လာဗင်ဒါ လို့ပြောလိုက်ရင် ခရမ်းရောင် ပန်းခင်းလှလှလေးတွေကို ပြေးမြင်မိမယ်ဆိုတာ ပြောနေစရာတောင်မလိုအောင်ပါ။ လာဗင်ဒါပန်းခင်းလှလှလေးက ဓာတ်ပုံတွဲရိုက်ရင် အလှတိုးစေသလို မျက်လုံးကိုလည်းပသာဒရစေပါတယ်။ အလှကုန်တွေမှာရော မွှေးပျံ့စေဖို့အိမ်သန့်ရှင်းရေးသုံး ပစ္စည်းတွေမှာလည်း လာဗင်ဒါဆီကိုအသုံးပြုလေ့ရှိကြပါတယ်။