နှလုံးရောဂါ

နှလုံးရောဂါက ကမ္ဘာမှာ သေဆုံးမှု အများဆုံး ရောဂါ တစ်ရပ်ပါ။ ကျန်းမာပျော်ရွှင်စွာ ရှင်သန်နိုင်စေဖို့အတွက် အရေးပါတဲ့ နှလုံးလေးမှာ ရောဂါ ခံစားရတဲ့အခါ ဘယ်လိုလက္ခဏာတွေ ခံစားရနိုင်လဲ။ ဘာကြောင့် နှလုံးရောဂါ ဖြစ်ရတာလဲ။ ဘယ်လို ကာကွယ်ရမလဲ။ ဖြစ်လာခဲ့ရင်ရော ဘယ်လို ကုသရမလဲဆိုတာတွေကို ဒီကဏ္ဍထဲမှာ လေ့လာလို့ ရပါတယ်။

ကျန်းမာရေးဗဟုသုတ

နှလုံးရောဂါ

၂၀၂၂ မြန်မာနိုင်ငံ နှလုံးရောဂါစစ်တမ်း ရဲ့ စိတ်ဝင်စားစရာအချက်များ

Hello ဆရာဝန်မှ ၂၀၂၂ ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ အထိမ်းအမှတ်အဖြစ် နှလုံးရောဂါစစ်တမ်း ကောက်ခံခဲ့ရာ ၁၁၉ယောက်သော ဖြေဆိုသူများရဲ့ နှလုံးကျန်းမာရေးနဲ့ ပတ်သက်တဲ့သဘောထားကို ခုလိုသိရှိခဲ့ရပါတယ်။  နှလုံးရောဂါက အသံတိတ်လူသတ်သမားလို့ နာမည်ကြီးတဲ့ ရောဂါပါ။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ စားသောက်နေထိုင်ပုံ၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုနဲ့ မျိုးဗီဇကြောင့် နှလုံးနဲ့ သွေးကြောရောဂါတွေ အဖြစ်များလာပါတယ်။ ဒီရောဂါက ကြိုတင်ကာကွယ်လို့ မရတာတော့ မဟုတ်ပါဘူး။ ဒါနဲ့ ပတ်သက်ပြီး မြန်မာပြည်သူတွေရဲ့ သဘောထားကရော ဘယ်လိုရှိသလဲဆိုတာ စစ်တမ်းကနေ လေ့လာကြည့်ရအောင်။ [embed-health-tool-heart-rate]

နှလုံးရောဂါ ကို ရှာဖွေမည်။

နှလုံးရောဂါ

Cardiogenic Shock (နှလုံးကို ထိခိုက်ရှော့ခ်ရခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Cardiogenic Shock (နှလုံးကို ထိခိုက်ရှော့ခ်ရခြင်း) ကဘာလဲ။ နှလုံးကို ထိခိုက်ရှော့ခ်ရခြင်းဆိုတာ နှလုံးက ကိုယ်ခန္ဓါအတွက်လိုအပ်တဲ့ သွေးကိုရုတ်တရပ် မညှစ်ထုတ်နိုင်တော့ခြင်း ဖြစ်တယ်။ ဒီအခြေအနေဟာ သင့်နှလုံးတိုက်ခိုက်ခံရမှုကြောင့် နှလုံးပျက်ဆီးသွားတဲ့ အချိန်မှာဖြစ်တယ်။ (ပြင်းထန်သော နှလုံးတိုက်ခိုက်ခံရမှု) Cardiogenic Shock (နှလုံးကို ထိခိုက်ရှော့ခ်ရခြင်း) က ဘယ်လောက်အဖြစ်များသလဲ နှလုံးကို ထိခိုက်ရှော့ခ်ရခြင်းဟာ အဖြစ်နည်းပေမယ့် ချက်ချင်းကုသမှု မခံယူလျှင် သေစေနိုင်သော အခြေအနေုဖြစ်တယ်။ ချက်ချင်းကုသလျှင် လူနာတွေရဲ့ တစ်ဝက်လောက်က အသက်ရှင်တာကို တွေ့ရပါတယ်။ ထပ်မံသိလိုသောအချက်များအတွက် ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပါ။ လက္ခဏာများCardiogenic Shock (နှလုံးကို ထိခိုက်ရှော့ခ်ရခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ကိုယ်တိုင်သိနိုင်တဲ့ သို့မဟုတ် မိသားစုဝင်များမှသိနိုင်တဲ့ နှလုံးကို ထိခိုက်ရှော့ခ်ရခြင်းရဲ့ လက္ခဏာတွေက အများကြီးရှိပါတယ်။ အသက်ရှူမြန်ခြင်း အလွန်ဆိုးရွားစွာ အသက်ရှူမဝခြင်း ရုတ်တရက် နှလုံးခုန်မြန်ခြင်း သတိလစ်ခြင်း သွေးခုန်နှုန်းမြန်ခြင်း သို့မဟုတ် စမ်းမရခြင်း ချွေးအရမ်းထွက်ခြင်း ပုံမှန်ထက် ဆီးသွားနည်းခြင်း သို့မဟုတ် ဆီးမထွက်ခြင်း ရင်ဘက်အောင့်ခြင်း သို့မဟုတ် ရင်ဘက်ကို ဖိထားသလိုခံစားရခြင်း ကနာမငြိမ်ဖြစ်ခြင်း၊ […]


နှလုံးရောဂါ

နှလုံးကျန်းမာရေး ကောင်းဖို့အတွက် အရသာရှိသော အစားအစာများအကြောင်း

တကယ်လို့ သင့်မှာ သွေးတိုး၊ ကိုလက်စထရော များနေတာ၊ နှလုံးကျန်းမာရေး ပြဿနာ တစ်ခုခု ရှိနေမယ်ဆိုရင် သင့်မှာ နှလုံးအမောဖောက်တာနဲ့ လေဖြတ်ဖို့အတွက်အန္တရာယ် မြင့်မားစွာ ရှိနေပါပြီ။ အဲ့ဒီ အန္တရာယ်ကို ပြောင်းလဲမှု အသေးစားလေးတွေ လုပ်ပြီး လျှော့ချလိုက်ပါ။ သင် အစားတစ်ကြိမ် စားတိုင်းမှာ သင့်နှလုံးကျန်းမာရေးကို ကောင်းစေတာတွေ ရွေးချယ်စားသုံးပါ။ အစားအသောက်အများစုက သင်မစားသင့်တာတွေကို အခြေခံထားပါတယ်။ အဲဒီအစား သင့်အတွက် ကောင်းမယ့် အစာတွေကို အလေးထားပြီး အပြုသဘောချဉ်းကပ်နည်းနဲ့ စားသုံးပေးပါ။   အသီးအရွက် သစ်သီးဝလံနဲ့ အနှံတွေကို များများ စားပါ။ အဲ့ဒီအစားအစာတွေမှာ ပါဝင်တဲ့ အမျှင်ဓါတ်ဟာ မကောင်းတဲ့ LDL ကိုလက်စထရောတွေကို လျှော့ချပေးပါတယ်။ အဲ့လိုအစားအစာတွေကို သင့်ပန်းကန်ထဲမှာ နေ့စဉ် ရောက်လာသင့်တဲ့ ပမာဏကတော့ အနည်းဆုံး သစ်သီးနဲ့ အသီးအရွက် ၅ ခွက်၊ […]


နှလုံးရောဂါ

နှလုံးရောဂါသမားများအတွက် သွားကျန်းမာရေး

သွားနဲ့ ခံတွင်း ပြဿနာတွေကို ဖြေရှင်းတဲ့အခါမှာ အထူး ကာကွယ်မှု ပြုဖို့ လိုအပ်တဲ့ နှလုံးရောဂါ အမျိုးမျိုး ရှိပါတယ်။ တကယ်လို့ သွားနဲ့ ခံတွင်း ပြဿနာတွေကို ကုသဖို့ လိုအပ်နေတဲ့ လူနာတစ်ယောက်ဟာ သူ့မှာ နှလုံး အမောဖောက်တာ၊ သွေးတိုးတာ၊ ရင်ဘတ်အောင့်တာ၊ လေဖြတ်တာ၊ မွေးရာပါ နှလုံး အားနည်းတဲ့ ရောဂါတွေ ရှိခဲ့မယ်ဆိုရင် သမားတော်နဲ့ရော သွားဆရာဝန်နဲ့ပါ သေသေချာချာ တိုင်ပင်ဖို့ လိုအပ်ပါတယ်။ အဲ့ဒီလို နှလုံးနဲ့ ပတ်သက်တဲ့ ရောဂါ ရှိတဲ့သူတွေအနေနဲ့ သွားနဲ့ ခံတွင်း သန့်ရှင်းမှုကို သေချာ ဂရုစိုက်ပြီး သွားဆရာဝန်ဆီ မှန်မှန်သွားခြင်းဟာ အရေးကြီးတဲ့ ကာကွယ်မှုတစ်ရပ်ပဲ ဖြစ်ပါတယ်။ ပိုးဝင်နှလုံးရောင်ရမ်းခြင်းက အဖြစ်နည်းတယ်ဆိုပေမယ့် ဖြစ်ခဲ့ရင်လည်း သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။ နှလုံးအတွင်းကို ဘက်တီးရီးယား […]


နှလုံးရောဂါ

နှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်းအကြောင်း

နှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်းသည် နှလုံးကသွေးကောင်းစွာမညှစ်နိုင်ခြင်း သို့မဟုတ် သွေးလုံလောက်စွာမရခြင်း ဖြစ်သည့်အခါ ခန္ဓါကိုယ်အနှံ့ကိုသွေးလုံလောက်စွာပို့ရန် နှလုံးမှအလုပ်ပိုလုပ်ရသောကြောင့် ဖြစ်လာသောအခြေအနေရောဂါ တစ်ရပ်ဖြစ်သည်။ ထိုနေရာတွင် နှလုံးသည် လုံးဝအလုပ်မလုပ်နိုင်တော့ဘဲရပ်သွားခြင်းမျိုးမဟုတ်ပါ။ နှလုံး၏လုပ်ဆောင်ရည်ကျဆင်းခြင်းကို အပျော့ဆုံးအဆင့်မှ အသက်အန္တရာယ်ရှိနိုင်သည့် အဆိုးရွားဆိုးအဆင့်အထိပုံစံအမျိုးမျိုးခွဲခြားထားသည်။ ထိုရောဂါသည် ပြင်းထန်သော်လည်းထိရောက်သောကုသမှုမျိုးအမြဲမပြတ်ခံယူလျှင် သင်သည် ကောင်းမွန်စွာနေထိုင်သွားနိုင်လိမ့်မည်။ နှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်းရဲ့ လက္ခဏာတွေကဘာလဲ။ ပထမတွင် မသိသာသော်လည်း ကြာလာသည်နှင့်အမျှ နှလုံးကညှစ်အားကျလာကာသင်ပိုခံစားရပေလိမ့်မည်။ • နားနေစဉ်တွင်ပင် နှလုံးခုန်မြန်နေခြင်း • မောပန်းခြင်း၊ အားအင်ချိနဲ့ခြင်း၊ ခေါင်းမူးခြင်း • အသက်ရှုရခက်ခဲခြင်းနှင့် အရင်လိုမလှုပ်ရှားနိုင်တော့ခြင်း၊ ခေါင်းအုံးများဆင့်အိပ်မှသက်တောင့်သက်သာရှိခြင်း • ခြေထောက်၊ခြေချင်းဝတ်နှင့် ခြေဖဝါးများ၊ ဝမ်းဗိုက်ပိုင်းတို့တွင် ဖောရောင်လာခြင်းစသည့်လက္ခဏာများခံစားရပါသည်။ နှလုံးစွမ်းဆောင်ရည် ကျဆင်းခြင်းကိုစစ်ဆေးနိုင်ပါသလား။ သင့်တွင် နှလုံးစွမ်းဆောင်ရည် ကျဆင်းခြင်း၏လက္ခဏာများရှိပါကသင့်ဆရာဝန်က အောက်ပါစစ်ဆေးမှုများထဲမှလိုအပ်သည်တို့ကိုပြုလုပ်ပေးလိမ့်မည်။ • အီးစီဂျီ (ECG) • အသံလှိုင်းဖြင့်ရိုက်သောနှလုံးအက်ကိုးဓါတ်မှန် (Echo) • နှလုံးအမောခံနိုင်အားကိုလေ့ကျင့်ခန်းလုပ်ပြီးစစ်ဆေးခြင်း (Stress test) • ရင်ဘတ်ဓါတ်မှန်ရိုက်ခြင်း • သွေးစစ်ခြင်း • နှလုံးသွေးကြောဓါတ်မှန်ရိုက်ခြင်းနှင့် နှလုံးသွေးကြောထဲသို့ပြွန်ချောင်းထည့်ခြင်း နှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်း၏နောက်ဆက်တွဲဆိုးကျိုးတွေကဘာလဲ။ နှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်းကိုမကုသဘဲထားလျှင် ပိုဆိုးလာပြီးအသက်အန္တရာယ်ရှိပါသည်။ ထိုသို့ကုသရခြင်း၏ရည်ရွယ်ချက်မှာရောဂါကြောင့်ခံစားရသော ဝေဒနာများ သက်သာလာစေရန်နှင့် ပိုမဆိုးစေရန်ဖြစ်သည်။ ဖြစ်လေ့ရှိသောနောက်ဆက်တွဲဆိုးကျိုးများမှာ • […]


နှလုံးရောဂါ

နှလုံးရောဂါ ဖြစ်နိုင်ခြေကို တွက်ချက်ခြင်း

နှလုံးရောဂါ အများစုသည် ကုသ၍ရသော၊ ထိန်းချုပ်၍ရသော၊ အဆင့်မြှင့်၍ရသော၊ သွေးပေါင်ချိန် မြှင့်တင်ပေးနိုင်သော၊ ဆေးလိပ်၊ ကိုလက်စထရော ပမာဏ၊ အဝလွန်ခြင်များအတွက် ပြောင်းလဲနိုင်သော ဖြစ်စဉ်တစ်ခု ဖြစ်ပါသည်။ သို့သော် တချို့သော အဆင့်မြင့် နှလုံးရောဂါများသည် ကုသ၍ မရနိုင်ပါ။ ပြောင်းလဲနိုင်သော အချက်များ သွေးပေါင်ချိန် တက်ခြင်းသည် နှလုံးဖောက်ခြင်းနှင့် လေဖြတ်ခြင်းများ အတွက် အဓိကကျသော အကြောင်းအရင်း ဖြစ်ပါသည်။ ထိုအကြောင်းအရင်းများမှာ ကြိုတင်သိရလျှင် ကာကွယ်နိုင်သောအချက် ဖြစ်ပါသည်။ ကိုလက်စထရော၊ တရိုင်ဂရစ်စရိုက်၊ မကောင်းသော အဆီ စသော အဆီပမာဏ ပုံမမှန်ခြင်း၊ ကောင်းသော အဆီများ နည်းခြင်း စသည်တို့သည် နှလုံးရောဂါနှင့် လေဖြတ်ခြင်းကို ဖြစ်ပေါ်နိုင်ပါသည်။ ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများ စားသုံးခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ ဆေးသောက်ခြင်းတို့သည် အဆီပမာဏ ပုံမမှန်ခြင်းကို ကုသနိုင်ပါသည်။ ဆေးလိပ်သောက်သုံးခြင်း၊ ဆေးရွက်ကြီး […]


နှလုံးရောဂါ

မေးလေ့မေးထရှိသော နှလုံးရောဂါနှင့် ကိုယ်ဝန်တို့ ဆက်စပ်သည့်အကြောင်း

နှလုံးရောဂါရှိသော အမျိုးသမီးများသည် ကိုယ်ဝန် မဆောင်နိုင်ပါဟု လွဲမှားသော အယူအဆများ ရှိကြပါသည်။ အမှန်မှာ ထိုရောဂါသည် ကိုယ်ဝန်ဆောင်ချိန်တွင်လည်း ထိန်းချုပ်နိုင်သော ရောဂါဖြစ်ပါသည်။ နှလုံးရောဂါသည် ကိုယ်ဝန်ဆောင်လျှင် သိသင့်သည်များကို ဖော်ပြပါမည်။ ကိုယ်ဝန်ဆောင်ခြင်းသည် မိမိနှလုံးကို မည်သို့ အကျိုးသက်ရောက်စေနိုင်သနည်း။ ကိုယ်ဝန်ဆောင်ချိန်တွင် မိမိ၏နှလုံးသည် တခြားသော အစိတ်အပိုင်းများသို့ ပုံမှန်ထက် ၄ဝ ရာခိုင်နှုန်းပို၍ သွေးလွှတ်ပေးသည်။ ထို့ကြောင့် မိမိနှလုံးမှာ ပို၍ အလုပ်လုပ်ရသည်။ သွေးကြောများသည် လိုအပ်သော သွေးများကို ပို့လွှတ်ပေးရန် သူတို့၏ အပေါက်များကို ကျယ်လိုက်ကြသည်။ ထို့ကြောင့် သွေးပေါင်ကျရခြင်း ဖြစ်ပါသည်။ သွေးသည် ခဲလာနိုင်ပါသည်။ ထိုသည်မှာလည်း ကလေးမွေးစဉ်တွင် သွေးသွန်ခြင်းမှ ကာကွယ်ရန် သဘာဝ ဖြစ်စဉ်တစ်ခု ဖြစ်ပါသည်။ ပုံမှန်နှလုံးမှာ ထိုကဲ့သို့ ဖြစ်စဉ်ကို ထိန်းနိုင်သော်လည်း ကိုယ်ဝန်ဆောင်စဉ် စိတ်ဖိစီးမှုမှာ […]


နှလုံးရောဂါ

နှလုံးကျန်းမာစေသော အစားအသောက် ချက်ပြုတ်နည်းများ

ကျွန်တော်တို့စားလိုက်တဲ့အစာက ကျွန်တော်တို့ကျန်းမာရေးပေါ်မှာ တိုက်ရိုက်သက်ရောက်မှုရှိတယ်ဆိုတာ ကျွန်တော်တို့သိပါတယ်။ နှလုံးအတွက်ကတော့ သင်ဘာစားလဲဆိုတာ ပိုဂရုစိုက်ရပါမယ်။ နှလုံးကောင်းမွန်စေတဲ့ အစားအစာတွေက ရိုးရှင်းပေမယ့်ထင်ရှားကြပါတယ်။ စားသောက်ဆိုင်တွေက ကယ်လိုရီနဲ့ကိုလက်စထရောများတဲ့ အစားအစာတွေအစား သင့်အိမ်မှာ နှလုံးအတွက်ကောင်းမွန်တဲ့ စားစရာတွေကို ကိုယ့်ဘာသာကိုယ် ချက်စားသင့်ပါတယ်။ နှလုံးရောဂါ နှလုံးရောဂါက ကင်ဆာမျိုးစုံက သတ်နေတဲ့လူဦးရေထက်တောင် ပိုများများသတ်လျက်ရှိပါတယ်။ ဒီလူသတ်သမားခေါင်းဆောင်ရောဂါက သင့်ရုပ်ပိုင်းဆိုင်ရာသာမက စိတ်၊ ပုံပန်းသွင်ပြင်နဲ့ ဘဝကိုပါ ထိခိုက်ယိုယွင်းစေပါတယ်။ ဒါကြောင့် နှလုံးနဲ့ပတ်သက်တဲ့ပြသနာတွေမဖြစ်အောင် ကျွန်တော်တို့တားဆီးဖို့က အရေးကြီးပါတယ်။ လေ့ကျင့်ခန်းမှန်မှန်လုပ်ခြင်းအပြင် သင့်တင့်မျှတစွာ ချက်ပြုတ်စားသောက်ခြင်းက ကိုလက်စထရော၊ သွေးချို၊ သွေးဖိအားနဲ့ ကိုယ်အလေးချိန်ကိုပါ ထိန်းညှိပေးပါတယ်။ နှလုံးအတွက်ကောင်းမွန်စေတဲ့အရာတွေက နှလုံးရောဂါရှိသူတွေကိုတောင် သူတို့အခြေအနေတွေတိုးတက်လာစေပြီး နှလုံးဖောက်ခြင်းဖြစ်နိုင်ချေလည်း လျော့စေပါတယ်။ နှလုံးအတွက်သင့်တော်တဲ့ အစားအစာတွေကို ဘယ်လိုချက်ပြုတ်ရမလဲ။ အခုပြောပြသွားမှာက နှလုံးအတွက်သင့်တော်တဲ့စားစရာတွေ ဘယ်လိုချက်ပြုတ်မလဲဆိုတဲ့ အကြံပေးချက်လေးတွေပါ။ အစားအသောက်ပညာရှင်တွေက အသားတွေကိုအဆီဖယ်ပြီး အစာအစာတွေမှာ ဆားလျှော့သင့်တယ်လို့ အကြံပေးထားပါတယ်။ အဆီနဲ့ […]


နှလုံးရောဂါ

နှလုံးရောဂါကုသမှုများ- ဘဝကိုပြောင်းလဲပေးသော နည်းပညာသစ်များ ပေါ်ထွက်လာခြင်း

နှလုံးရောဂါများသည် ကမ္ဘာတစ်ဝှမ်းသေဆုံးမှုများကို ဖြစ်စေသောအကြောင်းရင်းများအနက် ထိပ်ဆုံးတွင်ပါဝင်သည်။ ယခုလက်ရှိတွင် လူပေါင်း ၅.၇သန်းနီးပါးသည် နှလုံးစွမ်းဆောင်ရည်ကျဆင်းသော ရောဂါ၏ ခြိမ်းခြောက်မှုကိုခံနေရသည်။ သို့သော် ၂၁ရာစုသည် နှလုံးအထူးကုပညာရပ်ဝန်းအတွက် ထူးဆန်း အံ့ဖွယ်များကို မျက်မြင်ပြသနေပေပြီ။ ခေတ်မီနည်းပညာ၏ အကူအညီဖြင့် သမားတော်များယခင်ကမဖြစ်နိုင် ဟုယူဆခဲ့သော နှလုံးရောဂါကုသမှုများကို ယခုပြုလုပ်နိုင်နေပြီ။ အောက်ဖော်ပြပါတို့သည် လူအများ၏နှလုံး များကို လင်းလက်စေခဲ့သော ပေါ်ထွန်းလာသော နည်းပညာသစ်အချို့ ဖြစ်ပါတယ်။ နှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်း- နှစ်စဉ် အသက်ပေါင်း ၂၈၇,၀၀၀ ခန့်ကိုနှုတ်ယူနေသော အဓိက တရားခံအဖြစ်သိထားကြသည်။ တင်းကျပ်နေသောသွေးကြောများကြောင့် နှလုံးသည် ခန္ဓါကိုယ် အနှံ့အပြားသို့ သွေးများညှစ်ထုတ်ပေးရာတွင် ပြဿနာရှိနေလျှင် ဤအခြေအနေဖြစ်လာပြီး တဖြည်းဖြည်း ရပ်သွားနိုင်သည်။ ယမန်နှစ်က အမေရိကန် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာနမှ အန်ထရက်စတို (Entresto)ဟုခေါ်သော ဆေးသစ်တစ်မျိုးကို အသိအမှတ်ပြုပေးခဲ့သည်။ ၎င်းသည်နှလုံးကိုပျက်စီးစေသော အင်ဇိုင်းများကို တားဆီးပေးပြီး သွေးကြောများကျဉ်းခြင်းကို […]


နှလုံးရောဂါ

တစ်စုံတစ်ဦး ရုတ်တရက်နှလုံးရပ်သွားသည့်အခါ သင်ဘယ်လိုလုပ်မလဲ

ရုတ်တရက်နှလုံးရပ်ခြင်းသည် အလွန်ကြောက်စရာကောင်းလှသည်။ ထိုအခိုက်အတန့်သည် လူတစ်ဦး၏ဘဝကို မိနစ်ပိုင်းအတွင်းအဆုံးသတ်သွားစေနိုင်သောအခိုက်အတန့်ဖြစ်သည်။ ရှေ့တစ်မိနစ်တွင် သူ၏နှလုံးသည်အကောင်းပကတိအတိုင်းခုန်နေသေးသည်။ နောက်တစ်မိနစ်တွင် သွေးလွှတ်ခန်းများသည် အထိန်းအကွပ်မဲ့စွာတဆတ်ဆတ်ခုန်လာပြီး နှလုံးခုန်နှုန်းစည်းချက်မမှန်ဖြစ်လာသည်။ ထို့နောက် နှလုံး တစ်ခုလုံးအခုန်ရပ်သွားတော့သည်။ အကယ်၍ သင်ရှေ့တွင် တစ်စုံတစ်ယောက် ရုတ်တရက် နှလုံး ရပ် သွားပါက သင်ဘာလုပ်မည်နည်း။ လွဲချော်သွားသော စက္ကန့်တိုင်းသည် လူတစ်ယောက်၏ အသက်ဆက်လက် ရှင်သန်နိုင်သည့်အခွင့်အလမ်းကိုလျော့နည်းစေနိုင်သည့်အတွက် ဤအခြေအနေသည် စင်စစ်အားဖြင့် အမှားမခံသောအခြေအနေဖြစ်သည်။ လူတစ်ဦးဟာရုတ်တရက် နှလုံးရပ်သည့်လက္ခဏာများ စတင်ပြသသည်နှင့် သင်လုပ်သင့်သည့်အလုပ် ၂ခုရှိသည်။ ၎င်းတို့မှာ အရေးပေါ် အသက်ကယ်ကုသမှု (CPR) ပြုလုပ်ခြင်းနှင့် လူနာတင်ယာဉ်ခေါ်ခြင်းတို့ဖြစ်သည်။ CPR သည် အရေးပေါ်လုပ်ငန်း စဉ်တစ်ခုဖြစ် သည်။ ၎င်းသည်လူနာ၏ ခန္ဓါကိုယ်ထဲရှိ အောက်ဆီဂျင်ပမာဏ ကိုထိန်းသိမ်းပေးသည့်အပြင် အရေးကြီးလှသည့်ကောင်းမွန်စွာ သွေးစီးဆင်းမှုကိုလည်း ထိန်းသိမ်းပေးသည်။ (ဦးနှောက်နှင့် ကိုယ်အင်္ဂါများ) သွေးကြောများအတွင်းရှိ […]


နှလုံးရောဂါ

Syncope (နှလုံးရောဂါ အဓိကလက္ခဏာများ)

နှလုံးရောဂါ အမျိုးအစားအများအပြားရှိပြီး တစ်မျိုးစီမှာ ကိုယ်ပိုင် ရောဂါလက္ခဏာတွေ အစုံလိုက်ရှိကြပါတယ်။ သို့သော် နှလုံးရောဂါတိုင်းမှာ အဖြစ်များတဲ့ အဓိက လက္ခဏာတွေ ရှိပါတယ်။ တကယ်လို့ သင့်မှာ ဒီလက္ခဏာတွေ တွေ့နေရပြီဆိုလျှင် ချက်ချင်း ဆေးကုသမှုအကူအညီ ယူသင့်ပါတယ်။ ရင်ဘတ်အောင့်ခြင်း လူတော်တော်များများက ရင်ဘတ်အောင့်ရင် နှလုံးအောင့်တယ်လို့ ထင်ကြပါတယ်။ ရောဂါတော်တော်များများက ရင်ဘတ်အောင့် ခြင်းဖြစ်တတ်သော်လည်း နှလုံးရောဂါမှာတော့ ပိုအဖြစ်များပြီး ပိုလည်းအန္တရာယ်များပါတယ်။ ထို့ကြောင့် ရင်ဘတ်အောင့်ခြင်းလက္ခဏာကို အရေးမကြီးဘူးဆိုပြီး လွှတ်ထားလို့မရပါဘူး။ “ရင်ဘတ်အောင့်ခြင်း” ဆိုတာမတိကျတဲ့ အခေါ်အဝေါ်တစ်ခုပါ။ သူ့ကို ရင်ဘတ်၊ လည်ပင်း၊ သို့ ဝမ်းဗိုက်အပေါ်ပိုင်းတွင် နာခြင်း၊အောင့်ခြင်း၊ကြပ်ခြင်း၊သီးခြင်း၊ထုံခြင်း သို့ မအီမသာဖြစ်ခြင်းတို့ အပြင် တစ်ခါတစ်ရံ မေးရိုး၊ ခေါင်း၊ သို့ လက်မောင်းအောင့်ခြင်းတို့နဲ့ ဆက်စပ်ပြီး သုံးလေ့ရှိကြပါတယ်။၎င်းဟာ စက္ကန့်ကပိုင်းကနေ ရက်ပိုင်း သို့ ရက်သတ္တပတ်လောက်ထိကြာတတ်ပြီး ရုတ်တရက်သော်လည်းကောင်း […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်