မနက်ခင်းမှာဆောင်းလေအေးလေးမျက်နှာကို ထိတွေ့တိုက်ခတ်မှုက ကဗျာဆန်တယ်နော်။ စိတ်ကြည်နူးစရာလည်းကောင်းပါတယ်။ဆောင်းရဲ့ အငွေ့အသက်က လူကိုပျော်ရွှင်လန်းဆန်းစေပါတယ်။ဆောင်းမနက်ခင်းက အလှအပတရားတွေပြည့်စုံတယ်လို့ တင်စားကြတာတောင်ရှိပါတယ်။ ဒီပျော်ရွှင်စရာကောင်းတဲ့ဆောင်းရာသီကို လန်းဆန်းပျော်ရွှင်စွာဖြတ်သန်းနိုင်ဖို့ ဒီဆောင်းပါးလေးကနေ သတိထားရမယ့်အချက်တွေကိုပြောပြမယ်နော်။