သဘာဝဆေးဖက်ဝင်

ပညာရှင်တွေရဲ့ အကြံပေးချက်တိုင်း သဘာဝဆေးဖက်ဝင် ပစ္စည်းတွေကို နည်းစနစ်တကျ သုံးနိုင်မယ်ဆိုရင် သင့်ရောဂါကုသရေးနဲ့ ကျန်းမာရေးအတွက် အထောက်အကူဖြစ်မှာပါ။

ကျန်းမာရေးဗဟုသုတ

သဘာဝဆေးဖက်ဝင်

ပဲနံ့သာရွက် ဆေးဖက်ဝင်သလား!

ပဲနံ့သာစေ့အရွက်က ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ ထောက်ကူပေးပါတယ်။ ပဲနံ့သာရွက် ဆေးဖက်ဝင်သလား! ဘယ်လိုများ ဆေးဖက်ဝင်သလဲ ဆိုတာတွေကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ ပဲနံ့သာရွက် ဆိုတာ ပဲနံ့သာရွက် ဆိုတာက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက် တစ်မျိုးပါ။ ဆေးဖက်ဝင်တယ်လို့လည်း ပြောလို့ ရပါတယ်။ နှစ်ပေါင်းများစွာ ကာလတွေကတည်း ဆေးဖက်ဝင်တဲ့ အရာအဖြစ် သုံးစွဲခဲ့ကြပါတယ်။  နောက်ပိုင်းမှာတော့ ဆေးဖက်ဝင်မှုကြောင့် နေ့စဉ် ဟင်းလျာထဲမှာ ထည့်သွင်း ချက်ပြုတ်မှုတွေကို လုပ်ဆောင်လာကြပါတယ်။ ပဲနံ့သာရွက်ကို ထောပတ် နည်းနည်းလေးနဲ့ ကြော်စားတာမျိုး ရှိသလို အခြားသော အသီးအနှံတွေနဲ့ တွဲဖက်ကြော်စားတာမျိုးတွေကိုလည်း လုပ်ဆောင်လာဲကြပါတယ်။ အရသာက ခါးသက်သက် ရှိပြီး ထမင်းလေးနဲ့ တွဲဖက်စားဖို့ သင့်တော်ပါတယ်။  အရွက်က ခပ်ထူထူလေးနဲ့ အရွက်ဆိုင် ထွက်တတ်ပါတယ်။ အရိုးတံ မာမာလေး ရှိပါတယ်။ အပွင့် ဝါဝါလေးတွေ […]

သဘာဝဆေးဖက်ဝင် ကို ရှာဖွေမည်။

သဘာဝဆေးဖက်ဝင်

စွယ်စုံအသုံးဝင်တဲ့ ထောပတ်သီးအစေ့ ဘယ်လိုတွေအသုံးချကြမလဲ

ထောပတ်သီးဟာ အရသာရှိပြီး အာဟာရပြည့်ဝသလို ကျန်းမာရေးအတွက် အကျိုးကျေးဇူးများတဲ့အသီးတစ်မျိုးဖြစ်ပါတယ်။ ဒါပေမယ့် အသားကိုစားပြီးရင် စွန့်ပစ်လေ့ရှိကြတဲ့ ထောပတ်သီးအစေ့ ကလည်း အသုံးဝင်တဲ့နေရာတွေ အများကြီးရှိတယ်ဆိုတာ သင်သိပါသလား။ ထောပတ်သီးအစေ့မှာ ဆေးဖက်ဝင်အာနိသင်တွေပါရှိတာကြောင့် အသားအရေအတွက်ရော၊ အရိုးအဆစ်နဲ့ ကြွက်သားတွေအတွက်ပါ အသုံးဝင်တဲ့နည်းလမ်းတွေရှိပါတယ်။ ထောပတ်သီးအစေ့ကို ဘယ်လိုစွယ်စုံသုံးမလဲဆိုတာဒီမှာ ဆက်ကြည့်ပါဦး။ ထောပတ်သီးအစေ့ ဆိုတာ ထောပတ်သီးအစေ့က အပြင်ခွံ အညိုရောင် ရှိပြီး အတွင်းသားက ဖြူနှစ်နှစ်ပါ လှီးလိုက်ရင် အနီရောင်အစေးတွေ ထွက်ပါတယ်။ ထောပတ်သီးအစေ့ ရဲ့ အာဟာရတန်ဖိုးများ ထောပတ်သီးအစေ့မှာ ကယ်လ်လိုရီ ပရိုတင်း အဆီဓာတ် အမျှင်ဓာတ် ဗီတာမင် C သကြားဓာတ်တို့ ပါဝင်နေပါတယ်။ ကျန်းမာရေးအကျိုးကျေးဇူးများ ထောပတ်သီးအစေ့ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများကတော့ ခေါင်းလျှော်ရည် ထောပတ်သီးခေါင်းလျှော်ရည်ကို ကိုယ်တိုင်ဖန်တီးလို့ရပါတယ်။ ထောပတ်စေ့သုံးစေ့ကို အခြောက်လှမ်းပြီးခြစ်ထားပါ။ ရေ ၆ ခွက်နဲ့ရောမွှေပြီး ကိုယ်သုံးမယ့် ခေါင်းလျှော်ရည်အနည်းငယ်ထည့်ပါ။ ရလာတဲ့ ရှန်ပူပျစ်ပျစ်နဲ့ ခေါင်းလျှော်ပေးရင် ပေါင်းတင်ထားသလို ဆံသားနူးညံ့စေပါတယ်။ သွားကိုက်ခြင်း သွားကိုက်နေတယ်ဆိုရင် […]


သဘာဝဆေးဖက်ဝင်

Taro Root ( ပိန်းဥ )

ပိန်းဥပိန်းဥတွေ ရမယ်၊ ပိန်းဥတွေ ရမယ်။ အွန်လိုင်းမှာ သတင်းအတုတွေနဲ့ ငပိန်းဖမ်းသလို ဖမ်းလို့ရမယ့် ပိန်းဥတော့မဟုတ်ဘူးနော်။မြေကြီးထဲက တူးယူရတဲ့ သဘာဝဆေးဖက်ဝင် ပိန်းဥပါ။ ပိန်းဥကိုအရှေ့တောင်အာရှနဲ့အိန္ဒိယတောင်ပိုင်းမှာ စတင်စားသုံးကြတာလို့ ယူဆရပေမယ့် ကမ္ဘာအနှံ့ကနေရာဒေသအတော်များများမှာ စိုက်ပျိုးကြပါတယ်။ အာဖရိက၊ အိန္ဒိယတို့မှာ အဓိကစားသောက်ကုန်တစ်ခုဖြစ်နေပေမယ့် ဂျပန်၊အီဂျစ်တို့ကနေ အမေရိကန်၊ဖီဂျီနဲ့ စပိန်တို့အထိနေရာတိုင်းလိုလိုမှာ စားသုံးနေကြပါတယ်။ မြန်မာတွေကတော့ ပိန်းဥကိုပြုတ်စား၊ ဟင်းချက်စားလေ့ရှိကြပြီး အရွက်စုံနဲ့ရောကာ ဟင်းချိုချက်သောက်တာလည်း နှစ်သက်ကြပါတယ်။ ဒီလို စားလို့ကောင်းတဲ့ ပိန်းဥကနေ ဘယ်လိုကျန်းမာရေးအကျိုးကျေးဇူးတွေရရှိနိုင်မလဲဆိုတာ မသိချင်ဘူးလား။ ဒီအကျိုးကျေးဇူးတွေကြောင့်ပဲ စားသင့်တဲ့ အစားအစာတစ်ခုအဖြစ်နဲ့ ပိန်းဥကို ညွှန်းဆိုပေးချင်တာပါ။ ပိန်းဥရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများအစာချေဖျက်နိုင်အားပိုကောင်းစေတယ် ပိန်းဥမှာ အစာအိမ်နဲ့အူလမ်းကြောင်းကျန်းမာရေးအတွက် ကောင်းကျိုးပြုတဲ့အမျှင်ဓါတ်ပါဝင်မှုမြင့်မားပါတယ်။ အမျှင်ဓါတ်က အူတွင်းလှုပ်ရှားမှုကိုကောင်းမွန်စေတဲ့အတွက် အစာချေဖျက်နိုင်စွမ်းပိုကောင်းစေပြီး ဝမ်းမှန်စေပါတယ်။ ဒါ့အပြင် လေပွခြင်း၊ လေလည်လွန်းခြင်း၊ ဗိုက်အောင့်ခြင်း၊ဝမ်းချုပ်ခြင်းနဲ့ ဝမ်းပျက်ဝမ်းလျှောခြင်းကိုတောင် မဖြစ်အောင်ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ ကင်ဆာကာကွယ်နိုင်တယ် ကင်ဆာနဲ့ပတ်သက်ရင်လည်း ပိန်းဥက ခန္ဓါကိုယ်တွင်းဓါတ်တိုးဆန့်ကျင်လုပ်ဆောင်ချက်တွေအတွက် […]


သဘာဝဆေးဖက်ဝင်

ကြည်လင်တောက်ပတဲ့ မျက်နှာလေးဖြစ်ဖို့ အိမ်မှာတင် Face Mask လုပ်ကြမယ်

ကြည်လင်တောက်ပတဲ့ မျက်နှာလေးဖြစ်ဖို့ အိမ်မှာတင် Face Mask လုပ်ကြမယ် Face Mask က အလှပြင်ပစ္စည်းတွေနဲ့ အသားအရေထိန်းသိမ်းနိုင်တဲ့ ထုတ်ကုန်တွေကြားမှာတော့ တွင်တွင်ကျယ်ကျယ် နေရာယူထားပါတယ်။ Face Mask မှာလည်း မျက်နှာကနေ ခွာချရတဲ့ ကပ်ခွာလိုမျိုး ရှိသလို ပုံမှန်အတိုင်း မျက်နှာသစ်ပေးရတာတွေလည်း ရှိပါသေးတယ်။ Fase Mask အမျိုးအစားတွေမှာ ဝက်ခြံထွက်တဲ့သူတွေအတွက်၊ အဆီပြန်လွယ်တဲ့ အသားအရေအတွက်၊ အသားခြောက်တဲ့သူတွေအပြင် အသားအရေ ကြည်လင်တောက်ပစေဖို့ဆိုပြီး အစရှိသလို ကွဲပြားပါတယ်။ တချို့ကျတော့လည်း ဆိုင်ကနေပဲ Face Mask ဝယ်ပြီး မျက်နှာမှာ ကပ်တာမျိုး ရှိပါတယ်။ ဆိုင်ကရောင်းတဲ့ Face Mask တွေကို မသုံးဘဲ အိမ်မှာတင် ကိုယ်တိုင်လုပ်ပြီး ပေါင်းတင်ချင်တဲ့သူတွေလည်း ရှိမှာပါ။ အိမ်မှာတင် သဘာဝပစ္စည်းတွေနဲ့ ကြေးကျွတ်ပြီး ကြည်လင်တောက်ပတဲ့ […]


သဘာဝဆေးဖက်ဝင်

Ash Gourd (ကျောက်ဖရုံသီး)

ကျောက်ဖရုံသီးကျောက်ဖရုံသီးဟာ အာဟာရဓါတ်ပြည့်ဝပြီး ဗီတာမင်Bနဲ့C အပြင် ကယ်လ်စီယမ်၊ပိုတက်စီယမ်၊သံဓါတ်နဲ့ အမျှင်ဓါတ်တို့လို ခန္ဓါကိုယ်အတွက်လိုအပ်တဲ့ အရေးကြီးတဲ့သတ္တုဓါတ်တွေကြွယ်ဝပါတယ်။ ဆီးချိုသမားတွေအတွက် အကောင်းဆုံးစားစရာတွေထဲပါဝင်သလို ကယ်လိုရီပါဝင်မှုလည်းနည်းပါတယ်။ ကိုယ်အလေးချိန်လျှော့ချရာမှာ ကျောက်ဖရုံသီးကိုစားသုံးခြင်းက အထောက်အကူပေးနိုင်တယ်လို့ သိရပါတယ်။ကျောက်ဖရုံသီးက ခန္ဓါကိုယ်အပူကိုငြိမ်းစေပြီး အဆိပ်အတောက်ကိုပြေစေပါတယ်။ကျောက်ဖရုံသီးဖျော်ရညိကို အစာမရှိတဲ့အချိန်မှာသောက်ပေးရင် အစာအိမ်အနာတွေအတွက်ကောင်းပါတယ်။       ကျောက်ဖရုံသီးရဲ့ကျန်းမာရေးအကျိုးကျေးဇူးများ(၁) အစာအိမ်အနာတွေသက်သာစေ၊ အူတွင်းပိုးမွှားတွေရှင်းစေတယ် ကျောက်ဖရုံသီးက အစာအိမ်နဲ့အူတွင်းအမြှေးပါးမှာအနာဖြစ်ပေါ်ခြင်းကို ကုသရာမှာ အထောက်အကူပေးပါတယ်။ အစာအိမ်နဲ့အူလမ်းကြောင်းအတွင်းမှာရှိတဲ့ အန္တရာယ်ရှိဘက်တီးရီးယားအားလုံးကို ဖယ်ရှားရှင်းလင်းပေးနိုင်လို့ အစာအိမ်နဲ့အူလမ်းကြောင်းရောဂါပိုးဝင်ခြင်းတွေ၊ အစာမကြေခြင်းတွေ ကိုကာကွယ်ပြီးသားဖြစ်ပါတယ်။ (၂) ကိုယ်အလေးချိန်လျှော့ချရာမှာ အထောက်အကူပေးတယ် ကိုယ်အလေးချိန်လျှော့ချဖို့ စဉ်းစားနေတာဆိုရင် ကယ်လိုရီများတဲ့အစားအစာတွေနေရာမှာ အစားထိုးနိုင်ဖို့ အသင့်တော်ဆုံးကကျောက်ဖရုံသီးဖျော်ရည် သို့မဟုတ်ပြုတ်ကြော်ပဲဖြစ်ပါတယ်။ သူ့မှာ အာဟာရဓါတ်ကအပြည့်အဝ ပါရှိပြီးရေဓါတ်က ၉၆ ရာခိုင်နှုန်းပါဝင်ပါတယ်။   (၃) သွေးတိတ်စေတယ် ကျောက်ဖရုံသီးကသွေးတိတ်စေတဲ့သဘာဝအာနိသင်ရှိပါတယ်။ပြင်ပဒဏ်ရာအတွက် ကုသဖို့ အသုံးပြုခဲပေမယ့်( အရွက်တွေကိုထောင်းကြိတ်ပြီးအနာမှာပွတ်အုံပေးတာမျိုးကလွဲလို့)ကျောက်ဖရုံသီးက အတွင်းပိုင်းသွေးယိုခြင်းအတွက် အစွမ်းထက်ပါတယ်။ ပုံမှန်စားပေးရင်နွေရာသီမှာဖြစ်တတ်တဲ့ နှာခေါင်းသွေးယိုခြင်းကိုလည်း ကာကွယ်နိုင်ပါတယ်။ကျောက်ကပ်မှာသွေးယိုစိမ့်မှုကြောင့်ဖြစ်လာတဲ့ ဆီးထဲမှာသွေးပါခြင်း၊ အနာတွေကြောင့်၊ လိပ်ခေါင်းကြောင့်သွေးယိုခြင်း စတာတွေကိုကျောက်ဖရုံသီးဖျော်ရည်သောက်ခြင်းဖြင့် သက်သာစေနိုင်ပါတယ်။ (၄) […]


သဘာဝဆေးဖက်ဝင်

စမုန်နက်စေ့ဆီ

စမုန်နက်စေ့ဆီ က ဘယ်လိုတွေ ဆေးဖက်ဝင်သလဲ။ ဘာတွေ သတိထားဖို့ လိုမလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ စမုန်နက်စေ့ဆီ စမုန်နက်စေ့ဆီကို လွန်ခဲ့တဲ့ နှစ်ပေါင်းတော်တော်ကြာကာလတွေကတည်းက အနာကျက်စေဖို့၊ ရောင်ရမ်းမှု လျော့ကျစေဖို့နဲ့ ကင်ဆာကာကွယ်နိုင်စေဖို့အတွက် အသုံးပြုခဲ့ကြပါတယ်။ သွားနာတာ၊ ခေါင်းကိုက်တာ၊ သန်ထတာ၊ နှာခေါင်းပိတ်တာ၊ မျက်စိနာတာနဲ့ ပြည်တည်နာတွေအတွက် အသုံးပြုခဲ့ကြပါတယ်။ စမုန်နက်စေ့ဆီကို ကျန်းမာရေးအတွက် တော်တော်လေးအသုံးပြုလို့ရပါတယ်။ စမုန်နက်စေ့ဆီမှာ ဖော့စဖောရက်စ်၊ မဂ္ဂနိစ်၊ သီရာမင်း၊ သံဓာတ်၊ ဇင့်၊ ကော့ပါး၊ ကယ်လ်ဆီယမ်၊ ဗီတာမင်အေနဲ့ ပိုတက်ဆီယမ်တို့ ပါဝင်နေပါတယ်။ စမုန်နက်ဆီက ရောင်ရမ်းမှုကို  လျော့ကျစေနိုင်သလို၊ ကင်ဆာကို တိုက်ဖျက်ပေးနိုင်ပြီး၊ မှိုပိုးတွေကိုလည်း သေစေနိုင်ပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာပါဝင်ပြီး ဘက်တီးရီးယားတွေကို သေစေနိုင်စွမ်းရှိပါတယ်။ မျက်လုံးကို ကျန်းမာစေပြီး အမြင်အာရုံကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။ စမုန်နက်စေ့ဆီကနေ ရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ သွေးတိုးကျစေနိုင်ခြင်း စမုန်နက်စေ့ဆီက သွေးတိုးကို ကျစေနိုင်ပါတယ်။ […]


သဘာဝဆေးဖက်ဝင်

Marijuana (ဆေးခြောက်)

ဆေးခြောက် (Marijuana) ဆိုတာဘာလဲဆေးခြောက်ကိုနိုင်ငံတော်တော်များများက အစိုးရတွေက အသုံးပြုခွင့်တားမြစ်ထားပေမယ့် အချို့နိုင်ငံတွေမှာတော့ဆေးခြောက်ကို နာကျင်တဲ့ဝေဒနာ၊မအီမသာဖြစ်တာနဲ့အခြားသောရောဂါတွေကို ကုသရာမှာအသုံးပြုခွင့်ပေးထားပါတယ်။ ဆေးဘက်ဆိုင်ရာမှာ အသုံးဝင်မှုတွေရှိနေတဲ့ဆေးခြောက်ကိုဆေးခြောက်ပင်ရဲ့ အရွက်တွေနဲ့အဖူးတွေကို အခြောက်ခံပြီးပြုလုပ်ထားတာဖြစ်ပါတယ်။ဆေးခြောက်ကိုဖွာရှိုက်တာ၊ ရှုတာနဲ့ အစားအစာတွေနဲ့ရေနွေးထဲကိုထည့်ပြီးမှီဝဲလို့ရပါတယ်။ဆေးကုသတဲ့နေရာမှာဆေးခြောက်ကိုဆေးပြားအနေဲ့ရော အဆီအနေနဲ့ပါအသုံးပြုခဲ့ကြပါတယ်။ ဆေးခြောက်ကို နာကျင်တာသက်သာစေဖို့၊မအီမသာဖြစ်တာကိုလျော့ပါးသက်သာစေဖို့နဲ့ အခြားသောဆေးကုသမှုဆိုင်ရာဘေးထွက်ဆိုးကျိုးတွေလျော့ပါးသက်သာစေဖို့နဲ့ရောဂါအချို့ကိုကုသရာမှာပါအသုံးပြုလို့ရပါသေးတယ်။ ဆေးခြောက်ဆိုတာကဆေးဖက်ဝင်အပင်တစ်မျိုးကနေရရှိလာတဲ့ အရာတစ်မျိုးပါ။ ဒါပေမယ့်ဆေးခြောက်ထဲမှာ cannabinoids လို့ခေါ်တဲ့ ဓါတုပစ္စည်းတစ်ခုပါဝင်နေပါတယ်။ ဒီဓါတုပစ္စည်းက ပင်မအာရုံကြောစနစ်အပေါ်မှာသက်ရော်မှုရှိစေတာဖြစ်ပါတယ်။ အပင်ရဲ့ အရွက်တွေနဲ့ အပွင့်မှာcannabinoids ပါဝင်မှုအများဆုံးဖြစ်ပြီးဆေးဝါးထုတလုပ်ရာမှာလည်း အရွက်နဲ့အပွင့်ကို အဓိကအသုံးပြုကြပါတယ်။ အချို့လူတွေကဆေးခြောက်ကို စိတ်အပန်းဖြေစရာတစ်ရပ်အနေနဲ့ အသုံးပြုကြပါတယ်။ဆေးခြောက်မှာပါတဲ့ cannabinoids က ကိုက်ခဲမှုကိုကုသရာမှာအသုံးပြုတဲ့ ကိုဒင်း နဲ့ အာနိသင်ဆင်တူတာကြောင့်multiple sclerosis (MS) အာရုံကြောဆိုင်ရာချို့ယွင်းတဲ့ရောဂါလက္ခဏာတွေကို ကုသရာမှာအသုံးပြုခဲ့ကြပါတယ်။ ကုသရေးပိုင်းမှာ ဘယ်လိုအသုံးဝင်သလဲရေတိမ် –ဆေးခြောက်ကိုရှုရှိုက်တာက မျက်စိရေတိမ်ခံစားနေတဲ့သူတွေရဲ့ မျက်လုံးအတွင်းပိုင်းက ဖိအားကိုကျဆင်းစေနိုင်ပါတယ်။ အမြင်အာရုံနဗ်ကြောတွေဆီကိုသွေးစီးဆင်းရောက်ရှိမှုလျော့ကျအောင်လုပ်ဆောင်ပေးတဲ့အပြင်ဆေးခြောက်ကအမြင်အာရုံကိုတိုးတက်စေနိုင်ပါတယ်။ အိတ်အိုင်ဗွီ/အေအိုင်ဒီအက်စ်ကြောင့်ကိုယ်အလေးချိန်ကျဆင်းခြင်း –ဆေးခြောက်ရှုတာကအေအိုင်ဒီအက်စရောဂါရှိသူတွေကို အစာစားချင်စိတ်ဖြစ်အောင်လှုံ့ဆော်ပေးပါတယ်။ indinavir (Crixivan) (သို့)nelfinavir (Viracept)ဆေးသောက်သုံးနေရတဲ့ အိတ်အိုင်ဗွီရောဂါသည်တွေအနေနဲ့လည်း ကိုယ်အလေးချိန်တက်လာစေဖို့ဆေးခြောက်ကိုမှီဝဲပေးလို့ရပါတယ်။ Multiple […]


သဘာဝဆေးဖက်ဝင်

Mangosteen(မင်းဂွတ်)

မင်းဂွတ် (mangosteen)မင်းဂွတ်ဆိုတဲ့နေရာမှာ အပင်တွေအကိုင်းတွေထက် မင်းဂွတ်သီးကိုပဲမြင်ဖူးကြတာများပါလိမ့်မယ်။ မင်းဂွတ်သီးရဲ့အရောင်က အညိုဘက်သန်းတဲ့ အနီရောင်ရင့်ရင့်ပါ။ အခွံကိုနွှာပြီးမှာ အထဲက အဖြူရောင် အသားဆံတွေကိုစားသုံးရတာဖြစ်ပါတယ်။ မင်းဂွတ်ပင်က ဘယ်ဒေသကမျိုးရင်းပင်လဲဆိုတာကိုတော့သေသေချာချာမသိရှိကြသေးပါဘူး။ အရှေ့တောင်အာရှနိုင်ငံတွေက အရင်ဆုံးစိုက်ပျိုးခဲ့ကြတာလို့တော့ သိရပါတယ်။ ထိုင်း၊မြန်မာ၊အိန္ဒိယနဲ့ဗီယက်နမ်နိုင်ငံတွေမှာတော့ လွန်ခဲ့တဲ့နှစ်ပါင်းများစွာကတည်းကစိုက်ပျိုးလာခဲ့ကြတာဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာတော့ အဆိုပါနိုင်ငံတွေအပြင် အာရှနိုင်ငံတော်တော်များများနဲ့ အာဖရိကနိုင်ငံတွေမှာပါစိုက်ပျိုးလာခဲ့ကြပါတယ်။ အရမ်းမြင့်တဲ့ဒေသတွေမှာတော့ မင်းဂွတ်ပင်ကမပေါက်ရောက်ပါဘူး။ မင်းဂွတ်သီးကဆေးဖက်ဝင်တယ်ဆိုတာကို လွန်ခဲ့တဲ့နှစ်ပေါင်းအတော်ကြာကာလတွေကတည်းက အရှေ့တောင်အာရှနိုင်ငံဒေသခံတွေကသိရှိခဲ့ကြပါတယ်။ မင်းဂွတ်ရဲ့ အာဟာရတန်ဖိုးများမင်းဂွတ်သီးမှာရေ၊စွမ်းအင်၊ပရိုတင်း၊ကာဗိုဟိုက်ဒရိတ် နဲ့အမျှင်ဓါတ်တွေကြွယ်ဝစွာပါဝင်တာကြောင့် ကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။ ခန္ဓါကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ကယ်လ်ဆီယမ်၊ သံဓါတ်၊ ဖေ့ဖရိတ်၊ပိုတက်ဆီယမ်၊ဇင့်၊ ကော့ပါးနဲ့ မဂ္ဂနိလိုမျိုး အာဟာရဓါတ်တွေလည်းကြွယ်ဝစွာပါရှိပါတယ်။ မင်းဂွတ်သီးမှာ ဗီတာမင် C၊ B6၊ B12၊ A တို့ပါဝင်တာကြောင့် ကျန်းမာရေးအတွက်ကောင်းမွန်ပါတယ်။ မင်းဂွတ်သီးမှာthiamin၊ riboflavin၊ niacin၊ pantothenic acid၊ ဖောလိတ်၊ ဖောလစ်အက်ဆစ်၊ ကာရိုတင်းနဲ့ […]


သဘာဝဆေးဖက်ဝင်

Matcha (ဂျပန်အဆင့်မြင့် လက်ဖက်စိမ်း) ရဲ့ဝက်ခြံအပေါ်အကျိုးသက်ရောက်မှု

ဂျပန်အဆင့်မြင့်လက်ဖက်စိမ်း (Matcha) ဂျပန်လက်ဖက်စိမ်း (matcha) ဆိုတာကCamellia sinensis လက်ဖက်ပင်ကနေရရှိတဲ့ အရွက်တွေကို အမှုန့်လုပ်ထားတဲ့ အစိမ်းရောင်ရှိတဲ့ အမှုန့်လေးတွေပါ။ လက်ဖက်ရွက်ရဲ့ အစိမ်းရောင်ပျောက်ပျက်မသွားအောင် အခြောက်ခံပြီးလုပ်ထားတဲ့ အမှုန့် ပါပဲ။ လက်ဖက်ကို အညိုရောင်ပြောင်းတဲ့အထိအခြောက်ခံပြီးလုပ်ထားတာမဟုတ်ဘဲ အသားအရေနဲ့ ခန္ဓာကိုယ်အတွက် အထောက်အကူပြုနိုင်တဲ့ သဘာဝဆေးဖက်ဝင်ပစ္စည်းတစ်မျိုးပါ။ matcha လုပ်ဖို့အတွက် လက်ဖက်ရွက်တွေကို မခူးဆွတ်ခင် နှစ်ပတ်လောက်ကြိုပြီး အရိပ်ရအောင်လုပ်ပေးရတယ်။ပြီးမှ ခူးဆွတ်ရတာပါ။ ဒီလိုလုပ်မှသာ လက်ဖက်ရွက်ရဲ့chlorophyll ပမာဏကိုတိုးစေနိုင်မှာဖြစ်ပါတယ်။ လက်ဖက်ရွက်ကို ခူးဆွတ်ပြီးရင်လည်းရေနွေးငွေ့နဲ့ ပေါင်းခံတာ၊အခြောက်ခံတာနဲ့ အမှုန့်ကြိတ်တာတွေကို အဆင့်ဆင့်လုပ်ဆောင်ရပါသေးတယ်။ matcha ကကိုယ်ခန္ဓာအတွက် ကျန်းမာရေးအတွက်ကောင်းတယ်ဆိုတာကိုတော့တော်တော်များများသိထားကြမှာပါ။ matcha ကို လက်ဖက်ရည်ကြမ်းလုပ်ပြီး သောက်ပေးမှ အကျိုးကျေးဇူးတွေ ရရှိလိမ့်မယ်လို့ ထင်ကောင်းထင်နေပါလိမ့်မယ်။ ဒါကအတိအကျမှန်တယ်မဆိုနိုင်ပါဘူး။ matcha အမှုန့်ကို အသားအရေအတွက် လိမ်းပေးတာမျိုးလည်း အသုံးပြုလို့ရပါသေးတယ်။ matcha မှာ ဓာတ်တိုးဆန့်ကျင် ပစ္စည်းများစွာပါဝင်နေတာကြောင့် […]


သဘာဝဆေးဖက်ဝင်

ပဲနံ့သာစေ့ (Fenugreek Seed)

ပဲနံ့သာပင်က ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်ပြီး လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကာလတွေကတည်းက ပဲနံ့သာပင်ရဲ့ အရွက်တွေ နဲ့ အစေ့ကို အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။ အိန္ဒိယ ဟင်းလျာတွေထဲမှာ ပဲနံ့သာစေ့ကို ထည့်သွင်းချက်ပြုတ်လေ့ရှိ ကြပါတယ်။ ကျန်းမာရေး ကောင်းမွန်စေဖို့အတွက် ပဲနံ့သာစေ့ကို ဟင်းခတ်အမွှေးအကြိုင်တစ်ခုအနေနဲ့ ဟင်းလျာတွေထဲမှာ ထည့်သွင်းချက်ပြုတ်လေ့ရှိသလို ဆံပင်သန်ဆေးအဖြစ်နဲ့လည်း သုံးစွဲခဲ့ကြပါတယ်။ ဒါပေမယ့် မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ လေ့လာမှု တစ်ရပ်မှာ ပဲနံ့သာစေ့က ကျန်းမာရေး ကောင်းစေရုံ၊ ဆံပင်တွေ သန်စွမ်းစေရုံသာမက အခြားကျန်းမာရေးအကျိုးကျးဇူးတွေပါ ရှိနေတယ် လို့ သိရပါတယ်။ ပဲနံ့သာစေ့ကို ဟင်းလျာတွေထဲမှာ ထည့်သွင်းချက်ပြုတ်ပေးခြင်းဖြင့် ဆီးချိုကို ထိန်းချုပ်ပေးနိုင်မှာဖြစ်သလို ကလေးလိုချင်နေတဲ့ အိမ်ထောင်ရှင်တွေအတွက်လည်း သားသမီးရရှိစေနိုင်မှာဖြစ်တဲ့အပြင် အရေပြားအတွက်လည်း ကောင်းကျိုးတွေ ပေးစွမ်းနိုင်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။ ပဲနံ့သာစေ့ (Fenugreek Seed) ပဲနံ့သာပင် ဆိုတာက စိမ့်ဖျော့ဖျော့အရွက်ကလေးတွေရှိပြီး အဖြူရောင်ပန်းပွင့်ငယ်လေးတွေပွင့်တဲ့ တစ်နှစ်ခံပင် တစ်မျိုးပါ။ အပင်က ၂ပေကနေ ၃ပေ […]


သဘာဝဆေးဖက်ဝင်

Salak Fruit (ရေငန်းသီး)

ရေငန်းသီးSalak သို့မဟုတ် snake fruit လို့ခေါ်ကြတဲ့ရေငန်းသီးဟာ အရှေ့တောင်အာရှမှာ ထွက်တဲ့အသီးတစ်မျိုးဖြစ်ပေမယ့် ကမ္ဘာ့နိုင်ငံတော်တော်များများမှာ လူကြိုက်များနေပြီဖြစ်ပါတယ်။ရေငန်းသီးကို အမေရိကန်၊ဂျပန်နဲ့ ဥရောပတို့မှာလည်း နှစ်သက်ကြပါတယ်။ သူ့မှာ ကယ်လ်စီယမ်၊ ဖလောဗာနွိုက်၊ ဆာပိုနင် ဓါတ်တွေကြွယ်ဝပါတယ်။   ရေငန်းသီးရဲ့ကျန်းမာရေးအကျိုးကျေးဇူးများမျက်စိကျန်းမာရေး မျက်စိအတွက်တကယ်ကောင်းတာက မုန်လာဥနီဖြစ်ပါတယ်။ ဒါပေမယ့်အသီးတွေမှာလည်း မျက်စိအတွက်မရှိမဖြစ် လိုအပ်တဲ့ ဘီတာကယ်ရိုတင်းတွေပါဝင်ပါတယ်။ မုန်လာဥနီစားရတာငြီးငွေ့လာပြီဆိုရင်ရေငန်းသီးကို အစားထိုးစားသုံးလို့ရလောက်တဲ့အာနိသင်ရှိပါတယ်။ ဝမ်းပျက်ဝမ်းလျှောခြင်းကိုကုသနိုင် ဝမ်းပျက်နေတယ်ဆိုရင် အရင်ဆုံးဆေးပြေးမသောက်ပါနဲ့ဦး။ ဝမ်းပျက်ဝမ်းလျှောခြင်းကိုကုသနိုင်တဲ့ အသီးတွေကို စားကြည့်လိုက်ပါ။ရေငန်းသီးနုနုလေး စားပေးလိုက်ရင် ဝမ်းလျှောခြင်းအတွက်ဆေးတစ်ခွက်ပါပဲ။ ဆာလောင်မှုကိုလည်း သက်သာစေတဲ့ သဘာဝအာနိသင်လည်းရှိပါတယ်။ ဝိတ်ချနိုင်ခြင်း ဝိတ်ချလိုတဲ့အခါ တွက်ချက်စားသုံးတဲ့အာဟာရထဲမှာရေငန်းသီးထည့်သွင်းစားပေးရင် ပိုအကျိုးရှိနိုင်ပါတယ်။ရေငန်းသီးက အာဟာရဓါတ်ပြည့်ဝရုံသာမကphytonutrientsတွေလည်းပါဝင်ပါတယ်။ရေငန်းသီးက သင့်ရဲ့diet plan ကို ပိုပြည့်စုံမြန်ဆန်စေပါလိမ့်မယ်။ ဦးနှောက်ကျန်းမာရေး ရေငန်းသီးက ဦးနှောက်အတွက်ကောင်းပါတယ်။ရေငန်းသီးမှာပါတဲ့pectin နဲ့ ပိုတက်စီယမ်တို့က ဦးနှောက်အတွက်ကောင်းတာကြောင့် မှတ်ဉာဏ်လည်းကောင်းစေပါတယ်။ အစာအိမ်ကျန်းမာရေး ရေငန်းသီးက ဝမ်းပျက်ခြင်းအတွက်ဆေးဖက်ဝင်ကြောင်းသိကြပြီးဖြစ်ပါတယ်။Saponins၊ beta-carotene၊ tannins၊ flavonoids နဲ့ calcium တို့ကြောင့် အသီးရဲ့အာနိသင်ပို အစွမ်းထက်စေတာဖြစ်ပါတယ်။ အသားအရေ ရေငန်းသီးမှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်လို့ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း