မိမိခံတွင်းကို သန့်ရှင်းစင်ကြယ်စွာထားရှိခြင်းဟာ မိမိရဲ့ခန္ဓါကိုယ်နှင့် စိတ်နှလုံးကျန်းမာရေးကို ကျန်းမာအောင်စောင့်ရှောက်ခြင်းလိုပဲ အရေးကြီးပါတယ်။ ခံတွင်းနှင့်သွားကျန်းမာကြံ့ခိုင်စေရန် အထိရောက်ဆုံးသောနည်းလမ်းကတော့ နေ့စဉ်အချိန်မှန်မှန်သွားတိုက်ဖို့ပဲဖစ်ပါတယ်။ ဒါကြောင့် စားကြွင်းစားကျန်များကို ဖယ်ရှားခြင်းနှင့်သွားနှင့်ခံတွင်း ထိခိုက်ပျက်စီးခြင်းမှကာကွယ်နိုင်ရန် သင့်တော်တဲ့သွားပွတ်တံကို ရွေးချယ်တတ်ဖို့က အရေးကြီးပါတယ်။ အဓိကအားဖြင့် သွားပွတ်တံတွေမှာ လျှပ်စစ်သွားပွတ်တံနှင့် ရိုးရိုးသွားပွတ်တံ (လျှပ်စစ်ဓါတ်နှင့်မဟုတ်ဘဲ မိမိကိုယ်တိုင် တိုက်ရသောသွားပွတ်တံ)ဆိုပြီး နှစ်မျိုးနှစ်စားရှိပါတယ်။