တိုင်းရင်းဆေးဝါးများ

သင့်ရဲ့ အလုံးစုံကျန်းမာရေးအတွက် တိုင်းရင်းဆေးဝါးတွေကလည်း တစ်ထောင့်တစ်နေရာကနေ ကူညီပေးနိုင်ပါတယ်။ ဒီစာမျက်နှာမှာ ဆက်လက်လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

တိုင်းရင်းဆေးဝါးများ

လူကြိုက်များတဲ့ ရိုးရာဆေးနည်း များ

အရင်က နေမကောင်းဖြစ်ရင် ရိုးရာဆေးနည်း တွေနဲ့ပဲ ကုသလေ့ရှိပါတယ်။ ဒီထဲမှာ တိုင်းရင်းဆေးတွေ ပါမယ်။ အိမ်နားက အရွက်တွေ ထုထောင်းပြီးတိုက်တဲ့ ဆေးမြီးတိုတွေ ပါမယ်။ အပ်စိုက်ကုတွေ ပါမယ် အစုံပါပဲ။ နောက်ပိုင်းကျတော့ ဒါတွေက ခိုင်ခိုင်မာမာ သက်သေပြထားတာမရှိဘူးဆိုပြီး သိပ္ပံနည်းကျ ရှင်းပြနိုင်တဲ့ အနောက်တိုင်း ဆေးတွေနဲ့ ကုလာကြတယ်။ ခုတစ်ခါ ခေတ်ပြန်လည်လာပြန်တော့ အနောက်တိုင်းဆေးတွေက ပြင်းတယ်၊ ဘေးထွက်ဆိုးကျိုးများတယ်ဆိုပြီး အရင်က ရိုးရာဆေးနည်းတွေကိုပါ ပူးတွဲသုံးတာ၊ အစားထိုးသုံးတာတွေ ရှိလာပါတယ်။ ရိုးရာဆေးနည်း ဆိုတာ ရိုးရာဆေးနည်း တွေနဲ့ ပတ်သက်လို့ တိကျတဲ့ သတ်မှတ်ချက်မရှိပါဘူး။ လက်ရှိမှာ သိပ္ပံနည်းကျလေ့လာထားတဲ့ ကုသနည်း (တစ်နည်းအားဖြင့် အနောက်တိုင်း ဆေးနည်း)တွေကို အစားထိုးပြီး ဒါမှမဟုတ် ပူးတွဲပြီး သုံးတဲ့နည်းတွေကို ရိုးရာဆေးနည်းတွေလို့ပဲ အကြမ်းဖျင်း သတ်မှတ်နိုင်ပါတယ်။ လူကြိုက်များတဲ့ ရိုးရာဆေးနည်းများ ရိုးရာဆေးနည်း က […]

တိုင်းရင်းဆေးဝါးများ ကို ရှာဖွေမည်။

တိုင်းရင်းဆေးဝါးများ

အရေပြားအပ်စိုက်ကုသခြင်းဟာ ကော်လဂျင်ဓါတ်တွေထွက်လာဖို့ ဘယ်လိုလှုံ့ဆော်ပေးသလဲ

ကော်လဂျင်ထွက်စေတဲ့ကုထုံးဟာ အပ်စိုက်ကုခြင်းဖြစ်ပြီး ထိခိုက်မှုအနည်းဆုံးနဲ့ အရေပြားကို ပြန်လည်နုပျိုလှပစေနိုင်တဲ့ နည်းလမ်းအသစ်တခု ဖြစ်ပါတယ်။ အရေးအောကာင်းလေးတွေ၊ ကိုယ်ခန္ဓါနဲ့ မျက်နှာပေါ်က အမာရွတ်တွေကို လျော့နည်းစေပြီး ပိုကြည့်ကောင်းလာစေမယ့် နည်းလမ်းဖြစ်ပါတယ်။ အရေပြားအပ်စိုက်ခြင်းဟာ အောက်ပါအခြေအနေတွေအတွက် ထိရောက်စွာ အသုံးပြုနိုင်ပါတယ်။ - ဝက်ခြံ၊ ခွဲစိတ်မှု၊ အပူလောင်မှုတွေကြောင့် ဖြစ်သော အမာရွတ်များကို လျော့နည်းစေခြင်း - အကြောပြတ်နေသည်များကို မှေးမှိန်စေခြင်း - အရေးအကြောင်းများ၊ အတွန့်အခေါက်များကို လျော့နည်းစေခြင်း - အစက်အပြောက်များကို ဖယ်ရှားပေးနိုင်ခြင်း - လျော့ရဲနေသော အသားအရေများကို တင်းရင်းစေခြင်း အရေပြားအပ်စိုက်ခြင်းဆိုတာ ဘာလဲ အရေပြားအပ်စိုက်ခြင်းကို အနုစိတ်အပ်စိုက်ကုထုံး ဒါမှမဟုတ် ကော်လဂျင်ထွက်စေသောကုထုံးလို့ ခေါ်ပါတယ်။ ထိခိုက်မှုအနည်းဆုံး မခွဲစိတ်ရတဲ့ မျက်နှာကို နုပျိုလှပစေတဲ့နည်းလမ်းဖြစ်ပါတယ်။ အရေပြားထိခိုက်ဒဏ်ရာများကို ထိန်းချုပ်နိုင်ဖို့ အပ်အသေးလေးများပါဝင်တဲ့ ကိရိယာကို သုံးပါတယ်။ အရေပြားအပ်စိုက်ကုထုံးရဲ့ ရည်ရွယ်ချက်ကတော့ အရေပြားကနေ ကော်လဂျင်နဲ့ အလက်စတင်ဓါတ် ထွက်ပေါ်လာစေဖို့ လှုံ့ဆော်ပေးခြင်းပဲ ဖြစ်ပါတယ်။ […]


တိုင်းရင်းဆေးဝါးများ

အကြောအဆစ်ပြင်သူတွေနဲ့ ပတ်သတ်ပြီး သိထားသင့်သော အချက်၃ချက်

အကြောအဆစ်ပြင်ခြင်းနဲ့ အကြောအဆစ်ပြင်သူတွေအကြောင်း ကြားဖူးမှာပါ။ သူတို့ကို ကီရိုပရက်တာလို့ ခေါ်ပါတယ်။ ဘယ်လိုခေါ်တာလဲအပြင် အခြားဘာတွေကော သိထားသေးလဲ။ အကြောအဆစ်ပြင်ချင်တယ် ဒါမှမဟုတ် သိချင်တယ်ဆိုရင် ယခုဖော်ပြမည့် ဆောင်းပါးကို ဖတ်ရှုနိုင်ပါတယ်။ သိသင့်သိထိုက်သည်များကို ဖော်ပြပေးထားပါတယ်။   အကြောအဆစ်ပြင်သူများ။ ယုံကြည်ချက်နှင့် ပန်းတိုင် အလုပ်တိုင်းမှာ သူ့ယုံကြည်ချက်နဲ့ ပန်းတိုင်ကိုယ်စီရှိကြပါတယ်။ အကြောအဆစ်ပြင်သူတွေကလည်း သူတို့အလုပ်မှာ ယုံကြည်ချက်နဲ့ ပန်းတိုင်ထားကြပါတယ်။ အာရုံကြောနဲ့ ကျောရိုးကြားမှာ ဆက်နွယ်မှုရှိတယ်လို့ ယုံကြည်ကြတာပါ။ · ကျောရိုးပုံစံမမှန်ခြင်းက အာရုံကြောစနစ်ပေါ်မှာသက်ရောက်မှုရှိနိုင်တဲ့အပြင် အာရုံကြောစနစ်ကို ထိခိုက်မိခြင်းကလည်း ကျောရိုးကိုထိခိုက်မှုရှိနေတယ်လို့ ယုံကြည်ထားကြပါတယ်။ · အကြောအဆစ်ပြင်လိုက်ခြင်းက ကျောရိုးပုံမမှန်ခြင်းပြဿနာတွေကို သက်သာစေပြီး တစ်ရှုးတွေပေါ်မှာ သက်ရောက်နေတဲ့ ဖိအားကို လျော့ချပေးတယ်လို့ ယုံကြည်ကြပါတယ်။ ရလဒ်အနေနဲ့ ယေဘူယျကျန်းမာရေးအခြေအနေ တိုးတက်မှုရှိလာမှာပဲ ဖြစ်ပါတယ်။ အကြောအဆစ်ပြင်သူတွေက ကျောရိုးပြင်ပေးခြင်းအားဖြင့် ကွေးညွတ်နိုင်စွမ်းနဲ့ လှုပ်ရှားနိုင်စွမ်းတွေကို ပြန်လည်ရရှိစေပါတယ်။ သူတို့တွေ ဘာလုပ်ကြတာလဲ။ အကြောအဆစ်ပြင်သူတွေဟာ လှုပ်ရှားနိုင်စွမ်းကောင်းစေဖို့၊ အကြောကိုကလိနေသောအရာများလျော့နည်းစေဖို့နဲ့ လုပ်နိုင်စွမ်းများ တိုးတက်စေဖို့ […]


တိုင်းရင်းဆေးဝါးများ

ကြွက်သားတွေ သန်မာဖို့အတွက် သုံးစွဲသင့်တဲ့ ဗီတာမင်များ

ကြွက်သားတွေ သန်မာဖို့အတွက် သုံးစွဲသင့်တဲ့ ဗီတာမင်များ ဗီတာမင်တွေဟာ ဟိုးလွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာကတည်းက လူသားတွေရဲ့ ခန္ဓါကိုယ်အတွက် အရေးတကြီးလိုအပ်ခဲ့တာ ဖြစ်ပါတယ်။ ဗီတာမင်တွေဟာ ခုခံအားစနစ်ကို မြှင့်တင်ပေးပြီး သာမန်အအေးမိနှာစေးတာမျိုးတွေကို ကုသပေးနိုင်တဲ့အပြင် ကျွန်တော်တို့ရဲ့ ကြွက်သားတွေကိုလည်း သန်မာလာစေပါတယ်။ ဘယ်လိုဗီတာမင်တွေက ကျန်းမာသန်စွမ်းတဲ့ ကြွက်သားတွေဖြစ်လာစေဖို့ အားပေးသလဲဆိုတာနဲ့ ပတ်သက်ပြီး ဒီဆောင်းပါးလေးမှာ မျှဝေပေးသွားမှာ ဖြစ်ပါတယ်။   ဗီတာမင် D ဗီတာမင် D ဟာ ကြွက်သားတွေကို သန်စွမ်းကျန်းမာလာအောင် လုပ်ပေးနိုင်တဲ့ နံပါတ်တစ် ဗီတာမင် ဖြစ်ပါတယ်။ ဗီတာမင် D ဟာ ခုခံစွမ်းအားကို မြှင့်တင်ပေးဖို့နဲ့ ကြွက်သားတွေ သန်စွမ်းကျန်းမာပြီး အကောင်းဆုံး အလုပ်လုပ်နိုင်ဖို့အတွက် အလွန်ပဲ အရေးကြီးလှပါတယ်။ ဒါ့အပြင် အရိုးတွေ သန်စွမ်းဖို့၊ကြွက်သားတွေ အလုပ်လုပ်နိုင်စွမ်း မြင့်မားဖို့နဲ့ ခန္ဓါကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေ ကောင်းစွာ အလုပ်လုပ်နိုင်ဖို့အတွက် ဗီတာမင် D ဟာ မရှိမဖြစ် […]


တိုင်းရင်းဆေးဝါးများ

အကြောပြင်ကုထုံးအကြောင်း သင်မသိသေးသော အချက် ၁၀ ချက်

အကြောပြင်ကုထုံးဟာဆိုရင် ကျောရိုးနှင့် အဆစ်အမြစ်ပိုင်းဆိုင်ရာ ပြဿနာတွေကို လက်ဖြင့် အနေအထားပြုပြင်ပြောင်းလဲသော ကုသမှု ဖြစ်ပြီး ဆေးသောက်ခြင်း သို့မဟုတ် ခွဲစိတ်ကုသမှု လုပ်စရာမလိုပဲ သဘာဝအတိုင်း ခန္ဓါကိုယ်ကို ပြန်ကောင်း သွားအောင် ကူညီပေးတဲ့ ကုသမှု အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ တကယ်လို့ ဒီကုသမှုဟာ သင့်အတွက် အသစ်ဖြစ်နေတယ်ဆိုရင် ၎င်းရဲ့ အကြောင်းကို ပိုမိုသိရှိဖို့ရာ သင့်ကို အောက်ပါအချက် ၁၀ ချက်က ကူညီပေးနိုင်ပါလိမ့်မယ်။ ၁။ အကြောပြင်ကုသမှုဟာ ကမ္ဘာတစ်ဝှမ်းအသုံးပြုလျက်ရှိသည် ၎င်းကုသမှုဟာ ကမ္ဘာ အနှံ့အပြားမှာ ရေပန်းစားနေပါတယ်။ အမေရိကန် နိုင်ငံမှာ ၁၉၈၅ ခုနှစ်ကစပြီး ရေပန်းမစားခင် ကတည်းက တရုတ်နိုင်ငံတွင် ၎င်းနည်းကို ကျောရိုးဆိုင်ရာ ပြုပြင်ကုသမှုမှာ အချိန်အကြာကြီး အသုံးပြုနေပြီးဖြစ်ပါတယ်။ ၁၉၆၀ ကိုရောက်လာတဲ့ အခါမှာ ၎င်းအကြောပြင် ကုသမှုဟာ […]


တိုင်းရင်းဆေးဝါးများ

အကြောပြင်ခြင်းက သင့်ရဲ့ ကိုယ်ခံအားစနစ်ကို ဘယ်လို မြှင့်တင်ပေးသလဲ

၎င်းပြုပြင်ကုသမှုဟာ ခါးနာကျင်ခြင်း နှင့် အခြားနာကျင်မှုဝေဒနာ အမျိုးအစားများစွာကို သက်သာစေနိုင်တယ်လို့ များသောအားဖြင့် သိကြပါတယ်။ သို့သော် ၎င်းဟာ သင့်ရဲ့ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးတယ်ဆိုတာရော သင်သိပါလား။ ၎င်းနှင့် ပတ်သက်ပြီး လေ့လာမှုများစွာနဲ့ သုတေသန ပြုချက်များစွာ ရှိပါတယ်။ ၎င်းလေ့လာမှုတွေရဲ့ ရလဒ်အရ ကျောရိုးနှင့် အဆစ်အမြစ်များကို လက်ဖြင့် အနေအထားပြုပြင်ပြောင်းလဲ ကုသသော အကြောပြင်ကုထုံးဟာ ကိုယ်ခံအားစနစ်ကို ပိုကောင်းစေတယ်ဆိုတာကိုပါ တွဲဖက်တွေ့ရှိရပါတယ်။ ထပ်မံလေ့လာဖို့တော့လိုအပ်နေဆဲ ဖြစ်ပါတယ်။ သို့သော် အနာဂတ်မှာတော့ ပိုကောင်းလာနိုင်ဖွယ်ပဲ ရှိပါတယ်။ ၎င်းပြုပြင်ကုသမှုဟာ သင့်ရဲ့ ခုခံအားစနစ်ကို ဘယ်လို အကျိုးသက်ရောက်စေတယ်ဆိုတာကို အတွင်းကျကျလေ့လာကြည့်ကြရအောင်။ အကြောပြင်ကုထုံးဆိုတာ ဘာလဲ။ အကြောပြင်ကုထုံးဆိုတာ ကျောရိုးနှင့် အဆစ်အမြစ်များကို လက်ဖြင့် အနေအထားပြုပြင် ပြောင်းလဲကုသခြင်းဖြစ်ပါတယ်။ ဒီကုသမှုဟာ ပထမဦးစွာတော့ ကြွက်သားများ၊ အဆစ်အမြစ်များ၊ အရိုးများနှင့် တွယ်ဆက်တစ်ရှူးများရဲ့ […]


တိုင်းရင်းဆေးဝါးများ

ပိုမိုသွယ်လျတဲ့ မျက်နှာကို ပိုင်ဆိုင်ဖို့ နှိပ်နယ်နည်းများ

အခုအချိန်မှာတော့ အမျိုးသမီးအတော်များများဟာ သူတို့ရဲ့ ကြီးကျယ်ခမ်းနားတဲ့ အလှအပဆိုင်ရာ ဂရုစိုက်မှုကို စွဲမြဲယုံကြည်ကြတယ်ဆိုတာ သင်သိပြီး ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သင်ဒါကိုတော့ သိအုံးမှာမဟုတ်ပါဘူး။ လူအတော်များများဟာ သူတို့ရဲ့ ညနေဘက်တွေကို မျက်နှာကြွက်သားတွေကို တောင့်တင်းစေတဲ့၊ အရေပြားလျော့ရဲမှုတွေကို တင်းရင်းစေတဲ့၊ အသားအရေကို ဝင်းလက်စေတဲ့၊ နောက်ဆုံး မျက်နှာကိုတောင်သွယ်လျစေတဲ့ နှိပ်နယ်မှုတွေလုပ်ဆောင်ရင်း ကုန်ဆုံးလေ့ရှိပါတယ်။ မျက်နှာဟာ ဘာလို့ ဖေါင်းနေရတာလဲ။ မျက်နှာကို ကြီးသယောင် ထင်ရစေတတ်တဲ့ အစိတ်အပိုင်းတွေကတော့ နှဖူး၊ ပါးရိုး၊ မေးရိုးတွေပဲ ဖြစ်ပါတယ်။ သင့်မျက်နှာ ကြီးမကြီးဆိုတာကို လူတွေက ဒါကိုကြည့်ပြီး ဆုံးဖြတ်လေ့ ရှိကြတာဖြစ်ပါတယ်။ လေးထောင့်ကျတဲ့ မေးရိုးရှိတဲ့သူတွေဟာ မျက်နှာပိုကြီးသယောင်ထင်ရပါတယ်။ ဘာလို့လဲဆိုတော့ အောက်မေးရိုးနံရံတွေကြားက နေရာဟာ အမျိုးသမီးတွေမှာ တွေ့ရတဲ့ ကြွက်သားရှိတဲ့ အသွင်အပြင်တစ်ခု ဖြစ်နေလို့ပဲဖြစ်ပါတယ်။ ဒီအစိတ်အပိုင်းဟာ အသက်ကြီးလာတာနဲ့ အမျှ ဖောင်းလာပြီး မျက်နှာကို […]


တိုင်းရင်းဆေးဝါးများ

ရေချိုးဇလုံထဲ စိမ်တဲ့အခါ သုံးသင့်တဲ့ အကောင်းဆုံးပါဝင်ပစ္စည်း ရှစ်မျိုး

တနေကုန် အလုပ် ထဲမှာစိတ်ပန်းလူပန်းနဲ့ အလုပ်လုပ်ပြီးလို့ အိမ်ပြန်ရောက် တဲ့အခါ သဘာဝပစ္စည်းလေးတွေ၊ အဆီအနှစ်လေးတွေကို သုံးပြီး ရေစိမ်လိုက်ရတဲ့ အရသာဟာ တကယ်ပဲ စိတ်ကျေနပ်စရာ ကောင်းလှပါတယ်။ ရေချိုးဇလုံထဲ စိမ်တဲ့အခါ သုံးသင့်တဲ့ အကောင်းဆုံးပါဝင်ပစ္စည်း ရှစ်မျိုး ကိုပါ သုံးမယ် ဆိုရင်တော့ အတိုင်းထက် အလွန်ပေါ့။ ရေချိုးဇလုံထဲ စိမ်တဲ့အခါ သုံးသင့်တဲ့ အကောင်းဆုံးပါဝင်ပစ္စည်း ရှစ်မျိုး ရေချိုးဇလုံထဲ စိမ်တဲ့အခါ သုံးသင့်တဲ့ အကောင်းဆုံးပါဝင်ပစ္စည်းတွေ ကတော့ (၁) Oatmeal Oatmeal မှာ ကျန်းမာရေးအတွက် ကောင်းမွန် အကျိုးရှိတဲ့ အဆီဓာတ်တွေ ပါဝင်တာကြောင့် သင့်အသားအရေကို အစက်အပြောက်တွေ၊ နေလောင်ဒဏ်တွေ၊ ခြောက်သွေ့တာတွေကနေ ကာကွယ်ပျောက်ကင်း စေပါတယ်။ Oatmeal ဟာ မွေးညှင်းပေါက်တွေမှာ ရှိတဲ့အညစ်အကြေးတွေကိုလည်း တိုက်ချွတ်ဖယ်ရှားပေးပါသေးတယ်။ Oatmealမှာ ပရိုတင်းဓာတ်တွေလည်း ပါဝင်တာမို့ အသားအရေကိုလည်း စိုပြေစေပါသေးတယ်။ ဘယ်လိုသုံးရမလဲ […]


တိုင်းရင်းဆေးဝါးများ

အုန်းဆီ ရဲ့ ဆန်းကြယ်သော အသုံးဝင်ပုံ ၁၀ ချက်

အုန်းဆီ ကို လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာကတည်းက အသုံးပြုလာကြတာဖြစ်ပြီး ယနေ့ထိတိုင် အသုံးအများဆုံး သဘာဝဆေးဖက်ဝင်ပစ္စည်းအဖြစ် ကမ္ဘာတစ်လွှားမှာ အသုံးပြုနေကြဆဲပါ။ သူ့ရဲ့ကောင်းကျိုးတွေဟာ ဟင်းချက်တဲ့ဆီ ကစပြီး အလှအပအလယ် ဆေးကုသခြင်းအဆုံး အမျိုးမျိုး အသုံးဝင်ပါတယ်။ အုန်းဆီ ကို အသုံးပြုနိုင်တဲ့နည်းလမ်း ၁၀ မျိုး ကိုအောက်မှာဖော်ပြထားပါတယ်။ အုန်းဆီ ဆိုတာ အုန်းဆီဆိုတာက အုန်းသီးကို ကြိတ်ရာကနေ ရတဲ့အဆီပါ။ စားသုံးလို့ ရသလို အသားအရေနဲ့ ဆံသားလှပ ကျန်းမာစေဖို့လည်း အသုံးပြုကြပါတယ်။ အသုံးဝင်ပုံ အုန်းဆီ ရဲ့ ဆန်းကြယ်သော အသုံးဝင်ပုံ ၁၀ ချက် အုန်းဆီ ရဲ့ ဆန်းကြယ်သော အသုံးဝင်ပုံ ၁၀ ချက် ကို အတူတူ ကြည့်လိုက်ရအောင်နော်။ အုန်းဆီက အခုလို အသုံးဝင်ပါတယ်။ ၁. သွေးတွင်းမှာ အကျိုးပြုကိုလက်စထရော တိုးစေတယ် အုန်းဆီက HDL လို့ခေါ်တဲ့ အကျိုးပြု ကိုလက်စထရောပမာဏကို […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်