ယာဉ်ကြောပိတ်ဆို့မှုဟာ နေ့စဉ်လူနေမှုဘဝမှာ မလွှဲမရှောင်သာ ကြုံဆုံရတဲ့ ကိစ္စတစ်ခုပါ။ စိတ်ညစ်စရာကောင်းလှသလို စိတ်ပင်ပန်းစရာပြဿနာတစ်ခုလဲဖြစ်ပါတယ်။
ထွက်မှာ သေချာပြီလား။
ယာဉ်ကြောပိတ်ဆို့မှုဟာ နေ့စဉ်လူနေမှုဘဝမှာ မလွှဲမရှောင်သာ ကြုံဆုံရတဲ့ ကိစ္စတစ်ခုပါ။ စိတ်ညစ်စရာကောင်းလှသလို စိတ်ပင်ပန်းစရာပြဿနာတစ်ခုလဲဖြစ်ပါတယ်။
ခုလို မိုးတွင်းကာလမျိုးဆိုရင် ကားကကျပ်၊ လမ်းကပိတ် မိုးကရွာလို့ မိုးကစိုနဲ့ အင်မတန် စိတ်ဆင်းရဲစရာကောင်းလှတယ်မဟုတ်လား။
ဒီလိုမျိုးနေ့စဉ်နဲ့အမျှ နာရီနဲ့ချီပြီး ယာဉ်ကြောပိတ်ဆို့မှုဒါဏ်ကို ခံစားနေရတာဟာ လူတိုင်းရဲ့ စိတ်ကို ထိခိုက်စေနိုင်ပါတယ်။ စိတ်ပိုတိုလာမယ်၊ စိတ်ပိုပင်ပန်းလာမယ်၊ ပူပင်သောကတွေပိုများလာမယ်။ အကျိုးဆက်အနေနဲ့ နှလုံးကို ထိခိုက်စေတော့တာပေါ့။
ယာဉ်ကြောပိတ်ဆို့မှုကြောင့် အဖြစ်အများဆုံးဖြစ်တဲ့ရောဂါက နှလုံးရောဂါလို့ ကာလီဖိုးနီးယားတက္ကသိုလ်ရဲ့ လေ့လာချက်တွေက ဆိုပါတယ်။ နှလုံးရောဂါဟာ ယာဉ်မောင်းနှင်သူကိုရော၊ ယာဉ်စီးနင်းသူမှာပါ ဖြစ်နိုင်ပါတယ်။ ယာဉ်ကြောပိတ်ဆို့မှုကြောင့် စိတ်ပင်ပန်းဆင်းရဲမှုတွေနဲ့ ဒေါသထွက်မှုတွေဟာ ဒီပြဿနာရဲ့ အခြေခံအကြောင်းတရားဖြစ်ပါတယ်။
ဒါ့အပြင် ယာဉ်ကြောကျပ်တည်းနေချိန် ကိုယ့်အနီးဝန်းကျင်မှာရှိနေတတ်တဲ့ လေထုညစ်ညမ်းမှုကလည်း နှလုံးရောဂါစွဲကပ်စေတဲ့ နောက်ထပ် တွန်းအားတစ်ရပ်ဖြစ်ပါတယ်။ ယာဉ်ကြောပိတ်ဆို့ချိန်တွေမှာ နှလုံးရပ်တာ၊ နှလုံးဖောက်ပြန်တာနဲ့ လေဖြတ်တာမျိုးတွေ ကြုံဆုံရနိုင်တယ်လို့ လေ့လာချက်တွေက ဖော်ပြထားပါတယ်။
ဂျာမနီနိုင်ငံ မြူးနစ်မြို့အခြေစိုက် ဟဲလ်မို့ဇ်စင်တာရဲ့ သုတေသနအရဆိုရင်လည်း လမ်းပိတ်ဆို့မှုကြောင့် Heart Attack ဖြစ်နိုင်ခြေ ၃ ဆ ရှိတယ်လို့ ဆိုပါတယ်။ ပါမောက္ခ အန်းနက် ပီတာဦးဆောင်တဲ့ သုတေသနအဖွဲ့ဟာ ယာဉ်ကြောပိတ်ဆို့မှုနဲ့ နှလုံးရောဂါရဲ့ အဆက်အစပ်ကို လေ့လာခဲ့ပြီးတော့ ထူးခြားချက်တွေကို ဖော်ထုတ်ခဲ့တာပါ။
ယာဉ်ကြောပိတ်ဆို့မှု ပိုမိုဆိုးရွားလေလေ Heart Attack ဖြစ်နိုင်ခြေမြင့်မားလေလေလို့လည်း လေ့လာချက်တွေက ဆိုပါတယ်။ ယာဉ်ကြောပိတ်ဆို့မှုကြောင့် တစ်နာရီအတွင်း Heart Attack ဖြစ်နိုင်ခြေရှိသလို ပုံမှန်အခြေအနေမှာထက်လည်း ဖြစ်နိုင်ခြေ ၃ ဒဿမ ၂ ဆ ပိုများတယ်လို့ဆိုပါတယ်။
ခုလိုဖြစ်စေတဲ့အကြောင်းအရင်းကတော့ လေထုညစ်ညမ်းတာ၊ မောပမ်းနွမ်းလျတာနဲ့ စိတ်ပင်ပန်းမှု ဒါမှမဟုတ် ဒေါသထွက်ခြင်းတွေကြောင့်ပါပဲ။ အထူးသဖြင့် စိတ်ဖိစီးမှုနဲ့ လေထုညစ်ညမ်းမှုကို တစ်ပြိုင်နက်တည်းရင်ဆိုင်ရတာဟာ နှလုံးရောဂါအခံရှိသူတွေကို အလွန်ဘေးဒုက္ခသင့်စေနိုင်တဲအချက်ပါ။
ဒါကြောင့် နှလုံးရောဂါဝေဒသနာသည်တွေအနေနဲ့ ယာဉ်ကြောပိတ်ဆို့နေချိန်တွေနဲ့ရင်ဆိုင်ရချိန်တွေမှာ သက်သောင့်သက်သာရှိစေဖို့နဲ့ စိတ်မပင်ပန်းအောင် သတိထားနေဖို့ ကျန်းမာရေးပညာရှင်တွေက တိုက်တွန်းထားကြတာဖြစ်ပါတယ်။
ယာဉ်ကြောပိတ်ဆို့မှုဟာ ကျန်းမာရေးပြဿနာအများအပြားကို ဖိတ်ခေါ်နေတဲ့ ကိစ္စတစ်ခုပါ။ နှလုံးကျန်းမာရေးကို တစ်ခုတည်းကို ထိခိုက်စေနိုင်တာမဟုတ်ပါဘူး။ အောက်ပါ ကျန်းမာရေးပြဿနာတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။
ယာဉ်ကြောပိတ်ဆို့မှုကို ပုံမှန်ရင်ဆိုင်နေရသူတွေဟာ
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။