ကိုဗစ် တကျော့ပြန်ခေါင်းမထောင်လာစေဖို့ဆိုရင်
တတ်နိုင်သမျှ အိမ်ထဲမှာနေပါ – မလိုအပ်ဘဲ အိမ်အပြင်မထွက်ကြပါနဲ့ဦးလို့ ပြောပါရစေ။ အကြောင်းကတော့ ရောဂါဖြစ်ပွားမှုနှုန်း ကျသွားတာက ကိုဗစ် ကင်းစင်သွားပြီလို့ ဆိုလိုတာမဟုတ်တာကြောင့်ပါ။
လူစုလူဝေးရှောင်ပါ – မလိုအပ်ဘဲ စုဝေးမှုတွေ မလုပ်ပါနဲ့ဦး။ ပွဲလမ်းသဘင်တွေသွားတာ၊ ဘားဆိုင်တွေ သွားတာမျိုး၊ မလိုအပ်ဘဲ စုဝေးမှုတွေမလုပ်ပါနဲ့။
နှာခေါင်းစည်း တပ်ပါ – ရာသီဥတုက ပူနေတယ်ဆိုပေမယ့် ရောဂါဖြစ်ပွားမှုကို ကာကွယ်ဖို့ အပြင်သွားတိုင်းမှာ နှာခေါင်းစည်းကို မဖြစ်မနေတပ်ဆင်ကြပါ။ ကိုယ်တိုင်ကိုရော ပတ်ဝန်းကျင်ကိုပါ ကိုဗစ် အန္တရာယ်ကနေ ကာကွယ်ရာရောက်ပါတယ်။
လက်ဆေးပါ – အပြင်ကပြန်လာတိုင်း၊ အစားမစားခင်၊ စားစရာတွေကို ကိုင်တွယ်ချက်ပြုတ်ခြင်း မပြုမီနဲ့ ညစ်ပေတဲ့အရာတွေကို ထိတွေ့ပြီးတိုင်း လက်ဆေးပါ။ လက်ဆေးတာက အထိရောက်ဆုံး ကာကွယ်မှုဆိုတော့ လက်ဆေးတာကို မပျင်းပါနဲ့နော်။
ပါဆယ်သာ ဝယ်ယူပါ – အစားအသောက်တွေကို ဆိုင်မှာ ထိုင်စားခွင့်မပြုတာကြောင့် ပါဆယ်ဝယ်ယူမှုကိုသာ လုပ်ဆောင်နေခဲ့ကြတာပါ။ တကယ်လို့ ဆိုင်တွေက ထိုင်စားလို့ ရပြီဆိုရင်တောင်မှာ ကိုဗစ်ရဲ့ တကျော့ပြန်အန္တရာယ်ကို ကာကွယ်ဖို့ ပါဆယ်သာ ဝယ်ယူစားသုံးကြပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။