကျင့်ခန်းတွေကို လိုက်လုပ်နိုင်ပါတယ်။ သူမကို စိတ်ဓါတ်တက်ကြွအောင် ပြုလုပ်ပေးခြင်းက သူမကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပါတယ်။ ယောဂ ကျင့်စဉ်ကဲ့သို့ ကျောရိုးကိုဆန့်တန်းစေနိုင်တဲ့ လေ့ကျင့်ခန်းတွေက ခါးနာခြင်းအတွက် အထူးသင့်တော်ပါတယ်။

    သူမအတွက် သင်အမြဲတမ်းရှိနေကြောင်း သူမသိပါစေ။

    သင့်ဇနီးဟာ သူမလုပ်နေကျ လုပ်ပေးရမယ့်အရာတစ်ခုခုကို မလုပ်နိုင်တော့တဲ့အတွက် သူမကိုယ်သူမ အပြစ်တင်နေပါလိမ့်မယ်။ သင်ပြောပြပေးရမှာက သင်နဲ့ သင်မိသားစုက သူမကိုအမြဲချစ်နေမှာဖြစ်ကြောင်း အမြဲကူညီပေးမှာဖြစ်ကြောင်းပါ။ သူမရဲ့ အိမ်မှုရေးရာတွေကို သင်ပါအတူတူလုပ်ပြီး ကူညီပေးလိုက်ပါ။ သူမရဲ့ ခါးနာရောဂါက သူမကိုတချို့အလုပ်တွေ မလုပ်နိုင်စေတော့တာမှန်ကောင်းမှန်နိုင်ပေမယ့် ဒီအချက်ကြောင့် သူမဟာတခြားသူများအပေါ်မှာ မှီခိုနေရမယ်လို့တော့ မဆိုလိုပါဘူး။ သူမရဲ့နာကျင်မှုကို သူမကိုယ်တိုင်ထိန်းညှိနိုင်ဖို့ သင်ကူညီပေးလိုက်ပါ။ ဒီနည်းကသာ သူမကိုကူညီဖို့ အကောင်းဆုံးနည်းပါ။

    ခါးနာခြင်းက တစ်ခါတစ်လ နာတာရှည်ရောဂါအထိဖြစ်သွားနိုင်ပါတယ်။ သင့်ရဲ့ အားပေးမှုက သင်ထင်တာထက်ပိုပြီး သူမအတွက်အရေးကြီးပါတယ်။ သူမရဲ့ဆရာဝန်နဲ့ သေချာဆွေးနွေးပြီး သူမသက်တောင့်သက်သာဖြစ်စေဖို့ ကူညီပေးပါ။ သူမဟာ နှုတ်ကဖွင့်ပြောချင်မှ ဖွင့်ပြောမယ်ဆိုပေမယ့် သူမဟာ သင့်ရဲ့အားပေးမှု ဂရုစိုက်မှုတွေကို စိတ်ထဲက နှစ်နှစ်ကာကာ ကျေးဇူးတင် အသိအမှတ်ပြုနေမှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Kyaw Thura Htun မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement