backup og meta

မနက်စောစော ဂျင်း စားသင့်တဲ့ အကြောင်းအရင်း

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 06/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မနက်စောစော ဂျင်း စားသင့်တဲ့ အကြောင်းအရင်း
    ချင်း (ဂျင်း) လို့ ပြောလိုက်ရင် မသိသူက ခပ်ရှားရှားပါ။ ဟင်းခတ် အမွှေးအကြိုင် အနေနဲ့ရော ဆေးဖက်ဝင်တဲ့ အရာတစ်ခု အနေနဲ့ရောပေါ့။ ဂျင်း ထည့်ခံရတာက ဆိုးပေမယ့် မနက်ခင်းစောစောမှာ ဆေးဖက်ဝင်တဲ့ ချင်း (ဂျင်း) ထည့်ခံတာက ကျန်းမာရေးအတွက် တော်တော်လေး အကျိုးများတာပါ။ ကဲ မနက်စောစော ဂျင်း စားသင့်တဲ့ အကြောင်းအရင်း ကို တူတူဆက်ကြည့်လိုက် ကြစို့လား………..

    ချင်း (ဂျင်း)

    ချင်း (ဂျင်း) က တရုတ်၊ အိန္ဒိယ၊ အာဖရိက နဲ့ ကာရေဗီယန် အပါအဝင် အခြားပူနွေးတဲ့ ရာသီဥတု အခြေအနေရှိတဲ့ နိုင်ငံတော်တော်များများမှာ ပေါက်ရောက်ကြပါတယ်။ ချင်း (ဂျင်း) က ဟင်းလျာတွေကို အနံ့အရသာ တိုးစေတာကြောင့် ထွေထွေထူးထူး ပြောပြနေစရာမလိုအောင် သိထားပြီးသားပါ။ ချင်း (ဂျင်း) ကဆေးဖက်ဝင်တယ်ဆိုတာကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက လက်ခံလာခဲ့ကြတာပါ။

    ချင်း(ဂျင်း)ကပေးတဲ့ ကျန်းမာရေး

    ချင်း (ဂျင်း) ကိုလွန်ခဲ့တဲ့နှစ်ပေါင်းများစွာ ကာလတွေကတည်းက ဆေးဖက်ဝင်တဲ့ အရာတစ်ခု အဖြစ် လက်ခံခဲ့ကြတာပါ။ ချင်း (ဂျင်း) စားသုံးတာက

    • အစာကြေစေနိုင်တယ်
    • မအီမသာဖြစ်တာကို သက်သာစေနိုင်တယ်
    • အော့အန်နေတာကို သက်သာစေနိုင်တယ်
    • သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးတာ
    • အဆစ်ရောင်နာကို သက်သာစေတာ
    • ကြွက်သားနာကျင်မှုကို သက်သာစေတာ
    • ခေါင်းကိုက်တာ
    • ဓမ္မတာ လာစဉ်နာကျင်ကိုက်ခဲတာ
    • ကားမူးတာတွေကို သက်သာစေတာအပြင် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာ ကျန်းမာမှုများစွာကိုပါ ပေးစွမ်းနိုင်ပါတယ်။

    ချင်း(ဂျင်း)ကပေးတဲ့ အာဟာရ

    ချင်း (ဂျင်း) က ပူရုံ၊ စပ်ရုံ၊ ဟင်းရဲ့ အနံ့အရသာကို ပြည့်စုံစေရုံတင် မဟုတ်ပါဘူး။ အခုလို အာဟာရဓာတ်တွေလည်း ကြွယ်ဝပါသေးတယ်။

    • ကယ်လ်လိုရီ
    • ကာဗိုဟိုက်ဒရိတ်
    • အမျှင်ဓာတ်
    • ပရိုတင်း
    • အဆီဓာတ်
    • သကြားဓာတ်
    • ဗီတာမင် B3
    • ဗီတာမင် B6
    • သံဓာတ်
    • ပိုတက်ဆီယမ်
    • ဗီတာမင် C
    • မဂ္ဂနီဆီယမ်
    • ဖော့စဖရိတ်
    • ဇင့်
    • ဖောလိတ်
    • Riboflavin
    • နီကာဆင် စတဲ့ အာဟာဓာတ်တွေ ပြည့်ဝစွာ ပါဝင်နေပါတယ်။

    မနက်စောစော ဂျင်း စားသင့်တဲ့ အကြောင်းအရင်း

    မနက်ခင်းစောစော ဂျင်း (ချင်း) စားပေးတာ က အခုလို အကျိုးကျေးဇူးလေးတွေ ရနိုင်ပါတယ်။

    နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်တယ်

    နာကျင်ရောင်ရမ်းမှုက လူတော်တော်များများ ခံစားရနိုင်တဲ့ ပြဿနာ တစ်ခုပါ။ တစ်နေ့တာမှာ ထိတွေ့မိတဲ့ ဓာတုပစ္စည်းတွေ၊ အာဟာရ ပြည့်ဝ လုံလောက်အောင် မစားမိတာတွေက နာကျင်ရောင်ရမ်းမှုတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီပြဿနာကို အကောင်းဆုံး ဖြေရှင်းဖို့ဆိုရင် နေထိုင်မှုပုံစံကို ပြောင်းလဲတာ နဲ့ စားသောက်မှုပုံစံကို ပြောင်းလဲတာပါ။ ဒါတွေကို ပြောင်းလဲမှုက နာတာရှည်နာကျင်မှုတွေကို အထိရောက်ဆုံး သက်သာစေနိုင်မှာပါ။ ဒီတော့ မနက်ခင်းစောစော ချင်း (ဂျင်း) ရေနွေးကြမ်းလေးတစ်ခွက်လောက် သောက်ပေးပါ။

    ဓာတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝတယ်

    • ချင်း (ဂျင်း) က ဓာတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝတာကြောင့်
    • နှလုံးရောဂါ
    • အာရုံကြောဆိုင်ရာ ရောဂါတွေ
    • ကင်ဆာ
    • အသက်အရွယ်ကြောင့် ခံစားရတဲ့ ရောဂါတွေကို သက်သာစေနိုင်ပါတယ်။

    ဓာတ်တိုးပစ္စည်းတွေကြောင့် ခန္ဓာကိုယ်မှာ ထိခိုက်တာမျိုးတွေ မဖြစ်အောင် အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ အရက်တွေအလွန်အကျွံ သောက်တာ၊ ဆေးလိပ်တွေ အရမ်းသောက်တာနဲ့ စိတ်ဖိစီးမှုဒဏ်ကို အချိန်ကြာမြင့်စွာ ခံစားရတာကြောင့် ခန္ဓာကိုယ်မှာ ခံစားရနိုင်တဲ့ ပြဿနာတွေကို သက်သာစေနိုင်ပါတယ်။

    လေ့လာမှုတွေအရ သိရတာက ချင်း (ဂျင်း) ကို မနက်စောစော စားသုံးပေးတာက ကျောက်ကပ်ထိခိုက်တာ၊ ကျောက်ကပ် ပျက်စိးတာတွေ မဖြစ်အောင် အထိရောက်ဆုံး ကာကွယ်ပေးပါတယ်။ ချင်း(ဂျင်း) က ကင်ဆာရောဂါကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

    မနက်စောစော ဂျင်း စားတာက မအီမသာဖြစ်တာကို သက်သာစေပြီး အစာကြေစေတယ်

    အစာမကြေတဲ့ အခါမျိုး၊ အော့အန်တာ နဲ့ မအီမသာဖြစ်တာမျိုးကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် ဒီ ပြဿနာတွေ ကင်းစေဖို့ဆိုရင် မနက်စောစော ဂျင်း (ချင်း) ရေနွေးကြမ်းလေး တစ်ခွက်လောက် သောက်ပေးပါ။

    သွေးတွင်း သကြားဓာတ်ကို ကျဆင်းစေနိုင်တယ်

    ချင်း (ဂျင်း) ဆီးချိုရှိသူတွေ အနေနဲ့ မနက်ခင်းမှာ ချင်း (ဂျင်း) ရေနွေးကြမ်းတစ်ခွက် သောက်သုံးတာက သွေးတွင်းသကြားဓာတ်ကို အထိရောက်ဆုံး ထိန်းညှိပေးနိုင်ပါတယ်။ ဒါကြောင့် သွေးတွင်း သကြားဓာတ်ကို ထိန်းဖို့ပဲဖြစ်ဖြစ်၊ ဆီးချိုရောဂါရှိသူတွေ အနေနဲ့ သွေးချိုကို ထိန်းညှိဖို့ပဲဖြစ်ဖြစ် မနက်ခင်းမှာ ချင်း (ဂျင်း) ရေနွေးကြမ်းလေး သောက်သုံးပေးပါ။

    သွေးတွင်း ကိုလက်စထရော ကျဆင်းစေနိုင်တယ်

    ချင်း (ဂျင်း) က သွေးတွင်း ကအကျိုးမပြုတဲ့ ကိုလက်စထရောတွေကို ကျဆင်းစေနိုင်ပြီး နှလုံးသွေးကြောတွေကို ကျန်းမာစေနိုင်ပါတယ်။ ဒါကြောင့် သွေးတွင်း ကိုလက်စထရောကျဆင်းပြီ ကျန်းမာစေဖို့ဆိုရင် ချင်း (ဂျင်း) ရေနွေးကြမ်း သောက်သုံးလို့ရပါတယ်။

    ဝိတ်ကျဖို့ ကူညီပေးနိုင်တယ်

    ကိုယ်အလေးချိန်ကျစေဖို့ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးတာ၊ လေ့ကျင့်ခန်းလုပ်တာတွေအပြင် ချင်း (ဂျင်း) ရေနွေးကြမ်းပူပူလေး တစ်ခွက်သောက်ပေးတာကလည်း ခန္ဓာကိုယ်က အဆီပိုတွေကို သိသိသာသာ ကျဆင်းစေနိုင်ပါတယ်။ ဒါကြောင့် ဝိတ်ကျချင်သူတိုင်း စဉ်းစားသင့်တဲ့ အချက်တစ်ခုလို့ ပြောပါရစေ။

    ရေဓာတ်ဖြည့်ပေးနိုင်တယ်

     ဒီလိုပြောရတာက ချင်း (ဂျင်း) ကို ဒီအတိုင်းစားတာထက် များသောအားဖြင့်က ရေနွေးထဲ စိတ်သောက်တာ၊ ရေအေးထ​ည့် စိမ်သောက်တာ လုပ်ကြတာ များပါတယ်။ ဒီအတွက် လိုအပ်တဲ့ ရေဓာတ်က ဖြည့်ပြီးသား ဖြစ်သွားမှာ အသေအချာပါ။မနက်ခင်း စစချင်းမှာ ချင်း (ဂျင်း) စိမ်ထားတဲ့ ရေနွေးပဲဖြစ်ဖြစ်၊ ရေအေးပဲဖြစ်ဖြစ် သောက်ပေးတာက လိုအပ်တဲ့ ရေဓာတ်ပြည့်ဝနေစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။

    ချင်းရဲ့ အာနိသင်က ဘယ်အချိန်စားစား ဒီတိုင်းမို့လို့ မနက်ပိုင်းမှာ မစားဖြစ်လည်း စိတ်မပူပါနဲ့။ ကျန်တဲ့အချိန်တွေမှာ သင့်တော်သလို စားပေးရင် အလားတူအကျိုးကျေးဇူးတွေ ရမှာပဲ ဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    Aye Thi Mon မှ ရေးသားသည်။ · 06/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement