backup og meta

အသင့်စားခေါက်ဆွဲ များကိုပိုမိုအာဟာရပြည့်ဝအောင်ပြုလုပ်နည်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 30/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသင့်စားခေါက်ဆွဲ များကိုပိုမိုအာဟာရပြည့်ဝအောင်ပြုလုပ်နည်းများ

    အသင့်စားခေါက်ဆွဲ (သို့မဟုတ်) ခေါက်ဆွဲခြောက်ထုပ်များသည် ကောလိပ်ကျောင်းသားများ၊ မိမိဝမ်းမိမိ ကျောင်းနေရသောကျောင်းသားများနှင့် တစ်နေကုန်အလုပ်လုပ်ပြီး အစားအစာချက်ပြုတ်ရန် အချိန်မရှိသူများအတွက် အရသာရှိသော အဓိကအစားအစာဖြစ်လာသည်။

    ခေါက်ဆွဲခြောက်တွေရဲ့ အားသာချက်ကလည်း စားသောက်ဖို့ ပြင်ဆင်ချိန် အလွန်တိုတောင်းခြင်း၊ အလွန်လွယ်ကူစွာ ပြလုပ်စားသုံးနိုင်ခြင်းတို့ဖြစ်ခြင်းကြောင့် တဖြည်းဖြည်းနှင့် အသင့်စားခေါက်ဆွဲတွေအပေါ် လူတွေရဲ့ မှီခိုမှု၊ အားကိုးမှု ပိုမို များပြားလာခဲ့ခြင်းဖြစ်ပါသည်။

    တာရှည်ခံအောင် ပြုလုပ်ထားရသည် ဖြစ်၍ အချို့သော ပါဝင်ပစ္စည်းများမှာ လူတွေအတွက် ကျန်းမာရေးကို အနည်းနဲ့အများတော့ ထိခိုက်စေနိုင်သည်ဖြစ်သော်လည်း လူအတော်များများ ဂရုထားကြခြင်း မရှိကြပါ။ ထို့အပြင် ဗိုက်ပြည့်ရုံ အဆာပြေရုံသာ အဆင်ပြေ၍ လူတစ်ယောက်အတွက် နေ့စဉ်လိုအပ်သော အာဟာရပမာဏကို ၎င်းအသင့်စားခေါက်ဆွဲခြောက်ထုပ်များက ဖြည့်တင်းပေးနိုင်မည်လည်း မဟုတ်ပါ။

    သို့သော်လည်း အသင့်စားခေါက်ဆွဲတွင် ပါဝင်သည့် အာဟာရဆိုင်ရာအချက်အလက်များ ကို သင်လေ့လာဖူးပါသလား။ အသင့်စားခေါက်ဆွဲတွင် ပါဝင်သောဆားသည် ခန္ဓာကိုယ်အတွက် လိုအပ်သောပမာဏထက်ပိုသည်။ ဆားနှင့် ပြည့်ဝဆီ တို့ပါဝင်နေပြီး အမျှင်ဓာတ်မပါရှိပါ။

    ထို့ကြောင့် ကျန်းမာရေးနှင့်ညီညွတ်အောင်မည်သို့ပြုလုပ်မည်နည်း။ သင့်တွင် အသင့်စားခေါက်ဆွဲသာစားဖို့ရှိပါက အောက်ပါ လွယ်ကူသော နည်းလမ်းကောင်းများက သင့်ကို ပိုမို အာဟာရပြည့်ဝစေပြီး ကျန်းမာရေးနှင့် ညီညွတ်စေဖို့ ကူညီပေးနိုင်ပါလိမ့်မည်။

    ဆက်လက် လေ့လာ ကြည့်ပြီး လိုက်နာကြပါစို့။

    အသင့်စားခေါက်ဆွဲ ကို အာဟာရဖြည့်ပေးနိုင်မယ့် နည်းလမ်းကောင်းတွေက ဘာတွေလဲ

    အသင့်စားခေါက်ဆွဲထုပ်တွင် ပါရှိသည့်အထုပ်ကလေးများကို မဖြစ်မနေသုံးရန်မလိုပါ။ ထိုအထုပ်များထဲတွင် ခန္ဓာကိုယ်က လိုအပ်သောပမာဏထက်ပိုသော ဆားများပါဝင်နေသည်။ ထိုအထုပ်လေးများကို မသုံးဘဲ ချက်စရာမလိုသော နှမ်းဆီ၊ပဲပိစပ်ဆော့စ်နှင့်ငါးတို့စရာတို့ကိုအသုံးပြုပါ။ သင် ရွေးချယ်သောဟင်းခပ်အစားအစာ၏ ဆားပါဝင်မှုကိုတော့အမြဲသတိပြုပါ။

    သင့်ခေါက်ဆွဲပန်းကန်ကို အရောင်စုံအောင်ပြုလုပ်ပါ။ ဟင်းသီးဟင်းရွက်များကိုခြောက်အောင် ပြုလုပ်ထားသောအမှုန့်ထုပ်လေးများကိုမသုံးဘဲ လတ်ဆတ်သောဟင်းသီးဟင်းရွက်များ(ဥပမာ- မှို၊ဟင်းနုနွယ်၊မုန်လာဥနီ၊ပင်စိမ်း၊ငရုတ်သီးနှင့်တရုတ်နံနံ)ကိုအသုံးပြုပါ။

    ထို ဟင်းသီးဟင်းရွက်များသည် သင့်ခန္ဓာကိုယ်အတွက် လိုအပ်သောအာဟာရဓာတ်များဖြစ်သည့် ပိုတက်ဆီယမ်၊ အမျှင်ဓာတ်၊ဗီတာမင်အေနှင့် ဗီတာမင်စီတို့ကိုပေးစွမ်းနိုင်သည်။

    ပရိုတိန်းဓာတ်ဖြည့်စွက်ပါ

    သင်၏ခေါက်ဆွဲကို အာဟာရနှင့်ပိုမိုပြည့်စုံစေရန် ကြက်ဥဖောက်ထည့်ခြင်း၊ ကြက်ဥမွှေကြော်ရောထည့်ခြင်း၊ ကြက်ဥကိုရေကြော်လုပ်ခြင်း၊ ကြက်ဥကြော်ထဲ ရေထည့်စားခြင်းတို့လည်းပြုလုပ်နိုင်သည်။

    ကြက်ဥမကြိုက်ပါက ဝက်သားကိုအဆီမပါအသားချည်း ပါးပါးလှီးထည့်ခြင်း၊ ကြက်သားနှင့် အမဲသားထည့်စားခြင်းတို့လည်းလုပ်ပေးနိုင်သည်။ အနံ့အရသာနှင့် ပြည့်စုံစေရန် ရာသီပေါ်အသားတစ်မျိုးမျိုးကို ဆီနည်းနည်းနှင့် မွှေးအောင်ဆီသတ်ပြီးခေါက်ဆွဲထဲထည့်စား၍လည်းရသည်။

    ခေါက်ဆွဲမွှေကြော်လုပ်၍ စားခြင်း

    အသင့်စားခေါက်ဆွဲ ပြုတ်ပူပူကိုမစားချင်ပါက ခေါက်ဆွဲမွှေကြော်လုပ်စား၍ လည်းရသည်။ ခေါက်ဆွဲကိုရေဆူဆူတွင် တစ်မျှင်ချင်းစီဖြစ်ပြီး နူးညံ့သွားသည်အထိပြုတ်ပါ။ ထို့နောက် ဟင်းသီးဟင်းရွက်ဆီကို အသုံးပြု၍ ဒယ်အိုးကို မီးအပူပေးပြီး ခေါက်ဆွဲမွှေကြော်လုပ်ပါ။

    ထို့နောက်အသီးအရွက်များကိုနုတ်နုတ်စင်း၍ထည့်ပါ။ အသားလွှာနှင့်တိုဖူးတို့လည်းထည့်ပေး၍ရသည်။ နောက်ဆုံးတွင် ဆားနှင့်ငရုတ်ကောင်းအနည်းငယ်ထည့်ပြီး အနည်းငယ်စပ်အောင်ပြုလုပ်ပါ။ ပဲပိစပ်ဆော့စ်၊နှင့်ငရုတ်ရည် ပျစ်ပျစ်တို့ကိုလည်းအသုံးပြုနိုင်သည်။

    သင်ချက်ပြုတ်သောခေါက်ဆွဲဟင်းလျာထဲသို့ထည့်လိုက်သော ဆားနှင့်သကြားပမာဏကိုတော့အမြဲသတိပြုပေးပါ။

    အာဟာရပြည့်ဝမှ ကျန်းမာပျော်ရွှင်တဲ့ ဘဝကို လျှောက်လှမ်းနိုင်မှာဖြစ်လို့ တတ်နိုင်သမျှတော့ နေ့စဉ်အစားအသောက်တွေမှာ ကစီဓာတ်၊ အမျှင်ဓာတ်၊ အသားဓာတ်၊ ဗီတာမင် နှင့် သတ္ထုဓာတ်၊ နို့ ၊ ပဲအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံ ၊ အစေ့ အဆန် စသည်ဖြင့် စုံလင်အောင် စားပေးဖို့လိုပါတယ်။

    ဒါပေမဲ့ အပေါ်မှာဆိုခဲ့သလို တချို့အခြေအနေတွေမှာတော့ အသင့်စား ခေါက်ဆွဲတွေက ကျွန်တော်တို့အတွက် အားကိုးစရာ အစားအသောက်တစ်ခုအဖြစ် ဆက်တည်ရှိနေဦးမှာပါပဲ။

    ဒီတော့ ခေါက်ဆွဲခြောက်ထုပ် တွေ စားနေရပေမဲ့လည်း အထက်မှာ ပြောပြခဲ့တဲ့ နည်းလမ်းလေးတွေသုံးပြီး တတ်နိုင်သမျှ အာဟာရပြည့်ဝ စုံလင်အောင် ဖြည့်တင်းပေးမယ်ဆိုရင် အကောင်းဆုံးပါလို့ တိုက်တွန်းလိုက်ပါရစေနော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Aye Thi Mon မှ ရေးသားသည်။ · 30/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement