backup og meta

ပိုကြည့်ကောင်းလာအောင် နှင့် ပိုနေလို့ကောင်းအောင် ကူညီပေးနိုင်မည့် အမျိုးသားကျန်းမာရေး နည်းလမ်း ၁၀ မျိုး


Nadi မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပိုကြည့်ကောင်းလာအောင် နှင့် ပိုနေလို့ကောင်းအောင် ကူညီပေးနိုင်မည့် အမျိုးသားကျန်းမာရေး နည်းလမ်း ၁၀ မျိုး

    သင်စားသောအကျင့်က သင့်ကျန်းမာရေးနှင့်သင့်ပုံစံကိုများစွာသက်ရောက်မှုရှိသည်။ ထိုကြောင့် သင့်အစာပေါ်များစွာဂရုစိုက်သင့်သည်။ အောက်ပါဆယ်ချက်ကသင့်ကို ပိုကြည့်ကောင်းလာအောင် နှင့် ပိုနေလို့ကောင်းအောင် ကူညီပေးပါလိမ့်မယ်။

    ၁။ ဒဏ္ဍာရီဆန်တာမျိုးကိုမယုံပါနှင့်။

    မှော်ဆန်သောအစာ သို့မဟုတ် သင့်ခန္ဓါကိုယ်အတွက်လိုအပ်သည်ကိုတစ်ချက်နှင့်ပေးနိုင်သောအရာဆိုတာမျိုးမရှိပါ။ အမျိုးသမီးများကဲ့သို့ လူများက သူတို့၏အာဟာရကို အစားအသောက်အဖွဲ့မျိုးစုံမှရသည်။

    ၂။ ရနိုင်သည့် ကျန်းမာသောအစာကိုအမြဲစားပါ။

    သင်ရေခဲသေတ္တာကိုအသီးအရွက် အသား ပင်လယ်စာ အဆီနည်းသောဒိန်ချဉ် ကြက်ဥစသည်ဖြင့်အမြဲဖြည့်ထာပါ။

    ၃။ ကောက်စပါးပြည့်ဝသောစပါးကိုစားပါ။

    ကောက်စပါးတဝက်မဟုတ်သောအရာအစား ပြည့်ဝစွာပါသောအရာကိုစားပါ။ ပြည့်ဝကြောက်စပါးက ဗိုက်ဝစေရုံမက သင်အတွက်လိုအပ်သောအာဟာရများကိုပါပေးနိုင်သည်။ ပါမှန့်ဖြူ ဆန် နှင့် ပြန်တင်ထားသောစပါးများအစား ကောက်စပါးပြည့်ဝစွာပါသော ပါမှန့် ပါစတာ ဆန်အညို စသည်တို့ကိုစားနိုင်သည်။

    ၄။ အဆီကိုမစားပါနှင့်။

    အဆီများ သကြားထက်ထည့်ထားသောအစာများကိုရှောင်ပါ။ ကိတ် ကွတ်ကီး သကြာလုံရေခဲမှန့် စသည်တို့ကို မစားသင့်ပါ။ သေးသောပန်းကန်ဖြင့်စားပါ။

    ၅။ ရေဓါတ်ပြည့်ဝအောင်နေပါ။

    အချိုရည်သည် ယောက်ျားလေးများအစာတွင် တနေ့ ကယ်လိုရီ ၄၀၀ ထိတက်စေသည်။ ထို့ကြောင့် ကယ်လိုရီများသောအချိုရည် အရက်များကိုကန့်သတ်သောက်သင့်သည်။ သကြားများသောအရည်များကိုရှောင်ပါ။ ရေကိုသာသောက်သုံးသင့်သည်။

    ၆။ သင်လိုအပ်သည်ကိုရှာပါ။

    ယောက်ျားလေးများလိုအပ်ချက်က မိန်းကလေးနှင့်မတူနိုင်ပါ။ သင့်အသက် သင့်ခန္ဓါကိုယ်အလေးချိန်ပေါ်မူတည်ပြီး သင်လိုအပ်ချက်မျိုးစုံဖြစ်နိုင်သည်။ အွန်လိုင်းမှ သင့်အာဟာရလိုအပ်ချက်ကိုရှာဖွေခြင်း အစားအသောက်ပညာရှင်တို့ရှာဖွေတိုင်ပင်ခြင်းတို့လုပ်သင့်သည်။

    ၇။ ချက်ပြုတ်နည်းသင်ယူပါ။

    သင်စားသမျှကိုထိန်းနိုင်ရန် အိမ်တွင်ချက်ပြုတ်စားသောက်သင့်သည်။ အပြင်တွင်ထွက်စားခြင်းကို မရှောင်နိုင်ပါက ပါဝင်သော အာဟာရ သတင်းကိုစစ်ဆေးသင့်သည်။

    ၈။ တံဆိပ်ကိုသေချာလေ့လာပါ။

    အာဟာရပါဝင်နှုန်း ပါဝင်ပစ္စည်းများကိုသေချာဖတ်ပါ။ သကြား ပြည့်ဝဆီပါသောအစာကိုရှောင်ပါ။

    ၉။ တက်တက်ကြွကြွနေပါ။

    သင်ကျန်းမာရေးအတွက်ရော သင်စားသောက်မှုအတွက်ပါ အရေးပါသည်။ တနေ့ ၁၀မိနစ်ကစားခြင်းက သင်အားသိသာစေသည်။

    ၁၀။ သင်အစားအသောက်ညွန်ကြားချက်ကိုစစ်ဆေးပါ။

    သင်လိုအပ်ချက် သင်ကျန်းမာရေးအပေါ်မူတည်ပြီး အစားအသောက်ဇယားဆွဲပြီးစားပါ။

    သင့်အစားအသောက်ပုံစံကို ထိန်းပါ။ ကျန်းမာစွာ စားသုံးခြင်း ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းက သင်ကိုပိုနေရအဆင်ပြေပြီးကောင်းလာစေသည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Nadi မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement