ကိုယ်ဝန်ဆောင်ချိန်မှာ သွေးပေါင်ချိန်ကျတာ သိပ်တော့ မတွေ့ရပါဘူး။ အမျိုးသမီးအများစုအနေနဲ့ ကိုယ်ဝန်ဟာ သွေးပေါင်ချိန်အပေါ် သက်ရောက်မှု ရှိတယ်ဆိုတာ မသိကြပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာ သွေးလှည့်ပတ်မှုဟာ ပိုမိုကျယ်ပြန့်လာပြီး ဟော်မုန်းပြောင်းလဲခြင်းများဟာ သွေးကြောတွေကို ကျယ်သွားစေတဲ့အတွက် သွေးပေါင်ချိန် လျော့နည်းရခြင်း ဖြစ်ပါတယ်။ သွေးပေါင်ချိန်ဟာ ကိုယ်ဝန်ဆောင်ချိန် အစောပိုင်းမှာ ကျတတ်ပြီး ဒုတိယသုံးလပတ်အတွင်းပိုင်းမှာ အကျဆုံး ဖြစ်တတ်ပါတယ်။ ဆရာဝန်များကတာ့ အောက်မှာဖော်ပြတဲ့ လက္ခဏာတွေရှိပြီး ပုံမှန်အတိုင်းအတာမှာ မရှိဘူးဆိုရင် သွေးပေါင်ကျခြင်းလို့ သတ်မှတ်ပါတယ်။