backup og meta

ဆေးခြောက်ဟာ ကင်ဆာပျောက်စေတာလား? ကင်ဆာဖြစ်စေတာလား?

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 08/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆေးခြောက်ဟာ ကင်ဆာပျောက်စေတာလား? ကင်ဆာဖြစ်စေတာလား?

    ဆေးခြောက် ရွက်ထဲမှာပါဝင်တဲ့ Tetrahydrocannabinol (THC) ဟာ အဓိကအားဖြင့် စိတ်ကိုတက်ကြွစေတဲ့ ဒြပ်ပေါင်းတစ်ခုဖြစ်ပါတယ်။ ဒီဒြပ်ပေါင်းဟာ လူ့ရဲ့စိတ်ကို မူးယစ်ရှိန်ကြောင့် အထွတ်အထိပ်ရောက်သွားစေရုံ အာနိသင်သက်သက်ပဲ သက်ရောက်တဲ့အရာမဟုတ်ပါဘူး။ နောက်ဆုံးလေ့လာဆန်းစစ်ချက်တွေအရ လူကိုအသက် အန္တရာယ်ပြုနိုင်တဲ့ အကျိုးသက်ရောက်မှုတွေ ရှိနေတယ်လို့ သိလာရပြီဖြစ်ပါတယ်။ THC ဟာ ကင်ဆာဖြစ်ပေါ်စေတဲ့ အကျိတ်တွေကို ကြီးထွားနှုန်းမြန်ဆန်အောင် တွန်းအားပေးကြောင်း အမေရိကန် ကင်ဆာ သုတေသနအသင်း (American Association for Cancer Research – AACR) က ဖော်ထုတ်လိုက်ပါတယ်။

    ဆေးခြောက်ဟာ ကင်ဆာပျောက်စေတာလား? ကင်ဆာဖြစ်စေတာလား? ဆိုတာ ဆက်ကြည့်လိုက်ရအောင်ပါ။

    ဆေးခြောက်ဟာ ကင်ဆာပျောက်စေတာလား? ကင်ဆာဖြစ်စေတာလား?

    ဆေးခြောက်ကို Cannabis Sativa ဆိုတဲ့ အပင်တမျိုးကနေ ရရှိပြီး သူ့မှာပါဝင်တဲ့ THC ဒြပ်ပေါင်းနဲ့ အပေါင်းအပါတွေဟာ လူ့ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို အကျိုးသက်ရောက်မှုများစွာ ရှိစေနိုင်ပါတယ်။

    ဆေးခြောက်ကို နိုင်ငံတော်တော်များများက အစိုးရတွေက အသုံးပြုခွင့်တားမြစ်ထားပေမယ့်  အချို့တိုင်းပြည်တွေမှာတော့ နာကျင်တဲ့ဝေဒနာ၊ မအီမသာဖြစ်တာ၊ အတွေးလွန်စိတ်ရောဂါမျိုးနဲ့ အခြားသော အာရုံကြောဆိုင်ရာ ရောဂါတွေကို ကုသရာမှာ အသုံးပြုခွင့်ပေးထားပါတယ်။ ဒါ့အပြင် HIV/AIDS ကုထုံးတစ်ချို့မှာလည်း အသုံးပြုတတ်ပါတယ်။

    ဆေးဘက်ဆိုင်ရာမှာ အသုံးဝင်မှုတွေရှိနေတဲ့ဆေးခြောက်ကိုဆေးခြောက်ပင်ရဲ့ အရွက်တွေနဲ့အဖူးတွေကို အခြောက်ခံပြီးပြုလုပ်ထားတာဖြစ်ပါတယ်။ ဆရာဝန်ထောက်ခံချက်နဲ့မှ ဝယ်ယူလို့ရမှာဖြစ်ပါတယ်။

    ဒါကြောင့် ဆေးခြောက်ဟာ ဆေးဖက်ဝင်တယ်၊ တရားဝင်ဖြစ်သင့်တဲ့ ပစ္စည်းတစ်ခုဖြစ်တယ်ဆိုတဲ့ အပြောမျိုးတွေဟာ ဆေးခြောက်ကို နှစ်သက်သူတွေရဲ့ လက်သုံးစကားတွေဖြစ်ပါတယ်။

    မာရီယာနာလို့ ခေါ်ဆိုတဲ့ ဆေးခြောက်ကို နေ့စဉ် အသုံးပြုတာဟာ Human Papilloma Virus (HPV) နဲ့ သက်ဆိုင်တဲ့ ကင်ဆာရောဂါတွေဖြစ်ပွားလာအောင် တွန်းအားပေးပြီးတော့ အထူးသဖြင့်တော့ လည်ချောင်းကင်ဆာ ဖြစ်ပွားနိုင်ခြေမြင့်မားတယ်လို့ လက်ရှိထွက်ပေါ်လာတဲ့ သုတေသန ရလဒ်အသစ်က ဆိုထားပါတယ်။

    Human Papilloma Virus (HPV) အရေပြား၊ လိင်အင်္ဂါတွေကနေတဆင့် ကူးစက်နိုင်တဲ့ ဗိုင်းရပ်စ်တစ်မျိုးဖြစ်ပြီးတော့ မျိုးဗီဇအခြေအနေပေါ်မူတည်ပြီး ကင်ဆာဖြစ်နိုင်ခြေကို တွန်းအားပေးနိုင်တဲ့ ဗိုင်းရပ်စ်တစ်မျိုးဖြစ်ပါတယ်။

    လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းကတော့ မာရီယာနာဟာ ကင်ဆာရောဂါကို တိုက်ဖျက်နိုင်တယ်လို့ ယုံကြည်ခဲ့ကြပေမယ့် ခုချိန်မှာ ထွက်ရှိလာတဲ့ သုတေသနရလဒ်ကတော့ အဆိုပါ ယူဆချက်ကို ပြောင်းပြန်လှန်ပစ်လိုက်တာဖြစ်ပါတယ်။

    AACR က ပညာရှင်တွေကတော့ မာရီယာနာကို စိတ်အပန်းဖြေဖို့ စွဲလမ်းနည်းနှစ်ခြိုက်စွာ နေ့စဉ်ရက်ဆက် သုံးပြုမယ်ဆိုရင် ကင်ဆာဖြစ်စေမယ့် လမ်းကြောင်းပေါ် တင်ပေးလိုက်သလိုဖြစ်သွားလိမ့်မယ်လို့ ဆိုကြပါတယ်။ တစ်ခါတစ်ရံအသုံးပြုခြင်းကြောင့် ကင်ဆာဖြစ်နိုင်ခြေ နည်းပါးပေမယ့် ပုံမှန် အသုံးပြုမှုကတော့ အန္တရာယ်များတယ်လို့ ဆိုပါတယ်။

    ဆေးခြောက်ကို နေ့စဉ် အသုံးပြုတဲ့အခါ THC ဒြပ်ပေါင်းပမာဏ မြင့်မားလာပြီး ကင်ဆာဆဲလ်အရေအတွက်ကို တိုးပွားစေနိုင်ကာ ဦးခေါင်း၊ လည်ပင်းတို့နဲ့ သက်ဆိုင်တဲ့ ကင်ဆာရောဂါဖြစ်ပွားနိုင်ချေကို တိုးတက်စေမှာဖြစ်ပါတယ်။

    ကမ္ဘာပေါ်က တိုင်းပြည်တစ်ချို့မှာ မာရီယာနာကို အသုံးပြုခွင့်ပြုနေပြီဖြစ်ပေမယ့် THC ကို ထိမ်းချုပ်ကန့်သတ်ထားပြီး အဓိကအားဖြင့် ဆေးဝါးအဖြစ်သာ အသုံးပြုခွင့်ပြုနေတာဖြစ်ပါတယ်။

    ဆေးခြောက်ဟာ စွဲလမ်းစေတတ်တဲ့ မူးယစ်ဆေးဝါး ဟုတ်မဟုတ်၊ လူ့ခန္ဓာကိုယ်ကို ထိခိုက်နိုင်ခြင်းရှိမရှိ ဒါတွေဟာ ငြင်းခုန်နေကြဆဲအရာတွေ ဖြစ်ပါတယ်။

    ဆေးခြောက်ကို မူးယစ်ဆေးအနေနဲ့ပဲမြင်မြင် ဆေးဝါးဓာတ်စာအနေနဲ့ပဲ အသုံးပြုပြု ၎င်းအရာဟာ လက်ခံမှု၊ လက်မခံမှုတွေကြားက အငြင်းပွားဖွယ်ရာ ပစ္စည်းတစ်ခုအနေနဲ့ ဆက်လက်ရှိနေဆဲဖြစ်ပြီး ကျန်းမာရေးဆိုင်ရာ သက်သေပြချက်တွေဟာလည်း အများအပြားထွက်ပေါ်နေဆဲဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Zon Aung မှ ရေးသားသည်။ · 08/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement