သဘာဝဆေးဖက်ဝင်ပစ္စည်းများ

တိုင်းရင်းဆေးပညာဆိုတာလည်း ဆေးပညာတစ်ခုပါပဲ။ တတ်ကျွမ်းနားလည်တဲ့သူရဲ့ ညွှန်ကြားချက်တွေနဲ့ဆိုရင် ကျွန်ုပ်တို့ရဲ့ ကျန်းမာရေးကို ကောင်းမွန်စွာ စောင့်ရှောက်နိုင်မှာပါ။ သိပ္ပံနည်းကျ အတည်ပြုထားတဲ့ သဘာဝဆေးဖက်ဝင်ပစ္စည်းတွေနဲ့ တိုင်းရင်းဆေးတွေအကြောင်းကို ဒီမှာလေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

သဘာဝဆေးဖက်ဝင်ပစ္စည်းများ

ပဲနံ့သာရွက် ဆေးဖက်ဝင်သလား!

ပဲနံ့သာစေ့အရွက်က ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ ထောက်ကူပေးပါတယ်။ ပဲနံ့သာရွက် ဆေးဖက်ဝင်သလား! ဘယ်လိုများ ဆေးဖက်ဝင်သလဲ ဆိုတာတွေကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ ပဲနံ့သာရွက် ဆိုတာ ပဲနံ့သာရွက် ဆိုတာက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက် တစ်မျိုးပါ။ ဆေးဖက်ဝင်တယ်လို့လည်း ပြောလို့ ရပါတယ်။ နှစ်ပေါင်းများစွာ ကာလတွေကတည်း ဆေးဖက်ဝင်တဲ့ အရာအဖြစ် သုံးစွဲခဲ့ကြပါတယ်။  နောက်ပိုင်းမှာတော့ ဆေးဖက်ဝင်မှုကြောင့် နေ့စဉ် ဟင်းလျာထဲမှာ ထည့်သွင်း ချက်ပြုတ်မှုတွေကို လုပ်ဆောင်လာကြပါတယ်။ ပဲနံ့သာရွက်ကို ထောပတ် နည်းနည်းလေးနဲ့ ကြော်စားတာမျိုး ရှိသလို အခြားသော အသီးအနှံတွေနဲ့ တွဲဖက်ကြော်စားတာမျိုးတွေကိုလည်း လုပ်ဆောင်လာဲကြပါတယ်။ အရသာက ခါးသက်သက် ရှိပြီး ထမင်းလေးနဲ့ တွဲဖက်စားဖို့ သင့်တော်ပါတယ်။  အရွက်က ခပ်ထူထူလေးနဲ့ အရွက်ဆိုင် ထွက်တတ်ပါတယ်။ အရိုးတံ မာမာလေး ရှိပါတယ်။ အပွင့် ဝါဝါလေးတွေ […]

သဘာဝဆေးဖက်ဝင်ပစ္စည်းများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

သဘာဝဆေးဖက်ဝင်

သဘာဝဆေးဖက်ဝင်ပစ္စည်းများ ကို ရှာဖွေမည်။

သဘာဝဆေးဖက်ဝင်

Yarrow (၁၂ရာသီပန်းပင်)

အသုံးပြုပုံများ၁၂ရာသီပန်းပင် ကို ဘာအတွက်အသုံးပြုကြသလဲ yarrow ကို ဆေးဖက်ဝင်အပင်အဖြစ် ဆေးသိပ္ပံပညာက မယူဆပါဘူး။ ဒါပေမယ့် ရိုးရာအားဖြင့်တော့ yarrow ကို ဒါဏ်ရာအနာတရတွေနဲ့ သွေးအနည်းငယ်ထွက်ခြင်း (အရေပြားကို ကပ်ပေး၊လိမ်းပေးနိုင်ပါတယ်)။ အစားအသောက်ပျက်ခြင်း။ အစာမကြေခြင်း ဒါမှမဟုတ် ရင်ပူခြင်း။ ဆီးသွားနည်းခြင်း၊ဓမ္မတာ ထိန်ခြင်း။ ဓမ္မတာလာစဉ် ကိုက်ခဲခြင်း၊ကြွက်သားများ နာကျင်ခြင်း။ ရောင်ရမ်းခြင်း။ ကူးစက်ပိုးဝင်ခြင်း။ သွေးထွက်ခြင်း၊ထိခိုက်ဒါဏ်ရာဖြစ်ခြင်း။ စိုးရိမ်ပူပန်ခြင်း၊အိပ်ပျော်ခြင်း စတာတွေကို သက်သာပျောက်ကင်းအောင် ကုသပေးနိုင်ဖို့အတွက် အသုံးပြုကြလေ့ရှိပါတယ်။ ဘယ်လိုအလုပ်လုပ်လဲ ယခု ဆေးဖက်ဝင်အပင် ဘယ်လိုအလုပ်လုပ်သလဲဆိုတာ သိရှိနိုင်ဖို့အတွက် လုံလောက်တဲ့ လေ့လာမှုတွေ မပြုလုပ်ရသေးပါ။ အသေးစိတ် ထပ်မံသိရှိဖို့အတွက် ဆရာဝန် ဒါမှမဟုတ် သဘာဝဆေးဖက်ဝင်ပစ္စည်းများဆိုင်ရာ ကျွမ်းကျင်သူကို မေးမြန်းပါ။ ဒါပေမယ့် သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်ပြီး ရောင်ရမ်းခြင်းကို သက်သာစေတဲ့ ဓါတ်ပစ္စည်းများစွာ yarrow မှာ ပါဝင်ကြောင်း လေ့လာချက်အချို့အရ သိရှိရပါတယ်။ ဒါ့အပြင် yarrow ဟာ တံတွေးထုတ်လုပ်မှုနဲ့ အစာအိမ်အချဉ်ရည်ထုတ်လုပ်မှုကို များပြားစေတာကြောင့် အစာကြေစေပါတယ်။ ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ၁၂ရာသီပန်းပင် အသုံးမပြုခင် […]


သဘာဝဆေးဖက်ဝင်

Daffodil (ဒက်ဖဒေးလ် ခေါ် နှင်းပန်းဝါ)

အသုံးပြုပုံများဒက်ဖဒေးလ် ခေါ် နှင်းပန်းဝါ ကို ဘာအတွက်အသုံးပြုကြသလဲ ဘေးကင်းမကင်းစိုးရိမ်နေရင်းနဲ့တောင်မှ နှင်းပန်းဝါကို ကြက်ညှာချောင်းဆိုး၊ ရင်ကြပ်ခြင်း၊ အအေးမိခြင်း တွေအတွက် သုံးတတ်ကြတယ်။ အန်စေဖို့အတွက်လည်း သုံးကြပါတယ်။ ဘယ်လိုအလုပ်လုပ်လဲ ထိုဆေးဘက်ဝင်အပင်လုပ်လုပ်ပုံနဲ့ပတ်သတ်လို့ လုံလောက်တဲ့လေ့လာမှုတွေမရှိသေးပါဘူး။ ဆရာဝန် သို့မဟုတ် တိုင်းရင်းဆေးပင်ကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးမေးမြန်းနိုင်ပါတယ။် သို့ပေမယ့် နှင်းပန်းဝါမှပါတဲ့ polysaccharide နဲ့ lectin ခေါ်ပစ္စည်းတွေက HIV ကိုတိုက်နိုင်တဲ့ အာနိသင်ရှိတယ်လို့တော့ တချို့လေ့လာမှုတွေကဆိုပါတယ်။ lectin တွေက ကင်ဆာအတွက်တော့ အဆိပ်ဖြစ်စေပါတယ်။ ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များဒက်ဖဒေးလ် ခေါ် နှင်းပန်းဝါ အသုံးမပြုခင် ဘာတွေသိသင့်သလဲ ပန်းနဲ့အဖူးတွေကိုသုံးမယ်ဆိုရင်တော့ သတိကြီးကြီးထားရပါလိမ့်မယ်။ ပြင်းထန်တဲ့၊ သေပင်သေစေနိုင်တဲ့ တုံ့ပြန်မှုတွေဖြစ်လာနိုင်လို့ပါ။ ဒါကြောင့် တတ်ကျွမ်းတဲ့ပညာရှင်၊ ဆရာဝန်က မညွှန်းမချင်း ထိုနှင်းပန်းဝါနဲ့ပတ်သတ်တဲ့ ထုတ်ကုန်တွေကို မသုံးပါနဲ့။ ဆေးဖက်ဝင်ဖြည့်စွတ်စာတွေရဲ့ စည်းမျဉ်းတွေက ဆေးတွေလောက် စည်းကမ်းမတင်းကြပ်ပါဘူး။ ဘေးကင်းမှုကို ထောက်ခံပေးဖို့က လေ့လာမှုတွေအများကြီးလိုအပ်ပါတယ်။ ထိုကဲ့သို့ဆေးဖက်ဝင်ဖြည့်စွတ်စာတွေကို မမှီဝဲမီ […]


သဘာဝဆေးဖက်ဝင်

Chaste tree (ကြောင်ပန်းပင်)

အသုံးပြုပုံများကြောင်ပန်းပင် ကို ဘာအတွက်အသုံးပြုကြသလဲ ကြောင်ပန်းပင်ကို ‘အမျိုးသမီးတွေအတွက်ဆေးပင်’ လို့တောင် ခေါ်လို့ရပါတယ်။ ဓမ္မတာမမှန်ခြင်း၊ ဓမ္မတာမလာမီနဲ့ သွေးဆုံးပြီးချိန် ရတတ်တဲ့ ရောဂါလက္ခဏာတွေအတွက်သုံးနိုင်တယ်။ ရင်သားအကျိတ်၊ အမျိုးသမီးတွေမှာ မျိုးပွားနိုင်နှုန်းနည်းတဲ့အခါ၊ မိန်းမဟော်မုန်းနည်းတဲ့အမျိုးသမီးတွေမှာ ကိုယ်ဝန်ပျက်ကျမှုကိုတားဆီးရန်၊ မီးဖွားပြီးချိန် သွေးဆင်းမှုကို ထိန်းချုပ်ရန်နဲ့ အချင်းကျခြင်းကိုကူညီရန်၊ နို့ထွက်ကောင်းစေရန် စသည့်ဖြင့်လည်း အသီးသီးသုံးတတ်ပါသေးတယ်။ တချို့အမျိုးသားတွေမှာ ဆီးကောင်းအောင်၊ ဆီးကျိတ်ရောဂါ၊ လိင်ဆန္ဒလျော့နည်းအောင် တို့အတွက်လည်း သုံးကြပါသေးတယ်။ ဝက်ခြံ၊ ရူးသွပ်ခြင်း၊ တုန်လှုပ်ခြင်း၊ အဆစ်အမြစ်ရောဂါ၊ အအေးမိခြင်း၊ ဗိုက်မကောင်းခြင်း၊ ဘေလုံးမကောင်းခြင်း၊ ခေါင်းကိုက်ခြင်း၊ ခေါင်းတစ်ခြမ်းအပြင်းအထန်ကိုက်ခြင်း၊ မျက်လုံးနာခြင်း၊ ခန္ဓါကိုယ်မှရောင်ရမ်းခြင်း ဖောခြင်း များအတွက်လည်းသုံးပါတယ်။ တချို့တွေကတော့ ကပ်ပါးကောင်များရှင်းထုတ်ရန်၊ အင်းဆက်ကိုက်ခြင်း ထိုးခြင်းများအတွက် ကာကွယ်ရန် လည်းသုံးပါသေးတယ်။ ဘယ်လိုအလုပ်လုပ်လဲ ထိုဆေးဘက်ဝင်အပင်လုပ်လုပ်ပုံနဲ့ပတ်သတ်လို့ လုံလောက်တဲ့လေ့လာမှုတွေမရှိသေးပါဘူး။ ဆရာဝန် သို့မဟုတ် တိုင်းရင်းဆေးပင်ကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးမေးမြန်းနိုင်ပါတယ။် ဒါပေမယ့် ပရိုလက်တင်(prolactin) လို့ခေါ်တဲ့ဟော်မုန်းတစ်မျိုးထွက်ခြင်းကို တားဆီးလျှော့ချပေးတယ်လု့ိ တချို့လေ့လာမှုတွေကဆိုပါတယ်။ အမျိုးသမီးများတွင် […]


သဘာဝဆေးဖက်ဝင်

Cat's claw (ကြောင်လက်သည်းပင်)

အသုံးပြုပုံများကြောင်လက်သည်းပင် ကို ဘာအတွက်အသုံးပြုကြသလဲ ကြောက်လက်သည်းပင်ကို ကိုယ်ခံအားစနစ်လှုံဆော်ပေးရန်နဲ့ အရောင်ကျရန်အတွက် သုံးလေ့ရှိပါတယ်။ အဆစ်ရောင်ရောဂါ၊ လေးဘက်နာရောဂါ များအတွက်လည်း များသောအားဖြင့် သုံးလေ့ရှိတယ်။ အူမကြီးရောင်ခြင်း၊ နာခြင်း၊ Crohn’s ရောဂါ များကဲ့သို့ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ရောဂါများအတွက်လည်း သုံးလေ့ရှိပါတယ်။ တချို့တွေက herpes zoster, herpes simplex ပိုးများကြောင့်ဖြစ်သော ရေယုန်၊ HIV ပိုးကြောင့်ဖြစ်သော AIDS ကဲ့သို့ ဗိုင်းရပ်စ်ရောဂါများမှာလည်း သုံးတတ်ပါတယ်။ CFS ဟုခေါ်သော နာတာရှည်နွမ်းနယ်တတ်သောရောဂါ၊ အနာကျက်မြန်ရန်၊ ကပ်ပါးရောဂါများ၊ အယ်လ်ဇိုင်းမားရောဂါ၊ ရင်ကြပ်ရောဂါ၊ ကင်ဆာ ( အထူးသခြင့် ဆီးလမ်းကြောင်းကင်ဆာ)၊ glioblastoma ဟုခေါ်သော ဦးနှောက်ကျိတ်ကင်ဆာတစ်မျိုး၊ gonorrhea ၊ ဝမ်းကိုက်ခြင်း၊ သန္ဓြေတားရန်၊ အရိုးနာခြင်း၊ ကျောက်ကပ်ဆေးရန် စသည်ဖြင့်လည်း အမျိုးမျိုးသုံးတတ်ကြပါသေးတယ်။ ဘယ်လိုအလုပ်လုပ်လဲ ထိုဆေးဘက်ဝင်အပင်လုပ်လုပ်ပုံနဲ့ပတ်သတ်လို့ လုံလောက်တဲ့လေ့လာမှုတွေမရှိသေးပါဘူး။ ဆရာဝန် သို့မဟုတ် […]


သဘာဝဆေးဖက်ဝင်

မဟော်ဂနီစေ့၏ ကျန်းမာရေးကောင်းကျိုးများ

မဟော်ဂနီစေ့၏ ကျန်းမာရေးကောင်းကျိုးများ မဟော်ဂနီသစ်တွေဟာ အိမ်ထောင်ပရိဘောဂတွေ ပြုလုပ်ဖို့ အသုံးဝင်တာကို သင်သိကောင်းသိနိုင်ပေမယ့် သူ့အစေ့တွေကလည်း အသုံးဝင်တာကို သင်သတိထားမိပါသလား။ မဟော်ဂနီစေ့တွေမှာ တကယ်တမ်းတော့ ကျန်းမာရေးအကျိုးကျေးဇူးများစွာ ရှိပါတယ်။ ဒီဆောင်းပါးကို ဖတ်ကြည့်ပြီး သင်အံ့သြသွားပါလိမ့်မယ်။   အစာစားချင်စိတ် များခြင်း မဟော်ဂနီစေ့တွေဟာ သင့်ရဲ့ အစာစားချင်စိတ်ကို မြှင့်တင်ပေးပါတယ်။ အစာစားခြင်းဟာ အထူးသဖြင့် နေမကောင်းရာက ပြန်နာလန်ထူကာစ အချိန်အတွက် အလွန်အရေးကြီးပါတယ်။ မဟော်ဂနီစေ့တွေဟာ သင့်အစာစားချိန်စိတ်မရှိချိန်တွေမှာ ကူညီပေးနိုင်ပါတယ်။ နေ့စဉ်တစ်နေ့ကို မဟော်ဂနီစေ့ တစ်စေ့ စားသင့်တယ်လို့ အကြံပြုထားကြပါတယ်။   ဝမ်းချုပ်ခြင်းကို သက်သာစေခြင်း မဟော်ဂနီစေ့တွေဟာ ဝမ်းချုပ်ခြင်းကိုလည်း သက်သာစေပါတယ်။ ဝမ်းနုတ်ဆေးတွေသောက်မယ့်အစား ဒီပြဿနာကိုဖြေရှင်းဖို့ မဟော်ဂနီစေ့တွေကို အစွမ်းထက်တဲ့ ကုသမှုအနေနဲ့ အသုံးပြုနိုင်ပါတယ်။ မဟော်ဂနီစေ့တွေဟာ အစာခြေစနစ်အတွက်လည်း ကောင်းမွန်ပါတယ်။ ဒီအစေ့တွေကို ချေပြီး ရေနွေးနဲ့ ရောသင့်ပါတယ်။ ဒီအရောကို တစ်နေ့နှစ်ကြိမ်သောက်မယ်ဆိုရင် တိုးတက်မှုကို မြင်ရမှာ ဖြစ်ပါတယ်။   အအေးမိခြင်းကို ကုသပေးခြင်း သင့်မှာ အအေးမိခြင်း၊ ဖျားနာခြင်းတွေဖြစ်မယ်ဆိုရင်လည်း […]


တိုင်းရင်းဆေးဝါးများ

ကြွက်သားတွေ သန်မာဖို့အတွက် သုံးစွဲသင့်တဲ့ ဗီတာမင်များ

ကြွက်သားတွေ သန်မာဖို့အတွက် သုံးစွဲသင့်တဲ့ ဗီတာမင်များ ဗီတာမင်တွေဟာ ဟိုးလွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာကတည်းက လူသားတွေရဲ့ ခန္ဓါကိုယ်အတွက် အရေးတကြီးလိုအပ်ခဲ့တာ ဖြစ်ပါတယ်။ ဗီတာမင်တွေဟာ ခုခံအားစနစ်ကို မြှင့်တင်ပေးပြီး သာမန်အအေးမိနှာစေးတာမျိုးတွေကို ကုသပေးနိုင်တဲ့အပြင် ကျွန်တော်တို့ရဲ့ ကြွက်သားတွေကိုလည်း သန်မာလာစေပါတယ်။ ဘယ်လိုဗီတာမင်တွေက ကျန်းမာသန်စွမ်းတဲ့ ကြွက်သားတွေဖြစ်လာစေဖို့ အားပေးသလဲဆိုတာနဲ့ ပတ်သက်ပြီး ဒီဆောင်းပါးလေးမှာ မျှဝေပေးသွားမှာ ဖြစ်ပါတယ်။   ဗီတာမင် D ဗီတာမင် D ဟာ ကြွက်သားတွေကို သန်စွမ်းကျန်းမာလာအောင် လုပ်ပေးနိုင်တဲ့ နံပါတ်တစ် ဗီတာမင် ဖြစ်ပါတယ်။ ဗီတာမင် D ဟာ ခုခံစွမ်းအားကို မြှင့်တင်ပေးဖို့နဲ့ ကြွက်သားတွေ သန်စွမ်းကျန်းမာပြီး အကောင်းဆုံး အလုပ်လုပ်နိုင်ဖို့အတွက် အလွန်ပဲ အရေးကြီးလှပါတယ်။ ဒါ့အပြင် အရိုးတွေ သန်စွမ်းဖို့၊ကြွက်သားတွေ အလုပ်လုပ်နိုင်စွမ်း မြင့်မားဖို့နဲ့ ခန္ဓါကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေ ကောင်းစွာ အလုပ်လုပ်နိုင်ဖို့အတွက် ဗီတာမင် D ဟာ မရှိမဖြစ် […]


သဘာဝဆေးဖက်ဝင်

Basil (ပင်စိမ်း)

အသုံးပြုပုံများပင်စိမ်း ကို ဘာအတွက်အသုံးပြုကြသလဲ ပင်စိမ်း ဟာ မြေကြီးပေါ်မှာ ပေါက်တဲ့ အပင်တစ်မျိုးဖြစ်ပြီး ဆေးအဖြစ်အသုံးပြုကြပါတယ်။ လူအချို့က သူ့ကို အာလုပ်ကျင်းရည် အဖြစ်လည်း အသုံးပြုကြပါတယ်။ ပင်စိမ်းကို ဗိုက်အောင့်ခြင်း၊ အစားအသောက် ပျက်ခြင်း၊ လေထခြင်း၊ ကျောက်ကပ်ရောဂါတွေနဲ့ အရည်ကိုယ်ခန္ဓါအတွင်းများခြင်း၊ ခေါင်းအအေးမိခြင်း၊ ကြွက်နို့များ၊ သန်ကောင် ထခြင်းတွေအတွက်လည်း အသုံးပြုကြပါတယ်။ မြွေနဲ့ အင်းဆက်ကိုက်ခြင်းတွေကို ကုသဖို့လည်း အသုံးပြုကြပါတယ်။ အမျိုးသမီးအချို့ဟာ ပင်စိမ်းကို ကလေးမမွေးမီနဲ့ မွေးအပြီးမှာ သွေးစီးဆင်းမှုကို မြှင့်တင်ဖို့နဲ့ နို့ထွက်ခြင်း အစပြုစေဖို့ အသုံးပြုကြပါတယ်။ ဘယ်လိုအလုပ်လုပ်လဲ ပင်စိမ်း ဘယ်လိုအလုပ်လုပ်လဲနဲ့ ပတ်သက်တဲ့ လုံလောက်တဲ့ လေ့လာမှုတွေ မရှိသေးပါဘူး။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ဒါပေမယ့် လေ့လာမှု အချို့က ပင်စိမ်းမှာ ဗီတာမင် စီ၊ […]


သဘာဝဆေးဖက်ဝင်

Spirulina (စိမ်းပြာရေညှိ)

အသုံးပြုပုံများစိမ်းပြာရေညှိ ကို ဘာအတွက်အသုံးပြုကြသလဲ စိမ်းပြာရေညှိ ကို အောက်ပါရောဂါဝေဒနာတွေအတွက် သုံးတတ်ကြပါတယ်။ သွေးကင်ဆာ မူမမှန် မျက်တောင် ပုတ်ခတ်ပုတ်ခတ် ဖြစ်ခြင်း(Blepharospasm) အာရုံမစူးစိုက်နိုင်တဲ့တက်ကြွလွန်ရောဂါ(ADHD) ဆီးချိုရောဂါ သွေးဆုံးအကြိုလက္ခဏာများ(PMS) ဓာတ်မတည့်မှုများ စိတ်ဖိစီးမှု ပင်ပန်းနွမ်းလျမှု အစာချေဖျက်ခြင်းကိုအထောက်အကူပြု အနာကျက်ခြင်း ကိုယ်ခံအားစနစ်ပိုကောင်းစေခြင်း   ဘယ်လိုအလုပ်လုပ်သလဲ။ စိမ်းပြာရေညှိ မှာ စားသုံးလိုက်တဲ့အခါ စုပ်ယူရလွယ်တဲ့ ပရိုတင်းဓာတ်၊သံဓာတ်၊နဲ့ တခြားသတ္ထုဓာတ်တွေ မြင့်မားစွာပါဝင်ပါတယ်။ စိမ်းပြာရေညှိ ကိုကိုယ်ခံအားစနစ်မှာ ကောင်းကျိုးသက်ရောက်မှု၊ ဖောရောင်ခြင်းနဲ့ ရောဂါပိုး ကူးစက်ခြင်းတို့အတွက် သုတေသနပြုလျက်ရှိကြပါတယ်။ ထပ်မံသိရှိလိုပါက ဆရာဝန်တွေ၊ ကျွမ်းကျင်သူတွေကို မေးမြန်းနိုင်ပါတယ်။   ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များစိမ်းပြာရေညှိ အသုံးမပြုခင် ဘာတွေသိသင့်သလဲ အောက်ပါအချက်တွေ သင့်မှာရှိနေရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ ကိုယ်ဝန်ဆောင်ဖြစ်နေရင် ဒါမှမဟုတ် နို့တိုက်မိခင်ဖြစ်နေရင် သင်ဟာကိုယ်ဝန်ဆောင်မိခင် ဒါမှမဟုတ် ကလေးနို့တိုက်ကျွေးနေသူဆိုရင် ဆရာဝန်ညွှန်ကြားတဲ့ဆေးဝါးတွေကိုပဲ သုံးစွဲသင့်ပါတယ်။ တခြားဆေးဝါးတွေသောက်သုံးနေရသူဆိုရင်။ ဒီအချက်မှာ ဆရာဝန်ဆေးညွှန်းမလိုဘဲ အလွယ်တကူဝယ်လို့ရတဲ့ ဆေးဝါးများနှင့် ဆေးဖက်ဝင် ဘယဆေးများလည်း အကျုံးဝင်ပါတယ်။ စိမ်းပြာရေညှိ ပါဝင်ဓာတ်ပစ္စည်းတစ်ခုခု ဒါမှမဟုတ် တခြားဆေးဝါး/ ဆေးဖက်ဝင်အပင် တွေနဲ့ ဓာတ်မတည့်ရင် တခြားရောဂါတစ်ခုခုရှိနေရင်၊ ဆေးဝါးကုထုံးခံယူနေရသူဖြစ်ရင် အစားအစာ၊ဆိုးဆေး၊တာရှည်ခံဆေး၊တိရစ္ဆာန်၊ နွားနို့ တို့နှင့် ဓာတ်မတည့်တာတွေလို အခြားဓာတ်မတည့် မှုတွေရှိနေရင် ဆေးဖက်ဝင်ဓာတ်စာအားဆေးအတွက်စည်းကမ်း […]


သဘာဝဆေးဖက်ဝင်

Tea tree oil (လက်ဖက်ပင်အဆီ)

အသုံးပြုပုံများလက်ဖက်ပင်အဆီကိုဘယ်လိုသုံးမလဲ လက်ဖက်ပင်အဆီဆိုတာကလက်ဖက်ပင်ရဲ့အရွက်တွေကနေရရှိတဲ့အဆီဖြစ်ပါတယ်။ လက်ဖက်ပင်အဆီကို အပူပိုင်းဒေသတွေမှာဆေးကုသဖို့အတွက်အသုံးပြုလေ့ရှိပါတယ်။ အသုံးပြုပုံတွေ – • ဝက်ခြံလိုမျိုး ကူးစက်တတ်တဲ့ဝေဒနာ • လက်သည်းခြေသည်းတွေမှိုပိုးဝင်ခြင်း • သန်းကိုက်နာ၊ယားနာနဲ့ ခြေထောက်မှာပွေး • ပွေးရောဂါ • ပြတ်ရှဒဏ်ရာ၊ပွန်းပဲ့ဒဏ်ရာ၊အပူလောင်နာ၊ပိုးမွှားကိုက်နာ၊ သွေးစုနာ၊ အဆိပ်ရှိတဲ့အကောင်ကိုက်လို့ဖြစ်တဲ့အနာနဲ့သွားနာတာတွေအတွက်လည်း ပိုးသတ်ဆေး အဖြစ်အသုံးပြုပါတယ်။ • ပါးစပ်နဲ့နှာခေါင်းမှာဖြစ်တဲ့ကူးစက်ရောဂါတွေနဲ့လည်ချောင်းနာဝေဒနာ • နားတွင်းပိုးဝင်ခြင်း • ချောင်းဆိုးခြင်း၊ လေပြွန်ပိတ်ခြင်းနဲ့ အဆုတ်ရောင်ဝေဒနာတွေကိုကုသဖို့အသုံးပြုပါတယ်။ လက်ဖက်ဆီကို အခြားအခြေအနေများအတွက်လည်း အသုံးပြုနိုင်ပါတယ်။ ပိုမိုသိရှိလိုသော အချက်များအတွက် ဆရာဝန် ဒါမှမဟုတ် ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူနဲ့တိုင်ပင်ပါ။ ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များဆောင်ရန်၊ရှောင်ရန်အချက်များ လက်ဖက်ဆီကိုအသုံးမပြုခင်မှာဘာတွေသိထားသင့်သလဲ။ သင့်မှာ အောက်ပါ အခြေအနေများရှိရင် ဆရာဝန်၊ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူ၊ ဆေးဖက်ဝင်အပင်တွေနဲ့ပတ်သက်ပြီး ကျွမ်းကျင်သူတွေကို ပြောပြဆွေးနွေးသင့်ပါတယ်။ သင်ဟာကိုယ်ဝန်ဆောင်မိခင်တစ်ဦးဖြစ်နေရင် ဒါမှမဟုတ်နို့်တိုက်မိခင်တစ်ဦးဖြစ်နေခဲ့ရင် ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။ သင်ဟာကိုယ်ဝန်ဆောင်ထားသူဆိုရင် ဆရာဝန်ညွှန်ကြားတဲ့ဆေးတွေကိုသာသောက်သုံးသင့်ပါတယ်။ အခြားဆေးတွေသောက်သုံးနေရရင်။ ဆရာဝန်ဆေးညွှန်းမပါဘဲ မိမိဖာသာ ဝယ်သောက်နေသော ဆေးများ၊ ဆေးဖက်ဝင်ဘယဆေးများ အပါအဝင်။ သင့်မှာ လက်ဖက်ပင်အဆီ၊အခြားဆေးဝါးတွေ ဒါမှမဟုတ် အခြားသဘာဝ ဆေးပင်တွေနဲ့ဓာတ်မတည့်တာမျိုးရှိနေရင်၊ သင့်မှာအခြားရောဂါတွေ၊ဝေဒနာတွေနဲ့ အခြားဆေးကုသမှုခံယူနေရတာမျိုးရှိနေရင်၊ သင့်မှာ အစားအသောက်၊ဆိုးဆေး၊ တာရှည်ခံဆေး၊ တိရိစ္ဆာန်တို့နှင့် ဓါတ်မတည့်မှုများရှိရင် သဘာ၀ ဆေးဖက်ဝင် […]


သဘာဝဆေးဖက်ဝင်

Barley (ဘာလီ)

အသုံးပြုပုံများဘာလီ ကို ဘာအတွက်အသုံးပြုကြသလဲ Barley ဟာ ပင်မ အစားအသောက်တစ်ခုဖြစ်ပြီး ဘီယာချက်ဖို့အတွက် အသုံးပြုပြီး miso ပြုလုပ်ဖို့လည်း အချဉ်ဖေါက်နိုင်ကာ မုယောသကြားရရှိဖို့ သန့်စင်နိုင်ပါတယ်။ Barley ကို သွေးသကြားဓါတ်နည်းအောင်၊ သွေးပေါင်နဲ့ ကိုလက်စထရောကျအောင်၊ ကိုယ်အလေးချိန်ကျဆင်းအောင် အသုံးပြုကြပါတယ်။ သူ့ကို ဝမ်းလျှောခြင်း၊ အစာအိမ်နာခြင်းနဲ့ အူရောင်ခြင်းတွေအတွက်လည်း အသုံးပြုကြပါတယ်။ အချို့သူတွေက Barley ကို အားရှိပြီး ခံနိုင်ရည်မြင့်မားအောင် အသုံးပြုကြပါတယ်။ အခြားအသုံးဝင်ပုံတွေကတော့ ကင်ဆာကာကွယ်ခြင်းနဲ့ အဆုတ် ပြွန်ရောင်ခြင်းကို ကုသဖို့အတွက် အသုံးပြုကြပါတယ်။ Barley ကို အပူလောင်တာတွေကို ကုသဖို့အတွက်လည်း အရေပြားပေါ်ကို လိမ်းပေးနိုင်ပါတယ်။ ဘာလီက ဘယ်လိုအလုပ်လုပ်လဲ Barley ဘယ်လိုအလုပ်လုပ်လဲနဲ့ ပတ်သက်တဲ့ လုံလောက်တဲ့ လေ့လာမှုတွေ မရှိသေးပါဘူး။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ဒါပေမယ့် […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း