သွားဖုံးနှင့် ခံတွင်းရောဂါများ

သွားဖုံးနှင့် ခံတွင်းရောဂါများ နဲ့ ပတ်သက်ပြီး အဖြစ်များတဲ့ အမျိုးအစားတွေ၊ ရောဂါလက္ခဏာတွေ၊ ကုသနည်းတွေကို လေ့လာထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

သွားဖုံးနှင့် ခံတွင်းရောဂါများ

သွားဖုံး နဲ့ ခံတွင်းရောဂါများ အကြောင်း

နေ့စဉ်တိုင်းမှာ အစားအစာတွေကို အရသာရှိရှိနဲ့ ကောင်းကောင်း ဝါးစားနိုင်ဖို့အတွက် သွားနဲ့ ခံတွင်း ကျန်းမာဖို့ လိုပါမယ်။ သွားနဲ့ခံတွင်းက ခန္ဓာကိုယ် အာဟာရဖြည့်တင်းဖို့အတွက် စွမ်းစွမ်းတမံ ရှေ့ဆုံးက ဦးဆောင်နေတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းပါ။ သွားနဲ့ ခံတွင်း ကျန်းမာရေး ဆိုတဲ့နေရာမှာ ခံတွင်းထဲမှာ ရှိတဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ သွားဖုံး၊ သွား၊ လျှာ၊ ခံတွင်းစတဲ့ အစိတ်အပိုင်း အားလုံး ပါဝင်နေပါတယ်။ ခံတွင်းထဲမှာ ရှိတဲ့ အစိတ်အပိုင်း အားလုံး ကျန်းမာမှလည်း ကျန်းမာတဲ့ သွားနဲ့ ခံတွင်း ဖြစ်တော့မှာပေါ့။ ဒီတစ်ခေါက်တော့ သွားနဲ့ ခံတွင်း ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ သွားဖုံး နဲ့ ခံတွင်းရောဂါတွေအကြောင်းကို သတိထားမိနိုင်စေဖို့ ပြောပြပေးချင်ပါတယ်။ သွားဖုံးနဲ့ ခံတွင်းရောဂါတွေ ဘယ်လောက်ထိ ပြင်းထန်နိုင်လဲ။ သွားဖုံးရောဂါဆိုတာက သွားတွေကို မြဲမြံအောင် ထိန်းပေးထားတဲ့ […]

သွားဖုံးနှင့် ခံတွင်းရောဂါများ ကို ရှာဖွေမည်။

သွားဖုံးနှင့် ခံတွင်းရောဂါများ

Burning mouth syndrome (ခံတွင်းအပူလောင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Burning mouth syndrome (ခံတွင်းအပူလောင်ခြင်း) ကဘာလဲ။ ဘာအကြောင်းပြမှမရှိဘဲ တောက်လျောက် အပူလောင်နေခြင်းကို Burning Mouth Syndrome လို့ခေါ်ပါတယ်။ လျာ၊ သွားဖုံး၊ နှုတ်ခမ်း၊ ပါးစောင်၊ အာခေါင ဒါမှမဟုတ် ခံတွင်းတစ်ခုလုံးမှာ ဖြစ်နေနိုင်ပါတယ်။ ရေနွေးပူလောင်သလိုမျိုးလည်း ဆိုးဆိုးရွားရွားခံစားရနိုင်ပါတယ်။ ရေဂါလက္ခဏာတွေဟာ အချိန်ကြာလာတာနဲ့အမျှ ပိုပိုဆိုးလာတတ်ပါတယ်။ ကံမကောင်းစွာဖြင့် ရောဂါအကြောင်းအရင်းကို မသိကြတာများပါတယ်။ ဒါပေမယ်လည်း ကျန်းမာရေးကျွမ်းကျင်တဲ့သူတွေမှာ သေသေချာချာစုပေါင်းလုပ်ဆောင်မယ်ဆိုရင် ရောဂါလက္ခဏာတွေကို ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ Burning mouth syndrome (ခံတွင်းအပူလောင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ အမေရိကန်ခံတွင်းကျန်းမာရေးအဖွဲ့အစည်းရဲ့အဆိုအရ BMS ဟာ လူဦးရည်ရဲ့ ၂ရာခိုင်နှုန်းလောက်မှာ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ ယောက်ျားတွေထက် မိန်းမတွေမှာ စစ်ဆေးတွေ့ရှိရတာများပါတယ်။ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ လက္ခဏာများBurning mouth syndrome (ခံတွင်းအပူလောင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အောက်ပါတို့ပဲဖြစ်ပါတယ်။ လျာမှာဖြစ်တာများသော်လည်း နှုတ်ခမ်း၊ သွားဖုံး၊ […]


သွားဖုံးနှင့် ခံတွင်းရောဂါများ

Gingivitis ( သွားဖုံးရောင်ခြင်း ) အကြောင်း

သွားဖုံးရောင်ခြင်း ကအဖြစ်များတဲ့ သွားနဲ့ ခံတွင်းပြဿနာပါ။ အခန့်မသင့်ရင် ရေစီးကမ်းပြိုပြီး သွားတွေကိုပါ ထိခိုက်နိုင်တဲ့အတွက် လက္ခဏာတွေကိုသိထားဖို့ လိုပါတယ်။ Gingivitis ( သွားဖုံးရောင်ခြင်း ) ဆိုတာ သွားနဲ့ သွားဖုံးတို့မှာ သွားချိုးများ စုပုံလာတဲ့အခါမှာ သွားဖုံးရောဂါများ ဖြစ်လာပါတယ်။ သွားဖုံးရောင်ခြင်း က  ပျောက်ကင်းနိုင်သော သွားဖုံးရောဂါတစ်မျိုးဖြစ်ပါတယ်။ သွားဖုံးရောင်ခြင်းကြောင့် သွားဖုံးများ နီမြန်း ဖောင်းကြွပြီး သွားတိုက်တဲ့အခါ အလွယ်တကူ သွေးထွက်စေပါတယ်။ သွားဖုံးရောင်ခြင်းရဲ့ လက္ခဏာတွေက ဘာတွေလဲ သွားဖုံးရောင်ခြင်း ရဲ့ အဖြစ်အများဆုံး ရောဂါလက္ခဏာများကတော့ သွားတိုက်နေချိန်နဲ့ တိုက်ပြီးမှာ သွားဖုံးမှ သွေးထွက်ခြင်း သွားဖုံးမှာ နီမြန်း၊ ဖောင်းကြွ၊ နာကျင်ခြင်း ခံတွင်းနံ့နံခြင်း သို့မဟုတ် ခံတွင်းမှာ အရသာဆိုးခြင်း သွားဖုံးနဲ့ သွားကြားမှာ အချိုင့်များဖြစ်ပေါ်ခြင်း သွားများ နဲ့ခြင်း အစာဝါးတဲ့အခါ အပေါ်အောက်သွားများ အံမကျခြင်း Gingivitis […]


သွားဖုံးနှင့် ခံတွင်းရောဂါများ

Dental abscess ( သွားနှင့် သွားဖုံးပြည်တည်ခြင်း )

သွားနှင့် သွားဖုံးပြည်တည်ခြင်း က ပြင်းထန်တဲ့ သွားနဲ့ခံတွင်း ပြဿနာပါ။ သေချာမကုသဘူးဆိုရင် သွားဖုံးတွေ ပျက်စီးနိုင်သလို ပြည်တွေက တခြားနေရာကို ပြန့်သွားနိုင်ပါတယ်။ ဥပမာ ဦးနှောက်ထဲကို ပြန့်သွားရင် ဦးနှောက်အမြှေးရောင်ပြီး ဒုက္ခရောက်နိုင်ပါတယ်။ Dental abscess (သွားနှင့် သွားဖုံးပြည်တည်ခြင်း) ကဘာလဲ။ ယေဘုယအားဖြင့် သုံးမျိုးရှိပါတယ်။ သွားဖုံးပြည်တည်ခြင်း – သွားဖုံးမှာပဲ ဖြစ်လေ့ရှိပြီး သွားနဲ့ သွားပတ်လည်ရှိ အရွတ်တစ်ရှူးများတွင် မဖြစ်ပါ။ သွားပတ်လည်မှာ ပြည်တည်ခြင်း – သွားကို ထောက်ကန်ထားပေးတဲ့ သွားပတ်လည်ရှိ အရွတ်နဲ့ တစ်ရှူးများမှာ ပြည်တည်ခြင်း ဖြစ်ပါတယ်။ သွားတွင်းပြည်တည်ခြင်း – သွားတွင်းရှိ အတွင်းသားများမှာ ပြည်တည်ခြင်း ဖြစ်တယ်။ ဒီလို ပြည်တည်ခြင်းများက ထိရောက်တဲ့ ကုသမှု လိုအပ်ပြီး မကုသဘဲ ထားမယ်ဆိုရင် ပိုမိုဆိုးဝါးပြီး သွားများပျက်စီးစေနိုင်ပါတယ်။ သွားနှင့် သွားဖုံးပြည်တည်ခြင်းရဲ့ လက္ခဏာတွေက […]


သွားဖုံးနှင့် ခံတွင်းရောဂါများ

Lichen Planus (လိုင်ကန် ပလေးနက်စ်)

အဓိပ္ပါယ်ဖွင့်ဆိုချက်Lichen Planus (လိုင်ကန် ပလေးနက်စ်) ကဘာလဲ။ Lichen planus သည် အရေပြားနှင့် ခံတွင်းနံရံများတွင် ဖြစ်သော ရောဂါတစ်ခုဖြစ်သည်။ များသောအားဖြင့် ၁၀ နှစ်ခန့်ကြာတတ်ပြီး အသက် ၃၀ – ၆၀ ကြားတွင် တွေ့ရ၏။ အရေပြား၌ Lichen planus များသည် သေးငယ်၊ ယားယံ၊ အနီခရမ်းရောင်၊ ထိပ်ချိုင့်သည့် အဖုလေးများအဖြစ် လက်ဖျံနှင့်ပေါင်တို့တွင် ပေါ်လာတတ်သည်။ ခံတွင်း၌ (များသောအားဖြင့် ခံတွင်းမှ Lichen planus ဟုခေါ်သည်)ဖြစ်လာပါက ပုံစံနှစ်မျိုးရှိသည်။ Reticular Lichen planus သည် အဖြူရောင်လိုင်းများသည် ဇာကွက်ပုံစံအတိုင်း ပေါ်လာတတ်ပြီး ပါးစောင်၊ သွားဖုံးနှင့် လျှာတို့တွင် ဖြစ်တတ်၏။ များသောအားဖြင့် ဤ Lichen planus ပုံစံများသည် ကုသရန်မလိုအပ်ပါ။ လက္ခဏာပြသည်မရှိသလို နာကျင်မှုကိုလည်း […]


