သဘာဝဆေးဖက်ဝင်ပစ္စည်းများ

တိုင်းရင်းဆေးပညာဆိုတာလည်း ဆေးပညာတစ်ခုပါပဲ။ တတ်ကျွမ်းနားလည်တဲ့သူရဲ့ ညွှန်ကြားချက်တွေနဲ့ဆိုရင် ကျွန်ုပ်တို့ရဲ့ ကျန်းမာရေးကို ကောင်းမွန်စွာ စောင့်ရှောက်နိုင်မှာပါ။ သိပ္ပံနည်းကျ အတည်ပြုထားတဲ့ သဘာဝဆေးဖက်ဝင်ပစ္စည်းတွေနဲ့ တိုင်းရင်းဆေးတွေအကြောင်းကို ဒီမှာလေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

သဘာဝဆေးဖက်ဝင်ပစ္စည်းများ

ပဲနံ့သာရွက် ဆေးဖက်ဝင်သလား!

ပဲနံ့သာစေ့အရွက်က ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ ထောက်ကူပေးပါတယ်။ ပဲနံ့သာရွက် ဆေးဖက်ဝင်သလား! ဘယ်လိုများ ဆေးဖက်ဝင်သလဲ ဆိုတာတွေကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ ပဲနံ့သာရွက် ဆိုတာ ပဲနံ့သာရွက် ဆိုတာက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက် တစ်မျိုးပါ။ ဆေးဖက်ဝင်တယ်လို့လည်း ပြောလို့ ရပါတယ်။ နှစ်ပေါင်းများစွာ ကာလတွေကတည်း ဆေးဖက်ဝင်တဲ့ အရာအဖြစ် သုံးစွဲခဲ့ကြပါတယ်။  နောက်ပိုင်းမှာတော့ ဆေးဖက်ဝင်မှုကြောင့် နေ့စဉ် ဟင်းလျာထဲမှာ ထည့်သွင်း ချက်ပြုတ်မှုတွေကို လုပ်ဆောင်လာကြပါတယ်။ ပဲနံ့သာရွက်ကို ထောပတ် နည်းနည်းလေးနဲ့ ကြော်စားတာမျိုး ရှိသလို အခြားသော အသီးအနှံတွေနဲ့ တွဲဖက်ကြော်စားတာမျိုးတွေကိုလည်း လုပ်ဆောင်လာဲကြပါတယ်။ အရသာက ခါးသက်သက် ရှိပြီး ထမင်းလေးနဲ့ တွဲဖက်စားဖို့ သင့်တော်ပါတယ်။  အရွက်က ခပ်ထူထူလေးနဲ့ အရွက်ဆိုင် ထွက်တတ်ပါတယ်။ အရိုးတံ မာမာလေး ရှိပါတယ်။ အပွင့် ဝါဝါလေးတွေ […]

သဘာဝဆေးဖက်ဝင်ပစ္စည်းများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

သဘာဝဆေးဖက်ဝင်ပစ္စည်းများ ကို ရှာဖွေမည်။

သဘာဝဆေးဖက်ဝင်

လေးညှင်း (Cloves)

လေးညှင်း (Cloves) က ဟင်းခတ် အမွှေးအကြိုင် ဆိုတာထက် ပိုပြီး ဆေးဖက်လည်း ဝင်ပါတယ်။ ဘယ်လို ဆေးဖက်ဝင်လဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။ အသုံးပြုပုံများ လေးညှင်း ကို ဘာအတွက်အသုံးပြုကြသလဲ လေးညှင်း (Cloves) ကို ဗိုက်နာခြင်းအတွက် အသုံးပြုပြီး သလိပ်ပျော်ဆေးအဖြစ်လည်း အသုံးပြုကြပါတယ်။ လေးညှင်းပွင့်နဲ့ လေးညှင်းဆီတွေကို လေထခြင်း၊ ပျို့အန်ခြင်းတွေအတွက်လည်း အသုံးပြုကြပါတယ်။ လေးညှင်းပွင့်ကို သွားနာခြင်းအတွက် သွားဖုံးပေါ်ကို တိုက်ရိုက်လိမ်းနိုင်ပြီး သွားနှုတ်စဉ်မှာလည်း နာကျင်မှုကို သက်သာစေကာ dry socket လို့ ခေါ်တဲ့ သွားနှုတ်အပြီး ဖြစ်တတ်တဲ့ ဆိုးကျိုးအတွက်လည်း အသုံးပြုနိုင်ပါတယ်။ သူ့ကို ပါးစပ်နဲ့ လည်ချောင်းရောင်ရမ်းခြင်းအတွက်နဲ့ နာကျင်မှုကို သက်သာစေဖို့လည်း အသုံးပြုနိုင်ပါတယ်။ အခြားပါဝင်ပစ္စည်းတွေနဲ့ ပေါင်းစပ်ပြီး လေးညှင်းပွင့်ကို အမျိုးသားများ အချိန်မတိုင်မီ သုက်လွှတ်ခြင်းကို ကာကွယ်ဖို့အတွက်လည်း အသုံးပြုနိုင်ပါတယ်။ ဘယ်လိုအလုပ်လုပ်လဲ လေးညှင်းပွင့် ဘယ်လိုအလုပ်လုပ်လဲ […]


သဘာဝဆေးဖက်ဝင်

Copper (ကြေးနီ)

အသုံးပြုပုံများကြေးနီ ကို ဘာအတွက်အသုံးပြုကြသလဲ Copper ဟာ သတ္တုဓါတ်တစ်မျိုးဖြစ်ပါတယ်။ သူ့ကို အစားအစာတွေမှာ၊ အထူးသဖြင့် အသားတွေမှာနဲ့ ပင်လယ်စာတွေမှာ၊ အခွံမာသီးတွေ၊ cocoa ထုတ်ကုန်တွေမှာ တွေ့ရပါတယ်။ ကိုယ်ခန္ဓါဟာ Copper ကို အရိုးတွေနဲ့ ကြွက်သားတွေထဲမှာ များသောအားဖြင့် သိမ်းဆည်းထားပါတယ်။ အသည်းဟာ သွေးထဲမှာ ရှိတဲ့ Copper ပမာကို ထိန်းညှိပေးပါတယ်။ Copper ကို Copper ချို့တဲ့မှုတွေနဲ့ သူ့ကြောင့် ဖြစ်တဲ့ သွေးအားနည်းမှုတွေကို ကုသဖို့ အသုံးပြုကြပါတယ်။ Copper ချို့တဲ့မှုကတော့ ရှားပါတယ်။ Copper ချို့တဲ့မှုတွေဟာ အစားအသောက်ကနေ ဇင့်ဓါတ်များပြားစွာ ရရှိတဲ့သူတွေ၊ အူဖြတ်ထုတ်ထားတဲ့သူတွေနဲ့ အစာပြွန်ကနေ အစာစားရသူတွေမှာ ဖြစ်တတ်ပါတယ်။ အာဟာရချို့တဲ့တဲ့ ကလေးတွေဟာလည်း Copper ချို့တဲ့မှု ဖြစ်နိုင်ပါတယ်။ Copper ကို အနာကျက်ခြင်းကို အားပေးဖို့လည်း […]


သဘာဝဆေးဖက်ဝင်

Cucumber (သခွားသီး)

အသုံးပြုပုံများသခွားသီး ကို ဘာအတွက်အသုံးပြုကြသလဲ မိရိုးဖလာ ဆေးပညာအရ သခွားသီးကို ဆီးဆေးအဖြစ်သုံးပြီး သွေးပေါင်တက်ခြင်းနဲ့ ကျခြင်းတွေကို ကုသဖို့ အသုံးပြုပါတယ်။ သူ့ကို အရေပြားယားယံခြင်းကို သက်သာစေဖို့လည်း အသုံးပြုပါတယ်။ သခွားသီးစေ့တွေဟာ helminth တွေကို သတ်ပစ်နိုင်ပါတယ်။ ဘယ်လိုအလုပ်လုပ်လဲ သခွားသီး ဘယ်လိုအလုပ်လုပ်လဲနဲ့ ပတ်သက်တဲ့ လုံလောက်တဲ့ လေ့လာမှုတွေ မရှိသေးပါဘူး။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ သူ့ကို ဆီးဆေးအပျော့တစ်မျိုးအဖြစ် နှစ်ပေါင်းများစွာ အသုံးပြုခဲ့ကြပါတယ်။ ဆီးသွားစေတဲ့အာနိသင်ဟာ သူ့မှာပါတဲ့ cucurbitin ဆိုတဲ့ glycoside တစ်မျိုးကြောင့် ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သူ့အသုံးဝင်ပုံနဲ့ပတ်သက်တဲ့ အချက်အလက်တွေဟာ မိရိုးဖလာ ဆေးပညာတွေက တစ်ဆင့် ဆင်းသက်လာပြီး သိပ္ပံနည်းကျ လေ့လာမှုတွေ ပြုလုပ်ထားခြင်း မရှိပါဘူး။ ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များသခွားသီး အသုံးမပြုခင် […]


သဘာဝဆေးဖက်ဝင်

Black Pepper (ငရုတ်ကောင်း)

အသုံးပြုပုံများငရုတ်ကောင်း ကို ဘာအတွက်အသုံးပြုကြသလဲ ငရုတ်ကောင်းမှုန့်ကို Piper nigrum အပင်ရဲ့ မမှည့်သေးတဲ့ အသီးကနေပြီးတော့ အခြောက်ခံအမှုန့်လုပ်ခြင်းအားဖြင့် ရရှိပါတယ်။ ငရုတ်ကောင်းကို အစာထဲထည့်စားခြင်းအားဖြင့် အစာအိမ်အူလမ်းကြောင်း လက္ခဏာတွေနဲ့ အောက်ပါလက္ခဏာတွေ အတွက် အသုံးပြုပါတယ်။ • လေတက်ခြင်း၊ အစာမကြေခြင်း၊ ရင်ပူခြင်း၊ အစာအိမ်နာခြင်း • အစားအသောက်ပျက်ခြင်း • အစာအိမ် အနာဖြစ်ခြင်း • ဗိုက်နာခြင်း၊ ဗိုက်အောင့်ဖြင်း • ဝမ်းလျှောခြင်း၊ ဝမ်းချုပ်ခြင်း • လေပြွန်ရောင်ခြင်း • ကင်ဆာရောဂါ ငရုတ်ကောင်းကို အဆစ်နဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေကို ကုသဖို့ အသုံးပြုပြီး စိတ်ပိုင်းဆိုင်ရာ ဖြစ်စဉ်တွေကို လှုံ့ဆော်ဖို့လည်း သုံးကြပါတယ်။ ငရုတ်ကောင်းကို အာရုံကြောကြောင့် နာကျင်ခြင်းနဲ့ ဝဲပေါက်ခြင်းတွေမှာလည်း လိမ်းဆေးအဖြစ် အသုံးပြုကြပါတယ်။ ဘယ်လိုအလုပ်လုပ်လဲ ငရုတ်ကောင်း ဘယ်လိုအလုပ်လုပ်လဲနဲ့ ပတ်သက်တဲ့ လုံလောက်တဲ့ လေ့လာမှုတွေ မရှိသေးပါဘူး။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal […]


သဘာဝဆေးဖက်ဝင်

Daisy (ဒေစီ)

အသုံးပြုပုံများဒေစီ ကို ဘာအတွက်အသုံးပြုကြသလဲ ဒေစီပန်း ကို အနာသက်သာဖို့နဲ့ ဝမ်းလျှောခြင်း၊ ချောင်းဆိုးခြင်း၊ ဗိုက်နာခြင်းတွေအတွက် အသုံးပြုကြပါတယ်။ ဒေစီပန်း လက်ဖက်ရည်ကို ချောင်းဆိုးခြင်း၊ လေပြွန်ရောင်ခြင်း၊ အသည်းရောဂါ၊ ကျောက်ကပ်ရောဂါ၊ ရောင်ရမ်းခြင်းတွေအတွက် လူအချို့က သောက်သုံးကြပါတယ်။ သူ့ကို သွေးတိတ်စေတဲ့အရာအဖြစ်လည်းကောင်း၊ သွေးသန့်စင်ပေးတဲ့အရာအဖြစ်လည်းကောင်း အသုံးပြုကြပါတယ်။ ဒေစီပန်းကို အနာတွေနဲ့ အရေပြားရောဂါတွေအတွက် တိုက်ရိုက်လိမ်းပြီး အသုံးပြုနိုင်ပါတယ်။ ဘယ်လိုအလုပ်လုပ်လဲ ဒေစီပန်း ဘယ်လိုအလုပ်လုပ်လဲနဲ့ ပတ်သက်တဲ့ လုံလောက်တဲ့ လေ့လာမှုတွေ မရှိသေးပါဘူး။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ဒါပေမယ့် လေ့လာမှု အချို့က ဒေစီပန်းဟာ မှိုတွေကို သတ်နိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။ volatile oil တစ်မျိုးဖြစ်တဲ့ thujone ဟာ တံတွေးထွက်မှုနဲ့ သွေးစီးဆင်းမှုကို မြင့်တက်စေနိုင်ပြီး […]


သဘာဝဆေးဖက်ဝင်

Pineapple (နာနတ်သီး)

အသုံးပြုပုံများနာနတ်သီး ကို ဘာအတွက်အသုံးပြုကြသလဲ နာနတ်သီးကို ကပ်ပါးပိုး၊ သန်ကောင်များ နှိမ်နင်းရန်အတွက်အသုံးပြုပြီး အစာအိမ်ပြဿနာများကို သက်သာစေသည်။ ကိုယ်ဝန်ဖျက်ချရန် နှင့် ဓမ္မတာလာစေရန် လှုံ့ဆော်ရာတွင်လည်း အသုံးပြုသည်။ နာနတ်သီးမှ ရရှိသော bromelain ပရိုတင်းကို ကျန်းမာရေးဓါတ်စာအဖြစ် အသုံးပြုလျက်ရှိသည်။ ၎င်းသည် ကင်ဆာဆဲလ်ကြီးထွားခြင်းကို နှောင့်ယှက်တားဆီးပြီး သွေးခဲခြင်းကိုတားကာ ရောင်ရမ်းခြင်းကို လျော့ကျစေ၍ အနာမှ ပျက်စီးတစ်ရှူးများ ဖယ်ရှားရန်လည်း ကူညီပါသည်။ နာနတ်သီးကို အခြားနေရာများတွင် အသုံးပြုရန် ညွှန်ကောင်းညွှန်နိုင်သည်။ ထပ်မံသိရှိလိုပါက ဆရာဝန် (သို့) ဆေးဝါးကျွမ်းကျင်ပညာရှင်ကို မေးမြန်းနိုင်ပါသည်။ နာနတ်သီးကဘယ်လိုအလုပ်လုပ်လဲ လက်တွေ့စမ်းသပ်လေ့လာချက်များအရ နာနတ်သီးမှ ရရှိသော သဘာဝကုန်ကြမ်း bromelain ပရိုတင်းသည် ကုထုံးများတွင် ကျယ်ပြန့်စွာ အထောက်အကူပြုလျက်ရှိကြောင်း သိရသည်။ သက်သေအထောက်အထားများအရ bromelain ကို မီးလောင်နာများ ဆဲလ်သေများ ဖယ်ရှားရန်နှင့် အရောင်ကျစေရန် အသုံးပြုလျက်ရှိသည်။ ပိုမိုသိရှိလိုပါက သင့်ဆရာဝန် […]


သဘာဝဆေးဖက်ဝင်

Lecithin (လက်စီသင်)

အသုံးပြုပုံများလက်စီသင် ကို ဘာအတွက်အသုံးပြုကြသလဲ လက်ဆီသင် က အာရုံကြောမှ ထုတ်လွှတ်တဲ့ပစ္စည်း acetylcholine သို့ကူးပြောင်း နိုင်ပါတယ်။ လက်ဆီသင်ကို အသည်းရောဂါကုသသော ဆေးဝါးအတွက် အသုံးပြုခဲ့တာဖြစ်ပါတယ်။ လက်ဆီသင်သည် သည်းခြေနှင့်ဆိုင်သောရောဂါ၊ အယ်လ်ဇိုင်းမားရောဂါနှင့်ပတ်သက်သောစိတ်ဖောက်ပြန်ရောဂါ၊ အသက်အရွယ်နှင့်ဆက်စပ်သောမှတ်ဉာဏ်ဆုံးရှုံးမှု နှင့် ဦးခေါင်းဒဏ်ရာကုသရန်အသုံးပြုလျက်ရှိပါတယ်။ သို့သော်သုတေသနပြုချက်များအရ လက်ဆီသင်က ဤအခြေအနေများကုသရာတွင် ထိရောက်မှု သိပ်မရှိကြောင်းပြသခဲ့ပါတယ်။ အခြားသောသုတေသနနှင့်အတူ သက်သေမပြသော်လည်း အသုံးပြုသည့်ရောဂါများကတော့ ကိုလက်စထရောမြင့်မားခြင်း၊ စိတ်ကျရောဂါ၊ အရေပြားရောင်ရမ်းမှု၊ အားကစားစွမ်းဆောင်ရည်တိုးတက်ရန်၊ ပါကင်ဆန်ရောဂါ၊ စိတ်ဖိစီးမှု၊ အိပ်မပျော်ခြင်း နှင့်အခြားအခြေအနေများ ဖြစ်ပါတယ်။ လက်ဆီသင်ကို အထက်ဖော်ပြပါ အချက်များတွင် မပါသော အခြားရည်ရွယ်ချက်များအတွက်လည်း အသုံးပြုနိုင်ပါတယ်။ ဆေးကို ဘယ်လိုသုံးစွဲသင့်သလဲ။ ညွှန်ကြားတဲ့အတိုင်းအစာလမ်းကြောင်းအတိုင်းသောက်သုံးနိုင်ပါတယ်။ ထုတ်ကုန်အထုပ်ပေါ်မှာရှိသမျှလမ်းညွန်ကိုလိုက်နာပါ။ သင်သတင်းအချက်အလက်နှင့် ပတ်သက်ပြီး မရေမရာဖြစ်တယ်ဆိုရင် သင့်ဆရာဝန် သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူနှင့်တိုင်ပင်ပါ။ သင့်ရဲ့အခြေအနေ ဆက်ရှိနေသေးရင် သို့မဟုတ် ပိုဆိုးလာရင် ဒါမှမဟုတ် သင် ရောဂါလက္ခဏာအသစ် တေခံစားလာရလျှင် သင့်ဆရာဝန်ကိုပြောပြပါ။ သင်အလေးအနက်ပြုစရာ […]


သဘာဝဆေးဖက်ဝင်

Lemon balm (ပူဒီနံ)

အသုံးပြုပုံများပူဒီနံ ကို ဘာအတွက်အသုံးပြုကြသလဲ သံပရိုနံ့ရှိတဲ့ ပူဒီနံအရွက်ကို အောက်ဖော်ပြပါ ကျန်းမာရေးပြဿနာများတွင် သုံးနိုင်ပါတယ်။ အစာခြေဖျက်မှု ပြဿနာများ ။ ။ ဝမ်းပျက်ခြင်း၊ လေပွခြင်း၊ လေမလည်နိုင်ခြင်း၊ အန်ခြင်း နှင့် ဗိုက်ရစ်နာခြင်း နာကျင်ခြင်း ။ ။ ရာသီလာစဉ် ဆီးစပ်ကိုက်ခြင်း၊ ခေါင်းကိုက်ခြင်း နှင့် သွားကိုက်ခြင်း စိတ်ကျန်းမာရေး ပြဿနာများ။ ။ စိတ်ကစင့်ကလျားဖြစ်ခြင်း နှင့် မှိုင်တွေနေခြင်းများ အနာများ (ရေယုံအနာများ) ထို့ပြင် သံပရိုနံ့ရှိတဲ့ ပူဒီနံအရွက်ရွက်ဟာ စိတ်ပူပန်မှုတွေ၊ အိပ်ရေးပျက်တာတွေနှင့် ကနာမငြိမ်ဖြစ်တာတွေကို ပျောက်ကင်းစေတယ်လို့ ယူဆကြတယ်။ သံပရိုနံ့ရှိတဲ့ ပူဒီနံအရွက်ကို အယ်ဇိုင်းမားရောဂါ၊ တက်ကြွလွန်စိတ်ဂနာမငြိမ်ရောဂါ၊ သိုင်းရွိုက်လည်ပင်းကြီးရောဂါ၊ လေပြွန်ယောင်ခြင်း၊ စိတ်လှုပ်ရှားမှုကြောင့် နှလုံးခုန်မြန်ခြင်း၊ သွေးတိုးခြင်း၊ ယောင်ယမ်းခြင်း၊ အကျိတ်များနှင့် အင်းဆက်အကိုက်ခံတဲ့ဒဏ်ရာတွေအတွက် သုံးနိုင်ပါတယ်။ သံပရိုနံ့ရှိတဲ့ ပူဒီနံအရွက်ကို တခြားနေရာများတွင်လည်း အသုံးပြုနိုင်ပါတယ်။ ဆရာဝန်နှင့် ဆေးဝါးကျွမ်းကျင်သူကို ထပ်မံသိလိုသောအချက်များ ရှိပါက […]


သဘာဝဆေးဖက်ဝင်

စပါးလင် (Lemongrass)

စပါးလင် (Lemongrass) က ကျန်းမာရေးကို ဘယ်လို ထောက်ကူပေးလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။ အသုံးပြုပုံများ စပါးလင် ကို ဘာအတွက်အသုံးပြုကြသလဲ စပါးလင်ကို အစာအိမ် အောင့်ခြင်း၊ သွေးတိုးခြင်း၊ တက်ခြင်း၊ နာကျင်ခြင်း၊ အော့အန်ခြင်း၊ ချောင်းဆိုးခြင်း၊ အဆစ်များ နာကျင်ခြင်း (လေးဘက်နာ)၊ အဖျားတက်ခြင်း၊ အအေးမိခြင်းနှင့် အားအင်ကုန်ခန်းခြင်းတို့ သက်သာစေရန်အတွက် အသုံးပြုပါတယ်။ ပိုးသတ်ခြင်းနှင့် သွေးတိတ်စေခြင်းတို့တွင်လည်း အသုံးပြုပါသေးတယ်။ အချို့သူတို့က ခေါင်းကိုက်ခြင်း၊ အစာအိမ်အောင့်ခြင်း၊ ဗိုက်အောင့်ခြင်းနှင့် ကြွက်သားများ နာကျင်ခြင်းတို့အတွက် စပါးလင်နှင့်စပါးလင်ဆီကို လိမ်းကြပါတယ်။ စပါးလင်ဆီကို ကြွက်သားနာကျင်ခြင်းတို့အတွက် ရှုဆေးအဖြစ်လည်း အသုံးပြုနိုင်ပါတယ်။ အရေပြားပေါ်တွင် အသုံးပြုမယ်ဆိုရင် သွေးလည်ပတ်မှုကို ကောင်းစေပါတယ်၊ သဲဝဲ၊ ပြတ်ရှရာများ၊ အရွတ်ရောင်၊ အဆစ်လွဲ၊ အဆစ်နာခြင်း တို့ကို သက်သာစေပါတယ်။ စပါးလင်ကဘယ်လိုအလုပ်လုပ်လဲ စပါးလင် (Lemongrass) မှာ ဘက်တီးရီးယားနှင့် မှိုတို့ ပွားများခြင်းကို ဟန့်တားပေးသော၊ အနာသက်သာစေသော၊ […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်