COVID-19 ကြောင့် အိမ်ကနေ အလုပ်လုပ်ကြမယ့်သူတွေအတွက် အကြံဉာဏ်(၅) ခု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

COVID-19 ဗိုင်းရပ်စ် စိုးရိမ်မှု ကြောင့် အခုတလော ကမ္ဘာအနှံ့ မှာ ရှိတဲ့ ကုမ္ပဏီ အတော်များများက Work from Home ဆိုတဲ့ ရုံးလာစရာမလိုဘဲ အလုပ်လုပ် ရတဲ့ စနစ်ကို စတင် ကျင့်သုံး လာပါတယ်။ဒီထဲမှာ  မြန်မာနိုင်ငံက ကုမ္ပဏီ နဲ့ အဖွဲ့အစည်းတချို့ လည်း ပါဝင်လာပြီနော်။

ဒီလို အိမ်ကနေ အလုပ်လုပ်ကြမယ့် သူတွေ အတွက် သတိပေး၊ အကြံပေးစရာ လေးတွေ ရှိနေတာမို့ ကိုယ့်အတွက် အသုံးဝင်မယ့် ဆောင်းပါးလေး ကို ဆက်ပြီး ဖတ်ကြည့်လိုက်ပါဦး…

(၁) သပ်သပ်ရပ်ရပ် နေပါ။

အိမ်မှာပဲ ဆိုပြီး ဖြစ်သလို ဝတ်စား၊ နေထိုင်ဖို့ မတွေးလိုက်ပါနဲ့။ အိမ်ကနေ အလွတ်တန်း အလုပ်လုပ်တဲ့ Freelance အလုပ် မဟုတ်လို့ပါပဲ။ Work from Home ဆိုတာ ရုံးကို မလာရတာ ကလွဲလို့ လုပ်နေကျ တာဝန်တွေကို ရုံးတက်တဲ့ အတိုင်း အိမ်ကနေ အလုပ်လုပ်ပေးရမှာ ဖြစ်ပါတယ်။

ကိုယ့်ရဲ့ အလုပ်တွေကို ရုံးမှာလို သေချာလုပ်နိုင်အောင် စိတ်အနေအထားကို လည်း ပြင်ဆင်ထားဖို့ သင့်ပါတယ်။ မဟုတ်ရင် Mood က မတူနိုင်ဘူး လေနော်။

ဖြစ်သလို နေပြီး အလုပ်လုပ်တာ ရယ်၊ သပ်သပ်ရပ်ရပ် စနစ်တကျ အလုပ်လုပ်တာ ရယ် ဘယ်ဟာက productivity နဲ့ creativity ပိုကောင်းမလဲ မယုံရင် စမ်းကြည့်ပါ။

(၂) စည်းနဲ့ ဘောင်နဲ့ ထားပါ။

အိမ်မှာ ဆိုပေမယ့်လည်း ရုံးတက်ချိန်၊ ထမင်းစားချိန်၊ အလုပ်ဆင်းချိန် တွေကို ရုံးတက်ရတဲ့ အတိုင်း သတ်သတ်မှတ်မှတ် ထားပါ။ မဟုတ်ရင် အလုပ် မပြီးနိုင်ဘူးလေ။

အလုပ်လုပ်ချိန် ရယ်၊ ခဏနားမယ့် အချိန် ရယ် ပုံသေ သတ်မှတ်ထားပါ။ အိမ်အလုပ် နဲ့ ကိုယ့်အလုပ်တွေ ရောထွေးမှာ ကို သတိပြုပါ။

(၃) အပြင် လည်း ခဏထွက်ပါ။

အလုပ်မှာ တုန်းက လမ်း ခဏ ဆင်းလျှောက်တာ၊ ကော်ဖီသောက်တာ၊ မုန့်ထွက်ဝယ်တာ မျိုး ခဏတော့ နားကြတယ် မလား။ အိမ်မှာ အလုပ်လုပ်မှပဲ ကွန်ပျူတာ နဲ့ မျက်နှာ မခွာတမ်း ကပ်ပြီး အညောင်းမိရရင် မဟန်ပါဘူးနော်။ COVID-19 မဖြစ်ဘဲ တခြားရောဂါတွေ ဖြစ်လာမှ ဟုတ်ပေ့ ဖြစ်နေပါမယ်။

Work from Home ဆိုတာ ပြင်ပက ကူးစက်မှုတွေ နဲ့ ထိတွေ့နိုင်ခြေ နည်းအောင် ရည်ရွယ်တာ ဖြစ်ပြီး တစ်ယောက်တည်း သီးခြားဖြစ်နေဖို့ မဟုတ်ပါဘူး။

ဒါ့ကြောင့် အလုပ်ချိန်၊ နားချိန် ကိုယ်တိုင် သတ်မှတ်ပြီး အလုပ်တွင်အောင် လုပ်ပါ၊ ခဏတော့ လေကောင်းလေသန့် ထွက်ရှူပါ၊ လှုပ်ရှားပါ။

