backup og meta

အဆုတ်ကို ကျန်းမာစေမည့် ဆေးဖက်ဝင်အပင်များ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 15/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အဆုတ်ကို ကျန်းမာစေမည့် ဆေးဖက်ဝင်အပင်များ

    အဆုတ်ကို ကျန်းမာအောင်နေထိုင်ခြင်းဖြင့် အသက်ရှူလမ်းကြောင်းတစ်ခုလုံးကို ကျန်းမာအောင် ထိန်းသိမ်းနေထိုင်ရန်မှာ အလွန် အရေးကြီးပါသည်။ အမှန်အားဖြင့် အဆုတ်ကို ကျန်းမာလာစေရန် စတင်ပြုလုပ်နိုင်သော နည်းလမ်းများစွာရှိသည့်အနက် ယခုဖော်ပြမည့် ဆေးဖက်ဝင်အပင်များလည်း အပါအဝင်ဖြစ်ပါသည်။

    ဆေးဖက်ဝင်အပင်များသည် အဆုတ်ကျန်းမာရေးကို ဘယ်လို မြှင့်တင်ပေးနိုင်သလဲ။

    ကျွန်ုပ်တို့အဆုတ်သည် နေ့စဉ်နှင့် အမျှ ပတ်ဝန်းကျင်ရှိ အညစ်အကြေးများ၊ အန္တရာယ်ရှိသော အကောင်များ၊ မှိုများ၊ ဖုန်မှုန့်များနှင့် အခြားသောအဆိပ်အတောက်များနှင့် ထိတွေ့နေရပါသည်။

    အသက်ရှူလမ်းကြောင်းသည် ထိုအညစ်အကြေးများကို နေ့စဉ် ရှင်းထုတ်နေရသော်လည်း လုံလောက်အောင် မရှင်းထုတ်နိုင်ပါ။

    အမျိုးမျိုးသော ဆေးဖက်ဝင်အပင်များသည် သူ့နည်းသူ့ဟန်ဖြင့် အဆုတ်ကို ကျန်းမာစေပါသည်။ အချို့သော အပင်များသည် အဆုတ်ထဲမှ သလိပ်များကို အပြင်သို့ဟန့်ထုတ်ရလွယ်ကူစေပါသည်။ အချို့သည် ပိုးကောင်များမှ ထုတ်လွှတ်သော ဟစ်စတာမင်းဓာတ်ကို နည်းစေခြင်း၊ ဓာတ်တိုးဆန့်ကျင်မှုများကို လျော့နည်းစေခြင်းအားဖြင့် အကျိုးပြုပါသည်။

    အဆုတ်ကို ကျန်းမာစေမည့် ဆေးဖက်ဝင်အပင်များ

    ပင်စိမ်း

    ပင်စိမ်းသည် ကောင်းကျိုးများကိုဖြစ်စေပြီး အခြားသော သမားရိုးကျနည်းလမ်းများကဲ့သို့ ဘေးထွက်ဆိုးကျိုးများကို မဖြစ်စေပါ။ ပင်စိမ်းကို လက်ဖက်ရည်၊ဆေးရည်များနှင့် တွဲသောက်ခြင်း၊ ပင်စိမ်းဆီများကို သောက်ခြင်းဖြင့် လည်ချောင်းနာခြင်းကို သက်သာစေခြင်း၊ အဆုတ်ကို ကျန်းမာစေခြင်းနှင့် အသက်ရှူလမ်းကြောင်းများကိုလည်း ရှင်းလင်းစေပါသည်။

    ငှက်ပျောရွက်

    ငှက်ပျောရွက်သည်လည်း  အမြှေးပါးများကို ကျန်းမာစေပြီး ချောင်းဆိုးခြင်းကို သက်သာစေပါသည်ဟု သိပ္ပံ ပညာရှင်များက ဆိုပါသည်။ များစွာသော လေ့လာမှုများအရ ငှက်ပျောရွက်သည် အအေးမိခြင်း၊ ချောင်းဆိုးခြင်းနှင့် အဆုတ်ရောင်ခြင်းစသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများကိုလည်း သက်သာစေပါသည်။ အခြားသော ဆေးပင်များနှင့် မတူသော အချက်မှာ ငှက်ပျောရွက်သည် ချွဲသလိပ်များကို ဟပ်ထုတ်နိုင်စေသောကြောင့် သလိပ်ထနေသော လူနာများကိုလည်း သက်သာစေပါသည်။

    တောရှုံးပင်

    ထိုအပင်သည် အီတလီအစားအစာများတွင် အများဆုံးထည့်သွင်း အသုံးပြုပါသည်။ ထိုအပင်ထဲတွင် ဟစ်စတာမင်းဓာတ်များကို လျော့နည်းစေသော ဓာတ်များနှင့် ချွဲကျပ်ပျောက်စေသော ဓာတ်များဖြစ်သည့် rosmarinic အက်ဆစ်နှင့် carvacrol အက်ဆစ်တို့ ပါဝင်ပါသည်။ ထိုပြင် ထိုအက်ဆစ်ဓာတ်များသည် အသက်ရှူလမ်းကြောင်းတွင် လေဝင်လေထွက်ကိုလည်း ကောင်းစေပါသည်။ တောရှုံးပင်ကို အဆီအားဖြင့်လည်းကောင်း၊ ဆေးတောင့်အားဖြင့်လည်းကောင်း အမျိုးမျိုးသော ပုံစံများဖြင့် အဆုတ်ကျန်းမာရေးအတွက် အသုံးပြုနိုင်ပါသည်။

    ခရမ်းပြာ ပန်းရိုင်းပင်

    သုတေသနပြုချက်များအရ ခရမ်းပြာပန်းပင်စားသောမြင်းများသည် အခြားမြင်းများထက်ပိုပြီး အသက်ကောင်းကောင်းရှူနိုင်ကြကြောင်း တွေ့ရပါသည်။ အကြောင်းမှာ ထိုအပင်တွင် ချွဲပျော်စေသော အယ်ကာလီဓာတ်များ ပါဝင်သောကြောင့်ဖြစ်ပါသည်။

    ထို့ပြင်ယင်းအပင်သည် အက်ဒရီနယ်ဂလင်းမှ Epibephrine ထုတ်လွှတ်မှုကို အားပေးသောကြောင့် အသက်ရှူလမ်းကြောင်းများပွင့်ကာ အသက်ရှူဝစေပါသည်။ ထို့ပြင် ခရမ်းပြာပန်းသည် ကြွက်သားများကို အရောင်ကစေသည့်အတွက် ချောင်းဆိုးပျောက်ဆေးများနှင့် အအေးမိပျောက်ဆေးများတွင် အများဆုံး ထည့်သွင်းအသုံးပြုကြပါသည်။ ထို့ကြောင့် ခရမ်းပြာပန်းရိုင်းပင်သည် အသက်ရှုလမ်းကြောင်းအတွက် ထောက်ပံ့မှုများပေးနိုင်သည့် ဆေးဖက်ဝင်အပင်ဖြစ်ပါသည်။

    နွယ်ချိုမြစ် (Ligusticum porteri)

    နွယ်ချိုမြစ်သည် ရော့ကီးတောင်တန်းများတွင် တွေ့ရသော အဖိုးတန်ဆေးဖက်ဝင်အပင်ဖြစ်ပါသည်။ ယင်းကို အမေရိကနိုင်ငံသားများက ယခင်ခေတ်များကတည်းက အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများအတွက် အသုံးပြုခဲ့ကြပါသည်။ ထိုအပင်သည် ပရုတ်ကဲ့သို့ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများအတွက် အသုံးဝင်သော အပင်မျိုးဖြစ်ပါသည်။

    ထိုအပင်၏ သိသာသော အချက်မှာ အဆုတ်သွေးလည်ပတ်မှုကို ကောင်းစေသောကြောင့် အသက်ကို ပြင်းပြင်းရှူနိုင်စေပါသည်။ ထို့ပြင် ရာသီအပြောင်းအလဲတွင်ဖြစ်သော အသက်ရှူလမ်းကြောင်းရောဂါများအတွက်လည်း ကောင်းကျိုးဖြစ်စေပါသည်။

    ဆေးဖက်ဝင်အပင်များသည် အဆုတ်အတွက် ကောင်းကျိုးပြုသောကြောင့် ထိုအပင်များကို လက်ဖက်ရည်ကြမ်းဖြင့်ဖြစ်စေ၊ ဆေးတောင့်များ၊ နှာခေါင်းဖြန်းဆေးများပုံစံဖြင့် ဖြစ်စေ ၊ အခြားပုံစံများဖြင့် ဖြစ်စေ မှီဝဲနိုင်ပါသည်။ ဆေးဖက်ဝင်အပင်များသည် ကျန်းမာရေးအတွက် ကောင်းမွန်သော်လည်း မသောက်မီတွင် သင်နှင့် ဓာတ်မတည့်ခြင်းရှိမရှိ အရင် ဆန်စစ်ပြီးမှ သောက်သင့်ပါသည်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 15/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement