COVID စစ်ဆေးဖို့ စအိုကနေ Swab ရယူ ရတော့မလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read
Share now

ယခုရက်ပိုင်းအတွင်းမှာပဲ တရုတ်နိုင်ငံဟာ COVID-19 ရောဂါပိုး စမ်းသပ်စစ်ဆေးမှုတွေကို Anal Swab နည်းလမ်းလို့ခေါ်တဲ့ စအိုကနေ Swab ရယူ တဲ့ နည်းလမ်းကို ပြောင်းလဲ အသုံးချနေတဲ့ သတင်းတွေ လူပြောများလာခဲ့ပါတယ်။

ရုတ်တရက်ဆိုရင် စအိုကနေတဆင့် Swabs ရယူတယ်ဆိုတာက ရီချင်စရာကိစ္စ စိုးရွံ့စရာကိစ္စကြီးဖြစ်ပေမယ့် တကယ်တမ်းမှာတော့ ဒီနည်းလမ်းဟာ ပိုပြီးတိကျတဲ့ ရလဒ်ကို ဖော်ထုတ်ပေးနိုင်တယ်ဆိုတာကို တရုတ်သိပ္ပံပညာရှင်တွေက မနှစ်ကတည်းက အစီရင်ခံထားခဲ့ကြတာပါ။

ဒါကြောင့်လဲ ဇန်နဝါရီလထဲမှာ နေ့စဉ်လူနာ ရာဂဏန်းဝန်းကျင် ပြန်လည်တိုးပွားလာချိန်မှာတော့ တရုတ်နိုင်ငံဟာ ရောဂါရှာဖွေရေးလုပ်ငန်းတွေကို အဆင့်မြှင်တင်ခဲ့ပြီး ပိုမိုတိကျတဲ့ Anal Swab နည်းလမ်းကို အသုံးချလာခဲ့တာပါ။

COVID-19 ရောဂါရှာဖွေရေး နည်းလမ်းများ

များသောအားဖြင့် COVID-19 ရောဂါကို ရှာဖွေ စစ်ဆေးကြရာမှာ လည်ချောင်းတိုဖတ်၊ အာခေါင်တို့ဖတ် ရယူစစ်ဆေးတဲ့နည်းနဲ့ သွေးကနေတဆင့် စစ်ဆေးရတဲ့ Antibody or serology test တို့ပါပဲ။

လည်ချောင်းတို့ဖတ် အာခေါင်တို့ဖတ် ရယူတဲ့နည်းမှာတော့ Nucleic acid amplification tests (NAATs) နဲ့ Antigen tests ဆိုပြီး ၂ မျိး ၂ စားရှိပါတယ်။ PCR လို့လည်းခေါ်တဲ့ ပထမနည်းကတော့ တစ်ရက်နီးပါးလောက် နေမှ အဖြေထွက်ပြီး Antigen test လို့ခေါ်တဲ့ ဒုတိယနည်းကတော့ ၁၅မိနစ်၊ နာရီဝက်လောက်နဲ့ အဖြေထွက်ပါတယ်။

COVID စစ်ဆေးဖို့ စအိုကနေ Swab ရယူ ရတော့မလား

Antibody test ကတော့ သွေးကနေတဆင့် အရင်ကကူးစက်ရောဂါဖြစ်ဖူးခြင်း ရှိ/မရှိကို စစ်ဆေးတဲ့ နည်းလမ်းပါ။ ဒီနည်းလမ်းတွေက WHO အသိအမှတ်ပြုနည်းလမ်းတွေဖြစ်သလို တစ်ကမ္ဘာလုံးမှာလည်း အသုံးပြုနေတဲ့ နည်းလမ်းတွေပါ။

ဒါပေမယ့် COVID-19 စတင်ဖြစ်ပွားရာနေရာလို့ သတ်မှတ်ခံထားရတဲ့ တရုတ်နိုင်ငံကတော့ ခြားနားစွာပဲ စအိုကနေ Swab ရယူ တဲ့ နည်းလမ်းကို ပြောင်းလဲ အသုံးပြုလာပါတယ်။ ဒီနည်းလမ်းဟာ နည်းလမ်းသစ်ဖြစ်ပြီတော့ ရောဂါဖြစ်နိုင်ခြေအလွန်မြင့်မားလွန်းတဲ့ လူအုပ်စုတွေနဲ့ ကွာရန်တင်းဝင်နေသူတွေကို ယခုနည်းလမ်းနဲ့ အဓိကထားစစ်ဆေးနေပါတယ်။

ဘာကြောင့် စအိုကနေ Swab ရယူ တဲ့ နည်းလမ်းကို သုံးကြတာလဲ

စအိုကနေ Swab ရယူ တဲ့ နည်းလမ်းကို တရုတ်နိုင်ငံနဲ့ ဟောင်ကောင်တို့မှာ စတင်အသုံးချနေပါပြီ။ ခရီးသွားတွေ၊ ကျောင်းနေအရွယ် ကလေးတွေနဲ့ ဆရာ/ဆရာမတွေပါဝင်တဲ့ သံသယလူနာ ၁၀၀၀ ဝန်းကျင်မှာ ဒီနည်းလမ်းကို စတင်ပြီး အသုံးချနေပါတယ်။ စအိုကနေ Swab ရယူ  တဲ့ နည်းလမ်းကို အကန့်အသတ်နဲ့သာ အသုံးချနေပေမယ့် ဒီနည်းလမ်းဟာ ရောဂါရှာဖွေရ ခက်ခဲနေသူတွေနဲ့ ပုံမှန်နည်းလမ်းတွေနဲ့ရောဂါ ရှာဖွေရအဆင်မပြေဖြစ်နေသူတွေကို အသုံးပြုသွားမယ့် နည်းလမ်းလို့ သိထားရတာပါ။

ဒီနည်းလမ်းဟာ မစင်နမူနာကို ရယူတာမဟုတ်ပဲ စအိုအတွင်းထဲကို အရှည် ၂ လက်မရှိတဲ့ စမ်းသပ်တုတ်ချောင်းကို ထည့်သွင်းကာ သက်ဝင်လှုပ်ရှားနေတဲ့ ရောဂါပိုးတွေရဲ့ လမ်းကြောင်းတွေကို နမူနာရှာဖွေရယူတာဖြစ်ပါတယ်။ အကြောင်းကတော့ ရောဂါပိုးဟာ အသက်ရှူလမ်းကြောင်းထက် စအိုအတွင်းမှာ ပိုမိုများပြားစွာ ရှင်သန်နေတာကြောင့်ပါတဲ့။

COVID စစ်ဆေးဖို့ စအိုကနေ Swab ရယူ ရတော့မလား

အဆိုပါနည်းလမ်းဟာ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်ရယူတာထက်ပိုပြီး တိကျတဲ့ အဖြေကိုထုတ်ပေးနိုင်တယ်လို့ ဘေကျင်းတက္ကသိုလ် အသက်ရှူလမ်းကြောင်းနဲ့ ကူးစက်ရောဂါဌာနကတော့ ဆိုထားပါတယ်။ အထူးသဖြင့် ရလဒ်အမှား (False Negative) တွေ ထွက်ပေါ်လာနိုင်ခြေအလွန်နည်းပါးတာကြောင့် ခုနည်းလမ်းကို အသုံးပြုလာတာပါ။

ကနဦးလေ့လာချက်တွေအရလည်း လည်ချောင်းတို့ဖတ် အာခေါင်တို့ဖတ် ရယူထားပြီး Positive အဖြေမထွက်တဲ့ လူနာတွေကို စအိုတို့ဖတ်ရယူတဲ့ နည်းလမ်းနဲ့ စစ်ဆေးရာမှာ Positive အဖြေထွက်ပေါ်တာကို သိပ္ပံပညာရှင်တွေက သတိထားမိခဲ့တာပါ။ ဒါပေမယ့် ဒီနည်းလမ်းကို အသုံးချဖို့ အင်တိုက်အားတိုက် တိုက်တွန်းမှုတွေတော့ ကမ္ဘာတစ်ဝှမ်းမှာမရှိသေးပဲ တရုတ်တစ်နိုင်ငံတည်းသာ ယခုနည်းလမ်းကို အသုံးချနေပါသေးတယ်။

မြန်မာနဲ့ ရောဂါစစ်ဆေးခြင်းနည်းလမ်းများ

မြန်မာနိုင်ငံမှာတော့ COIVD-19 ရောဂါ စစ်ဆေးမှုတွေကို နှာခေါင်းတို့ဖတ် အာခေါင်တို့ဖတ် ရယူစစ်ဆေးတဲ့နည်းလမ်းနဲ့ Test Kit နဲ့ စစ်ဆေးတဲ့ နည်းလမ်းတွေကို အဓိကထား အသုံးပြုနေပါတယ်။

ဒီမှာအသုံးပြုနေတဲ့ PCR နည်းနဲ့ စစ်ဆေးတဲ့အခါမှာ ၈၀% Sensitivity နဲ့ ၉၈-၉၉% Specificity အထိ တိကျမှုရှိပါတယ်။ ၁၀၀ %မှန်တဲ့ ဆေးစစ်နည်းကတော့ မရှိသေးတာမို့ Anal Swab ကိုဖယ်ပြီး စဉ်းစားမယ်ဆိုရင် ဒီအသုံးပြုနေတဲ့နည်းလမ်းက အတိကျဆုံးနည်းလမ်းပါ။

ခုချိန်အထိကတော့ မြန်မာနိုင်ငံမှာ အသုံးပြုနေတဲ့ PCR နည်းလမ်းက ကိုဗစ်အတွက် တစ်ကမ္ဘာလုံးက လက်ခံထားတဲ့ အကောင်းဆုံး ဆေးစစ်နည်းဖြစ်ပါတယ်။ Test kit နဲ့ စစ်ပြီး အဖြေ မသေချာရင်တောင် PCR နဲ့ပဲ ပြန်ပြီး အတည်ပြုရပါတယ်။

တရုတ်မှာအသုံးပြုနေတဲ့ Anal Swab ရယူ တဲ့ နည်းလမ်းမြန်မာပြည်ကို ရောက်လာနိုင်သလားဆိုရင်တော့ဖြင့် ဖြေရခက်နေဆဲပါ။ လက်ရှိအသုံးပြုနေတဲ့ PCR စနစ်ကလည်း အဆင်ပြေနေဆဲမို့ ဖြစ်နိုင်ခြေကတော့ နည်းပါးတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

COVID-19 Outbreak updates
Country: Myanmar
Data

117,946

Confirmed

97,819

Recovered

2,484

Death
Distribution Map

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

COVID-19ကို ဘယ်လိုစစ်လို့ရသလဲ။

COVID-19 ကိုဗစ် နှာခေါင်းတို့ဖတ် ဗိုင်းရပ်စ် Antibody WHO ခုခံအားစနစ် Molecular test အာခေါင်တို့ဖတ် Antigen Rapid test kit

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

Cloth Mask နဲ့ လမ်းခွဲဖို့လိုပြီလား

အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတစ်မျိုးဖြစ်တဲ့ COVID-19 ရောဂါပိုးကို ကာကွယ်နိုင်ဖို့ Mask တွေတပ်ဆင်ဖို့ လိုအပ်တယ်လို့ ကျန်းမာရေးဌာနတွေက တိုက်တွန်းထားပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

နိုဝင်ဘာလမှာ စတင်ဖြန့်ဖြူးတော့မယ့် တရုတ်နိုင်ငံရဲ့ COVID-19 ကာကွယ်ဆေး

တရုတ်အခြေစိုက် ဆေးဝါးကုမ္ပဏီတစ်ခုဖြစ်တဲ့ Sinopharm က တီထွင်ဖန်တီးထားတဲ့ COVID-19 ကာကွယ်ဆေးကို လာမယ့် နိုဝင်ဘာလမှာ စတင်ဖြန့်ဖြူးတော့မယ်လို့ ကြေညာလိုက်တာပါပဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

မဖြစ်မနေ သိထားရမယ့် COVID-19 လက္ခဏာများ

COVID-19၊ ရောဂါလက္ခဏာ၊ ကွာရန်တင်း၊ Positive၊ ဖျားနာ၊ ခရစ္စမတ်၊ Swab၊ အအေးမိ၊ ဆံပင်၊ ပင်ပန်းနွမ်းနယ်၊ နှလုံးဆိုင်ရာပြဿနာ၊ အစာခြေစနစ်၊ တုပ်ကွေး၊ Antibody Test

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

PCR က ကိုဗစ်ရောဂါကို ဘယ်လောက်တိတိကျကျ စစ်ပေးနိုင်လဲ။

PCR က ကိုဗစ်ရောဂါကို ဘယ်လောက်တိတိကျကျ စစ်ပေးနိုင်လဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 20, 2021 . 2 mins read
COVID အစ ဝူဟန်ကဆိုတာ တကယ် မှန်ကန်ရဲ့လား

COVID အစ ဝူဟန်ကဆိုတာ တကယ် မှန်ကန်ရဲ့လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 15, 2020 . 2 mins read
COVID-19 ကာလ လူစုသောအခါ

COVID-19 ကာလ လူစုသောအခါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 12, 2020 . 3 mins read
COVID-19 ကာလ ရွေးကောက်ပွဲမှာ ဘေးကင်းရန်ကွာမဲပေးဖို့ဆိုရင်

COVID-19 ကာလ ရွေးကောက်ပွဲမှာ ဘေးကင်းရန်ကွာမဲပေးဖို့ဆိုရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 19, 2020 . 3 mins read