(၄) ဆက်သွယ်မှု မပြတ်ပါစေနဲ့။

အိမ်ကနေ အလုပ်လုပ်လည်း လုပ်ဖော်ကိုင်ဖက်တွေ နဲ့ ကွန်ရက်တစ်ခုခု ကနေ အလျင်မပြတ် ဆက်သွယ်မှု ရအောင် ဂရုစိုက်ပါ။

အထက်လူကြီးတွေ ရဲ့ ညွှန်ကြားချက် တွေ၊ အလုပ်ကိစ္စ ဆက်သွယ်ပြောဆိုမှုတွေ၊ အစည်းအဝေးတွေ ကို ဖုန်း သို့မဟုတ် အင်တာနက် ကနေ ကွန်ရက် ချိတ်ဆက် ထားမှ သိရမှာမို့ပါ။

(၅) ရောဂါ ကာကွယ်မှု ကို မမေ့ပါနဲ့။

အပြင်မထွက်ဘဲ အိမ်ထဲ နေတာနဲ့ပဲ ရောဂါကင်းမယ် မထင်လိုက်ပါနဲ့။ တစ်ကိုယ်ရည် သန့်ရှင်းမှုကို ဂရုစိုက်ပါ။ COVID-19 ရောဂါကာကွယ်ရေး အဆင့်တွေ ဖြစ်တဲ့ လက်ဆေးဖို့၊ မျက်နှာ ကို မထိတွေ့ဖို့ စတဲ့ အချက်တွေကို လိုက်နာ ထိန်းသိမ်းပါ။

COVID-19 နဲ့ ပတ်သက်ပြီး အရမ်း ကြောက်ဖို့ မလိုသလို မကြောက်ဘဲ လည်း အေးဆေး မနေသင့်ပါဘူး လို့ သတိပေးချင်ပါတယ်။ အလုပ်တွေ လည်း မပျက်ရအောင်၊ ကိုယ့်ကျန်းမာရေး လည်း စောင့်ရှောက်ရာ‌ ရောက်အောင် ဒီအချက်တွေကို ဂရုစိုက်ပါနော်။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်း နှင့် ကုသခြင်းများ မပြုလုပ်ပါ။

COVID-19 Outbreak updates
Country: Myanmar
Data

117,946

Confirmed

97,819

Recovered

2,484

Death
Distribution Map

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

မျှော်လင့်ချက်ထား ခြင်းက ကျန်းမာပျော်ရွှင်စေပါတယ် စိတ်ဓာတ်မကျပါနဲ့

မျှော်လင့်ချက်ထား တာဟာ လူတိုင်း လုပ်လို့ရတဲ့ စိတ်ပိုင်းဆိုင်ရာ တွေးခေါ်ပုံတစ်မျိုးပါ။ မျှော်လင့်ချက်မထားရင် ရည်မှန်းချက်ပျောက်ဆုံးနေတာမျိုး ဖြစ်နိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

အခက်ခဲဆုံးအချိန်တွေကို မျှဝေခံစားလိုစိတ် နဲ့ ကျော်ဖြတ်ပါ

မျှဝေခံစားလိုစိတ် ဟာ လူတိုင်းအတွက် အရေးကြီးတဲ့ အမူအကျင့်တစ်ခုပါ။ တစ်ဖက်သားကို နားလည် သဘောပေါက် လက်ခံပေးတာဟာ အမူအကျင့်ကောင်းလို့ ဆိုရမယ်မဟုတ်လား

ရေးသားသူ Ye Zon Aung

ကော်လာဂျင်နဲ့ မေးခွန်းများစွာ

ကော်လာဂျင်နဲ့ မေးခွန်းများစွာ ကော်လာဂျင်က ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေ များပေမယ့်  ကော်လာဂျင်ကို အသားအရေအတွက် အဓိက သောက်ကြပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အရေပြား ဓာတ်မတည့်မှု

အရေပြား ဓာတ်မတည့်မှု က ကလေးတွေမှာရော အရွယ်ရောက်ပြီးသူတွေမှာပါ အမျိုးအမျိုးသော အခြေအနေတွေနဲ့ ဖြစ်နိုင်ပါတယ်။ ဖြစ်စေတဲ့ အကြောင်းအရင်းတွေကလည်း အမျိုးမျိုးပါပဲ။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

how-to-prevent-cancer-recurrence ကင်ဆာပြန်မဖြစ် အောင်

ကင်ဆာပြန်မဖြစ် အောင် ဘယ်လို ဆင်ခြင်နေထိုင်သင့်သလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 23, 2021 . 3 mins read
myths-about-cancer ကင်ဆာနဲ့ ပတ်သက်ပြီး

ကင်ဆာနဲ့ ပတ်သက်ပြီး သင်ဘာတွေ မှားသိထားလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 23, 2021 . 3 mins read
nose-and-eye-allergy နှာခေါင်းနဲ့မျက်လုံး ဓာတ်မတည့်ခြင်း

နှာခေါင်းနဲ့မျက်လုံး ဓာတ်မတည့်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 23, 2021 . 2 mins read
home-remedies-for-eye-allergies မျက်လုံး ဓာတ်မတည့်မှု

မျက်လုံး ဓာတ်မတည့်မှု ကို သက်သာစေမယ့် အိမ်တွင်းကုထုံး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 23, 2021 . 2 mins read