backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Lettuce (ဆလတ်ရွက်)


Aye Thi Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Lettuce (ဆလတ်ရွက်)

ဆလတ်ရွက် (lettuce)

ဆလတ်ရွက်ကို လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက အီဂျစ်မှာ စတင်စိုက်ပျိုးခဲ့တာဖြစ်ပါတယ်။ အီဂျစ်လူမျိုးတွေက ဆလတ်အစေ့ကို ဆီထုတ်ဖို့အတွက်အသုံးပြုခဲ့ကြပါတယ်။ ဆလတ်ပင်က အစေ့တင်မဟုတ်ဘူး အရွက်ကလည်း စားကောင်းပြီး အသုံးတည့်တာတွေရှိနေပါတယ်။ ဆလတ်ရွက်ကို အသားကင်တွေနဲ့တွဲဖက်စားသုံးလိုရ့သလို အကြော်တွေ၊အပြုတ်တွေနဲ့လည်းတွဲစားလို့ရပါတယ်။ အတို့အမြှုပ်အနေနဲ့ပါစားသုံးလို့ရပါတယ်။

ဆလတ်ရွက်မှာပါတဲ့ အာဟာရဓါတ်တွေ

ဆလတ်ရွက်မှာ ရေဓါတ်၊ ပရိုတင်း၊ အဆီ၊ ကာဗိုဟိုက်ဒရိတ်၊ အမျှင်ဓါတ် နဲ့ သကြားဓါတ်တို့ပါဝင်နေပါတယ်။ ဒါတွေတင်မကသေးပါဘူး။ ဆလတ်ရွက်မှာ မဂ္ဂနီဆီယမ်၊ဖေ့စ်ဖရက် ၊ ပိုတက်ဆီယမ်၊ ဆိုဒီယမ်၊ဇင့်၊ သီရာမင်း၊ရိုင်ဘိုဖလေဗင်၊ နီကာဆင်၊ဖောလိတ်၊ ဗီတာမင် ဘီ ဆစ် ၊ စီ၊ အေ၊ အီး နဲ့ ဗီတာမင် ကေ တို့ပါဝင်နေပါတယ်။

ဘယ်လိုကျန်းမာရေးကျေးဇူးတွေရနိုင်လဲ

ဆလတ်ရွက်ကနေရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေ

နှလုံးကျန်းမာစေနိုင်တယ်

ခန္ဓါကိုယ်ကျန်းမာနေစေဖို့အတွက်သွေးတွင်းက အကျိုးမပြုတဲ့ ကိုလက်စထရောတွေကိုစောင့်ကြည့်ဖို့လိုမှာပါ။သွေးထဲမှာ အကျိုးမပြုတဲ့ ကိုလက်စထရောများနေမယ်ဆိုရင် နှလုံးသွေးကြောဆိုင်ရာရောဂါတွေနဲ့အခြားရောဂါတွေခံစားရနိုင်ပါတယ်။ ကိုလက်စထရောအရမ်းများလာတဲ့အခါလေဖြတ်တာနဲ့ ရုတ်တရက် နှလုံးရပ်တာတွေခံစားရနိုင်ပါတယ်။လေ့လာမှုတွေအရ ဆလတ်ရွက်မှာပါတဲ့ဘီတာ ကယ်ရိုတင်း နဲ့ ဗီတာမင် စီ ကသွေးတွင်းမှာ ကိုလက်စထရောမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဆလတ်ရွက်မှာပါတဲ့ အမျှင်ဓါတ်က လည်းနှလုံးရောဂါမဖြစ်အောင်ကာကွယ်ပေးပါတယ်။ ဆလတ်ရွက်မှာပါတဲ့ အိုမီဂါ-၃ ဖက်တီးအက်စစ် ကနှလုံးကိုကျန်းမာနေစေပါတယ်။

ဆီးချိုမဖြစ်အောင်ကာကွယ်ပေးတယ်

ဆလတ်ရွက်စားပေးရင် ဆီးချိုဖြစ်နိုင်ခြေကို ကျဆင်းစေနိုင်ပါတယ်။ ဆလတ်ရွက်မှာ ကယ်လိုရီပါဝင်မှုနည်းတာကြောင့်သွေးတွင်းသကြားဓါတ်ကို ထိန်းညှိနေရတဲ့ ဆီးချိုဝေဒနာသည်တွေအတွက်လည်း အထူးသင့်တော်ပါတယ်။ ဆလတ်ရွက်ကသွေးတွင်းသကြားဓါတ် ကိုထိန်းညှိပေးနိုင်တာကြောင့် ဆီးချိုရောဂါဖြစ်နိုင်ခြေကို ကျဆင်းစေနိုင်ပါတယ်။

ရောင်ရမ်းမှုကိုလျော့ပါးသက်သာစေနိုင်တယ်

သွားဖုံးတွေရောင်ရမ်းပြီး သွားကိုက်တာ၊ခေါင်းတစ်ခြမ်းကိုက်တာနဲ့ အဆစ်တွေရောင်ရမ်းပြီး နာကျင်ကိုက်ခဲတာတွေကို သက်သာချင်တယ်ဆိုရင် ဆလတ်ရွက်စားသုံးပေးလို့ရပါတယ်။ ဆလတ်ရွက်မှာပါတဲ့ အဆီကရောင်ရမ်းမှုတွေကိုလျော့ပါးသက်သာအောင်လုပ်ဆောင်ပေးပါတယ်။

ကင်ဆာရောဂါဆိုးရွားမှုအဆင့်ကို နှေးကွေးစေတယ်

ဆလတ်ရွက်မှာ ကင်ဆာရောဂါအမျိုးမျိုးကို ထိန်းချုပ်ရာမှာအထောက်အကူပြုနိုင်တဲ့ အာဟာရဓါတ်တွေပါဝင်နေပါတယ်။လေ့လာမှုတွေအရ ဆလတ်ရွက်ကသွေးကင်ဆာဆဲလ်တွေနဲ့ရင်သားကင်ဆာဆဲလ်တွေပြန့်ပွားမှုကို ထိန်းချုပ်ပေးနိုင်တယ်လို့ သိရပါတယ်။ ဆလတ်ရွက်မှာပါတဲ့ ဗီတာမင် အေ ကခံတွင်းကင်ဆာနဲ့ အဆုတ်ကင်ဆာဖြစ်နိုင်ခြေကိုကျဆင်းစေနိုင်တယ်၊လို့လည်းသိရပါတယ်။

ကိုလက်စထရောပမာဏကို ကျဆင်းစေနိုင်ပါတယ်

ဆလတ်ရွက်ကသွေးတွင်းကိုလက်စရောတွေကို ကျဆင်းစေနိုင်ပြီး နှလုံးသွေးကြောကျဉ်းတာနဲ့ အခြားအသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ရောဂါတွေခံစားရနိုင်ခြေကိုကျဆင်းစေနိုင်ပါတယ်။သွေးတွင်းမှာ အယ်လ်ဒီအယ်လ် ကိုလက်စထရောပမာဏ အရမ်းများနေတဲ့အခါ ရုတ်တရက် နှလုံးရပ်တာ နဲ့လေဖြတ်တာတွေဖြစ်နိုင်ပါတယ်။ ဆလတ်ရွက်ပုံမှန်စားသုံးပေးတာကသွေးတွင်းကိုလက်စထရောပမာဏကို ကျဆင်းစေပြီး ခန္ဓါကိုယ်ကို ကျန်းမာနေစေမှာပါ။

ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတယ်။

ဆလတ်ရွက်မှာ သတ္တုဓါတ်များစွာပါဝင်နေတာကြောင့် ကိုယ်တွင်းက အက်ဆစ်ဓါတ်တွေကို ထိန်းညှိပေးပြီး ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။

ကိုယ်အလေးချိန်ကျစေနိုင်တယ်

သင့်အနေနဲ့ ဝိတ်ချဖို့တွေးနေတယ်ဆိုရင်တော့ ဆလတ်ရွက်က စားသုံးပေးသင့်တဲ့ အရာတစ်ခုပါ။ ဆလတ်ရွက်မှာ ကယ်လိုရီ ပါဝင်မှုက ၅ ရာခိုင်နှုန်းသာရှိပြီးရေဓါတ်က ၉၅ ရာခိုင်နှုန်းနဲ့ အမျှင်ဓါတ်က ၁ ရာခိုင်နှုန်းသာပါဝင်နေပါတယ်။ အဆီပါဝင်မှုလည်းနည်းတာကြောင့် ဝိတ်ချနေသူတွေစားသုံးပေးသင့်တဲ့ အစားအသောက်တစ်ခုပါ။ ဆလတ်ရွက်ကို ခရမ်းချဉ်သီးနဲ့တွဲဖက်သုပ်စားပြီး ဝိတ်ချဖို့ ဓါတ်စာအနေနဲ့ စားသုံးပေးနိုင်ပါတယ်။

ဦးနှောက်ကိုကျန်းမာစေနိုင်တယ်

ဦးနှောက်ကို အပြင်းအထန်ထိခိုက်စေနိုင်တဲ့ဖြစ်စဉ်တွေက အာရုံကြောဆဲလ်တွေကို ပျက်စီးစေပြီး အယ်လ်ဇိုင်းမားရောဂါလိုမျိုးရောဂါတွေအထိခံစားရစေနိုင်ပါတယ်။လေ့လာမှုတွေအရတော့ ဆလတ်ရွက်မှာပါတဲ့ အဆီအနှစ်က အာရုံကြောဆဲလ်တွေထိခိုက်ပျက်စီးမှုကို ကာကွယ်ပေးတယ်၊လို့သိရပါတယ်။

နောက်ထပ်လေ့လာမှုတစ်ရပ်အရ ဆလတ်ရွက်မှာ ခန္ဓါကိုယ်အတွက်နေ့စဉ်လိုအပ်တဲ့နိုက်ထရိတ် ကြွယ်ဝစွာပါဝင်နေပါတယ်။ ဒီဒြပ်ပေါင်းက ခန္ဓါကိုယ်ထဲရောက်ရှိသွားတဲ့အခါနိုက်ထရစ်အောက်ဆိုဒ် အဖြစ်ပြောင်းသွားပြီး ဆဲလ်အလွှာလေးတွေရဲ့ စွမ်းဆောင်ရည် ကိုတိုးတက်စေပါတယ်။ ဆဲလ်အလွှာလေးတွေရဲ့ စွမ်းဆောင်ရည် လုပ်ဆောင်မှုကျဆင်းသွားတဲ့အခါ သိမြင်မှုစွမ်းရည်ကျဆင်းသွားသလို အသက်အရွယ်ကြောင့်ဖြစ်တဲ့ အာရုံကြော ထိခိုက်ပျက်စီးမှုတွေဖြစ်လာပါတော့တယ်။ ဆလတ်ရွက်စားပေးမယ်ဆိုရင် ဒီပြဿနာတွေကင်းဝေးစေမှာပါ။ ဒါတင်မကသေးပါဘူး။ ဆလတ်ရွက်မှာ အိုမီဂါ-၃ ဖက်တီးအက်စစ် ပါဝင်နေတာကြောင့် စိတ်ဓါတ်ကျတာနဲ့စိတ်ဖိစီးတာတွေမဖြစ်အောင်ကာကွယ်ပေးနိုင်ပါသေးတယ်။

အရိုးတွေကို ကြံ့ခိုင်သန်စွမ်းစေတယ်

အရိုးစတင်ဖြစ်ပေါ်ဖို့အတွက်လိုအပ်တဲ့ ကိုလာဂျင်အသားဓါတ် တွေကိုဖြစ်ပေါ်လာစေဖို့ဆိုရင် ဗီတာမင် ကေ၊ အေ နဲ့ စီ တို့ကအရေးပါပါတယ်။ ဆလတ်၇ါက်မှာ ဒီဗီတာမင်ဓါတ် ၃ မျိုးစလုံးကြွယ်ဝစွာပါဝင်နေပါတယ်။ ဗီတာမင် ကေ ကတွယ်ဆက်တစ်ရှုးတွေနဲ့ အရိုးနုတွေဖြစ်ပေါ်အောင် အထောက်ကူပြုပေးပါတယ်။ ဗီတာမင် အေ ကအရိုးဆဲလ်အသစ်တွေကိုဖြစ်ပေါ်အောင်လုပ်ဆောင်ပေးပါတယ်။ တကယ်လို့ ခန္ဓါကိုယ်မှာ ဗီတာမင် အေ နည်းနေမယ်ဆိုရင် အရိုးပွတာနဲ့ အရိုးကျိုးလွယ်တာတွေဖြစ်နိုင်ပါတယ်။ ဗီတာမင် စီ ကအသက်အရွယ်ကြောင့်ဖြစ်တဲ့ အရိုးပါးတာကိုတိုက်ဖျက်ပေးနိုင်ပါတယ်။ ဗီတာမင် ကေ ကတော့ အရိုးကျိုးလွယ်တာမျိုးမဖြစ်အောင်ကာကွယ်ပေးပြီး အရိုးတွေကို ကြံ့ခိုင်သန်စွမ်းစေနိုင်ပါတယ်။

ကိုယ်ခံအားကောင်းစေနိုင်တယ်

လေ့လာမှုတွေအရ ဆလတ်ရွက်မှာပါတဲ့ ဗီတာမင် အေ နဲ့ ဗီတာမင် စီ ကကိုယ်ခံအားကိုကောင်းစေနိုင်ပါတယ်။ ဆလတ်ရွက်ကရောဂါပိုးတွေကိုသေစေနိုင်တဲ့ အာနိသင်လည်းရှိပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Aye Thi Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement