backup og meta

ခံတွင်းအနံ့ဆိုးခြင်းကိုဘယ်လိုကုသမလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Sandar Lin မှ ရေးသားသည်။ · 27/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခံတွင်းအနံ့ဆိုးခြင်းကိုဘယ်လိုကုသမလဲ။

    အိပ်ပျော်သွားချိန်မှာ ဘက်တီးရီးယားပိုးမွှားများ ခံတွင်းအတွင်းပေါက်ပွားခြင်းကြောင့် အိပ်ရာနိုးလာတဲ့အချိန် ခံတွင်းအနံ့ဆိုးတတ်ပါတယ်။ မြောက်များစွာသောအကြောင်းအရာများ (ဥပမာ-အကျင့်ဆိုး (သို့) အစားအသောက်) ဟာ ခံတွင်းအနံ့ဆိုးခြင်းကို ဖြစ်ပွားစေပါတယ်။ သို့ပေမယ့် ဒီခံတွင်းအနံ့ဆိုးခြင်းကို ပျောက်ကင်းဖို့နဲ့ ထပ်မဖြစ်အောင် ကာကွယ်ဖို့နည်းလမ်းအသွယ်သွယ် ရှိပါတယ်။

    ယေဘုယျအားဖြင့် ခံတွင်းသန့်ရှင်းခြင်းဟာ ခံတွင်းအနံ့ဆိုးခြင်းကို ကာကွယ်ပေးနိုင်တဲ့ အထိရောက်ဆုံး နည်းလမ်းဖြစ်ပါတယ်။ မိမိတို့ရဲ့ နေ့စဉ်ဆောင်တာတွေထဲမှာ

    • သွားကြားများကို သွားပွတ်ကြိုး နဲ့သန့်ရှင်းရေးလုပ်သင့်ပါတယ်။
    • သွားများနှင့် သွားဖုံးကို တိုက်ချွတ်ပါ။
    • လျှာကိုလည်း သန့်ရှင်းရေးလုပ်ရမှာ ဖြစ်ပါတယ်။

    မှန်ကန်သော သွားတိုက်နည်းပုံစံ

    • ပျော့ပျောင်းတဲ့ဲ့သွားပွတ်တံကို အသုံးပြုပြီး တစ်နေ့ (၂) ကြိမ်သွားတိုက်ပါ။ သွားပွတ်တံရဲ့ အရွယ်အစားကို မိမိခံတွင်းနှင့် ကိုက်ညီပြီး ခံတွင်းနေရာအစုံကို ရောက်နိုင်တဲ့ သွားပွတ်တံမျိုးကို ရွေးချယ်ပါ။
    • သွားပွတ်တံ အမွေးလေးတွေ ဖွာနေပြီဆိုရင်တော့ အသစ်တစ်ချောင်းကို လဲလှယ်ပါ။ ဒါမှမဟုတ် ၃လ (သို့) ၄လ တစ် ကြိမ် သွားပွတ်တံကိုလဲပေးပါ။ ဟောင်းနွမ်းနေတဲ့ သွားပွတ်တံကိုသာ အသုံးပြုရင် သင့်ရဲ့သွားများက အလုံးစုံ သန့်ရှင်းမှာမဟုတ်ပါ။
    • သင့်ရဲ့ သွားပွတ်တံကို သွားဖုံးနှင့် ၄၅ ဒီဂရီစောင်းပြီး တိုက်သင့်ပါတယ်။
    • သွားတိုက်ရာမှာ သွားရဲ့အရှေ့မျက်နှာပြင်တစ်ခုတည်းကိုသာ တိုက်၍မရပါ။ အတွင်းမျက်နှာပြင်နှင့် ဝါးတဲ့နေရာ မျက်နှာပြင်တွေကိုပါ တိုက်ရမှာဖြစ်ပါတယ်။
    • ရှေ့သွားများရဲ့ အတွင်းမျက်နှာပြင်ကို တိုက်ရာမှာ သွားပွတ်တံကို တည့်တည့်မတ်မတ်ကိုင်ပြီး တိုက်ရမှာဖြစ်ပါတယ်။
    • သွားတိုက်ရာမှာ အနည်းဆုံးအချိန် နှစ်မိနစ်ယူပြီး တိုက်သင့်ပါတယ်။

    ခံတွင်းအနံ့ဆိုးခြင်းကို ပျောက်ကင်းစေနိုင်တဲ့ အချို့သော အစားအစာများကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။

    • သစ်ကြံပိုးခေါက်- သစ်ကြံပိုးခေါက်မှာ ပါဝင်တဲ့ အဆီ တစ်မျိုး (essential oil) ဟာ ခံတွင်းအတွင်းမှာရှိတဲ့ ဘက်တီးရီးယားပိုးမွှားတွေကို သေစေနိုင်ပါတယ်။ သစ်ကြံပိုးခေါက်ကို တိုက်ရိုက်အရသာခံ စားသုံးဖို့တော့ ခက်ခဲပါတယ်။ သို့သော်လည်း သစ်ကြံပိုးခေါက်ပါဝင်တဲ့ ပူရှိန်း (သို့) ပီကေဝါးခြင်းဖြင့် ခံတွင်းအနံ့ဆိုးကို ပျောက်ကင်း စေနိုင်ပါတယ်။
    • တရုတ်နံနံ – ကြက်သွန်နီနှင့် ကြက်သွန်ဖြူဟာ ခံတွင်းအနံ့ကို ဆိုးစေသော်လည်း တရုတ်နံနံကတော့ ခံတွင်းအနံ့ကောင်းစေပါတယ်။ တရုတ်နံနံကို လတ်လတ်ဆတ်ဆတ် ဝါးစားနိုင်ပြီး ရေနွေးပူထဲထည့်ပြီး ရေနွေးကြမ်းအဖြစ် သောက်သုံးနိုင်ပါတယ်။
    • ဒိန်ချဉ် – နေ့စဉ် သကြားမပါတဲ့ ဒိန်ချဉ်ကို တစ်နေ့ နှစ်ကြိမ် စားသုံးခြင်းဟာ ခံတွင်းထဲမှာရှိတဲ့ Hydrogen sulphide ပမာဏကို လျော့ကျစေပါတယ်။
    • အမျှင်ဓါတ်ပေါများသော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ – အသီးအနှံများဖြစ်တဲ့ ပန်းသီး၊ မုန်လာဥနီနှင့် တရုတ်နံနံကြီး (ရှမ်းနံနံ) တွေဟာ ခံတွင်းအနံ့ဆိုးတွေကို ဖျောက်ဖျက်ပေးနိုင်တဲ့ အစွမ်းသတ္တိတွေရှိပါတယ်။ စားကြွင်း စားကျန်များဟာ သွားကြားတွေထဲမှာ ကျန်ခဲ့နိုင်ပါတယ်။ ဒါကြောင့် အမျှင်ဓါတ်ပေါများတဲ့ အသီးအနှံများကို စားသုံးခြင်းဖြင့် ခံတွင်းကို သန့်ရှင်းစေနိုင်ပါတယ်။

    ခံတွင်းသန့်ရှင်းမှုရှိ/မရှိနှင့် အစာအိမ်အူလမ်းကြောင်းဆိုင်ရာ ရောဂါရှိ/မရှိခြင်းဟာ ခံတွင်းအနံ့ဆိုးစေတဲ့အဓိကအကြောင်းအရင်း (၂) ခု ဖြစ်ပါတယ်။ ဒါကြောင့် ခံတွင်းရနံ့သင်းပျံ့နေစေဖို့အတွက် သွားကိုသေသေချာချာတိုက်ပြီး ကျန်းမာရေးနှင့်ညီညွတ်ပြီး သင့်တင့်လျောက်ပတ်တဲ့ နေထိုင်စားသောက်မှုပုံစံကိုလိုက်နာကျင့်သုံးရမှာ ဖြစ်ပါတယ်။ ခံတွင်းရနံ့သင်းပျံစေရန် အချို့သော ကောင်းမွန်တဲ့အလေ့အကျင့်တွေကတော့ သကြားမပါသော ပီကေများဝါးခြင်းနှင့် ရေများများသောက်ခြင်းတို့ ဖြစ်ပါတယ်။ ဒါပေမယ့် သွားဖုံးရောဂါရှိခြင်းဟာ ခံတွင်းအနံ့ဆိုးခြင်းရဲ့တခြားသောအကြောင်းအရာဖြစ်တဲ့အတွက် သင့်ရဲ့ဆရာဝန်နှင့်မှန်မှန်ပြသဆွေးနွေးရမှာ ဖြစ်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Sandar Lin မှ ရေးသားသည်။ · 27/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement