နှလုံးရောဂါ

နှလုံးရောဂါက ကမ္ဘာမှာ သေဆုံးမှု အများဆုံး ရောဂါ တစ်ရပ်ပါ။ ကျန်းမာပျော်ရွှင်စွာ ရှင်သန်နိုင်စေဖို့အတွက် အရေးပါတဲ့ နှလုံးလေးမှာ ရောဂါ ခံစားရတဲ့အခါ ဘယ်လိုလက္ခဏာတွေ ခံစားရနိုင်လဲ။ ဘာကြောင့် နှလုံးရောဂါ ဖြစ်ရတာလဲ။ ဘယ်လို ကာကွယ်ရမလဲ။ ဖြစ်လာခဲ့ရင်ရော ဘယ်လို ကုသရမလဲဆိုတာတွေကို ဒီကဏ္ဍထဲမှာ လေ့လာလို့ ရပါတယ်။

ကျန်းမာရေးဗဟုသုတ

နှလုံးရောဂါ

၂၀၂၂ မြန်မာနိုင်ငံ နှလုံးရောဂါစစ်တမ်း ရဲ့ စိတ်ဝင်စားစရာအချက်များ

Hello ဆရာဝန်မှ ၂၀၂၂ ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ အထိမ်းအမှတ်အဖြစ် နှလုံးရောဂါစစ်တမ်း ကောက်ခံခဲ့ရာ ၁၁၉ယောက်သော ဖြေဆိုသူများရဲ့ နှလုံးကျန်းမာရေးနဲ့ ပတ်သက်တဲ့သဘောထားကို ခုလိုသိရှိခဲ့ရပါတယ်။  နှလုံးရောဂါက အသံတိတ်လူသတ်သမားလို့ နာမည်ကြီးတဲ့ ရောဂါပါ။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ စားသောက်နေထိုင်ပုံ၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုနဲ့ မျိုးဗီဇကြောင့် နှလုံးနဲ့ သွေးကြောရောဂါတွေ အဖြစ်များလာပါတယ်။ ဒီရောဂါက ကြိုတင်ကာကွယ်လို့ မရတာတော့ မဟုတ်ပါဘူး။ ဒါနဲ့ ပတ်သက်ပြီး မြန်မာပြည်သူတွေရဲ့ သဘောထားကရော ဘယ်လိုရှိသလဲဆိုတာ စစ်တမ်းကနေ လေ့လာကြည့်ရအောင်။ [embed-health-tool-heart-rate]

နှလုံးရောဂါ ကို ရှာဖွေမည်။

နှလုံးရောဂါ

Fibromyalgia

အဓိပ္ပါယ်ဖွင့်ဆိုချက်Fibromyalgia ကဘာလဲ။ သင့်ဦးနှောက်က နာကျင်မှုအချက်ပြခြင်းကို တုန့်ပြန်တဲ့နေရာမှာ ပြဿနာရှိနေခြင်း ဖြစ်ပါတယ်။ နေရာအနှံ့ ကြွက်သားနဲ့အရိုးများ နာကျင်ခြင်း ဖြစ်စေပါတယ်။ ရောဂါဖြစ်တဲ့ ကာလကြာလာလျှင် သင့်နေ့စဉ်ဘဝကို ထိခိုက်လာနိုင်ပါတယ်။ ဒီရောဂါသည်တွေဟာ ပင်ပန်းနွမ်းနယ်ခြင်း၊ အိပ်ခြင်း၊ မှတ်ဉာဏ်နဲ့ စိတ်ခံစားမှုဆိုင်ရာ ပြဿနာများနဲ့ ရင်ဆိုင်ရတတ်ပါတယ်။ စိတ်ဖိစီးမှုကြောင့်ခေါင်းကိုက်ခြင်း၊ မေးရိုးအဆစ်ဆိုင်ရာ ပြဿနာများ၊ ဝမ်းပျက်ခြင်း၊ စိတ်သောက၊ စိတ်ဓါတ်ကျခြင်းများကိုလည်း ခံစားရနိုင်ပါတယ်။ Fibromyalgia က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာအတော်အဖြစ်များပါတယ်။ လူ၂၀မှာ ၁ဦးနီးပါး အနည်းနဲ့အများ fibromyalgia ရှိနေတတ်ပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာပိုအဖြစ်များပါတယ်။ ရောဂါအတည်ပြုပြီးသူတွေရဲ့ ၉၀%ဟာ အမျိုးသမီးများဖြစ်ပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ အသက်၃၀မှ ၅၀အတွင်း အဖြစ်များဆုံးဖြစ်ပေမယ့် ကလေးများနဲ့ သက်ကြီးရွယ်အိုများမှာလည်း တွေ့ရပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကိုလျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများFibromyalgia ရဲ့လက္ခဏာတွေကဘာတွေလဲ ရောဂါပိုးဝင်ခြင်းတို့ဖြစ်ပြီးနောက် သို့မဟုတ် အကြီးအကျယ်စိတ်ထိခိုက်မှုရှိလျှင်လည်း […]


နှလုံးရောဂါ

Jumping Frenchmen of Maine (မိန်းပြည်နယ်ရှိ လန့်ခုန်ကြသော ပြင်သစ်များ (ရုတ်တရက်ယောင်တတ်ခြင်းရောဂါပုံစံ))

အဓိပ္ပါယ်ဖွင့်ဆိုချက်Jumping Frenchmen of Maine (မိန်းပြည်နယ်ရှိ လန့်ခုန်ကြသော ပြင်သစ်များ (ရုတ်တရက်ယောင်တတ်ခြင်းရောဂါပုံစံ)) ကဘာလဲ။ Jumping Frenchmen of Maine ဆိုတာ ပုံမှန်မဟုတ်ဘဲရုတ်တရက် တုန်လှုပ် ယောင်ယမ်းတုံ့ပြန်မှုတမျိုးဖြစ်ပါတယ်။ သူဟာ ပုံမှန်အခြေအနေတွေမှာလည်းဖြစ်ပေါ်နိုင်ပါတယ်။ ဘာ့ကြောင့်ဖြစ်ပေါ်ရသလဲဆိုရင်တော့ ရုတ်တရက် သို့မဟုတ် မမျှော်လင့်ထားတဲ့ လှုံ့ဆော်သက်ရောက်မှုတခု (ဥပမာ – ရုတ်တရက်အသံတခုကြားလိုက်ရခြင်း ၊ ရုတ်တရက် တခုခုကို တွေ့လိုက်ရခြင်းတို့ ) ကြောင့် စိတ်ရဲ့ထိန်းချုပ်မှုမရှိပဲ လျင်မြန်စွာတုံ့ပြန်ခြင်းတမျိုးပဲဖြစ်ပါတယ် ။ Jumping Frenchmen of Maine (မိန်းပြည်နယ်ရှိ လန့်ခုန်ကြသော ပြင်သစ်များ (ရုတ်တရက်ယောင်တတ်ခြင်းရောဂါပုံစံ)) က ဘယ်လောက်အဖြစ်များသလဲ Jumping Frenchmen of Maine ဟာ အတော်လေးကိုဖြစ်နိုင်ဖို့ရှားပါးပါတယ် ။ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ လက္ခဏာများJumping Frenchmen of […]


နှလုံးရောဂါ

နှလုံးအလုပ်မလုပ်ခြင်း အကြောင်း သိကောင်းစရာများ

နှလုံးအလုပ်မလုပ်ခြင်း အကြောင်း သိကောင်းစရာများက ဘာတွေဖြစ်မလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ နှလုံးအလုပ်မလုပ်ခြင်း ဆိုတာဘာလဲ။ နှလုံးအလုပ်မလုပ်ခြင်း ဆိုတာက နှလုံးရဲ့ လုပ်ငန်းဆောင်တာများ ပုံမှန်အလုပ်မလုပ်တော့တာနဲ့ နှလုံးခုန်မမှန်ခြင်းကို ဆိုလိုတာဖြစ်ပါတယ်။ သင့်နှလုံးက အခြေအနေအမျိုးမျိုးကြောင့် ရပ်သွားမယ်ဆိုရင် ဦးနှောက်ဆီကို သွေးရောက်အောင် ညှစ်ပို့နိုင်ခြင်း မပြုနိုင်တဲ့အတွက် သတိမေ့သွားရခြင်းဖြစ်ပါတယ်။ ဒါကြောင့် ချက်ချင်းဆိုသလို ဒီအခြေအနေကို ကုသနိုင်မှ အသက်ဘေးမှလွတ်မြောက်မှာဖြစ်ပါတယ်။ နှလုံးအလုပ်မလုပ်ခြင်းကို ဖြစ်စေတဲ့အကြောင်းများက ဘာလဲ။ နှလုံးအလုပ်မလုပ်ခြင်းကို ဖြစ်စေတဲ့ အဓိက အကြောင်းရင်းနှစ်ခုရှိပြီး ဒီအကြောင်းနှစ်ခုလုံးကလည်း ဆက်စပ်နေပါတယ်။ နှလုံးမှာ လေးခန်းရှိပါတယ်။ အပေါ်သွေးလက်ခံခန်း ၂ ခန်းနဲ့ အောက်ဖက်ရှိ သွေးလွှတ်ခန်း ၂ ခန်းဖြစ်ပါတယ်။ နှလုံးညှစ်ရာမှာ ပြသနာဖြစ်ခြင်း၊ မညှစ်နိုင်ခြင်းတို့ဖြစ်တဲ့အခါ နှလုံးခုန်ရပ်သွားတတ်ပါတယ်။ အပေါ်သွေးလက်ခံခန်း ၂ ခန်းကြောင့်ဆိုရင် နှလုံးဆဲလ်တွေက လျှပ်စီးဓာတ်တွေကို မမှန်မကန် ထုတ်လွှတ်တာကြောင့် သွေးလွှတ်ခန်းများကလည်း သွေးကို ကောင်းစွာ မညှစ်ထုတ်နိုင်ခြင်း […]


နှလုံးရောဂါ

အားကစားသမားများအတွက် နှလုံးစမ်းသပ်စစ်ဆေးခြင်း

ယနေ့ခေတ်တွင် နှလုံးရောဂါသည် သေဆုံးမှုများသော ရောဂါများထဲတွင် တစ်ခုအပါအဝင်ဖြစ်ပြီး United States တွင် အားကစားသမားများ သေဆုံးရခြင်း၏ ဒုတိယအကြောင်းရင်း ဖြစ်ပါတယ်။ ဒါကြောင့် အားကစားသမားများတွင်နှလုံးစမ်းသပ်စစ်ဆေးမှုများ ပြုလုပ်သင့်ပါတယ်။ အားကစား လေ့ကျင့်ချိန်နှင့် ပြိုင်ပွဲချိန်များတွင်နှလုံးသည် ပို၍ အလုပ်လုပ်ရသောကြောင့်နှလုံးမကောင်းပါက နှလုံးရောဂါ ဖြစ်ပွားနိုင်ပါတယ်။ ယမန်နှစ်က UKအားကစားပြိုင်ပွဲတွင် ယှဉ်ပြိုင်နေစဉ် သေဆုံးသွားသော အားကစားသမား၇ဦးထိ ရှိခဲ့တာကြောင့် အားကစားလောက၊ ဆရာဝန်များနှင့် ပြည်သူများအတွက်အမှုထားစရာ ကိစ္စဖြစ်လာပါတယ်။ သေဆုံးရခြင်း၏ အများစုမှာ နှလုံးမကောင်းခြင်းကြောင့် ဖြစ်ပါတယ်။ အသက်၃၅နှစ်အထက် အားကစားသမားများတွင် ရုတ်တရက်သေဆုံးရခြင်းမှာ နှလုံးသွေးကြောကျဉ်းရောဂါကြောင့် ဖြစ်ပါတယ်။ အသက်၃၅နှစ်အောက် အားကစားသမားများတွင် ရုတ်တရက်သေဆုံးရခြင်းမှာ မွေးရာပါ နှလုံးမကောင်းခြင်းကြောင့် ဖြစ်ပါတယ်။ လေ့လာသူများသည် ၁၄၃၅ အားကစားသမားနှင့် ၉၁၉ အားကစားမယ်များကို စစ်တမ်းကောက်ခဲ့ရာ ၁၇၁ယောက် (၇.၃%) သည် နှလုံးတည်ဆောက်ပုံ မမှန်တာကိုတွေ့ရပါတယ်။ […]


နှလုံးရောဂါ

နှလုံးရောဂါကိုဖြစ်ပွားစေနိုင်သောအကြောင်းများ

နှလုံးရောဂါတွင်ပုံစံမျိုးစုံရှိပြီးနှလုံးရောဂါဖြစ်ပွားစေနိုင်သော အကြောင်းများစွာရှိပါတယ်။ ၎င်းတို့ကိုပြောင်းလဲ၍မရသော အကြောင်းနှင့် ပြောင်းလဲ၍ရသောအကြောင်းဟူ၍ ၂ အုပ်စု ခွဲထားပါတယ်။ ပြောင်းလဲ၍ရသောအကြောင်းများကိုသိရှိ ထားပါကနှလုံးရောဂါမဖြစ်ပွားအောင်ကာကွယ်နိုင်ပါလိမ့်မည်။   ပြောင်းလဲ၍မရသောနှလုံးရောဂါဖြစ်စေနိုင်သောအကြောင်းများ အသက် အသက်အရွယ်ကြီးလာခြင်းသည်နှလုံးရောဂါဖြစ်စေသော အကြောင်းများထဲတွင်တစ်ခုအပါအဝင်ဖြစ်ပါတယ်။ အ သက်ကြီးလာသည်နှင့်အမျှနှလုံးကြွက်သားများထူလာကာ သွေးကြောများထူလာပြီးနှလုံးညှစ်အားလျော့နည်းလာပါတယ်။ နှလုံးရောဂါနှင့် လေဖြတ်ရောဂါကြောင့်သေဆုံးသူ လူနာ၏၅ပုံ၄ပုံသည် အသက်၆၅နှစ်အထက်ရှိသူများဖြစ်ပါ တယ်။ လူ့သက်တမ်းကိုပြောင်းလဲ၍မရသော်လည်းကျန်းမာ ရေးနှင့်ညီညွှတ်သောအစားအသောက်နှင့်နေထိုင်မှုပုံစံသည် ခန္ဓါကိုယ်တွင်းအိုမင်းရင့်ရော်ခြင်းကိုနှေးကွေးစေနိုင်ပါတယ်။   အမျိုးသား၊အမျိုးသမီး ယေဘူယျအားဖြင့်အမျိုးသားများသည်အမျိုးသမီးများတက်နှ လုံးရောဂါဖြစ်နှုန်းပိုများပါတယ်။ သို့သော်လည်းအမျိုးသမီး များသွေးဆုံးပြီးလျှင်နှလုံးရောဂါဖြစ်ပွားနှုန်းသည်အမျိုးသား များနှင့်အတူတူပင်ဖြစ်ပါတယ်။   မျိုးရိုးလိုက်ခြင်း နှလုံးရောဂါမျိုးရိုးရှိသောသူသည်အခြားသူများနှင့်ယှဉ်လျှင် နှလုံးရောဂါဖြစ်ပွားနှုန်းပိုများပါတယ်။ မိသားစုထဲတွင်အ သက်၅၅နှစ်မတိုင်မီနှလုံးရောဂါဖြစ်ပါက သင့်တွင်နှလုံးရော ဂါဖြစ်နိုင်ပါတယ်။ ထို့ပြင်နှလုံးရောဂါကိုဖြစ်စေသော သွေးတိုး၊ ဆီးချိုနှင့် အဝလွန်ရောဂါများသည်လည်းမျိုးရိုးလိုက်သောရော ဂါများဖြစ်ပါတယ်။   ပြောင်းလဲ၍ရသောနှလုံးရောဂါဖြစ်စေနိုင်သောအကြောင်းများ အဝလွန်ခြင်း အဆီများသောအစားအစာများကိုအလွန်အကျွံစားသုံးခြင်းသည် မသင့်လျော်ပါဘူး။ အဝလွန်ခြင်းသည်သွေးတွင်းအဆီဓါတ်ကို များစေပြီး သွေးတိုး၊ ဆီးချိုနှင့် နှလုံးသွေးကြောကျဉ်းရောဂါကို ဖြစ်စေနိုင်ပါတယ်။ အဝလွန်ခြင်းသည် နှလုံးရောဂါကိုဖြစ်စေ သောအခြားရောဂါများကိုဖြစ်စေပါတယ်။   ဆေးလိပ်သောက်ခြင်း ဆေးလိပ်သောက်ခြင်းသည်အဆုတ်ကင်ဆာဖြစ်စေနိုင်သည်ကို လူတိုင်းနီးပါးသိကြပါတယ်။ သို့သော်လည်းနှလုံးရောဂါဖြစ်ပွား နှုန်းကိုမြင့်တက်စေသည်ကိုလူအနည်းငယ်သာလျှင်သိကြပါ တယ်။ လေ့လာမှုများအရဆေးလိပ်သောက်ခြင်းသည် နှလုံးခုန် နှုန်းကိုမြန်စေပြီး သွေးကြောများကိုမာစေပါတယ်။ ထိုအခါနှလုံး ၏လှုပ်ရှားမှုကိုအခက်အခဲဖြစ်စေပါတယ်။ ထို့ပြင်ဆေးလိပ် […]


နှလုံးရောဂါ

နှလုံးရောဂါဖြစ်ပွားစေနိုင်သောအလုပ်ဖိအားများ

နှလုံးရောဂါသည် ယနေ့ကမ္ဘာတွင်သေဆုံးမှုများသောရော ဂါများထဲတွင်တစ်ခုအပါအဝင်ဖြစ်ပါတယ်။ နှလုံးရောဂါဖြစ် ရခြင်းအကြောင်းအရင်းများစွာရှိပါတယ်။ အထူးသဖြင့်ကျန်း မာရေးနှင့်မညီညွှတ်သောနေ့စဉ်နေထိုင်မှုပုံစံကြောင့်ဖြစ်ပါ တယ်။ အဆီများသောအစားအစာစားခြင်း၊ ပုံမှန်လေ့ကျင့် ခန်းမလုပ်ခြင်းကြောင့် အဝလွန်လာကာသွေးတွင်းကိုလက် စထရောကိုမြင့်တက်စေပါတယ်။ ထို့ပြင်အလုပ်ထဲတွင်စိတ် ဖိစီးမှုများခြင်းကလည်းနှလုံးရောဂါဖြစ်ပွားနှုန်းကိုများစေ နိုင်ပါတယ်။ အလုပ်တွင်ဖိစီးမှုများခြင်းသည်အလုပ်အလွန်အကျွံလုပ်ခြင်း၊ (သို့)အလုပ်ထဲတွင်ပြဿနာများကိုဖြေရှင်းရန်ခက်ခဲနေခြင်း စသည်တို့ကြောင့်ဖြစ်ပါတယ်။ အလုပ်တွင်စိတ်ဖိစီးမှုများ ခြင်းသည်နှလုံးကိုထိခိုက်စေပါတယ်။ လေ့လာမှုများအရ အလုပ်ဖိစီးမှုများသောလုပ်သားများသည်နှလုံးရောဂါကြောင့် သေဆုံးနှုန်း၂ဆပိုများပြီး လစာနှင့်ခံစားခွင့်နည်းသောလုပ် သားများတွင် ၂.၄ဆပိုများပါတယ်။ လေ့လာရေးအဖွဲ့သည် စိတ်ဖိစီးမှု၊ သွေးပေါင်ချိန်၊ သွေး တွင်းအဆီဓါတ်နှင့် ကိုယ်အလေးချိန်တို့နှင့်ပတ်သက်သော အချက်အလက်များရရှိရန်မေးခွန်းများ၊ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြရာအလုပ်ဖိစီးမှုများသောသူများသည်နှလုံးရော ဂါဖြင့်သေဆုံးရန်လွယ်ကူကြောင်းတွေ့ရပါတယ်။ စိတ်ဖိစီး မှုကိုတုံ့ပြန်ရန် ကိုယ်ခန္ဓါမှဟော်မုန်းများထုတ်ရပါတယ်။ ၎င်းဟော်မုန်းများသည်သွေးတိုးရောဂါကိုဖြစ်စေပြီး သွေး ကြောနံရံတွင်အဆီဖုံးစေကာ နှလုံးရောဂါကိုဖြစ်စေပါတယ်။ အလုပ်တွင်ဖိအားများခြင်းသည်သွေးတိုးရှိသူ(သို့) နှလုံးရော ဂါရှိသူအတွက်တော့မကောင်းပါဘူး။ လေ့လာသူများသည် နိုင်ငံ၇နိုင်ငံတွင်လေ့လာမှု၁၃ခုဖြင့် နှလုံးရောဂါမရှိသောလူ ပေါင်း၂သိန်းကိုလေ့လာခဲ့ပါတယ်။ ယင်းတို့အနက် ၃၀၂၁၄ယောက်သည်အလုပ်ဖိစီးမှုဒဏ်ကိုခံနေရပါတယ်။ လေ့လာသူများ၏သုံးသပ်ချက်အရ အလုပ်သမားများ၏ ၃.၄%သည်အလုပ်ဖိစီးမှုဒဏ်ကိုခံရမည့်အခြေအ နေတွင်ရှိပြီး လူတိုင်းသည်အလုပ်တွင်စိတ်ဖိစီးမှုမရှိပါက နှလုံးရောဂါဖြစ်ပွားမှုအခြေအနေကို ၃.၄%ကာကွယ်နိုင်မည် […]


နှလုံးရောဂါ

Broken heart syndrome (နှလုံးကွဲခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Broken heart syndrome (နှလုံးကွဲခြင်း) ကဘာလဲ။ နှလုံးကွဲခြင်းဆိုတာ သောကများစရာ၊ စိတ်ဖိစီးစရာ အခြေအနေတွေ ( ချစ်ခင်ရသူ သေဆုံးသွားခြင်း) ကြုံရတဲ့အခါ ဖြစ်လာတဲ့ ယာယီအခြေအနေတစ်ခုပါ။ ပြင်းထန်တဲ့ကိုယ်ကျန်းမာရေးထိခိုက်မှုဖြစ်စေ၊ ခွဲစိတ်မှုတွေကြောင့်လည်း ဖြစ်လာနိုင်ပါတယ်။ နှလုံးထိခိုက်နေတဲ့ လူတွေက ရုတ်တရက် ရင်ဘတ်အောင့်ခြင်း ခံစားရနိုင်ပြီး သူတို့မှာ နှလုံးရောဂါ ရှိနေတယ်လို့ စဉ်းစားတတ်ကြပါတယ်။ နှလုံးထိခိုက်တဲ့အခါမှာ နှလုံးရဲ့အစိတ်အပိုင်းတစ်ခုခုမှာ ပုံမှန်သွေးညှစ်မှုကို ယာယီအားဖြင့် မလုပ်နိုင်တာတွေ ရှိလာပါတယ်။ နှလုံးရဲကျန်တဲ့အစိတ်အပိုင်းတွေက ပုံမှန် သွေးညှစ်နေတာဖြစ်နိုင်သလို ပိုမိုအားထည့်ပြီး သွေးညှစ်နေတာလဲ ဖြစ်နိုင်ပါတယ်။ စိတ်ဖိအားများတဲ့ အခါ ထွက်လာတဲ့ ဟော်မုန်းတွေကို နှလုံးက တုံ့ပြန်တဲ့ အတွက်ကြောင့် ဖြစ်ရပါတယ်။ ဒီလို အခြေအနေ ကို Takotsubo နှလုံးကြွက်သား ပြဿနာ လို့လည်း ခေါ်ပါတယ်။ အဲ့ဒီ လက္ခဏာတွေက ကုသလို့ […]


နှလုံးရောဂါ

Atrial Flutter (နှလုံးခုန်မြန်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Atrial Flutter (နှလုံးခုန်မြန်ခြင်း) ကဘာလဲ။ နှလုံးခုန်မြန်တဲ့ဖြစ်ရပ်မှာ နှလုံးရဲ့ အပေါ်ခန်းတွေဟာ အလွန်လျင်မြန်စွာခုန်ခြင်း ဖြစ်ပါတယ်။ ဒါဟာ နှလုံးခုန်နှုန်းကို စည်းချက်ညီပြီး လျင်မြန်စေပါတယ်။ နှလုံးခုန်မြန်ခြင်းဟာ နှလုံးစည်းချက်ချို့ယွင်းမှုတခုဖြစ်ပြီး နှလုံးထဲက လျှပ်စီးလမ်းကြောင်းပြသနာကြောင့် ဖြစ်တတ်ပါတယ်။ နှလုံးခုန်မြန်ခြင်းဟာ နှလုံးခါခြင်းနဲ့ တူညီပါတယ်။ ဒါပေမယ့် နှလုံးခုန်နှုန်းဟာ နှလုံးခါခြင်းလောက် စည်းချက်ပျက်ယွင်းခြင်းမရှိပါဘူး။ တခါတရံမှာ နှလုံးခုန်မြန်ခြင်းရော နှလုံးခါခြင်းပါ ၂မျိုးလုံး ကြုံတွေ့ရပါတယ်။ Atrial Flutter (နှလုံးခုန်မြန်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဘယ်အသက်အရွယ်မဆို ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။ ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လက္ခဏာများAtrial Flutter (နှလုံးခုန်မြန်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ လျှပ်စစ်အချက်ပြမှုဟာ နှလုံးခုန်မြန်ခြင်းကို စုစည်းထိန်းချုပ်ပေးပါတယ်။ ဒီပြသနာရှိသူတွေဟာ နှလုံးထုန်နှုန်း ပုံမှန်ထက်မြန်နေပေမယ့် စည်းချက်ဟာ တည်ငြိမ်ပါတယ်။ တခါတရံ ဖြစ်မှန်းမသိပါဘူး။ တချို့ကတော့ အောက်ပါအတိုင်း ကြုံရပါတယ်။ ရင်တုန်ခြင်း (နှလုံးခုန်မြန်နေခြင်းကိုသိခြင်း) လျင်မြန်ပြီးတည်ငြိမ်သော သွေးခုန်နှုန်း အသက်ရှူမြန်ခြင်း နေ့စဉ် လေ့ကျင့်ခန်းနှင့် […]


နှလုံးရောဂါ

Atrial Myxomas (နှလုံးအပေါ်ခန်းအကျိတ်ဖြစ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Atrial Myxomas (နှလုံးအပေါ်ခန်းအကျိတ်ဖြစ်ခြင်း) ကဘာလဲ။ နှလုံးအပေါ်ခန်းအကျိတ်ဖြစ်ခြင်းဆိုတာ နှလုံးမှာ ကင်ဆာမဟုတ်တဲ့ အကျိတ်ဖြစ်ပေါ်ခြင်းဖြစ်ပြီး နှလုံးအပေါ်ခန်းနဲ့ အခန်း၂ခုခြားထားတဲ့ ကြွက်သားအလွှာထဲမှာ အများဆုံး တွေ့ရပါတယ်။ ဒီအမျိုးအစားဟာ တွေ့ရအများဆုံးဖြစ်တဲ့ နှလုံးရဲ့ ပင်မအကျိတ်မျိုးဖြစ်ပါတယ်။ တိကျမှုမရှိတဲ့ လက္ခဏာတွေကြောင့် စောစီးစွာသိရှိရဖို့ ခက်ခဲပါတယ်။ ဘယ်ဘက် နှလုံးအပေါ်ခန်းအကျိတ်ဟာ နားကြပ်နဲ့ နားထောင်ချိန်မှာ ကြားရတဲ့အခါ မရှိသလို မကြားရတာလည်း ရှိပါတယ်။ ဒီအခြေအနေကို ပုံရိပ်ဖော်စစ်ဆေးနိုင်ပါတယ်။ ကင်ဆာမဟုတ်တဲ့ အကျိတ်ဖြစ်ပြီး ခွဲစိတ်ဖယ်ရှားနိုင်ပါတယ်။ Atrial Myxomas (နှလုံးအပေါ်ခန်းအကျိတ်ဖြစ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ရင်ခွဲစစ်ဆေးမှုပေါင်း ၂၂ခုအရ မူလနှလုံးအကျိတ်ဟာ ဝ.၀၂% (ရင်ခွဲစစ်ဆေးမှုပေါင်း တသန်းမှာ ၂၀၀) ရှိပါတယ်။ မူလအကျိတ်ရဲ့ ၇၅%ဟာ ကင်ဆာမဟုတ်တဲ့ အကျိတ်ဖြစ်ပါတယ်။ ကင်ဆာမဟုတ်တဲ့အကျိတ် ၅၀%ဟာ နှလုံးအပေါ်ခန်းအကျိတ်ဖြစ်ပြီး ရင်ခွဲစစ်ဆေးမှုပေါင်း တသန်းမှာ ၇၅ ခု […]


နှလုံးရောဂါ

Cardiasthenia (နှလုံးအားနည်းခြင်း)

Cardiasthenia (နှလုံးအားနည်းခြင်း) အကြောင်းလေး လေ့လာလိုက်ရအောင်နော်။ အဓိပ္ပါယ်ဖွင့်ဆိုချက် Cardiasthenia (နှလုံးအားနည်းခြင်း) ကဘာလဲ။ နှလုံးအားနည်းခြင်း သည် Decosta အမည်ရှိသော ရောဂါစုဖြစ်ပါသည်။ ထိုလက္ခဏာများသည် နှလုံးဝေဒနာများနှင့် ဆင်တူသော်လည်း လူနာကို စစ်ဆေးလျှင် နှလုံရောဂါနှင့် တူသော ဇီဝကမ္မ လက္ခဏာများ မတွေ့ရပါ။ ခေတ်သစ်ကာလများတွင် နှလုံးအားနည်းခြင်းကို စိုးရိမ်စိတ် များခြင်းကြောင့်ဖြစ်သည်ဟု ယူဆကြပြီး စားသောက်နေထိုင်ပုံများပြောင်းလဲခြင်း၊ လေ့ကျင့်ခန်းများပြုလုပ်ပေးခြင်းဖြင့် သက်သာအောင် ပြုလုပ်ပေးနိုင်ပါသည်။ Cardiasthenia (နှလုံးအားနည်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ ထိုဖြစ်စဉ်သည် ကျားမ မရွေး၊ အသက်ရွယ်မရွေး ဖြစ်နိုင်ပါသည်။ သို့သော်ထိုဖြစ်စဉ်ကို ဖြစ်စေနိုင်သော အချက်များကို လျှော့ချခြင်းများပြုလုပ်နိုင်သော်လည်း တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။ လက္ခဏာများ နှလုံးအားနည်းခြင်းရဲ့လက္ခဏာတွေကဘာတွေလဲ အများဆုံးတွေ့ရသော ရောဂါလက္ခဏာများမှာ မောပန်းလွယ်ခြင်း အသက်ရှုမဝခြင်း ရင်တုန်ခြင်း ချွေးပြန်ခြင်း ရင်ဘတ်အောင့်ခြင်း မူးဝေခြင်း တို့ဖြစ်ပါသည်။ လူနာသည် ထိုဝေဒနာများကို ခံစားနေရသော်လည်း လူနာကို စစ်ဆေးလျှင် နှလုံရောဂါနှင့် […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်