home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ကိုယ်ပူတိုင်း COVID_19 လား………………….

ကိုယ်ပူတိုင်း COVID_19 လား………………….

ကိုယ်တွေပူတယ်။ ချောင်းတွေ ဆိုးတယ်၊ နှာချေတယ်ဆိုရင် လူတိုင်းက စိုးရိမ်ထိတ်လန့်တဲ့ ပုံစံနဲ့လှမ်းကြည့်တတ် ကြပါတယ်။ ခန္ဓာကိုယ် အပူချိန် မြင့်တက်တယ်ဆိုတာက ကိုယ်ခံအားက ပြင်ပက ဝင်ရောက်လာတဲ့ ရောဂါပိုးတွကို အပြင်းအထန် ခုခံတိုက်ခိုက်နေတဲ့ သဘောပါ။ ဒီတော့ ကိုယ်ပူလာတဲ့အခါ ငါများ COVID_19 ဖြစ်နေပြီလား ဆိုတဲ့ စိုးရိမ်စိတ်လေး ကင်း​ကြစေဖို့ ကိုယ်မှာဖြစ်တဲ့ လက္ခဏာတွေက ဘာကြောင့်လဲဆိုတာကို ဆန်းစစ်ကြည့်ရအောင်လား…………

ဘယ်အချိန်မှာ ကိုယ်ပူနေပြီလို့ပြောနိုင်မလဲ………..

ခန္ဓာကိုယ် အပူချိန်က လူတစ်ယောက်နဲ့တစ်ယောက်မှာ ကွာခြားနိုင်ပါတယ်။ ဒါပေမယ့် ခန္ဓာကိုယ်ရဲ့ ပုံမှန်ချိန်ကတော့ ၉၈.၆ ဒီဂရီဖာရင်ဟိုက် ရှိပါတယ်။ တစ်နေ့တာမှာ စားသောက်တာ၊ အိပ်စက်တာနဲ့ လုပ်ဆောင်တဲ့ လှုပ်ရှားမှုတွေအပေါ်လိုက်ပြီး ကိုယ် အပူချိန်က ပြောင်းလဲနိုင်ပါတယ်။

ပုံမှန်အားဖြင့် ခန္ဓာကိုယ် အပူချိန်က ညနေ ၆ နာရီ ဝန်းကျင်မှာ အမြင့်ဆုံး အခြေအနေကို ရောက်နေတတ်ပြီး မနက်ခင်း ၃ နာရီအချိန်မှာ အနိမ့်ဆုံး အခြေအနေကိုရောက်နေတတ်ပါတယ်။

ခန္ဓာကိုယ် အပူချိန်က ၉၉ ဒီဂရီဖာရင်ဟိုက်၊ ၁၀၀ ဒီဂရီဖာရင်ဟိုက် နဲ့ ၁၀၀ ဒီဂရီဖာရင်ဟိုက် အထက်ဆိုရင် ကိုယ်ပူနေပြီ၊လို့ ပြောပါရစေ။

ဘာတွေကများ ကိုယ်ပူစေနိုင်လဲ………..

ခန္ဓာကိုယ် အပူချိန်ကို မြင့်တက်စေတဲ့အချက်က တစ်ခု မကရှိပါတယ်။

ဘေဘီလေးတွေမှာဆိုရင် အခုပြောခဲ့တဲ့ အခြေအနေတွေအပြင် ကာကွယ်ဆေးထိုးပြီးချိန် နဲ့ သွားပေါက်တဲ့အခါမျိုးတွေမှာ ကိုယ်အပူချိန်ရှိနိုင်ပါတယ်။

ဘယ်လို အခြေအနေမှာ အဖျားတာရှည်နိုင်လဲ………….

ပုံမှန်အားဖြင့်တော့ အဖျားက တာရှည်လေ့မရှိပါဘူး။ တကယ်လို့ အဖျားက ဗိုင်းရပ်စ် ကူးစက်ခံရတာ ဒါမှမဟုတ် ဘက်တီးရီးယား ကူးစက်ခံရတာကြောင့် ဖြစ်မယ်ဆိုရင်တော့ အဖျား တာရှည်နိုင်ပါတယ်။

COVID_ 19 ​ကြောင့်ဖြစ်တဲ့ ကိုယ်ပူတာနဲ့ ရိုးရိုး ကိုယ်ပူတာ ဘာကွာခြားလဲ…………….

ရုတ်တရက် ခွဲရခက်နိုင်တဲ့ အဖြစ်များတဲ့ ကိုယ်ပူရခြင်း အကြောင်းအရင်းတွေကို သတိထားလို့ရစေဖို့ ပြောပြပေးမယ်နော်။

အအေးမိ

အအေးမိတဲ့အခါ အဖြစ်များတဲ့ လက္ခဏာအနေနဲ့

ဒါတွေအပြင် ရံဖန်ရံခါမှာ

ရာသီတုပ်ကွေး

  • ကိုယ်ပူမယ်
  • ချမ်းတုန်မယ်
  • ချောင်းဆိုးမယ်
  • ခေါင်းကိုက်မယ်
  • ခြေကုန်လက်ပန်းကျမယ်
  • ကိုယ်လက်တွေ ကိုက်ခဲမယ်။

ဒါတွေအပြင် ရံဖန်ရံခါမှာ

  • နှာချေမယ်
  • နှာစေးမယ်
  • နှာရည်ကျမယ်
  • လည်ချောင်းနာမယ်
  • မအီမသာဖြစ်မယ်
  • ဝမ်းသွားမယ် စတာမျိုးတွေ ခံစားရနိုင်ပါတယ်။

ဓာတ်မတည့်

  • နှာစေးမယ်
  • မျက်လုံး၊ နှာခေါင်း၊ အရေပြားတွေ ယားယံမယ်
  • နှာရည်ကျမယ်။

ဒါတွေအပြင် ရံဖန်ရံခါမှာ

  • အသက်ရှူတဲ့အခါ တရွှီရွှီ မြည်မယ်
  • အသက်ရှူတာ ပြတ်တောင်း ပြတ်တောင်းဖြစ်မယ်
  • ခြေကုန်လက်ပန်းကျမယ် စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

အပူလျှပ်

  • ခန္ဓာကိုယ်အပူချိန်က ၁၀၀.၃ ဒီဂရီဖာရင်ဟိုက် (သို့မဟုတ်) ၁၀၀.၃ ဒီဂရီဖာရင်ဟိုက်ထက် ပိုများနေမယ်
  • နှလုံးခုန်မြန်နေမယ်
  • ချွေးမထွက်ဘဲဖြစ်နေမယ်
  • အသက်ရှူရခက်နေမယ်
  • စိတ်ရှုပ်ထွေးနေမယ်
  • ဆီးသွားနည်းမယ်
  • ဆီးအရောင်ရင့်မယ်

ဒါတွေအပြင် ရံဖန်ရံခါမှာ

COVID_19

ခန္ဓာကိုယ်ထဲကို ဗိုင်းရပ်စ်ရောက်ရှိပြီး ၂ ရက်နေ ၁၄ ရက်အတွင်းမှာ ရောဂါ လက္ခဏာတွေ ပြနိုင်ပါတယ်။

  • အဖျားရှိမယ်
  • ချောင်းခြောက်ဆိုးမယ်
  • ခြေကုန်လက်ပန်းကျမယ်
  • အသက်ရှူကျပ်မယ်
  • မောမယ်

ဒါတွေအပြင် ရံဖန်ရံခါမှာ

  • ဝမ်းသွားတာ
  • ကြွက်သားတွေ၊ အဆစ်တွေ နာကျင်ကိုက်ခဲတာ
  • နှာခေါင်းပိတ်တာ
  • နှာစေးတာ
  • လည်ချောင်းနာတာတွေ ခံစားရနိုင်ပါတယ်။

အခုလို အခြေအနေဆို ဆရာဝန်နဲ့ ချက်ချင်းပြသပါ

တကယ်လို့ ကိုယ်ပူတာနဲ့အတူ

  • အသက်ရှူရခက်နေမယ်
  • အသက်ရှူတာ ပြတ်တောင်း ပြတ်တောင်းဖြစ်နေမယ်
  • ရင်ဘတ်ထဲက အောင့်နေမယ်
  • ရင်ဘတ်ထဲမှာ ကြပ်နေမယ်
  • အိပ်ရာထဲက မထနိုင်ဖြစ်နေမယ်
  • မျက်နှာနဲ့ နှုတ်ခမ်းတွေ ပြာနှမ်းနေမယ် ဆိုရင် နီးစပ်ရာက COVID_19 ကို ကုသမှုပေးနေတဲ့ ကုသရေးဌာနတွေကို အမြန်ဆုံးအကြောင်းကြား သွားရောက်ပါ။

ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုထိရောက်ပါသည်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

Coronavirus (COVID-19) https://www.cdc.gov/coronavirus/2019-ncov/index.html Accessed Date 12 April 2020

Not Sure You Have COVID-19? Here Are the Symptoms for Coronavirus, Flu, and Allergies https://www.healthline.com/health-news/flu-allergies-coronavirus-different-symptoms Accessed Date 12 April 2020

Coronavirus disease (COVID-19) Pandemic https://www.who.int/emergencies/diseases/novel-coronavirus-2019 Accessed Date 12 April 2020

Fever in Adults and Children https://www.medicinenet.com/aches_pain_fever/article.htm Accessed Date 12 April 2020

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 3 ပတ် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။