backup og meta

သွားပွတ်တံအကြောင်း သိကောင်းစရာ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Sandar Lin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သွားပွတ်တံအကြောင်း သိကောင်းစရာ

    တစ်ရက်ကို သွားနှစ်ကြိမ်တိုက်ခြင်းသည် ကျွန်ုပ်တို့ခံတွင်းကျန်းမာရေးအတွက် အလွန်အရေးကြီးပါသည်။ သွားကို မနက်အိပ်ရာထပြီးနှင့် ညအိပ်ရာ မဝင်မီ အနည်းဆုံး (၃)မိနစ် တိုက်သင့်သည့်။ သင့်သွားနှင့် သင့်လျော်သော သွားပွတ်တံကို ရွေးချယ်ရန် အလွန်အရေးကြီးပါသည်။ သွားပွတ်တံကို မည်သည့်အချိန်တွင် အသစ်ဝယ်ရန်နှင့် မည်သို့ထိန်းသိမ်းသင့်သည်ကို အောက်တွင် ဖော်ပြထားပါသည်။

    မည်သို့သောသွားပွတ်တံသည် သင့်အတွက် အကောင်းဆုံးဖြစ်မလဲ

    သွားပွတ်တံအမာသည် သွားရှိစားကြွင်းစားကျန်များကို ဖယ်ရှားရာတွင် အသုံးဝင် သည်ဟု လူအများက ယူဆကြသည်။ သွားတိုက်ရာတွင် အားများများသုံးပြီးတိုက်ခြင်းထက် သွား တိုက်ခြင်းနည်းလမ်းသည် ပိုအရေးပါသောကြောင့် သွားပွတ်တံအပျော့သုံး ခြင်းက သင့်ကို အထောက်အကူပြုပါလိမ့်မည်။ သွားကို အားဖြင့်တိုက်ခြင်း သည် သွားဖုံးနှင့် ကြွေလွှာကို ထိခိုက်စေနိုင်ပါသည်။

    လျှပ်စစ်သွားပွတ်တံသည် ပို၍ကောင်းသည်ဟု ဆိုကြသည်။

    ခံတွင်းအရွယ်အစားနှင့် သင့်လျော်သောသွားပွတ်တံကို ရွေးချယ်ပါ။ သွားပွတ် တံအသေးကို ကလေး၊ သွားပွတ်တံအကြီးကို လူကြီးများအတွက် ရွေးချယ်ပါ။

    အချိန်

    သွားတိုက်ရာတွင် သွား၏မျက်နှာပြင်အကုန်လုံးကို ကုန်စင်အောင် တိုက်ရန် လိုအပ်သောကြောင့် အနည်းဆုံး (၃)မိနစ် တိုက်သင့်သည်။ အတွင်း၊ အပြင် နှင့် ဝါးသောမျက်နှာပြင်အပြင် လျှာကိုလည်း တိုက်သင့်သည်။

    သွားပွတ်တံကို မကြာခဏလဲလှယ်ပါ။

    သွားပွတ်တံအသစ်ကို (၃ လ) သို့မဟုတ် (၄ လ) တစ်ကြိမ် လဲလှယ်ရန် လိုအပ်ပါသည်။ ဟောင်းနွမ်းသော သွားပွတ်တံသည် သင့်သွားကို ကောင်းစွာ မသန့်စင်နိုင်သောကြောင့် သွားပွတ်တံကို ဟောင်းနွမ်းသည်အထိ မသုံးပါနှင့်။

    သွားပွတ်တံသန့်ရှင်းရေး

    သွားပွတ်တံသည် ဘက်တီးရီးယားပိုးမွှားများ စွာကို သယ်ဆောင်နိုင်သော ကြောင့် သွားပွတ်တံကို ထိန်းသိမ်းခြင်းသည် လူအများထင်သလို မလွယ်ကူ လှပါဘူး။ သွားပွတ်တံကို သဘာဝအတိုင်း လျှင်မြန်စွာ ခြောက်သွေ့နိုင်သော နေရာတွင် သိမ်းဆည်းသင့်ပါသည်။ ထို့ပြင် ရောဂါပိုးမွှားများသည် သွားပွတ်တံ တစ်ခုမှ တစ်ခုသို့ ကူးစက်နိုင်သောကြောင့် သွားပွတ်တံအကုန်လုံးကို ခြင်းတစ်ခုထဲတွင် မထားသင့်ပါဘူး။ ကျွန်ုပ်တို့အများစုသည် သွားပွတ်တံကို ရေချိုးခန်းတွင် ထားလေ့ရှိပြီး ၎င်းသည် ရောဂါပိုးမွှားများရှိရာနေရာ ဖြစ်သည်။ ထို့ကြောင့် သွားပွတ်တံကို ဘေစင်နှင့်အိမ်သာနားတွင် မထားသင့်ပါဘူး။ ရောဂါပိုးမွှားများသည် ထိုနေရာများမှတဆင့် လေထဲသို့ရောက်ရှိသွားပြီး သင်၏သွားပွတ်တံပေါ်သို့ ကျရောက်နိုင်သောကြောင့် ဖြစ်သည်။ အိမ်သာ ရေဆွဲမချခင် အိမ်သာအဖုံးကို အရင်ပိတ်သင့်ပါကြောင်း အကြုံပြုချင်ပါသည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr. Sandar Lin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement