သဘာဝဆေးဖက်ဝင်ပစ္စည်းများ

တိုင်းရင်းဆေးပညာဆိုတာလည်း ဆေးပညာတစ်ခုပါပဲ။ တတ်ကျွမ်းနားလည်တဲ့သူရဲ့ ညွှန်ကြားချက်တွေနဲ့ဆိုရင် ကျွန်ုပ်တို့ရဲ့ ကျန်းမာရေးကို ကောင်းမွန်စွာ စောင့်ရှောက်နိုင်မှာပါ။ သိပ္ပံနည်းကျ အတည်ပြုထားတဲ့ သဘာဝဆေးဖက်ဝင်ပစ္စည်းတွေနဲ့ တိုင်းရင်းဆေးတွေအကြောင်းကို ဒီမှာလေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

သဘာဝဆေးဖက်ဝင်ပစ္စည်းများ

ပဲနံ့သာရွက် ဆေးဖက်ဝင်သလား!

ပဲနံ့သာစေ့အရွက်က ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ ထောက်ကူပေးပါတယ်။ ပဲနံ့သာရွက် ဆေးဖက်ဝင်သလား! ဘယ်လိုများ ဆေးဖက်ဝင်သလဲ ဆိုတာတွေကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ ပဲနံ့သာရွက် ဆိုတာ ပဲနံ့သာရွက် ဆိုတာက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက် တစ်မျိုးပါ။ ဆေးဖက်ဝင်တယ်လို့လည်း ပြောလို့ ရပါတယ်။ နှစ်ပေါင်းများစွာ ကာလတွေကတည်း ဆေးဖက်ဝင်တဲ့ အရာအဖြစ် သုံးစွဲခဲ့ကြပါတယ်။  နောက်ပိုင်းမှာတော့ ဆေးဖက်ဝင်မှုကြောင့် နေ့စဉ် ဟင်းလျာထဲမှာ ထည့်သွင်း ချက်ပြုတ်မှုတွေကို လုပ်ဆောင်လာကြပါတယ်။ ပဲနံ့သာရွက်ကို ထောပတ် နည်းနည်းလေးနဲ့ ကြော်စားတာမျိုး ရှိသလို အခြားသော အသီးအနှံတွေနဲ့ တွဲဖက်ကြော်စားတာမျိုးတွေကိုလည်း လုပ်ဆောင်လာဲကြပါတယ်။ အရသာက ခါးသက်သက် ရှိပြီး ထမင်းလေးနဲ့ တွဲဖက်စားဖို့ သင့်တော်ပါတယ်။  အရွက်က ခပ်ထူထူလေးနဲ့ အရွက်ဆိုင် ထွက်တတ်ပါတယ်။ အရိုးတံ မာမာလေး ရှိပါတယ်။ အပွင့် ဝါဝါလေးတွေ […]

သဘာဝဆေးဖက်ဝင်ပစ္စည်းများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

သဘာဝဆေးဖက်ဝင်ပစ္စည်းများ ကို ရှာဖွေမည်။

သဘာဝဆေးဖက်ဝင်

American Chestnut (အမေရိကန် သစ်ချသီး)

အသုံးပြုပုံများအမေရိကန် သစ်ချသီး ကို ဘာအတွက်အသုံးပြုကြသလဲ အမေရိကန် သစ်ချသီးသည် အပင်မျိုးနွယ်ဖြစ်ပြီး ထိုပင်၏ အရွက်နှင့် အခေါက်တို့ကို ဆေးဖော်စပ်ကာ ချောင်းဆိုးခြင်း အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြသနာများ အဆစ်ရောင်သကဲ့သို့နာကျင်ခြင်း (Rheumatism) ဖူးရောင်ခြင်း ငိုက်မြည်းစေရန်အသုံးပြုခြင်း လည်ချောင်းနာခြင်း စသည်တို့အတွက် အသုံးပြုကြပါသည်။ အမေရိကန် သစ်ချသီးမှထုတ်ကုန်များကို အဖျော်ယမကာများတွင်လည်း ထည့်သွင်းအသုံးပြုနိုင်သည်။ ဘယ်လိုအလုပ်လုပ်လဲ ဆေးဖက်ဝင်အပင်များနှင့် ပက်သက်ပြီး လုံလောက်သော လေ့လာမှုများမရှိသဖြင့် တိုင်းရင်းဆေးပညာရှင် သို့မဟုတ် ဆရာဝန်နှင့် တိုင်ပင်ကာ အကြံဉာဏ်များရယူပါ။ သို့သော် အချို့သောလေ့လာမှုများအရ အမေရိကန် သစ်ချသီးတွင် ပါဝင်သည် Tannins ဓါတ်သည် အစာအိမ်နှင့် အူတွင်းရှိပစ္စည်းအချို့ကို စုပ်ယူနိုင်သော အစွမ်းသတ္တိရှိသည်ဟုဆိုပါသည်။ ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များအမေရိကန် သစ်ချသီး အသုံးမပြုခင် ဘာတွေသိသင့်သလဲ အောက်ပါအချက်များရှိပါက တိုင်းရင်းဆေးပညာရှင် သို့မဟုတ် ဆရာဝန်နှင့် တိုင်ပင်ပါ။ သင်သည် ကိုယ်ဝန်ဆောင် သို့မဟုတ် နို့တိုက်နေဆဲဖြစ်လျှင် သင့်ဆရာဝန်ပေးထားသော ဆေးများကိုသာသောက်သင့်သည်။ ဆရာဝန်ညွှန်ကြားထားသောဆေးများ၊ မိမိဘာသာဝယ်သောက်သောဆေးများရှိလျှင် အမေရိကန် သစ်ချသီး အပါအဝင်အခြား ဆေးဖက်ဝင်အပင်များ၊ ဆေးများနှင့် ဓါတ်မတည့်လျှင် မိမိတွင်အခြားသော […]


သဘာဝဆေးဖက်ဝင်

Acerola (အက်စီရိုလာ)

အသုံးပြုပုံများအက်စီရိုလာ ကို ဘာအတွက်အသုံးပြုကြသလဲ Acerola ကို အောက်ပါအခြေအနေတွေအတွက် အသုံးပြုနိုင်ပါတယ်။ ဗီတာမင် စီ ချို့ယွင်းခြင်း Scurvy နှလုံးရောဂါ နှလုံးသွေးကြော မာခြင်း သွေးခဲခြင်း ကင်ဆာ အအေးမိခြင်း ဖိအားကြောင့် နာဖြစ်ခြင်း မျက်လုံးတွင်း သွေးထွက်ခြင်း သွားပိုးစားခြင်း သွားဖုံးရောဂါပိုးဝင်ခြင်း စိတ်ကျခြင်း Hay fever Collagen ရောဂါများ အားကစားသမားတွေက Acerola ကို ခံနိုင်ရည်အား မြင့်မားရန်အတွက် အသုံးပြုကြပါတယ်။ Acerola ကို အခြားအခြေအနေတွေအတွက်လည်း သုံးနိုင်ပါတယ်။ ဆရာဝန်ကို ပိုမိုသိရှိဖို့ မေးမြန်းနိုင်ပါတယ်။ ဘယ်လိုအလုပ်လုပ်လဲ Acerola ဘယ်လိုအလုပ်လုပ်လဲနဲ့ ပတ်သက်တဲ့ လုံလောက်တဲ့ လေ့လာမှုတွေ မရှိသေးပါဘူး။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ဆေးပင်ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ဒါပေမယ့် လေ့လာမှုအချို့က Acerola ဟာ အသီးတစ်မျိုးဖြစ်ပြီး ဗီတာမင်စီ၊ ဗီတာမင်အေ၊ Thiamine၊ riboflavin နဲ့ niacin တွေ ပါဝင်တယ်လို့ ဆိုပါတယ်။ ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များအက်စီရိုလာ အသုံးမပြုခင် ဘာတွေသိသင့်သလဲ သင့်မှာ […]


သဘာဝဆေးဖက်ဝင်

Acetyl-L-Carnitine (အက်စီတိုင်းအဲလ်ကာနီတင်း)

အသုံးပြုပုံများအက်စီတိုင်းအဲလ်ကာနီတင်း ကို ဘာအတွက်အသုံးပြုကြသလဲ Acetyl-L-Carnitine ဟာ ကိုယ်ခန္ဓါအတွင်းမှာ သဘာဝအတိုင်း ထုတ်လုပ်တဲ့ amino acid တစ်မျိုးဖြစ်ပါတယ်။ သူ့ကို အောက်ပါကျန်းမာရေး အခြေအနေတွေမှာ အသုံးပြုကြပါတယ်။ Alzheimer’s disease အသက်ကြီးခြင်းကြောင့် မှတ်ဉာဏ် ယိုယွင်းခြင်း အသက်ကြီးခြင်းကြောင့် စိတ်ကျခြင်း အရက် နဲ့ Lyme ရောဂါတွေနဲ့ ဆက်စပ်နေတဲ့ တွေးတောမှုဆိုင်ရာ ပြဿနာများ Down’s syndrome ဒေါင်းရောဂါ ဦးနှောက်အတွင်း သွေးလှည့်ပတ်မှုနည်းခြင်း အတွင်းတိမ် ဆီးချိုကြောင့် အာရုံကြော နာကျင်ခြင်း AIDS ကုသမှုမှာ အသုံးပြုတဲ့ ဆေးတွေကြောင့် အာရုံကြော နာကျင်ခြင်း မျက်နှာ အကြောဆွဲခြင်း ကလေးမရခြင်း အသက်ကြီးခြင်းကြောင့် ယောက်ျားဟော်မုန်းကျဆင်းခြင်း Peyronie’s disease Acetyl-L-Carnitine ကို အခြားအခြေအနေတွေအတွက်လည်း သုံးနိုင်ပါတယ်။ ဆရာဝန်ကို ပိုမိုသိရှိဖို့ မေးမြန်းနိုင်ပါတယ်။ ဘယ်လိုအလုပ်လုပ်လဲ Acetyl-L-Carnitine ဘယ်လိုအလုပ်လုပ်လဲနဲ့ ပတ်သက်တဲ့ လုံလောက်တဲ့ လေ့လာမှုတွေ မရှိသေးပါဘူး။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) […]


သဘာဝဆေးဖက်ဝင်

Albizia (အလ်ဘီဇီးရား)

အသုံးပြုပုံများအလ်ဘီဇီးရား ကို ဘာအတွက်အသုံးပြုကြသလဲ Albizia ကို အောက်ပါအခြေအနေတွေအတွက် အသုံးပြုနိုင်ပါတယ်။ စိတ်ပူခြင်း ကင်ဆာ စိတ်ကျခြင်း အိပ်မပျော်ခြင်း စိတ်ကြည်ရန် ထိခိုက်မှုကြောင့် ဖြစ်တဲ့ ရောင်ရမ်းခြင်း သက်သာရန် Albizia ကို အင်းဆက်ကိုက်ခြင်း၊ အရေပြား ရောဂါပိုးဝင်ခြင်း (မီးလောင်နာ၊ အနာ)၊ အရိုးကျိုးခြင်း၊ အဆစ်လွဲခြင်း တွေကို ကုသဖို့ အသုံးပြုနိုင်ပါတယ်။ Albizia ကို အခြားအခြေအနေတွေအတွက်လည်း သုံးနိုင်ပါတယ်။ ဆရာဝန်ကို ပိုမိုသိရှိဖို့ မေးမြန်းနိုင်ပါတယ်။ ဘယ်လိုအလုပ်လုပ်လဲ Albizia ဘယ်လိုအလုပ်လုပ်လဲနဲ့ ပတ်သက်တဲ့ လုံလောက်တဲ့ လေ့လာမှုတွေ မရှိသေးပါဘူး။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ဒါပေမယ့် လေ့လာမှုအချို့က Albizia မှာ စိတ်တည်ငြိမ်စေခြင်း၊ အိပ်ချင်စေခြင်း၊ ကင်ဆာကို ကာကွယ်ပေးခြင်း၊ ဓါတ်တိုးဆန့်ကျင် ဂုဏ်သတ္တိရှိခြင်း အစရှိတဲ့ အစွမ်းတွေရှိတယ်လို့ ဆိုကြပါတယ်။ ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များအလ်ဘီဇီးရား အသုံးမပြုခင် ဘာတွေသိသင့်သလဲ သင့်မှာ […]


သဘာဝဆေးဖက်ဝင်

Alchemilla (အဲလ်ခီမီလာ)

အသုံးပြုပုံများအဲလ်ခီမီလာ ကို ဘာအတွက်အသုံးပြုကြသလဲ Alchemilla ကို အောက်ပါအခြေအနေတွေအတွက် အသုံးပြုနိုင်ပါတယ်။ ဗိုက်နာခြင်း ဝမ်းလျှောခြင်း ဆီးချို ကိုယ်ခန္ဓါအတွင်း ရေစုပြုံခြင်း ရောင်ရမ်းခြင်း ကြွက်သာ နာကျင်ခြင်း ပါးစပ်နာခြင်း၊ လည်ချောင်းနာခြင်းတွေအတွက် ပါးလုပ်ကျင်းရည် နာကျင်သော၊ များသော ရာသီလာခြင်း သွေးဆုံးလက္ခဏာများ ကိုယ်ခန္ဓါပြင်ပကို သုံးတဲ့ အနေနဲ့ ဒီ Herbal ကို အောက်ပါ အကြောင်းရင်းရာတွေမှာ အသုံးပြုကြပါတယ်။ သွေးတိတ်ရန် အနာကျက် မြန်စေရန် အနာ၊ နှင်းခူ၊ အရေပြား အကွက်ထခြင်းကို ကုသရန် Alchemilla ကို ဗိုက်နာခြင်းတွေ ကုသဖို့အတွက် ချိုးတဲ့ ရေထဲကိုလည်း ထည့်နိုင်ပါတယ်။ Alchemilla ကို အခြားအခြေအနေတွေအတွက်လည်း သုံးနိုင်ပါတယ်။ ဆရာဝန်ကို ပိုမိုသိရှိဖို့ မေးမြန်းနိုင်ပါတယ်။ ဘယ်လိုအလုပ်လုပ်လဲ Alchemilla ဘယ်လိုအလုပ်လုပ်လဲနဲ့ ပတ်သက်တဲ့ လုံလောက်တဲ့ လေ့လာမှုတွေ မရှိသေးပါဘူး။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ဒါပေမယ့် လေ့လာမှုအချို့က Alchemilla မှာ ဝမ်းလျှောခြင်းကို […]


သဘာဝဆေးဖက်ဝင်

Thymus extract (သိုင်းမက်စ်ဂလင်း-အဆီ)

အသုံးပြုပုံများသိုင်းမက်စ်ဂလင်း-အဆီ ကို ဘာအတွက်အသုံးပြုကြသလဲ Thymus-extract ကို ဓါတ်ခွဲခန်းမှာပြုလုပ်ဖန်တီးနိုင်သလို နွားရဲ့ဂလင်းတွေကလည်း ထုတ်လုပ်နိုင်ပါတယ်။ အသက်ရှုလမ်းကြောင်း မကြာခဏပိုးဝင်ခြင်း၊အအေးမိခြင်း၊တုပ်ကွေးကွေးခြင်း၊ကြက်ငှက်တုပ်ကွေး ဖြစ်ခြင်း၊အသည်းရောင်အသားဝါ ဘီပိုး၊စီပိုး ကူးစက်ခြင်း၊Epstein-Barr virus (EBV) ကူးစက်ခြင်း၊mononucleosis ရောဂါဖြစ်ပွားခြင်း၊ရေယုန်ပေါက်ခြင်း၊ထိပ်ခတ်နာဖြစ်ခြင်း နဲ့ ခုခံအားကျဆင်းမှုရောဂါဖြစ်ပွားခြင်းတို့မှာ Thymus-extract ကို အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် ပန်းနာရင်ကျပ်ဖြစ်ခြင်း၊ဓါတ်မတည့်ခြင်းကြောင့် နှာစေးခြင်း၊အစားအသောက်တခုခုနှင့် မတည့်ခြင်း၊ကင်ဆာရောဂါများ၊အဆစ်အမြစ်ရောင်ရောဂါမှာ ဖြစ်ပွားခြင်း၊ကာလကြာရှည် ပင်ပန်းနွမ်းနယ်ခြင်း၊systemic lupus erythematosus (SLE) လို့ခေါ်တဲ့ ပြင်းထန်သော ရောဂါတမျိုး ဖြစ်ပွားခြင်းတွေအတွက်လည်း Thymus-extract ကို သုံးနိုင်ပါတယ်။ ဓါတ်ရောင်ခြည်ကင်ပြီး ဒါမှမဟုတ် သွင်းဆေးတွေသုံးပြီး ကုသနေရတဲ့ ကင်ဆာဝေဒနာရှင်တွေမှာ သွေးဖြုဥထုတ်လုပ်မှု ပမာဏကို ထိန်းထားဖို့အတွက် ဒါမှမဟုတ် အိုမင်းရင့်ရော်မှုတွေကို ကာကွယ်ပေးဖို့အတွက်လည်း Thymus-extract ကို အသုံးပြုလို့ရပါသေးတယ်။ Thymus-extract ကို အခြားသော အခြေအနေတွေမှာလည်း သုံးနိုင်သေးတာမို့ အသေးစိတ်ထပ်မံ သိရှိလိုတယ်ဆိုရင် […]


သဘာဝဆေးဖက်ဝင်

Wild yam (မျောက်ဥ)

အသုံးပြုပုံများမျောက်ဥ ကို ဘာအတွက်အသုံးပြုကြသလဲ Wild yam ဟာ အပင်တမျိုးဖြစ်ပြီး မ ဟော်မုန်းအစားထိုး သဘာဝပစ္စည်းတမျိုးပဲ ဖြစ်ပါတယ်။ မဟော်မုန်းတမျိုးဖြစ်တဲ့ estrogen အစားထိုးကုသခြင်း၊ အသက်အရွယ်ကြီးမြင့်တဲ့ အမျိုးသမီးကြီးတွေမှာ မိန်းမကိုယ်ခြောက်သွေ့ခြင်း၊သွေးဆုံးကိုင်ဝေဒနာကို ကုသခြင်း၊ဓမ္မတာလာစဉ် ကိုက်ခဲခြင်း၊အရိုးပွခြင်းတွေကို ကုသဖို့အတွက် Wild yam ကို သုံးနိုင်သလို လိင်စိတ်အားကောင်းလာအောင် ဒါမှမဟုတ် ရင်သားဖွံ့ဖြိုးကြီးထွားလာဖို့အတွက်လည်း အသုံးပြုနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။Wild yam ဟာ diverticulosis လို့ခေါ်တဲ့ အူလမ်းကြောင်းပြဿနာတမျိုး၊သည်းခြေအိတ်နာကျင်ခြင်း၊အဆစ်အမြစ်ရောင်ခြင်းတို့ကို ကုသပေးနိုင်ပြီး အားအင်တွေလည်း တိုးပွားလာစေပါတယ်။ သွေးဆုံးကိုင်ဝေဒနာတွေ (ဥပမာ တကိုယ်လုံးဖိန်းတိန်းရှိန်းတိန်းဖြစ်တာ စသည်)ကို သက်သာစေဖို့အတွက် တချို့အမျိုးသမီးတွေဟာ Wild yam ကို အရေပြားပေါ်လိမ်းလေ့ရှိကြပါတယ်။Wild yam ကို အခြားသော ရည်ရွယ်ချက်တွေနဲ့လည်း အသုံးပြုနိုင်သေးတဲ့အတွက် အသေးစိတ်ထပ်မံသိရှိလိုတယ်ဆိုရင် ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်တွေထံ မေးမြန်းသင့်ပါတယ်။ ဘယ်လိုအလုပ်လုပ်လဲ wild […]


သဘာဝဆေးဖက်ဝင်

Witch hazel (သစ်အယ်ပင်)

အသုံးပြုပုံများသစ်အယ်ပင် ကို ဘာအတွက်အသုံးပြုကြသလဲ အောက်ဖော်ပြပါ ကျန်းမာရေးအခြေအနေများကို ကုသရန်အတွက် witch-hazel ကို အသုံးပြုကြပါတယ်။ ဝမ်းလျှောခြင်း၊အူရောင်ခြင်း၊သွေးအန်ခြင်း၊ချောင်းဆိုးသွေးပါခြင်း၊တီဘီရောဂါ၊အအေးမိခြင်း၊ဖျားနာခြင်း နှင့် ကင်ဆာကျိတ်များကို ကုသရန် witch-hazel ကို သောက်နိုင်ပါတယ်။ ယားယံခြင်း၊နာကျင်ခြင်း၊ရောင်ရမ်းခြင်း၊မျက်စိရောင်ခြင်း၊အရေပြား ထိခိုက်ပွန်းရှခြင်း၊mucous membrane ဟုခေါ်သော ခန္ဓါကိုယ်၏ ဒွာရပေါက်များ ရောင်ရမ်းခြင်း၊သွေးကြောထုံးခြင်း၊ဖောင်းခြင်း၊လိပ်ခေါင်းဖြစ်ခြင်း၊သွေးခြေဥခြင်း၊အင်းဆက်ပိုးမွှားများ ကိုက်ခြင်း၊အနည်းငယ်အပူလောင်ခြင်း နဲ့ အသားအရေ နီရဲပူစပ်ခြင်းတို့အတွက် Witch-hazel ကို အရေပြားပေါ် တိုက်ရိုက်လိမ်းပေးနိုင်ပါတယ်တယ်။ Witch-hazel ကို အခြားသော ရည်ရွယ်ချက်တွေနဲ့လည်း အသုံးပြုကြသေးတာမို့ အသေးစိတ်ထပ်မံသိရှိလိုပါက ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူတွေကို မေးမြန်းတိုင်ပင်ရပါမယ်။ ဘယ်လိုအလုပ်လုပ်လဲ Witch-hazel မှာ tannins လို့ခေါ်တဲ့ဓါတ်ပစ္စည်းတမျိုးပါဝင်ပါတယ်။Witch-hazel ကို အရေပြားပေါ် တိုက်ရိုက်လိမ်းတဲ့အခါ ရောင်ရမ်းခြင်းတွေကို လျော့နည်းသွားစေပြီး အရေပြားထိခိုက်ဒါဏ်ရာရတာတွေကို သက်သာပျောက်ကင်းသွားအောင် ကုသပေးနိုင်တဲ့အပြင် ဘက်တီးရီးယားပိုးမွှားတွေကိုလည်း ဖယ်ရှားရှင်းလင်းပေးပါတယ်။ ထပ်မံသိလိုတာတွေ ရှိပါက ဆရာဝန် ဒါမှမဟုတ် ဆေးဖက်ဝင်ပစ္စည်းကျွမ်းကျင်သူတွေကို […]


သဘာဝဆေးဖက်ဝင်

Yarrow (၁၂ရာသီပန်းပင်)

အသုံးပြုပုံများ၁၂ရာသီပန်းပင် ကို ဘာအတွက်အသုံးပြုကြသလဲ yarrow ကို ဆေးဖက်ဝင်အပင်အဖြစ် ဆေးသိပ္ပံပညာက မယူဆပါဘူး။ ဒါပေမယ့် ရိုးရာအားဖြင့်တော့ yarrow ကို ဒါဏ်ရာအနာတရတွေနဲ့ သွေးအနည်းငယ်ထွက်ခြင်း (အရေပြားကို ကပ်ပေး၊လိမ်းပေးနိုင်ပါတယ်)။ အစားအသောက်ပျက်ခြင်း။ အစာမကြေခြင်း ဒါမှမဟုတ် ရင်ပူခြင်း။ ဆီးသွားနည်းခြင်း၊ဓမ္မတာ ထိန်ခြင်း။ ဓမ္မတာလာစဉ် ကိုက်ခဲခြင်း၊ကြွက်သားများ နာကျင်ခြင်း။ ရောင်ရမ်းခြင်း။ ကူးစက်ပိုးဝင်ခြင်း။ သွေးထွက်ခြင်း၊ထိခိုက်ဒါဏ်ရာဖြစ်ခြင်း။ စိုးရိမ်ပူပန်ခြင်း၊အိပ်ပျော်ခြင်း စတာတွေကို သက်သာပျောက်ကင်းအောင် ကုသပေးနိုင်ဖို့အတွက် အသုံးပြုကြလေ့ရှိပါတယ်။ ဘယ်လိုအလုပ်လုပ်လဲ ယခု ဆေးဖက်ဝင်အပင် ဘယ်လိုအလုပ်လုပ်သလဲဆိုတာ သိရှိနိုင်ဖို့အတွက် လုံလောက်တဲ့ လေ့လာမှုတွေ မပြုလုပ်ရသေးပါ။ အသေးစိတ် ထပ်မံသိရှိဖို့အတွက် ဆရာဝန် ဒါမှမဟုတ် သဘာဝဆေးဖက်ဝင်ပစ္စည်းများဆိုင်ရာ ကျွမ်းကျင်သူကို မေးမြန်းပါ။ ဒါပေမယ့် သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်ပြီး ရောင်ရမ်းခြင်းကို သက်သာစေတဲ့ ဓါတ်ပစ္စည်းများစွာ yarrow မှာ ပါဝင်ကြောင်း လေ့လာချက်အချို့အရ သိရှိရပါတယ်။ ဒါ့အပြင် yarrow ဟာ တံတွေးထုတ်လုပ်မှုနဲ့ အစာအိမ်အချဉ်ရည်ထုတ်လုပ်မှုကို များပြားစေတာကြောင့် အစာကြေစေပါတယ်။ ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ၁၂ရာသီပန်းပင် အသုံးမပြုခင် […]


သဘာဝဆေးဖက်ဝင်

Daffodil (ဒက်ဖဒေးလ် ခေါ် နှင်းပန်းဝါ)

အသုံးပြုပုံများဒက်ဖဒေးလ် ခေါ် နှင်းပန်းဝါ ကို ဘာအတွက်အသုံးပြုကြသလဲ ဘေးကင်းမကင်းစိုးရိမ်နေရင်းနဲ့တောင်မှ နှင်းပန်းဝါကို ကြက်ညှာချောင်းဆိုး၊ ရင်ကြပ်ခြင်း၊ အအေးမိခြင်း တွေအတွက် သုံးတတ်ကြတယ်။ အန်စေဖို့အတွက်လည်း သုံးကြပါတယ်။ ဘယ်လိုအလုပ်လုပ်လဲ ထိုဆေးဘက်ဝင်အပင်လုပ်လုပ်ပုံနဲ့ပတ်သတ်လို့ လုံလောက်တဲ့လေ့လာမှုတွေမရှိသေးပါဘူး။ ဆရာဝန် သို့မဟုတ် တိုင်းရင်းဆေးပင်ကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးမေးမြန်းနိုင်ပါတယ။် သို့ပေမယ့် နှင်းပန်းဝါမှပါတဲ့ polysaccharide နဲ့ lectin ခေါ်ပစ္စည်းတွေက HIV ကိုတိုက်နိုင်တဲ့ အာနိသင်ရှိတယ်လို့တော့ တချို့လေ့လာမှုတွေကဆိုပါတယ်။ lectin တွေက ကင်ဆာအတွက်တော့ အဆိပ်ဖြစ်စေပါတယ်။ ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များဒက်ဖဒေးလ် ခေါ် နှင်းပန်းဝါ အသုံးမပြုခင် ဘာတွေသိသင့်သလဲ ပန်းနဲ့အဖူးတွေကိုသုံးမယ်ဆိုရင်တော့ သတိကြီးကြီးထားရပါလိမ့်မယ်။ ပြင်းထန်တဲ့၊ သေပင်သေစေနိုင်တဲ့ တုံ့ပြန်မှုတွေဖြစ်လာနိုင်လို့ပါ။ ဒါကြောင့် တတ်ကျွမ်းတဲ့ပညာရှင်၊ ဆရာဝန်က မညွှန်းမချင်း ထိုနှင်းပန်းဝါနဲ့ပတ်သတ်တဲ့ ထုတ်ကုန်တွေကို မသုံးပါနဲ့။ ဆေးဖက်ဝင်ဖြည့်စွတ်စာတွေရဲ့ စည်းမျဉ်းတွေက ဆေးတွေလောက် စည်းကမ်းမတင်းကြပ်ပါဘူး။ ဘေးကင်းမှုကို ထောက်ခံပေးဖို့က လေ့လာမှုတွေအများကြီးလိုအပ်ပါတယ်။ ထိုကဲ့သို့ဆေးဖက်ဝင်ဖြည့်စွတ်စာတွေကို မမှီဝဲမီ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း