ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက လူအများကြားမှာစိုးရိမ်မှုမြင့်တက်စေနေတဲ့ ဝူဟန်မြို့ကနေအစပြုခဲ့တဲ့Coronavirus နဲ့ ပတ်သက်ပြီး ဖေ့ဘုတ်ခ်ပေါ်မှာ ထွက်ပေါ်နေတဲ့ သတင်းအမှားတွေကို ဆိုရှယ်မီဒီယာတွေအသုံးပြုပြီး ဖြေရှင်းမှုတွေလုပ်ဆောင်နေပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးဟာ အချိန်နဲ့အမျှ Coronavirus နဲ့ပတ်သက်ပြီး လူအများကြားမှာ ပြန့်နှံ့နေတဲ့ သတင်းအမှားတွေကို အကောင်းဆုံးဖြေရှင်းဖို့ ကြိုးစားနေပါတယ်။