တိုးတက်လာတဲ့ခေတ်ကြီးနဲ့အတူ ရောဂါတွေကလည်း ဆန်းပြားလာကြတယ်။ ကာကွယ်ကုသလို့ရတဲ့ ရောဂါတွေရော၊ ကာကွယ်ကုသဖို့ မဖြစ်နိုင်တဲ့ရောဂါတွေရောပေါ့။ ဒီရောဂါတွေထဲမှာ လူတစ်ဦးကနေတစ်ဦးကို အလွယ်တကူ လျင်လျင်မြန်မြန် ကူးစက်နိုင်တဲ့ ရောဂါတွေလည်း ပါဝင်နေတယ်။ ဒီရောဂါတွေကို လူငယ်တွေက ခံနိုင်ရည်ရှိနေပေမယ့် ကိုယ်တွေကို ငယ်စဉ်ကတည်းက ထိန်းကျောင်းပျိုးထောင်လာပေးခဲ့တဲ့ မေမေဖေဖေ၊ ဖိုးဖိုးဖွားဖွားတို့ကတော့ ဒီရောဂါတွေကို ခံနိုင်ရည်နည်းနေပါပြီ။