COVID-19 ဖြစ်ပွားနေချိန်မှာ ကလေးမွေးဖွားကြမယ့် မေမေတွေ သိချင်နေမယ့်မေးခွန်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020
Share now

ကမ္ဘာ့ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က ထုတ်ပြန်ကြေညာထားတဲ့ COVID_19 ဖြစ်ပွားနေချိန်မှာ သာမန်လူတွေတောင် စိုးရိမ်နေတယ်ဆိုရင် ဘေဘီလေးကို လွယ်ထားရတဲ့ မေမေတွဆို ပိုကြောက်နေနိုင်ပါတယ်။ ကြောက်ရွံ့မှုနဲ့အတူ မေးချင်နေမယ့် မေးခွန်းတွေလည်း ရှိနေလောက်ပါတယ်။ ဒီမေးခွန်းတေါထဲကမှ မေမေတွေ သိချင်နေလောက်မယ့် မေးခွန်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ကိုယ်ဝန်ဆောင်မေမေတွေ မေးချင်နေလောက်မယ့် မေးခွန်းများ

ကိုယ်ဝန်ဆောင်နေချိန်က မေမေရော ဘေဘီလေးအတွက်ပါ အရေးကြီးပါတယ်။ ဒီအရေးအကြီးဆုံးအချိန်မှာ COVID_19 ကို ကြောက်ရွံ့နေတဲ့ မေမေတို့အနေနဲ့ စိုးရိမ်နေတာတွေက ဖြစ်နိုင်ခြေရှိလားဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

ကိုယ်ဝန်ဆောင်မေမေတွေက အခြားသူတွေထက် COVID_19 ကူးစက်ခံရနိုင်ခြေ ပိုများနေသလား………..

ဒီကိစ္စကို အတိအကျ အဖြေထုတ်နိုင်ဖို့ သုတေသနေတွေလုပ်ဆောင်နေပါတယ်။ COVID_19 ကလူတိုင်းကို ကူးစက်နိုင်သလို ကိုယ်ဝန်ဆောင် မေမေတို့ကိုလည်း ကူးစက်နိုင်ပါတယ်။ အခုထိတော့ COVID_19 က ကိုယ်ဝန်ဆောင်မေမေတွေမှာ အခြားသူထက် ကူးစက်နိုင်ခြေ ပိုများသလားဆိုတာကတော့ အတိအကျပြောနိုင်ဖို့ခက်ပါမယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ မေမေတွေက ပုံမှန်ထက် ကိုယ်ခံအား ပိုနည်းနေတတ်တာကတော့ အမှန်ပါ။ ဒါကြောင့် အကောင်းဆုံးကတော့ ကာကွယ်ဖို့ပါ။

ကိုယ်ဝန်ဆောင်မေမေအနေနဲ့ COVID-19 ကူးစက်မှုကနေ ကာကွယ်နိုင်သလား……..

ကိုယ်ဝန်ဆောင်မေမေတွေအနေနဲ့လည်း အခြားသူတွေနည်းတူ ဒီရောဂါဆိုးကြီး အန္တရာယ်ကနေ ကာကွယ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်မေမေတို့အနေနဲ့ COVID_19 အန္တရာယ်ကနေ ကာကွယ်ဖို့ဆိုရင်

  • မကြာခဏ လက်ကို ဆပ်ပြာနဲ့ရေသုံးပြီး ဆေးကြောသန့်စင်ပါ။ ရေမလွယ်ဘူးဆိုရင် အယ်လ်ကိုဟော ၆၀ ရာခိုင်နှုန်းပါတဲ့ ရေမလိုလက်သန့်ဆေးရည်အသုံးပြုပြီး ဆေးကြောသန့်စင်ပါ။
  • လူထူထပ်တဲ့နေရာတွ၊ လူစုလူဝေးနေရာတွေကို မသွားပါနဲ့။
  • မျက်လုံး၊ နှာခေါင်း နဲ့ ပါးစပ်တို့ကို လက်နဲ့မထိပါနဲ့
  • ချောင်းဆိုး၊ နှာချေတဲ့အခါ ပါးစပ်နဲ့နှာခေါင်းကို တစ်သျှူးနဲ့ အုပ်ပါ။ ပြီးတာနဲ့ တစ်သျှူးကို အမှိုက်ပုံးထဲ သေချာစွာစွန့်ပစ်ပါ။
  • တကယ်လို့ အဖျားရှိမယ်၊ ချောင်းဆိုးမယ်၊ အသက်ရှူရခက်ခဲမယ်ဆိုရင် ချက်ချင်း ကုသမှုခံယူပါ။

ကိုယ်ဝန်ဆောင်မေမေအနေနဲ့ COVID_19 ကို စစ်ဆေးမှုလုပ်သင့်လား………

ဒါကတော့ ကိုယ်ဘယ်မှာနေထိုင်သလဲဆိုတဲ့ အပေါ်မူတည်ပါတယ်။ ရောဂါကူးစက်ခံထားရသူနဲ့ ထိတွေ့မိတာ၊ ရောဂါကူးစက်ဖြစ်ပွားနေတဲ့ ဒေသမှာ နေထိုင်တာမျိုးဆိုရင်တော့ စစ်ဆေးသင့်ပါတယ်။

ဒီလိုမှမဟုတ်ဘဲ ရောဂါလက္ခဏာတွေ ရှိနေမယ်ဆိုရင်လည်း စစ်ဆေးသင့်ပါတယ်။ ပုံမှန်အတိုင်းကတော့ စစ်ဆေးဖို့ မလိုပါဘူး။

COVID-19 က မိခင်ကနေ ကလေးဆီကို ကူးစက်နိုင်လား……………..

COVID-19 ကမိခင်ကနေ ကလေးဆီကို ကူးစက်နိုင်သလားဆိုတာကို အခုထိ တိတိကျကျ မသိရသေးပါဘူး။ ဒီလိုကူးစက်မှု့ ကိုယ်ဝန်လွယ်ထားရချိန်မှာလား ၊ မွေးဖွားစဉ်မှာလားဆိုတာကိုလည်း တိတိကျကျ မသိရသေးပါဘူး။ ဒီဗိုင်းရပ်စ်ကို အခုချိန်ထိ ရေမြွှာရည်နဲ့ မိခင်နို့ထဲမှာ ရှင်သန်နိုင်တယ်၊လို့ မတွေ့ရသေးပါဘူး။

မိခင်က COVID_19 ကူးစက်ခံထားရရင် ခွဲမွေးဖို့လိုမလား………….

မလိုပါဘူး။ WHO က ခွဲမွေးတယ်ဆိုတာက မွေးဖွားဖို့ ခက်ခဲတဲ့ အခြေအနေမျိုးမှာမှ လိုအပ်မှာပါ။ မိခင်က ရောဂါပိုး ကူးစက်ခံထားရတယ်ဆိုရင်တောင် ရိုးရိုးမွေးဖွားနိုင်မယ်ဆိုရင် မွေးဖွားလို့ရပါတယ်။ လိုအပ်မယ်ဆိုရင် ဆရာဝန်က ခွဲမွေးဖို့ ညွှန်ကြားပါလိမ့်မယ်။

မိခင်က COVID_19 ကူးစက်ခံထားရရင် ကလေးကို နို့တိုက်လို့ရပါ့မလား………

ရပါတယ်။ မိခင်က COVID_19 ကူးစက်ခံထားရပေမယ့် ဆန္ဒရှိရင် ကလေးကို နို့တိုက်လို့ရပါတယ်။ ဒါပေမယ့်

  • နို့ချိုတိုက်ကျွေးနေတဲ့အခါ နှာခေါင်းစည်း တပ်ဆင်ရပါမယ်
  • ကလေးကို မချီခင် လက်ကို သေချာစင်ကြယ်စွာ ဆေးကြောရပါမယ်
  • မကြာခဏဆိုသလို ကိုင်တွယ်ထိတွေ့တဲ့အရာတိုင်းကို ပိုးသတ် သန့်စင်ရပါမယ်။

မိခင်က COVID_19 ကူးစက်ခံထားရရင် ကလေးကို ချီလို့ရပါ့မလား………..

ရပါတယ်။ ဒါပေမယ့် ကလေးကို ရောဂါပိုး မကူးစက်စေဖို့အတွက်ဆိုရင် မေမေအနေနဲ့

  • နို့ချိုတိုက်ကျွေးနေတဲ့အခါ နှာခေါင်းစည်းတပ်ဆင်ရပါမယ်
  • ကလေးကို မချီခင် လက်ကို သေချာစင်ကြယ်စွာ ဆေးကြောရပါမယ်
  • မကြာခဏဆိုသလို ကိုင်တွယ်ထိတွေ့တဲ့အရာတိုင်းကို ပိုးသတ် သန့်စင်ရပါမယ်
  • နှာချေ၊ချောင်းဆိုးတဲ့အခါ ပါးစပ်နဲ့နှာခေါင်းကို တစ်သျှူးစနဲ့သေချာ အုပ်ပြီး၊ တစ်သျှူးစကို အမှိုက်ပုံးထဲ စွန့်ပစ်ပါ။ လက်ကို သေချာ စင်ကြယ်စွာ ဆေးကြောပါ။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

COVID-19 Outbreak updates
Country: Myanmar
Data

202

Confirmed

62

Recovered

6

Death
Distribution Map

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

COVID-19 နှင့် ကမ္ဘာ့ကပ်ရောဂါဆိုးကြီးများ

COVID-19 ကမ္ဘာ့ကပ်ရောဂါ အသက်ရှူလမ်းကြောင်း ကိုရိုနာ ဗိုင်းရပ်စ် Quarantine လူစုလူဝေး အသက်ရှူကြပ်ခြင်း လက်ဆေး ရောဂါကူးစက်ခံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

နှာခေါင်းစည်း တပ်တာ ဘာကြောင့် နှာခေါင်းဖော်ထားတာလဲ

နှာခေါင်းစည်း mask တပ်နည်း နှာခေါင်း ပါးစပ် အသက်ရှူလမ်းကြောင်း ကာကွယ်မှု Covid-19 virus ကိုဗစ် ကိုရိုနာ အဆုတ်ရောင် ရောဂါကူးစက်မှု ကာကွယ်ရေး ကပ်ရောဂါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

ကလေးရဲ့ အစာခြေစနစ် နဲ့ ကိုယ်ခံအားကို အားဖြည့်ပေးမယ့် အရာတွေက ဘာတွေများလဲ…….

မေမေ မိခင်ဘဝ ကလေး ကိုယ်ခံအား အာဟာရ မှတ်ဉာဏ် ဦးနှောက် အမြင်အာရုံ အစာခြေစနစ် အကျိုးပြုဘက်တီးရီးယား လေနာ ဝမ်းပျက်ဝမ်းလျှော အာဟာရဓာတ်​ DHA

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

အာလူး နဲ့ ကျန်းမာရေး

ကျန်းမာရေး ကယ်လ်လိုရီ သစ်သီး နဲ့ ဟင်းသီးဟင်းရွက် အမျှင်ဓာတ် အာလူး အရိုး အရိုးပွ ကော်လာဂျင် ကျန်းမာရေး ပြဿနာ သွေးပေါင် သွေးစီးဆင်းမှု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

စားလို့ကောင်းတဲ့ ချဉ်ပေါင်ရွက်ကို ဘယ်လိုချက်ချက် ကြိုက်တဲ့သူလေးတွေ ရှိလား………..

စားလို့ကောင်းတဲ့ ချဉ်ပေါင်ရွက်ကို ဘယ်လိုချက်ချက် ကြိုက်တဲ့သူလေးတွေ ရှိလား………..

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မေ 26, 2020
ဘေဘီလေးကို ဘယ်အချိန်မှာ ချောကလက် စကျွေးမလဲ။

ဘေဘီလေးကို ဘယ်အချိန်မှာ ချောကလက် စကျွေးမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မေ 26, 2020
မျက်စိအောင့်တာမျိုး မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ။

မျက်စိအောင့်တာမျိုး မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် မေ 25, 2020
ကလေးများ နို့အန် တဲ့အခါ

ကလေးများ နို့အန် တဲ့အခါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် မေ 25, 2020