သွားဖုံးနှင့် ခံတွင်းရောဂါများ

သွားဖုံးရောင်ခြင်းအတွက် အိမ်တွင်းကုထုံးအချို့

သွားဖုံးတွေ ရောင်နေလို့ ဘာမှမစားနိုင်ဘူး။ ခံရတော်တော်ခက်နေတယ် ဆိုတဲ့ သူလေးတွေများ ရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါနော်။ သွားဖုံးရောင်ခြင်းအတွက် အိမ်တွင်းကုထုံးအချို့ ဖော်ပြပေးထားတာမို့ အတူတူ ကြည့်လိုက်ရအောင်နော်။ သွားဖုံး ဘာကြောင့်ရောင် သွားဖုံးရောင်ရတဲ့အကြောင်းအရင်းက တစ်ချက်မကရှိပါတယ်။ ဒီထဲမှာမှ ကိုယ်သွားဖုံးရောင်ရတာက ဘာကြောင့်ဖြစ်မလဲဆိုတာကိုတော့ ကိုယ်တိုင်အဖြေရှာကြည့်လိုက်နော်။ ခံတွင်းသန့်ရှင်းမှုအားနည်းတာ - ပုံမှန် ခံတွင်းသန့်ရှင်းမှုမရှိတာ။ သွားချေးတွေစုပုံပြီး ပိုးပေါက်ဖွားတာကြောင့်ဖြစ်တာ - သွားပုံမှန်မတိုက်တာ၊ သွားကိုသေချာမတိုက်တာကြောင့် သွားချေးတွေမှာပိုးတွေပေါက်ဖွားမှုကြောင့် သွားဖုံးရောင်တာဖြစ်စေနိုင်ပါတယ်။ ဟော်မုန်းပြောင်းလဲတာ - ကိုယ်တွင်းမှာဟော်မုန်းပြောင်းလဲတာတွေဖြစ်စေတဲ့ အပျိုဖော်ဝင်တာ၊ သွေးဆုံးတာ၊ ကိုယ်ဝန်ဆောင်တာလိုမျိုး ဟော်မုန်းအပြောင်းအလဲတွေကြောင့်လည်း သွားဖုံးရောင်နိုင်ပါတယ်။ ရောဂါအခြေအနေတွေကြောင့် - ကင်ဆာ၊ ဆီးချိုနဲ့ ခုခံအားကျဆင်းမှုကူးစက်ရောဂါတွေခံစားနေရတာကြောင့်လည်း သွားဖုံးရောင်နိုင်ပါတယ်။ သောက်သုံးနေတဲ့ဆေးဝါးတွေ​ကြောင့် - အချို့သောဆေးဝါးတွေက သွားဖုံးကတစ်ရှုးတွေကိုထိခိုက်စေပြီး သွားဖုံးရောင်တာကိုဖြစ်စေနိုင်ပါတယ်။ ဆေးလိပ်သောက်တာကြောင့် - ဆေးလိပ်သောက်သုံးမှုက သွားနဲ့ခံတွင်းကျန်းမာရေးကိုထိခိုက်စေပြီး သွားဖုံးရောင်တာကိုဖြစ်စေနိုင်ပါတယ်။ အသက်အရွယ်ကြောင့် - အသက်အရွယ်ကြီးရင့်လာမှုကလည်း သင့်ကို သွားဖုံးရောင်ဝေဒနာခံစားရစေနိုင်တဲ့ အချက်တွေထဲက […]


သွားဖုံးနှင့် ခံတွင်းရောဂါများ

Gum And Periodontal Disease (သွားဖုံးနှင့် သွားတဝိုက်တွင်ဖြစ်သောရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Gum And Periodontal Disease (သွားဖုံးနှင့် သွားတဝိုက်တွင်ဖြစ်သောရောဂါ) ကဘာလဲ။ သွားဖုံးနှင့် သွားတဝိုက်တွင်ဖြစ်သောရောဂါ သည် ပြင်းထန်သော သွားဖုံးပိုးဝင်ခြင်းရောဂါဖြစ်ပြီး သွားကိုထောက်ပံ့ပေးနေသော အရိုးနှင့် တစ်သျူးများကို ပျက်စီးစေသောရောဂါဖြစ်သည်။ ယင်းရောဂါသည် သွားနှင့် ခံတွင်း ကျန်းမာရေးဂရုစိုက်မှုနည်းသောကြောင့်ဖြစ်ပါသည်။ သွားကို အနည်းဆုံး တနေ့လျှင် ၂ကြိမ်တိုက်ခြင်း၊ နေ့စဉ်သွားကြားသန့်ရှင်းမှုလုပ်ခြင်းနှင့် သွားဆရာဝန်နှင့် မှန်မှန်ပြကာ စစ်ဆေးမှုခံယူခြင်းတို့ပြုလုပ်ခြင်းနှင့် သွားနှင့် ခံတွင်းရောဂါများဖြစ်ပွားမှုကို လျှော့ချပေးနိုင်ပါသည်။ Gum And Periodontal Disease (သွားဖုံးနှင့် သွားတဝိုက်တွင်ဖြစ်သောရောဂါ) က ဘယ်လောက်အဖြစ်များသလဲ သွားဖုံးနှင့် သွားတဝိုက်တွင်ဖြစ်သောရောဂါသည် အဖြစ်များသော ရောဂါဖြစ်သော်လည်း ယင်းသို့မဖြစ်အောင်လွယ်ကူစွာ ကာကွယ်နိုင်သောနည်းလမ်းများ ရှိပါသည်။ ထို့ပြင် မည်သည့်အသက်အရွယ်တွင်မဆို ဖြစ်နိုင်သောရောဂါဖြစ်ပါသည်။ ထိုဖြစ်စဉ်ကို ဖြစ်စေနိုင်သော အချက်များကို လျှော့ချခြင်းများပြုလုပ်နိုင်သော်လည်း တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။ လက္ခဏာများGum And Periodontal Disease (သွားဖုံးနှင့် […]


သွားဖုံးနှင့် ခံတွင်းရောဂါများ

Gingival Recession (သွားဖုံးလန်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Gingival Recession (သွားဖုံးလန်ခြင်း) ကဘာလဲ။ သွားဖုံးလန်ခြင်းဆိုသည်မှာ သွားဖုံးများ သွားမျက်နှာပြင်မှ နောက်သို့လန်ဆွဲသွားပြီး သွားမြစ်များပေါ်လာသော အခြေအနေကို ဆိုလိုသည်။ ၎င်းသည် သွားဖုံးရောဂါ (Periodontal) တစ်မျိုးဖြစ်၏။ ခံတွင်းကျန်းမာရေးမကောင်းခြင်း၏ နောက်ဆက်တွဲ ပြဿနာဖြစ်ပြီး သွားများဆုံးရှုံးရနိုင်သည်။ တစ်ရှူးဆုံးရှုံးမှု အပြင်းအထန်ပေါ် မူတည်ကာ ကုသနိုင်သော နည်းလမ်းအမျိုးမျိုးရှိ၏။ စောစောသိ စောစောကုလျှင် အခြေအနေ ပိုကောင်းလေလေဖြစ်သည်။ Gingival Recession (သွားဖုံးလန်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ သွားဖုံးလန်ခြင်းသည် အသ်က ၄၀ ကျော်များတွင် အဖြစ်များသော်လည်း ဆယ်ကျော်သက် သို့မဟုတ် ၁၀ နှစ်ဝန်ကျင်းမှ စဖြစ်နိုင်ပါသည်။ သို့သော် ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။ လက္ခဏာများGingival Recession (သွားဖုံးလန်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ သွားဖုံးလန်ခြင်း ၏ အဖြစ်အများဆုံးရောဂါလက္ခဏာများမှာ- သွားတိုက် သွားကြားထိုးပြီးနောက် သွေးထွက်ခြင်း သွားဖုံးများ နာကျင်ရောင်ရမ်းခြင်း သွားဖုံးများတစ်လျှောက် နာခြင်း မြင်နိုင်သော သွားဖုံးကျုံ့ခြင်း သွားအမြစ်များ […]


သွားဖုံးနှင့် ခံတွင်းရောဂါများ

ခံတွင်းအနံ့ဆိုးခြင်းက ဖော်ပြနေသော သင့်ကျန်းမာရေး အကြောင်း

ခံတွင်းအနံ့ဆိုးခြင်းဟာ ခံစားရသောသူတွေအတွက် သက်တောင့်သက်သာမဖြစ်စေတာထက်ပိုတဲ့အကြောင်းအရင်းတွေရှိနေပါသေးတယ်။ ဒီလို ခံတွင်းအနံ့ဆိုးခြင်းဟာပုန်းကွယ်နေတဲ့ရောဂါဝေဒနာတွေကို ဖော်ပြပေးနိုင်တဲ့ လက္ခဏာတစ်ခုလည်းဖြစ်ပါတယ်။ ဤဆောင်းပါးတွင် ခံတွင်းအနံ့ဆိုးခြင်းက သင့်ကျန်းမာရေးအခြေအနေကို ဘယ်လိုညွှန်ပြနိုင်သလဲဆိုတဲ့ အချက်အလက်တွေပြောပြပေးမှာဖြစ်ပါတယ်။   အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများ ဖြစ်လေ့ဖြစ်ထရှိတဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများ (ဥပမာ- အအေးမိခြင်းနှင့် နှာပိတ်ခြင်း) ဟာ သင့်ခံတွင်းအနံ့ဆိုးစေတဲ့ (သို့) ပုံမှန်မဖြစ်စေတဲ့ အကြောင်းအရင်းတစ်ခုဖြစ်ပါတယ်။ အအေးမိ၊ နှာပိတ်နေစဉ်မှာ နှာခေါင်းထဲရှိ ဘက်တီးရီးယားပိုးမွှားများ ပါဝင်တဲ့ နှာရည်ဟာ လည်ချောင်းထဲကို အဆက်မပြတ်စီးဝင်နေတဲ့အတွက် ခံတွင်းအနံ့ဆိုးခြင်းကို ဖြစ်ပေါ်စေပါတယ်။   အာခြောက်ခြင်း အာခြောက်ခြင်းဟာ တံထွေးထုတ်ပေးသောအရည်အိတ်များ ပုံမှန်အလုပ်မလုပ်ဘဲ ခံတွင်းအနံ့ဆိုးခြင်းကို ဖြစ်စေတဲ့ အခြေအနေတစ်ရပ်ဖြစ်ပါတယ်။ သင့်ခံတွင်းအနံ့ကို အာရုံခံခြင်းဖြင့် သင့်အာခေါင်ခြောက်မခြောက် ဆိုတာကို စစ်ဆေးလို့ရပါတယ်။ အကယ်၍ ခံတွင်းအနံ့ဆိုးနေပြီဆိုရင်တော့ အာခြောက်ခြင်းရောဂါရှိနေနိုင်ကြောင်း သိရှိရပါတယ်။   ဆီးချိုသွေးချိုရောဂါ အံ့သြစရာကောင်းလောက်အောင် သင့်ခံတွင်းအနံ့မှတစ်ဆင့် သင့်မှာဆီးချိုသွေးချိုရောဂါ ရှိမရှိ သိရှိနိုင်ပါတယ်။ ခံတွင်းမှာ သစ်သီးကဲ့သို့ ရနံ့ရှိနေတယ်ဆိုရင် သင့်မှာ […]


သွားဖုံးနှင့် ခံတွင်းရောဂါများ

ပြင်းထန်သွားဖုံးပိုးဝင်ရောင်ရမ်းခြင်း

အဓိပ္ပါယ်ဖွင့်ဆိုချက်Trench Mouth (ပြင်းထန်သွားဖုံး ပိုးဝင်ရောင်ရမ်းခြင်း) ဆိုတာဘာလဲ။ Trench Mouthဆိုတာ ပြင်းထန်စွာ သွားဖုံးရောင်ခြင်းတစ်မျိုးဖြစ်ပြီး နာကျင်စေခြင်း၊ ပိုးဝင်ခြင်း၊ သွားဖုံးသွေးထွက်ခြင်းနဲ့ အဖုအကြိတ်ပေါက်ခြင်း စတာတွေဖြစ်စေနိုင်ပါတယ်။ ဒီရောဂါကတော့ ဒီနေ့ခေတ်ရဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာဖြစ်တာရှားသွားပါပြီ။ အာဟာရလုံလောက်မှုမရှိဘဲ ဆင်းရဲတဲ့ လူနေထိုင်မှုဘဝတွေရှိတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာအဖြစ်များပါတယ်။ Necrotizing Ulcerative gingivitis (NUG) လို့သိကြတဲ့ ပြင်းထန်တဲ့သွားဖုံးရောင်နာဟာ သူ့ရဲ့ဒီနာမည်ပြောင်ကို ရလာခဲ့တဲ့အကြောင်းရင်းလည်းရှိပါတယ်။ ပထမကမ္ဘာစစ်တုန်းက ကတုတ်ကျင်း (trench) ထဲပိတ်မိနေတဲ့ စစ်သားတွေဟာ သူတို့သွားတွေကို သေချာဂရုမစိုက်တာကြောင့် ဒီရောဂါပြန့်ပွားခဲ့ရာက ဒီနာမည်ရလာခဲ့တာပါ။ ဒီရောဂါကတော့ အချင်းချင်းထိတွေ့ကိုင်တွယ်ရာကတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါမျိုးမဟုတ်ပါဘူး။ လက္ခဏာများTrench Mouth (ပြင်းထန်သွားဖုံး ပိုးဝင်ရောင်ရမ်းခြင်း) ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ Trench Mouth ရဲ့ ရောဂါလက္ခဏာတွေထဲမှာ • ပြင်းထန်တဲ့သွားဖုံးနာကျင်မှု • အနည်းငယ်ဖိမိတာတောင်မှ သွားဖုံးကသွေးထွက်ခြင်း • နီရဲနေတဲ့ သို့မဟုတ် ရောင်ရမ်းနေတဲ့ သွားဖုံး • […]


သွားဖုံးနှင့် ခံတွင်းရောဂါများ

သွားဖုံးရောင်ခြင်း

အဓိပ္ပါယ်ဖွင့်ဆိုချက်Gingivitis ဆိုတာဘာလဲ။ Gingivitis ဆိုတာ အဖြစ်များတဲ့ သွားဖုံးရောဂါအပျော့စားတစ်မျိုးပါ။ (periodontal disease) ။ ဒါက သွားဖုံးတွေ နာကျင်ရောင်ယမ်းပြီး နီရဲနေခြင်းတွေဖြစ်စေတတ်ပါတယ်။ gingivitis ဟာ အပျော့စားရောဂါဖြစ်တာကြောင့် သင့်မှာဖြစ်နေရင်တောင် သတိထားမိမှာမဟုတ်ပါဘူး။ ဒါပေမယ့် ဒီရောဂါကို အလေးအနက်ထားပြီးလျင်မြန်စွာကုသဖို့အရေးကြီးပါတယ်။ ဒီအခြေအနေကနေပြီး ပိုပြီးပြင်းထန်တဲ့ သွားဖုံးရောဂါတွေ(periodontitis)ဖြစ်ပွားစေနိုင်သလို နောက်ပိုင်းမှာ သွားတွေပါကျွတ်ထွက်သွားနိုင်ပါတယ်။ Gingivitis ဖြစ်ရတဲ့ အဖြစ်များဆုံးအကြောင်းရင်းကတော့ ခံတွင်းသန့်ရှင်းမှုအားနည်းခြင်းပါ။ ခံတွင်းကျန်းမာရေးအတွက် ကောင်းစေတဲ့အလေ့အထမျိုး ဥပမာ တစ်ရက်သွား၂ကြိမ်တိုက်ခြင်း၊ နေ့စဉ်သွားကြားထိုးခြင်း(ကြိုးကိုသုံးပြီး) နဲ့ ပုံမှန်သွားကျန်းမာရေးစစ်ဆေးခြင်းတွေက ဒီရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ လက္ခဏာများGingivitis ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ ကျန်းမာတဲ့သွားဖုံးတွေဟာ ပန်းရောင်ဖျော့လေးဖြစ်တတ်ပြီး တင်းရင်းနေတတ်ပါတယ်။ တကယ်လို့သွားဖုံးက ရောင်နေမယ်၊ အနီရင့်ရောင်ဘက်ကဲနေမယ်၊ အလွယ်တကူသွေးထွက်နိုင်မယ်ဆိုရင် သင့်မှာGingivitis ရှိနေနိုင်ပါတယ်။ ဒီရောဂါဟာ သင့်ကိုဘယ်တော့မှ နာကျင်စေမှာမဟုတ်တာကြောင့် သင်မသိလိုက်ဘဲ gingivitis ဖြစ်နေနိုင်ပါတယ်။ ရောဂါလက္ခဏာတွေကတော့ • […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်