(၄) မျက်နှာတစ်ခုလုံး သို့မဟုတ် နှာခေါင်းတစ်ခုတည်း ကွက်ပြီး နီရဲနေခြင်း
နေပူထဲကနေ ပြန်လာတာ ဒါမှမဟုတ် အရက်သောက်ထားတဲ့သူတွေမှာ မျက်နှာနီရဲနေတာ မထူးဆန်းပါဘူး။ အသားဖြူသူတွေမှာ ပိုလို့တောင် သိသာပါသေးတယ်။ ဒါပေမယ့် သင်ဟာ အရက်လည်း မသောက်ပါဘဲနဲ့ မျက်နှာကြီးတစ်ခုလုံး နီရဲနေမယ် ဒါမှမဟုတ် နှာခေါင်းတစ်ခုတည်းကွက်နီနေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသတိုင်ပင်သင့်ပါတယ်။ ဒါဟာ ရောဂါအခြေအနေတချို့ရဲ့ ရှေ့ပြေးလက္ခဏာဖြစ်နေနိုင်လို့ပါ။
(၅) ထိပ်ပြောင်၊ ထိပ်ကွက်ခြင်း
ဒီပြဿနာဟာလည်း အမျိုးသားတွေကို အထူးသဖြင့် ထိခိုက်စေပါတယ်။ အသက် ၃၅ကျော်လာတာနဲ့အမျှ သင့်ဆံပင်တွေ တဖြည်းဖြည်းပါးလာပြီး ထိပ်ပြောင်စပြုလာပါပြီ။ ဒါမှမဟုတ် ဆံပင်ဘေးလိုင်းနှစ်ခုက ပိုပါးလာပါပြီ။ မျိုးရိုးရှိသူတွေမှာ ပိုလို့တောင် ဖြစ်တတ်ပါသေးတယ်။ ဒါကြောင့် သင်ဟာ ထိပ်ပြောင်ထိပ်ကွက်ခြင်းကို မလိုလားသူ သက်လတ်ပိုင်းအမျိုးသားတစ်ဦးဆိုရင်တော့ ဆံပင်တွေ စတင်ပါးလာပြီဆိုတာနဲ့ သင့်တော်တဲ့ ကုသမှုတွေကို ခံယူသင့်ပါတယ်။
(၆) ခန္ဓာကိုယ်အနံ့အသက်ဆိုးခြင်း
အားကစားလှုပ်ရှားမှုတွေ ပြုလုပ်ထားတဲ့အချိန်နဲ့ တစ်နေကုန် လှုပ်ရှားသွားလာထားချိန်တွေမှာ သင့်တစ်ကိုယ်လုံး ချွေးတွေ ရွှဲနစ်နေပြီး အနံ့အသက်တွေလည်း ဆိုးနေနိုင်ပါတယ်။ ဒါဟာ မထူးဆန်းပါဘူး။ ဒီလို အနံ့အသက်ဆိုးရခြင်းရဲ့ အဓိကအကြောင်းရင်းက ချွေးတွေကြောင့် မဟုတ်ဘဲ ချွေးသံရဲရဲဖြစ်နေတဲ့ အရေပြားကို အသုံးချပြီး ပွားများကြီးထွားနေတဲ့ ဘက်တီးရီးယားတွေကြောင့်ပဲ ဖြစ်ပါတယ်။
ရေပုံမှန်ချိုးပေးခြင်း၊ မပျော့လွန်းမပြင်းလွန်းတဲ့ ရေချိုးဆပ်ပြာကို ပုံမှန် အသုံးပြုပေးခြင်း၊ ချွေးနံ့ပျောက်ဆေးများ အသုံးပြုခြင်းစတာတွေနဲ့ အနံ့အသက်ဆိုးခြင်း၊ ဘက်တီးရီးယားပွားများခြင်းတို့ကို တိုက်ထုတ်နိုင်ပါတယ်။ ဒါ့ပြင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငါးပိစတဲ့ အနံ့ပြင်းတဲ့ အစားအသောက်တွေကို ရှောင်ကြဉ်ရပါမယ်။
(၇) လိင်မှုရေးရာပြဿနာများ
ထုတ်မပြောကြပေမယ့် အမျိုးသားတွေရဲ့ သုံးပုံတစ်ပုံဟာ ပန်းသေပန်းညှိုးခြင်း၊ သုက်လွှတ်မြန်ခြင်း အစရှိတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။ ဆီးချို၊ နှလုံး၊ အာရုံကြောဆိုင်ရာ ပြဿနာများ၊ ဆေးလိပ်သောက်ခြင်း၊ သွေးလည်ပတ်မှုဆိုင်ရာပြဿနာများ အပါအဝင် အချို့သော ဆေးတွေဟာ ဒီပြဿနာတွေရဲ့ ရေသောက်မြစ်ဖြစ်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ပန်းသေပန်းညှိုးခြင်း၊ သုတ်လွှတ်မြန်ခြင်း စတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်နေရပြီဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံး တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
(၉) ဆီးကျိတ်ကြီးခြင်း
အမျိုးသားတွေ အသက်ကြီးလာတဲ့အခါ ပါးရေနားရေတွန့်ခြင်း၊ ဆံပင်ဖြူခြင်းစတာတွေကို ရင်ဆိုင်ရမယ့်အပြင် ဆီးကျိတ်ကြီးခြင်းကိုလည်း ကြုံတွေ့ရဖို့ ရာခိုင်နှုန်းအတော်များပါတယ်။ ဒီလို ဆီးကျိတ်ကြီးခြင်းဟာ အသက်၇၅နဲ့အထက် အမျိုးသားတွေရဲ့ ထက်ဝက်လောက်မှာ ဖြစ်ပွားလေ့ရှိပါတယ်။
ဆီးကျိတ်ကြီးလာတဲ့အခါ ဆီးအိမ်လည်တံအစွန်ကို ပိုမိုဖိညှစ်လာတာကြောင့် သင့်အနေနဲ့ ဆီးမကြာခဏသွားချင်လာပါတယ်။ ကံကောင်းတာက ဒီပြဿနာကို ကုသပေးနိုင်တဲ့၊ ရောဂါလက္ခဏာတွေကို လျှော့ချပေးနိုင်တဲ့ နည်းလမ်းတွေ အများအပြား ရှိပါတယ်။
အထက်မှာ ဖော်ပြခဲ့တဲ့ အချက်တွေက ကြီးငယ်မဟူ အမျိုးသားတွေမှာ ဖြစ်ပေါ်လာနိုင်တဲ့ ရုပ်ပိုင်းဆိုင်ရာပြဿနာတွေပဲဖြစ်ပါတယ်။ အချို့ပြဿနာတွေဟာ လူကြားသူကြားထဲမှာပဲဖြစ်ဖြစ်၊ မိမိလက်တွဲဖော်ချစ်သူနဲ့ အတူရှိနေချိန်မှာပဲဖြစ်ဖြစ် စိတ်မလုံခြုံမှုကို ဖြစ်စေတာမို့ ကြိုတင်ကာကွယ်သင့်ပါကြောင်း မျှဝေပေးလိုက်ရပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။