သဘာဝဆေးဖက်ဝင်

ပညာရှင်တွေရဲ့ အကြံပေးချက်တိုင်း သဘာဝဆေးဖက်ဝင် ပစ္စည်းတွေကို နည်းစနစ်တကျ သုံးနိုင်မယ်ဆိုရင် သင့်ရောဂါကုသရေးနဲ့ ကျန်းမာရေးအတွက် အထောက်အကူဖြစ်မှာပါ။

ကျန်းမာရေးဗဟုသုတ

သဘာဝဆေးဖက်ဝင်

ပဲနံ့သာရွက် ဆေးဖက်ဝင်သလား!

ပဲနံ့သာစေ့အရွက်က ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ ထောက်ကူပေးပါတယ်။ ပဲနံ့သာရွက် ဆေးဖက်ဝင်သလား! ဘယ်လိုများ ဆေးဖက်ဝင်သလဲ ဆိုတာတွေကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ ပဲနံ့သာရွက် ဆိုတာ ပဲနံ့သာရွက် ဆိုတာက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက် တစ်မျိုးပါ။ ဆေးဖက်ဝင်တယ်လို့လည်း ပြောလို့ ရပါတယ်။ နှစ်ပေါင်းများစွာ ကာလတွေကတည်း ဆေးဖက်ဝင်တဲ့ အရာအဖြစ် သုံးစွဲခဲ့ကြပါတယ်။  နောက်ပိုင်းမှာတော့ ဆေးဖက်ဝင်မှုကြောင့် နေ့စဉ် ဟင်းလျာထဲမှာ ထည့်သွင်း ချက်ပြုတ်မှုတွေကို လုပ်ဆောင်လာကြပါတယ်။ ပဲနံ့သာရွက်ကို ထောပတ် နည်းနည်းလေးနဲ့ ကြော်စားတာမျိုး ရှိသလို အခြားသော အသီးအနှံတွေနဲ့ တွဲဖက်ကြော်စားတာမျိုးတွေကိုလည်း လုပ်ဆောင်လာဲကြပါတယ်။ အရသာက ခါးသက်သက် ရှိပြီး ထမင်းလေးနဲ့ တွဲဖက်စားဖို့ သင့်တော်ပါတယ်။  အရွက်က ခပ်ထူထူလေးနဲ့ အရွက်ဆိုင် ထွက်တတ်ပါတယ်။ အရိုးတံ မာမာလေး ရှိပါတယ်။ အပွင့် ဝါဝါလေးတွေ […]

သဘာဝဆေးဖက်ဝင် ကို ရှာဖွေမည်။

သဘာဝဆေးဖက်ဝင်

Marigold (ထပ်တစ်ရာပန်း)

အသုံးပြုပုံများထပ်တစ်ရာပန်း ကို ဘာအတွက်အသုံးပြုကြသလဲ ထပ်တစ်ရာပန်းဆိုတာ အပင်တစ်မျိုးပါ။ ရာသီသွေးလာစေခြင်း နှင့် အဖျားကျစေခြင်းတို့အတွက် အသုံးပြုပါတယ်။ လည်ချောင်းနာ၊ ပါးစပ်နာ၊ ရာသီလာစဉ် သားအိမ်ညှစ်ခြင်း၊ ကင်ဆာနှင့် အစာအိမ်၊အူသိမ် အနာပေါက်ခြင်းတို့ကို ကုသရန်အတွက်လည်း သုံးပါတယ်။ အောက်ပါတို့အတွက်လည်း အရေပြားကို လိမ်းနိုင်ပါတယ်။ အနာ၊ အရောင် ကျစေခြင်း အနာမကျက်နိုင်ခြင်း၊ ခြေထောက်အနာဖြစ်ခြင်းများ ကုသခြင်း နှာခေါင်းသွေးလျံခြင်း၊ သွေးပြန်ကြောများ ထောင်နေခြင်း၊ လိပ်ခေါင်း၊ အူမကြီး ရောင်ရမ်းခြင်း နှင့် မျက်ခွံအတွင်းသား ရောင်ရမ်းခြင်း တို့ကို ကုသခြင်း ထပ်တစ်ရာပန်းကို အခြားအရာများအတွက်လည်း အသုံးပြုပါသေးတယ်။ နောက်ထပ်သိရှိလိုပါက ဆရာဝန်၊ ကျွမ်းကျင်သူတို့ကို မေးမြန်းပေးပါ။ ထပ်တစ်ရာပန်းက ဘယ်လိုအလုပ်လုပ်လဲ ထပ်တစ်ရာပန်းမှာ ပါတဲ့ ဓါတုပစ္စည်းတစ်မျိုးက ို တစ်ရှုးတွေ အသစ်ဖြစ်စေခြင်းအားဖြင့် အနာကျက်ခြင်း ကူညီပေးတယ်၊ လည်းချောင်းနဲ့ ပါးစပ်တွေမှာ ရှိတဲ့ ရောင်ရမ်းနာတွေကို လျော့နည်းစေတယ်လို့ သိရပါတယ်။ နောက်ထပ်သိရှိလိုပါက ဆရာဝန်၊ကျွမ်းကျင်သူတို့ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ ကြိုတင်သတိပြုရန်များနှင့် […]


သဘာဝဆေးဖက်ဝင်

Pineapple (နာနတ်သီး)

အသုံးပြုပုံများနာနတ်သီး ကို ဘာအတွက်အသုံးပြုကြသလဲ နာနတ်သီးကို ကပ်ပါးပိုး၊ သန်ကောင်များ နှိမ်နင်းရန်အတွက်အသုံးပြုပြီး အစာအိမ်ပြဿနာများကို သက်သာစေသည်။ ကိုယ်ဝန်ဖျက်ချရန် နှင့် ဓမ္မတာလာစေရန် လှုံ့ဆော်ရာတွင်လည်း အသုံးပြုသည်။ နာနတ်သီးမှ ရရှိသော bromelain ပရိုတင်းကို ကျန်းမာရေးဓါတ်စာအဖြစ် အသုံးပြုလျက်ရှိသည်။ ၎င်းသည် ကင်ဆာဆဲလ်ကြီးထွားခြင်းကို နှောင့်ယှက်တားဆီးပြီး သွေးခဲခြင်းကိုတားကာ ရောင်ရမ်းခြင်းကို လျော့ကျစေ၍ အနာမှ ပျက်စီးတစ်ရှူးများ ဖယ်ရှားရန်လည်း ကူညီပါသည်။ နာနတ်သီးကို အခြားနေရာများတွင် အသုံးပြုရန် ညွှန်ကောင်းညွှန်နိုင်သည်။ ထပ်မံသိရှိလိုပါက ဆရာဝန် (သို့) ဆေးဝါးကျွမ်းကျင်ပညာရှင်ကို မေးမြန်းနိုင်ပါသည်။ နာနတ်သီးကဘယ်လိုအလုပ်လုပ်လဲ လက်တွေ့စမ်းသပ်လေ့လာချက်များအရ နာနတ်သီးမှ ရရှိသော သဘာဝကုန်ကြမ်း bromelain ပရိုတင်းသည် ကုထုံးများတွင် ကျယ်ပြန့်စွာ အထောက်အကူပြုလျက်ရှိကြောင်း သိရသည်။ သက်သေအထောက်အထားများအရ bromelain ကို မီးလောင်နာများ ဆဲလ်သေများ ဖယ်ရှားရန်နှင့် အရောင်ကျစေရန် အသုံးပြုလျက်ရှိသည်။ ပိုမိုသိရှိလိုပါက သင့်ဆရာဝန် […]


သဘာဝဆေးဖက်ဝင်

Ginkgo Biloba ၏ ကောင်းကျိုးများ နှင့် သင်၏မှတ်ဉာဏ်

Maidenhair tree လို့ လူသိများတဲ့ Ginkgo biloba ဟာ ကမ္ဘာပေါ်မှာ ရှေးအကျဆုံး အပင်မျိုးစေ့တွေထဲက တစ်ခုဖြစ်ပါတယ်။ Ginkgo ပင်တွေဟာ အလွန်ထူးခြားတဲ့ အစွမ်းသတ္တိတွေ ရှိပါတယ်။ သူတို့ဟာ ပေ၁၃၀ ကျော်အထိ မြင့်နိုင်ပြီးတော့ နှစ်ပေါင်း ၁၀၀၀ ကျော်တဲ့ အထိ အသက်ရှင်နေနိုင်ကြပါတယ်။ မကြာသေးမီနှစ်တွေက Ginkgo အာဟာရတွေဟာ အလွန်ထင်ရှားလာပါတယ်။ သူတို့ဟာ အခုလောလောဆယ်မှာ ရောင်းအားအကောင်းဆုံး ဆေးဖက်ဝင် အပင်နဲ့ ဖေါ်စပ်ထားတဲ့ ဆေးတစ်မျိုးဖြစ်ပါတယ်။ Ginkgo ဟာ အရေးကြီးတဲ့ တရုတ်တိုင်းရင်းဆေးတစ်မျိုးဖြစ်ပြီး Ginkgo ရွက်နဲ့ အစေ့တွေဟာ နှစ်ပေါင်းထောင်ပေါင်းများစွာ အသုံးပြုခဲ့ကြပါတယ်။ Ginkgo က ထုတ်လုပ်ထားတဲ့ ပစ္စည်းကို အပင်ရဲ့ ခြောက်သွေ့တဲ့ အစိမ်းရောင်အရွက်တွေကနေ ထုတ်ယူပြီးတော့ အရည်ပုံစံ၊ ဆေးတောင့်ပုံစံနဲ့ […]


သဘာဝဆေးဖက်ဝင်

ပျားဝတ်မှုန်၏ ကောင်းကျိုးများ

ပျားတစ်ကောင်ဟာ ဝတ်ရည်ကို စုစည်းချိန်မှာ ပန်းတွေက ဝတ်မှုန်အချို့ဟာ သူတို့နဲ့ ပါလာတတ်ပါတယ်။ ဒီဝတ်မှုန်တွေဟာ ချိုမြိန်တဲ့ အရသာရှိတဲ့ ရွှေရောင် အမှုန့်လေးတွေပုံစံနဲ့ လာတတ်ပါတယ်။ ပျားဝတ်မှုန်ဟာ သွေးမဆုံးခင်ဖြစ်တတ်တဲ့ ရောဂါ (PMS)၊ ဆီးကျိတ်ကြီးခြင်းနဲ့ အခြားအရေပြား ထုတ်ကုန်တွေမှာ သူ့ရဲ့ ကျန်းမာရေးအတွက် ကောင်းတဲ့ ဂုဏ်သတ္တိကြောင့် ထင်ရှားတဲ့ ဖြည့်စွက်ပစ္စည်းအနေနဲ့ ပါဝင်ပါတယ်။ အောက်ဖေါ်ပြပါအချက်တွေကတော့ ပျားဝတ်မှုန်ကို သင့်နေ့စဉ်အစားအေသာက်ထဲထည့်သွင်းသင့်တဲ့ အဓိက အချက်တွေဖြစ်ပါတယ်။ ၁။ ပရိုတင်း၊ ဗီတာမင်နဲ့ antioxidants တွေ ပါဝင်ပါတယ်။ ပျားတွေဟာ ပျားငယ်လေးတွေကို ပျားဝတ်မှုန်တိုက်ကျွေးတယ်ဆိုတာ သင်သိပါသလား။ ပျားဝတ်မှုန်ရဲ့ ၄၀% ဟာ ပရိုတင်းတွေ ဖြစ်ပါတယ်။ သူ့မှာ လူတွေ လိုအပ်တဲ့ အာဟာရမျိုးစုံ ပါဝင်ပါတယ်။ ပျားဝတ်မှုန်မှာ ပါဝင်တဲ့ ပရိုတင်းဟာ စားပြီးပြီးချင်း အသုံးပြုနိုင်တဲ့ amino […]


သဘာဝဆေးဖက်ဝင်

ခံတွင်းအနံ့ဆိုးခြင်းကိုဘယ်လိုကုသမလဲ။

အိပ်ပျော်သွားချိန်မှာ ဘက်တီးရီးယားပိုးမွှားများ ခံတွင်းအတွင်းပေါက်ပွားခြင်းကြောင့် အိပ်ရာနိုးလာတဲ့အချိန် ခံတွင်းအနံ့ဆိုးတတ်ပါတယ်။ မြောက်များစွာသောအကြောင်းအရာများ (ဥပမာ-အကျင့်ဆိုး (သို့) အစားအသောက်) ဟာ ခံတွင်းအနံ့ဆိုးခြင်းကို ဖြစ်ပွားစေပါတယ်။ သို့ပေမယ့် ဒီခံတွင်းအနံ့ဆိုးခြင်းကို ပျောက်ကင်းဖို့နဲ့ ထပ်မဖြစ်အောင် ကာကွယ်ဖို့နည်းလမ်းအသွယ်သွယ် ရှိပါတယ်။ ယေဘုယျအားဖြင့် ခံတွင်းသန့်ရှင်းခြင်းဟာ ခံတွင်းအနံ့ဆိုးခြင်းကို ကာကွယ်ပေးနိုင်တဲ့ အထိရောက်ဆုံး နည်းလမ်းဖြစ်ပါတယ်။ မိမိတို့ရဲ့ နေ့စဉ်ဆောင်တာတွေထဲမှာ သွားကြားများကို သွားပွတ်ကြိုး နဲ့သန့်ရှင်းရေးလုပ်သင့်ပါတယ်။ သွားများနှင့် သွားဖုံးကို တိုက်ချွတ်ပါ။ လျှာကိုလည်း သန့်ရှင်းရေးလုပ်ရမှာ ဖြစ်ပါတယ်။ မှန်ကန်သော သွားတိုက်နည်းပုံစံ ပျော့ပျောင်းတဲ့ဲ့သွားပွတ်တံကို အသုံးပြုပြီး တစ်နေ့ (၂) ကြိမ်သွားတိုက်ပါ။ သွားပွတ်တံရဲ့ အရွယ်အစားကို မိမိခံတွင်းနှင့် ကိုက်ညီပြီး ခံတွင်းနေရာအစုံကို ရောက်နိုင်တဲ့ သွားပွတ်တံမျိုးကို ရွေးချယ်ပါ။ သွားပွတ်တံ အမွေးလေးတွေ ဖွာနေပြီဆိုရင်တော့ အသစ်တစ်ချောင်းကို လဲလှယ်ပါ။ ဒါမှမဟုတ် ၃လ […]


သဘာဝဆေးဖက်ဝင်

သွားပွတ်တံရွေးချယ်ခြင်း ။ လျှပ်စစ်သွားပွတ်တံနှင့် ရိုးရိုးသွားပွတ်တံ၏ ကောင်းကျိုးနှင့် ဆိုးကျိုးများ

မိမိခံတွင်းကို သန့်ရှင်းစင်ကြယ်စွာထားရှိခြင်းဟာ မိမိရဲ့ခန္ဓါကိုယ်နှင့် စိတ်နှလုံးကျန်းမာရေးကို ကျန်းမာအောင်စောင့်ရှောက်ခြင်းလိုပဲ အရေးကြီးပါတယ်။ ခံတွင်းနှင့်သွားကျန်းမာကြံ့ခိုင်စေရန် အထိရောက်ဆုံးသောနည်းလမ်းကတော့ နေ့စဉ်အချိန်မှန်မှန်သွားတိုက်ဖို့ပဲဖစ်ပါတယ်။ ဒါကြောင့် စားကြွင်းစားကျန်များကို ဖယ်ရှားခြင်းနှင့်သွားနှင့်ခံတွင်း ထိခိုက်ပျက်စီးခြင်းမှကာကွယ်နိုင်ရန် သင့်တော်တဲ့သွားပွတ်တံကို ရွေးချယ်တတ်ဖို့က အရေးကြီးပါတယ်။ အဓိကအားဖြင့် သွားပွတ်တံတွေမှာ လျှပ်စစ်သွားပွတ်တံနှင့် ရိုးရိုးသွားပွတ်တံ (လျှပ်စစ်ဓါတ်နှင့်မဟုတ်ဘဲ မိမိကိုယ်တိုင် တိုက်ရသောသွားပွတ်တံ)ဆိုပြီး နှစ်မျိုးနှစ်စားရှိပါတယ်။ သွားပွတ်တံရွေးချယ်ခြင်းအတွက်ယေဘူယျအချက်များ လျှပ်စစ်သွားပွတ်တံပဲဖြစ်ဖြစ် ရိုးရိုးသုံးသွားပွတ်တံပဲjဖစ်ဖြစ် ဘယ်လိုသွားပွတ်တံအမျိုးအစားကိုရွေးချယ် သင့်တယ်ဆိုတဲ့ယေဘူယျအချက်အလက်တွေရှိပါတယ်။ အရွယ်အစား သွားပွတ်တံဟာသွားများရဲ့ မျက်နှာပြင်ကို အလွယ်တကူတိုက်ချွတ်နိုင်ရပြီး သွားဖုံးတွေကို ထိခိုက်ခြင်းမှ ကာကွယ်နိုင်ရမှာဖြစ်ပါတယ်။ သွားပွတ်တံခေါင်းသေးလေးဟာဆိုရင် သင့်သွားနောက်ဘက်ရှိ ချောင်ကြိုချောင်ကြားနေရာတွေထိ ရောက်ရှိနိုင်ပါတယ်။ သွားပွတ်တံလက်ကိုင်ဟာလည်း သင့်လက်ထဲမှာ သက်တောင့်သက်သာကိုင်နိုင်စေလောက်တဲ့ အရှည်ရှိရမှာဖြစ်ပါတယ်။ သွားပွတ်တံအမွေးမျိုးအစားများ လျှပ်စစ်သွားပွတ်တံနှင့်ဆိုလျှင် သွားပွတ်တံအမွေးများကို လဲလှယ်နိုင်ပါတယ်။ ထုတ်လုပ်သော သွားပွတ်တံအမွေးအမျိုးအစားအလိုက် သွားပွတ်တံဟာအပျော့ အမာအလယ်အလတ် ဆိုပြီး အမျိုးအစားကွဲပြားမှုရှိပါတယ်။ အများစုကတော့ သွားပွတ်တံအပျော့ကို ရွေးချယ်ခြင်းဟာ သင့်သွားများကိုအားပါးတရတိုက်ဖို့အတွက် စိတ်အချရဆုံးဖြစ်ပါ တယ်။ သွားပွတ်တံအမွေးအမာများကို […]


သဘာဝဆေးဖက်ဝင်

သွားပွတ်တံအကြောင်း သိကောင်းစရာ

တစ်ရက်ကို သွားနှစ်ကြိမ်တိုက်ခြင်းသည် ကျွန်ုပ်တို့ခံတွင်းကျန်းမာရေးအတွက် အလွန်အရေးကြီးပါသည်။ သွားကို မနက်အိပ်ရာထပြီးနှင့် ညအိပ်ရာ မဝင်မီ အနည်းဆုံး (၃)မိနစ် တိုက်သင့်သည့်။ သင့်သွားနှင့် သင့်လျော်သော သွားပွတ်တံကို ရွေးချယ်ရန် အလွန်အရေးကြီးပါသည်။ သွားပွတ်တံကို မည်သည့်အချိန်တွင် အသစ်ဝယ်ရန်နှင့် မည်သို့ထိန်းသိမ်းသင့်သည်ကို အောက်တွင် ဖော်ပြထားပါသည်။ မည်သို့သောသွားပွတ်တံသည် သင့်အတွက် အကောင်းဆုံးဖြစ်မလဲ သွားပွတ်တံအမာသည် သွားရှိစားကြွင်းစားကျန်များကို ဖယ်ရှားရာတွင် အသုံးဝင် သည်ဟု လူအများက ယူဆကြသည်။ သွားတိုက်ရာတွင် အားများများသုံးပြီးတိုက်ခြင်းထက် သွား တိုက်ခြင်းနည်းလမ်းသည် ပိုအရေးပါသောကြောင့် သွားပွတ်တံအပျော့သုံး ခြင်းက သင့်ကို အထောက်အကူပြုပါလိမ့်မည်။ သွားကို အားဖြင့်တိုက်ခြင်း သည် သွားဖုံးနှင့် ကြွေလွှာကို ထိခိုက်စေနိုင်ပါသည်။ လျှပ်စစ်သွားပွတ်တံသည် ပို၍ကောင်းသည်ဟု ဆိုကြသည်။ ခံတွင်းအရွယ်အစားနှင့် သင့်လျော်သောသွားပွတ်တံကို ရွေးချယ်ပါ။ သွားပွတ် တံအသေးကို ကလေး၊ သွားပွတ်တံအကြီးကို လူကြီးများအတွက် ရွေးချယ်ပါ။ အချိန် သွားတိုက်ရာတွင် […]


သဘာဝဆေးဖက်ဝင်

မှတ်ဉာဏ်ကောင်းမွန်စေသော အစားအစာများ

အလုပ်လုပ်စဉ် (သို့) စာဖတ်စဉ်မှာအာရုံစိုက်ဖို့ခက်ခဲတယ်လို့ ခံစားရဖူးပါသလား။ တကယ်လို့ ခံစားရဖူးတယ်ဆိုရင်တော့ ဒီဆောင်းပါးဟာသင့်အတွက်အကျိုးရှိမှာပါ။ အခြေခံအားဖြင့် သင်စားသောက်သမျှဟာသင့်ရဲ့ကျန်းမာရေးနဲ့ မှတ်ဉာဏ်ကိုအကျိုးသက်ရောက်တာကြောင့် အာရုံစူးစိုက်မှု မရရှိခြင်းဟာကျန်းမာရေးနဲ့ မညီညွတ်တဲ့ စားသောက်ပုံကြောင့်ဖြစ်နိုင်ပါတယ်။ ဒီဆောင်းပါးမှာသင့်မှတ်ဉာဏ်ကိုကူညီပေးမယ့် အစားအသောက်တွေအကြောင်းဖေါ်ပြသွားမှာဖြစ်ပါတယ်။   ထောပတ်သီး အချို့လူတွေဟာအဆီပါဝင်မှုများတယ်ဆိုပြီးထောပတ်သီးကိုမကြိုက်ကြပါဘူး။ တကယ်တော့ သူ့မှာပါဝင်တဲ့အဆီဟာ mono-saturated fat လို့ ခေါ်တဲ့ ခန္ဓါကိုယ်အတွက် ကောင်းမွန်တဲ့ အဆီပဲဖြစ်ပါတယ်။ ထောပတ်သီးဟာအသားအရည်ကို နူးညံ့ကောင်းမွန်စေပြီးဆံပင်နဲ့ လက်သည်းကျန်းမာရေးကိုအားပေးတဲ့ ကော်လဂျင်လိ ခေါ်တဲ့ ဓါတ်တစ်မျိုးကို ခန္ဓါကိုယ်အတွင်းမှာပိုထွက်စေပါတယ်။ နောက်ပြီးသွေးထဲရှိသကြားဓါတ်ကိုလည်းထိန်းညှိပေးပါတယ်။   ဘလူးဘယ်ရီသီး ဘလူးဘယ်ရီသီးဟာအရသာကောင်းမွန်ရုံတင်သာမကဓါတ်တိုးဆန့်ကျင် ဂုဏ်သတ္တိတွေပါ ပိုင်ဆိုင်ပါတယ်။ သူ့မှာဗီတာမင် စီ၊ ကေနဲ့ အမျှင်ဓါတ်များလည်းပါဝင်ပါတယ်။ ဘလူးဘယ်ရီသီးကို Gallic Acid နဲ့ ထုတ်ပိုးထားတာပါ။ ဒီအသီးဟာအာရုံစူးစိုက်မှုကိုအနှောင့်အယှက်ဖြစ်စေတဲ့ စိတ်ဖိစီးမှုနဲ့ အသက်ကြီးလာလို့ ဖြစ်တတ်တဲ့ ဦးနှောက်ယိုယွင်းပျက်စီးခြင်းကနေကာကွယ်ပေးပါတယ်။ ဘလူးဘယ်ရီကိုပုံစံအမျိုးမျိုးနဲ့ စားနိုင်ပါတယ်။ မုန့်အဖြစ်သော်လည်းကောင်း၊ ဒိန်ချိန်နဲ့ ရောစားခြင်းဖြင့်သော်လည်းကောင်း၊ မနက်စာမှာထည့်သွင်းစားသောက်ခြင်းဖြင့်သော်လည်းကောင်းစားနိုင်ပါတယ်။   အစိမ်းရောင် […]


သဘာဝဆေးဖက်ဝင်

ဗောက်ပျောက်ရန် အိမ်မှာအလွယ်တကူကုသနိုင်သော အိမ်တွင်းဆေးဝါးများ

ဗောက်ပျောက်ရန် အိမ်မှာ အလွယ်တကူကုသနိုင်သော အိမ်တွင်းဆေးဝါးများ ကျွန်တော်တို့တစ်ခုလောက် စိတ်ကူးကြည့်လိုက်ရအောင်။ သင်က stage စင်ကြီးပေါ်မှာ သရုပ်ပြနေတာကို လူတွေအများကြီးက ကြည့်နေတယ်။ အဲ့ဒီအချိန်မှာပဲ သင်ခေါင်းကုတ်ချင်စိတ်တွေ တဖြည်းဖြည်းဖြစ်လာမယ်။ ပြီးတော့ သင့်ရှေ့မှာ ဗောက်တွေ အဖတ်လိုက် ကွာကျလာမယ်။ အဖတ်အကြီးကြီးတွေနော်။ သင်စပြီး အလန့်တကြားဖြစ်လာပြီး ဘယ်သူမှမမြင်အောင်လို့စင်နောက်ကိုပြန်ဝင်ပြီး နေနေလိုက်မယ်ဆိုပါစို့။ သင့်ခေါင်းကိုထပ်ကုတ်လိုက်ပြန်ပြီဆို ဗောက်တွေ အဖတ်လိုက်ထပ်ကျလာပြီး ပိုပြီးတော့လည်း ထင်သာမြင်သာရှိလာမယ်။ အဲ့ဒီအချိန်မှာ တစ်ယောက်ယောက်က ဖြတ်လာရင်းတွေ့သွားပြီး သင့်ကို “ မင်းမှာဗောက်တွေအတော်ဆိုးဆိုးရှိနေတာပဲ သူငယ်ချင်း”လို ပြောသွားမယ်ဆိုရင် ……….. ဗောက်ဆိုတာ ဦးခေါင်းပေါ်မှာရှိတဲ့ အရည်ပြား အခြေအနေတစ်ခုပါ။ ဗောက်တွေဟာ ဦးရေပြားပေါ်က အရည်ခွံတွေ ဖြစ်သင့်တာထက် ပိုပြီးမြန်မြန် ကွာကျလာတဲ့အချိန်မှာ ဖြစ်ပေါ်ပါတယ်။ ဆဲလ်အဟောင်းတွေဟာ ဆဲလ်အသစ်တွေကိုေ နရာပေးဖို့သေဆုံးပေးကြရပါတယ်။ တကယ်လို့ ဒီဖြစ်စဉ်ကြီးက ပိုပြီးမြန်ဆန်လာမယ်ဆိုရင် သင့်ခေါင်းကနေ […]


သဘာဝဆေးဖက်ဝင်

ပင်စိမ်း (Basil)

ပင်စိမ်း (Basil) က ကျန်းမာရေးကို ဘယ်လိုများ ထောက်ကူပေးနိုင်လဲဆိုတာ အတူတူ လေ့လာလိုက်ရအောင်နော်။ အသုံးပြုပုံများ ပင်စိမ်း (Basil) ကို ဘာအတွက်အသုံးပြုကြသလဲ ပင်စိမ်း ဟာ မြေကြီးပေါ်မှာ ပေါက်တဲ့ အပင်တစ်မျိုးဖြစ်ပြီး ဆေးအဖြစ်အသုံးပြုကြပါတယ်။ လူအချို့က သူ့ကို အာလုပ်ကျင်းရည် အဖြစ်လည်း အသုံးပြုကြပါတယ်။ ဗိုက်အောင့်ခြင်း၊ အစားအသောက် ပျက်ခြင်း၊ လေထခြင်း၊ ကျောက်ကပ်ရောဂါတွေနဲ့ အရည်ကိုယ်ခန္ဓါအတွင်းများခြင်း၊ ခေါင်းအအေးမိခြင်း၊ ကြွက်နို့များ၊ သန်ကောင် ထခြင်းတွေအတွက်လည်း အသုံးပြုကြပါတယ်။ မြွေနဲ့ အင်းဆက်ကိုက်ခြင်းတွေကို ကုသဖို့လည်း အသုံးပြုကြပါတယ်။ အမျိုးသမီးအချို့ဟာ ကလေးမမွေးမီနဲ့ မွေးအပြီးမှာ သွေးစီးဆင်းမှုကို မြှင့်တင်ဖို့နဲ့ နို့ထွက်ခြင်း အစပြုစေဖို့ အသုံးပြုကြပါတယ်။ ဘယ်လိုအလုပ်လုပ်လဲ ၎င်း ဘယ်လိုအလုပ်လုပ်လဲဆိုတာနဲ့ ပတ်သက်တဲ့ လုံလောက်တဲ့ လေ့လာမှုတွေ မရှိသေးပါဘူး။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်