နှလုံးရောဂါ

နှလုံးရောဂါက ကမ္ဘာမှာ သေဆုံးမှု အများဆုံး ရောဂါ တစ်ရပ်ပါ။ ကျန်းမာပျော်ရွှင်စွာ ရှင်သန်နိုင်စေဖို့အတွက် အရေးပါတဲ့ နှလုံးလေးမှာ ရောဂါ ခံစားရတဲ့အခါ ဘယ်လိုလက္ခဏာတွေ ခံစားရနိုင်လဲ။ ဘာကြောင့် နှလုံးရောဂါ ဖြစ်ရတာလဲ။ ဘယ်လို ကာကွယ်ရမလဲ။ ဖြစ်လာခဲ့ရင်ရော ဘယ်လို ကုသရမလဲဆိုတာတွေကို ဒီကဏ္ဍထဲမှာ လေ့လာလို့ ရပါတယ်။

ကျန်းမာရေးဗဟုသုတ

နှလုံးရောဂါ

၂၀၂၂ မြန်မာနိုင်ငံ နှလုံးရောဂါစစ်တမ်း ရဲ့ စိတ်ဝင်စားစရာအချက်များ

Hello ဆရာဝန်မှ ၂၀၂၂ ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ အထိမ်းအမှတ်အဖြစ် နှလုံးရောဂါစစ်တမ်း ကောက်ခံခဲ့ရာ ၁၁၉ယောက်သော ဖြေဆိုသူများရဲ့ နှလုံးကျန်းမာရေးနဲ့ ပတ်သက်တဲ့သဘောထားကို ခုလိုသိရှိခဲ့ရပါတယ်။  နှလုံးရောဂါက အသံတိတ်လူသတ်သမားလို့ နာမည်ကြီးတဲ့ ရောဂါပါ။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ စားသောက်နေထိုင်ပုံ၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုနဲ့ မျိုးဗီဇကြောင့် နှလုံးနဲ့ သွေးကြောရောဂါတွေ အဖြစ်များလာပါတယ်။ ဒီရောဂါက ကြိုတင်ကာကွယ်လို့ မရတာတော့ မဟုတ်ပါဘူး။ ဒါနဲ့ ပတ်သက်ပြီး မြန်မာပြည်သူတွေရဲ့ သဘောထားကရော ဘယ်လိုရှိသလဲဆိုတာ စစ်တမ်းကနေ လေ့လာကြည့်ရအောင်။ [embed-health-tool-heart-rate]

နှလုံးရောဂါ ကို ရှာဖွေမည်။

နှလုံးရောဂါ

CRP ပမာဏနှင့် သင့်နှလုံး

C-reactive ပရိုတင်း (CRP) ဆိုတာဘာလဲ CRP ဆိုတာ အသည်းမှထုတ်သော ပရိုတင်းတစ်မျိုးဖြစ်ပြီး နှလုံးအခြေအနေနဲ့ပတ်သက်လို့ သတိထားစစ်ဆေးသင့်သည့် အရာတစ်မျိုးဖြစ်တယ်။ သွေးတွင်းပရိုတင်းဖြစ်ပြီး ပမာဏများနေပါက နှလုံးရောဂါနှင့် လေဖြတ်မှုတို့အတွက် ထည့်သွင်းစဉ်းစားသင့်သည့် အချက်တစ်ချက်ဖြစ်ပါတယ်။ ထိခိုက်မှု၊ ရောဂါပိုးဝင်မှုတို့ကြောင့်ရတတ်တဲ့ အင်္ဂါအစိတ်အပိုင်းများရောင်ရမ်းမှုကြောင့် CRP တက်တတ်ပြီး၊ CRP ပရိုတင်းကို နှလုံးရောဂါရနိုင်ချေရှိနေသောသူများတွင်သာမက ကျန်းမာနေသူများတွင်ပါ နှလုံးရောဂါဖြစ်နိုင်ချေရှိမရှိ စမ်းသပ်ရာတွင် အသုံးပြုနိုင်တယ်လို့ လတ်တလောလေ့လာမှုတွေကဆိုလာပါတယ်။ ဒါကြောင့် CRP ပမာဏတက်နေခြင်းဟာ နှလုံးဆိုင်ရာပြဿနာနဲ့ လေဖြတ်နိုင်ချေရှိနေတယ်လို့ ပြောလို့ရပါတယ်။   CRP ပမာဏစစ်ဆေးသင့်လား တကယ်လို့ နှလုံးနဲ့သွေးကြောဆိုင်ရာ ပြဿနာများတွေ့ကြုံခံစားရခြင်း၊ ဒါမှမဟုတ် လတ်တလော ဗိုင်းရပ်စ် သို့မဟုတ် ဆီးလမ်းကြောင်း ပိုးဝင်ခြင်းများရှိထားပါက ဆရာဝန်က CRP ပမာဏစစ်ဆေးခိုင်းနိုင်ပါတယ်။ ထိခိုက်မှုများ၊ ရောဂါပိုးဝင်မှု (အဆုတ်ရောင်ခြင်း၊ ရေယုန်ပေါက်ခြင်း၊ ဘတ်တီးရီးယားပိုးဝင်ခြင်း၊ ဗိုင်းရပ်စ်ဝင်ခြင်း စသည်) တို့ကြောင့် […]


နှလုံးရောဂါ

မြေထဲပင်လယ်ဒေသစာများ စားခြင်းသည် နှလုံးရောဂါဖြစ်ပွားမည့်အန္တရာယ်ကို လျော့ကျစေသည်

နှလုံးရောဂါကို ကာကွယ်ရန်အတွက် လေ့ကျင့်ခန်းလုပ်နိုင်သည်။ ကျန်းမာစေသောဘဝနေထိုင်မှုပုံစံကို ထိန်းသိမ်းနိုင်သည်။ သင့်လျော်သောအစားအစာများစားနိုင်သည်။ အထူးသဖြင့် မြေထဲပင်လယ်ဒေသစာများသည် ကျွမ်းကျင်သူများ အထူးတိုက်တွန်းသော အဓိကအရာဖြစ်သည်။ မြေထဲပင်လယ်ဒေသအစားအစာများသည် ၁၉၆၀ခုနှစ်များမှ အီတလီ၊ ဂရိစသောနိုင်ငံများ၏ ရိုးရာအစားအသောက်အငွေ့အသက်များ လွှမ်းမိုးနေသည်။ သံလွင်ဆီ၊ ဝိုင်နီစသောထူးခြားသောဟင်းခတ်များကို သုံးထားပြီး လူတိုင်းစားနေကျအစားအသောက်များသာဖြစ်သည်။၎င်းတွင်သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များ၊ ငါးများ၊ အနှံများ၊ အခွံမာသီးများ (အဓိကအားဖြင့်သစ်ကြားသီးအစေ့) များ ပါဝင်ပြီး အသားနှင့် နို့ထွက်ပစ္စည်းများနည်း၍ ဆားလည်းလျှော့ထားသောကြောင့် ကျန်းမာစေသည်။ လွန်ခဲ့သည့်၁၀နှစ်ကျော်က ပြုလုပ်ခဲ့သည့် လေ့လာမှုတစ်ခု၏ ရလဒ်များက မြေထဲပင်လယ်ဒေသအစားအစာများကို အမြဲစွဲ၍စားသုံးသူများသည် အခြားသူများနှင့်ယှဉ်လျှင် နှလုံးရောဂါဖြစ်နိုင်ချေ ၄၇ရာခိုင်နှုန်းလျော့ကျသည်ဟု ဖော်ပြထားသည်။ မြေထဲပင်လယ်ဒေသစာများတွင် အစားအစာများသည် သွေးဆဲလ်များ၏ တီလိုမီးယား (telomere) များကို ပို၍ဖန်တီးပေးနိုင်သည်။ ရှည်လျားသော တီလိုမီးယားများသည် အစားအစာနှင့် နှလုံးသွေးကြောရောဂါများ၏ အန္တရယ်တို့ကြားဆက်စပ်မှုကို ရှင်းပြနိုင်သည်။ ယခင်ကလေ့လာမှုများတွင်လည်း မကျန်းမာသော […]


နှလုံးရောဂါ

ရုတ်တရက် နှလုံးရပ်ပြီးနောက် ပြန်လည်နာလန်ထခြင်း

သင်သည် သေလုမျောပါးနှလုံးထိခိုက်မှုမှ အသက်ရှင်သန်လာခါစဖြစ်ပြီးယခုလောလောဆယ်တွင် အထူးကြပ်မတ်ကုသဆောင် (ICU) တွင် နောက်ထပ်ရောဂါရှာဖွေမှုများနှင့် စမ်းသပ်ချက်အဖြေများကို စောင့်ဆိုင်းနေရသည် ဆိုပါစို့။ သင်သည် "သင်သည်ယခုလက်ရှိအခြေအနေမှမည်ကဲ့သို့အပြီးတိုင်လွတ်မြောက်နိုင်မည်နည်း" ဟုစတင်စဉ်းစားလာတော့မည်။ ဤအခြေအနေကို အောင်မြင်စွာကုသရန် အချိန်လိုအပ်သည်။ နှလုံးရပ်တန့်မှုတစ်ကြိမ်ဖြစ်ပြီး နောက်၁၀နှစ်အတွင်းတွင် နောက်တစ်ကြိမ်ထပ်ဖြစ်နိုင်သည့် အန္တရာယ်ရှိသည်။ အကြောင်းအရင်းပေါ်မူတည်၍ လုံးဝပျောက်ကင်းအောင် ကုသနိုင်သလို အရှင်းမပျောက်သည်လည်းဖြစ်နိုင်သည်။ ဆရာဝန်များအနေနှင့် အကောင်းဆုံးလုပ်နိုင်သည်မှာ ပထမအကြိမ်ကတည်းကပင် နှလုံးရပ်ခြင်းဖြစ်စေသည့် အကြောင်းရင်းကိုရှာဖွေ၍ အခြေအနေပေါ်မူတည်ကာ ကုသမှုစတင်ခြင်းဖြစ်သည်။ စမ်းသပ်မှုများအပြီးတွင် ဖြစ်နိုင်သောအကြောင်းပြချက်အချို့တွေ့ရမည်။ နှလုံးရောဂါအများစုသည် ရုတ်တရက်နှလုံးရပ်မှုကို ဖြစ်စေနိုင်သောကြောင့် ကုသမှုသည်လည်း ရောဂါအမျိုးအစားပေါ်မူတည်၍ ပြောင်းလဲနိုင်သည်။ အကယ်၍ သင်၏ဆရာဝန်က သင့်တွင် နှလုံးသွေးကြောကျဉ်းရောဂါရှိနေပြီး သွေးကြောအတွင်းတွင် သွေးခဲရှိနေသည်ဆိုပါက ခွဲစိတ်ကုသမှု လိုကောင်းလိုမည်။ အကယ်၍ သင်၏နှလုံးသည် ပုံမှန်မဟုတ်ဘဲ ကြီးနေပြီး နှလုံးခုန်နှုန်းများ အတက်အကျမမှန်ဖြစ်နေပါက နှလုံးခုန်နှုန်းထိန်းစက် (pace maker) ထည့်ရန် […]


နှလုံးရောဂါ

နှလုံးရပ်ခြင်းလက္ခဏာများနှင့် အရေးပေါ် အသက်ကယ်နည်း

သင်သည် သင့်အကြောင်းကိစ္စတစ်ခုခုကိုတွေးရင်း လမ်းလျှောက်လာသည် ဆိုပါစို့။ ထိုအချိန်တွင် သက်လတ်ပိုင်းအမျိုးသားတစ်ဦး မိမိရင်ဘတ်ကိုဖိပြီး မျက်လုံးအပေါ်လန်ကာ ပါးစပ်ဟ၍ အသက်ခက်ခက်ခဲခဲ ရှူနေသည်ကို သင်တွေ့လိုက်ပါပြီတဲ့။ မိနစ်အနည်းငယ် မကြာမီတွင် ထိုသူသည် မြေပြင်ပေါ်သို့လဲကျ သွားမည်။ ထိုအခါ ဆေးရုံကားကို လျှင်မြန်စွာ ခေါ်ပြီးနောက် သင်ဘာဆက်လုပ်မလဲ။ နှလုံးရပ်သွားသော လူတစ်ယောက်အတွက် စက္ကန့်တိုင်း သည် အရေးကြီးသောကြောင့် အချိန် နောက်ကျသည်နှင့်အမျှ အသက်ရှင်ရန် အခွင့်အရေး နည်းပါးသည်။ ထို့ကြောင့် လူနာ၏အခြေအနေကို ဖော်ပြသော လက္ခဏာ များကို သတိထားခြင်းသည် အသုံးဝင်ပါသည်။ နှလုံးခုန် ရုတ်တရက်ရပ်သွားလျှင် ကိုယ်တွင်းအင်္ဂါများသို့ို သွေးနှင့် အောက်ဆီဂျင် မရောက်နိုင်တော့သောကြောင့် ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူရန်ခက်ခဲ ခြင်း၊ မူးမေ့လဲခြင်း၊ တုံ့ပြန်မှုမရှိခြင်း၊ ခြေလက်များ ပျော့ခွေသွားခြင်းများ ဖြစ်နိုင်သည်။ ထိုသူ၏ နှလုံးခုန်နှုန်းကို စမ်းကြည့်လျှင် […]


နှလုံးရောဂါ

နှလုံးရောဂါသည် မျိုးရိုးလိုက်တတ်ပါသလား

ကမ္ဘာတစ်လွှားတွင် သေဆုံးမှုဖြစ်ပွားခြင်း၏ အဓိကကျသောအကြောင်းအရင်းများတွင် နှလုံးရောဂါသည် တစ်ခုအပါအဝင်ဖြစ်သည်။ ယင်းနှလုံးရောဂါများထဲတွင် မွေးရာပါနှလုံးရောဂါသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ မိသားစုတွင် ငယ်စဉ်ကလေးဘဝကပင် နှလုံးရောဂါရှိလျှင် မျိုးရိုးလိုက်သည်ဟု ဆိုနိုင်ပါသည်။ မွေးရာပါနှလုံးရောဂါသည် အထက်တွင်ဖော်ပြသတဲ့သို့ မွေးစဉ်ကတည်းကပင်ပါရှိနေသော ရောဂါဖြစ်သည်။ မွေးရာပါ နှလုံးအပေါက်ပါခြင်း၊ အဆို့ရှင်မလုံခြင်းအစရှိသည့် အခြေအနေများ ပါဝင်သည်။ ထိုအခြေအနေများကို ၁၀၀ရာခိုင်နှုန်းတွေ့ရှိနိုင်မည် မဟုတ်ပါ။ မွေးရာပါနှလုံးတည်ဆောက်ပုံချို့တဲ့ခြင်းကို ဖြစ်စေတဲ့အကြောင်းရင်းများသည် တိတိကျကျ သေသေချာချာမရှိပါဘူး။ ဖြစ်နိုင်သော အကြောင်းအရင်းများမှာ ကိုယ်ဝန်ဆောင်ချိန်တွင် မသောက်သင့်သော ဆေးသောက်ခြင်း၊ အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်းနှင့် ဗီဇပြောင်းလဲခြင်းတို့ကြောင့် ဖြစ် သည်။ လူတစ်ယောက်နှင့်တစ်ယောက် မျိုးရိုးဗီဇ မတူညီကြပါဘူး။ ထို့ ကြောင့်လည်း တစ်ဦးနှင့်တစ်ဦး ကွဲပြားခြားနားကြသည်။ မျိုးရိုးဗီဇသည် ကျွန်ုပ်တို့၏ ခန္ဓာကိုယ် လုပ်ဆောင်ချက်နှင့် ပုံပန်းသဏ္ဍာန်ကို ဖော်ညွှန်းသည်။ မျိုးရိုးဗီဇသည် ကျွန်ုပ်တို့၏မိဘများမှ ဆင်းသက်လာသည်။ မျိုးရိုးဗီဇ ပုံမမှန် […]


နှလုံးရောဂါ

နှလုံးရောဂါရှိသူကို ပြုစုစောင့်ရှောက်ရာမှာ အရေးကြီးတဲ့အချက် (၃) ချက်

နှလုံးရောဂါသည် လူနာကို စောင့်ရှောက်ရသည်မှာ လွယ် ကူ သောအလုပ်တော့ မဟုတ်ပါဘူး။ ပြုစုစောင့်ရှောက်သူအနေဖြင့် နေ့ရက်တိုင်းတွင် တာဝန်ယူမှုတွေနှင့် လုံးပန်းနေရမှာပါ။ ၁။ ကျန်းမာရေးနှင့်ညီညွတ်စေသော စားသောက်မှုပုံစံကို ထိန်းသိမ်းပါ။ နှလုံးရောဂါရှိသော လူနာများသည် အဆီနှင့်ဆီကြော်မုန့်များ စားလို့မရပါဘူး။ လူနာများကို ဆီကြော်မုန့်များ မစားအောင် ထိန်းနိုင်ဖို့ရန် ခက်ခဲပါသည်။ သို့သော်လည်း တတ်နိုင်သမျှ မစားအောင် တင်းကြပ်ရန်မှာ သင့်တာဝန်သာ ဖြစ်ပါသည်။ သူတို့ကို အသီးအနှံ၊ အရွက်နှင့် အဆီမပါသော အသားများ စားသုံးအောင် တိုက်တွန်းပါ။ အလွန်ငန်သော ဟင်းပွဲများသည် နှလုံးရောဂါသည်လူနာများအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်ပါသည်။ ထို့ ကြောင့် ဆား စားသုံးမှုပမာဏကို လျော့သင့်ပါသည်။ သူတို့အတွက် အစားအသောက် စီစဉ်ရသည်မှာခက်ခဲလျှင် အာဟာရ ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးနိုင်ပါသည်။ ၂။ သူတို့နှင့်အတူ လေ့ကျင့်ခန်းလုပ်ပါ။ ကိုယ်လက်လှုပ်ရှားခြင်းသည် ကျွန်ုပ်တို့နှလုံးကို ကျန်းမာစေသော တစ်ခုတည်းသော […]


နှလုံးရောဂါ

နှလုံးဖောက်မှုအတွက် အခြားရွေးချယ်စရာ သဘာဝကုထုံးများ

နှလုံးဖောက်မှုအတွက် အခြားရွေးချယ်စရာ သဘာဝကုထုံးများ နှလုံးဖောက်ပြန်မှုလက္ခဏာများ ရှိနေရင်တော့ သဘာဝကုထုံးဟာ မသင့်တော်ပါဘူး။ လက္ခဏာတွေ ရှိနေချိန်မှာတော့ ဆေးကုသမှုကို ချက်ချင်းခံယူဖို့လိုအပ်ပါတယ်။ နှလုံးဖောက်တာဟာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ လက္ခဏာဖြစ်ပြီး စနစ်တကျလေ့ကျင့်ထားတဲ့ ဆေးပညာတတ်ကျွမ်းသူတွေက ချက်ချင်းကုသပေးဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် သဘာဝကုထုံးများနဲ့ နေထိုင်ပုံပြောင်းလဲခြင်းတွေဟာ သင့်ရဲ့နှလုံးကျန်းမာရေးကို ကောင်းမွန်စေပြီး နှလုံးထိခိုက်မှု အန္တရာယ်ကို လျှော့ချပေးနိုင်ပါတယ်။ သဘာဝကုထုံးတွေ မလုပ်ခင် ဆရာဝန်နဲ့ အမြဲတမ်းတိုင်ပင်ပါ။ အရေးကြီးတာက သင်သုံးစွဲနေတဲ့ ဆေးဝါးတွေကို အနှောက်အယှက်မပေးဖို့ လိုပါတယ်။ နှလုံးကျန်းမာရေးကို ထိန်းသိမ်းဖို့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှုပုံစံနဲ့ နေထိုင်မှုပုံစံဟာ မရှိမဖြစ်လိုတယ်ဆိုတာ သတိရပါ။ အောက်ပါကုထုံးများဟာ နှလုံးထိခိုက်မှုဖြစ်ရင်၊ ထိခိုက်တယ်လို့ သံသယရှိရင် သုံးရမယ့်နည်းလမ်းတွေ မဟုတ်ပါဘူး။ နှလုံးထိခိုက်မှု အန္တရာယ်ကို လျှော့ချပေးဖို့ ဒါမှမဟုတ် နှလုံးထိခိုက်ပြီးချိန် ဆေးကုသမှုခံယူနေစဉ်မှာ စိတ်ပိုင်းဆိုင်ရာ ခြုံငုံပြီး ကိုသဖို့ […]


နှလုံးရောဂါ

အမျိုးသမီးများတွင်ဖြစ်ပွားသောနှလုံးရောဂါ၏လက္ခဏာများ

နှလုံးရောဂါသည် အမျိုးသမီးများသေဆုံးရခြင်း၏အဓိကအကြောင်းတစ်ရပ်ဖြစ်ပါသည်။ ရုတ်တရက်နှလုံးဖောက်ခြင်းရောဂါလက္ခဏာများသည် တစ်ခုနှင့်တစ်ခုကွာခြားနိုင်ပြီးအမျိုးသမီးများတွင်ခံစားရသော ရောဂါလက္ခဏာများသည်လည်းပုံမှန်ဖော်ပြနေကျ ရင်ဘတ်အောင့်ခြင်းမှကွာခြားမှုရှိနိုင်သည်။ ထို့ကြောင့်အမျိုးသမီးများအနေဖြင့် ထိုရောဂါလက္ခဏာများကိုသတိပြုနားလည်ဖို့အရေးကြီးပါသည်။ ထို့ပြင်နှလုံးရုတ်တရတ်ဖောက်ခြင်း၏ရောဂါလက္ခဏာများကိုလည်း သတိပြုဆင်ခြင်တတ်ဖို့ အရေးကြီးပါသည်။     အမျိုးသမီးများတွင် ဖြစ်ပွားတတ်သောနှလုံးရုတ်တရက်ဖောက်ခြင်းရောဂါလက္ခဏာများ - ရင်ဘတ်အောင့်ခြင်း(သို့မဟုတ်) ရင်ဘတ်ထဲတွင် တင်းကြပ်ကြပ်ဖြစ်ခြင်း ( နှလုံးရုတ်တရက်ဖောက်ခြင်း၏ အတွေ့ရအများဆုံးရောဂါလက္ခဏာဖြစ်သော်လည်းအမြဲတမ်းတွေ့နိုင်မည်ဟုမပြောနိုင်ပါ ) -ရင်ဘတ်အောင့်ခြင်းသည် လက်မောင်း ၊ လည်ပင်း ၊ မေးရိုး ၊ ဝမ်းဗိုက် နှင့် ကျောကုန်းတို့ကိုလည်း ပြန့်သွားတတ်သည်။ ထိုနေရာတစ်နေရာတည်း (သို့မဟုတ်) နေရာအများကြီးတွင်လည်းအောင့်ခြင်းကိုခံစားရနိုင်သည်။ အချို့သူများတွင် နာကျင်ခြင်းအောင့်ခြင်းသည် ပြင်းထန်တတ်သော်လည်း တချို့တွင်မအီမသာဖြစ်ခြင်းလောက်သာရှိတတ်သည်။ -နေထိုင်မကောင်းဖြစ်ခြင်း ၊ ချွေးထွက်ခြင်း ၊ခေါင်းမူးခြင်း၊ ရင်ဘတ်အောင့်ခြင်း ၊ ရင်ဘတ်တင်းကြပ်ကြပ်ဖြစ်ခြင်းနှင့် တွဲဖက်၍တွေ့ရတတ်သည်။ -အစာမကြေဖြစ်သကဲ့သို့ခံစားရခြင်း ၊ ရင်ပြည့်ရင်ကယ်ဖြစ်၍အန်ခြင်း။ -ရင်ဘတ်အောင့်ခြင်း၊ရင်ဘတ်ထဲတွင် တင်းကြပ်ကြပ်ဖြစ်ခြင်းတို့ ခံစားရသောအခါ နေမကောင်းဖြစ်ခြင်း၊ မအီမသာဖြစ်ခြင်း ၊မောပန်းနွမ်းနယ်နေခြင်း။ -ထိုလက္ခဏာများသည် သိသာထင်ရှားသော ဆွဲညှစ်ထားသကဲ့သို့ ရင်ဘတ်အောင့်ခြင်းမျိုးသိသိသာသာ မခံစားရဘဲ မသိလိုက်မသိဘာသာ ဖြစ်ခြင်းမျိုးလည်းကြုံရတတ်ပါသည်။ တစ်ခါတစ်ရံတွင် ရောဂါဖြစ်သူ အမျိုးသမီးက […]


နှလုံးရောဂါ

အမျိုးသားများတွင်အဖြစ်များသောနှလုံးရောဂါလက္ခဏာများ

ယနေ့အခါတွင် အမျိုးသားများတွေ့ကြုံနေရသည့် ကျန်းမာရေးဆိုးကျိုးများထဲမှ တစ်ခုမှာနှလုံးရောဂါဖြစ်သည်။ အမေရိကန်နှလုံးအသင်းအဖွဲ့မှ ပြောထားသည်မှာ အမျိုးသားသုံးယောက်တိုင်းတွင် နှလုံးနှင့်ပတ်သက်သည့်ရောဂါများခံစားရသူမှာ တစ်ယောက်ထက်ပိုသည်ဟု ဖြစ်သည်။ ထိုရောဂါများတွင် နှလုံးရပ်ခြင်း၊ နှလုံးသွေးကြောကျဉ်းခြင်း၊ နှလုံးခုန်နှုန်းမမှန်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ နှလုံးဆိုင်ရာရောဂါပိုးဝင်ခြင်း၊ နှလုံးစည်းချက်မမှန်ခြင်း နှင့် မွေးရာပါနှလုံးချို့ယွင်းချက်တို့ဖြစ်သည်။ အမျိုးသားများတွင် နှလုံးရောဂါလက္ခဏာများသည် ၎င်းတို့တွင်ရှိသော ရောဂါအမျိုးအစားပေါ်မူတည်ပါသည်။   နှလုံးရောဂါ၏ အစောပိုင်းလက္ခဏာများ နှလုံးရောဂါ၏ အစောဆုံးလက္ခဏာများမှာ နှလုံးဖောက်ခြင်း(သို့) အခြားပြင်းထန်သောပုံစံမျိုးဖြစ်သည်။ သို့သော် နှလုံးရောဂါဟုထင်ရှားစွာ မပေါ်ခင် ကြိုတင်သိနိုင်သော လက္ခဏာများစွာရှိသည်။ အစောပိုင်းတွင် လက္ခဏာများသည် အနှောင့်အယှက်ဖြစ်ရုံလောက်သာဖြစ်ပြီး ပေါ်လိုက်ပျောက်လိုက်ဖြစ်တတ်သည်။ ဥပမာ နှလုံးခုန်နှုန်းမမှန်ခြင်းသည် လေ့ကျင့်ခန်းအတော်အသင့်လုပ်ပြီးလျှင် အသက်ရှူခက်ခြင်း၊ နေလို့မကောင်းခြင်း၊ ရင်ဘတ်တွင်ညှစ်ထားသလိုဖြစ်ခြင်း၊ ခေါင်းမူးခြင်းလောက်သာဖြစ်စေပါသည်။ သွေးကြောနှင့်ဆိုင်သည့် နှလုံးရောဂါအများအပြားတွင် ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူခက်ခြင်းတို့ ပြတတ်သည်။ အခြားလက္ခဏာများမှာ ခြေလက်များနာခြင်း၊ ထုံကျဉ်ခြင်း၊ အေးစက်ခြင်း၊ အားနည်းခြင်းတို့ဖြစ်သည်။ အချို့လူများတွင် နှလုံးခုန်မမှန်ခြင်း၊ အလွန်ပင်ပန်းခြင်းတို့လည်း ခံစားရနိုင်သည်။ ဤလက္ခဏာများသည် သွေးကြောများတွင် […]


နှလုံးရောဂါ

နှလုံးရောဂါနှင့်ပတ်သက်၍ ဂရုစိုက်ရမည့်အချက်များ

ဘာကြောင့်သင့်နှလုံးကျန်းမာရေးကို ဂရုစိုက်ရမည်နည်း။ အကြောင်းမှာ နှလုံးရောဂါဆိုင်ရာအချက်အလက်များအရ သေဆုံးနိုင်သောအကြောင်းအများစုတွင် နှလုံးရောဂါသည် တစ်ခုပါဝင်သောကြောင့်ဖြစ်သည်။ လူတစ်ဦးသည် အချိန်တစ်ခုအထိ နေမကောင်းဖြစ်နေရင်းကနေ ရုတ်တရက်သေဆုံးနိုင်သည်ကို ကိစ္စအများစုတွင် တွေ့ရသည်။ ပြင်းထန်သော နှလုံးနှင့်သွေးကြောရောဂါရှိသည့် လူနာအများစုတွင် နှလုံးရပ်ခြင်း၊နှလုံးဖောက်ခြင်း ကိုတွေ့ရနိုင်သည်။ နှလုံးရောဂါဆိုင်ရာအချက်အလက်များအရ ကြောက်စရာအကောင်းဆုံးမှာ အသိပေးခြင်းမရှိဘဲလျှင်မြန်စွာဖြစ်ပျက်တတ်ခြင်း ဖြစ်သည်။ မည်သူမဆို ဖြစ်နိုင်သည်။ လူအများသည် နှလုံးရပ်ခြင်းကို ပို၍ပို၍ခံစားလာရပါလိမ့်မည်။ ကံမကောင်းစွာနှင့်ပင် အများစုမှာ လက္ခဏာများသတိမပြုမိဘဲ တွေ့ကြုံခံစားရခြင်းဖြစ်သည်။ ထိုကြောင့်နှလုံးရောဂါအား မည်ကဲ့သို့ကာကွယ်ရမည်ကို သိထားရန်အရေးကြီးပါသည်။ ကံကောင်းစွာနှင့် လွယ်ကူသော အဆင့်များရှာဖွေတွေ့ရှိရင်းနှင့် နှလုံးရောဂါဖြစ်နှုန်းကိုလျှော့ချနိုင်ပြီး နှလုံးကျန်းမာရေးကို တိုးတက်လာစေနိုင်သည်။ “နှလုံးရောဂါကိုဘယ်လိုကာကွယ်မလဲ” ဆိုသည့်မေးခွန်းအတွက် အလွယ်ဆုံးအဖြေမှာ “ဆရာဝန်ဆီသွားပါ” ဖြစ်သည်။ ဆေးခန်းသို့သွားပြီး နှလုံးရောဂါစစ်ဆေးခြင်းသည် ရယ်စရာမဟုတ်ပါ။ လူအများစုသည် နှလုံးရောဂါခံစားနေရသော်လည်း ထိုသို့လုပ်ရန်ငြင်းဆိုကြသည်။ သို့သော်သင်နေလို့ကောင်းသည်ရှိ၊ မကောင်းသည်ရှိ၊ ဆေးခန်း(သို့)ဆေးရုံသို့ သွားခြင်းသည် လုပ်ကိုလုပ်ရမည့် ကိစ္စပင်ဖြစ်သည်။ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း