အိပ်ရင် ဟောက်တတ် တဲ့သူတွေကို အနားမှာ ထားမအိပ်ချင်ကြတာ လူတိုင်းပါ။ သူကတော့ အိပ်မောကျပြီး ကိုယ်ကတော့ သူ့ အသံကြားပြီး တစ်ညလုံး မအိပ်နိုင်ဘဲနဲ့ လူးလိမ့်နေရရော။ ဒီလို ဟောက်တတ်တဲ့သူတစ်ယောက် ကိုယ့်အနားမှာ ရှိနေပြီ ဆိုလို့ကတော့ ခုပြောပြတဲ့ နည်းတွေနဲ့ သူ့ဟောက်တာကို ပျောက်အောင် လုပ်ရင်လုပ်။ မလုပ်ရင်တော့ အိပ်ရေးပျက်မှာက ကိုယ်ပဲ ဖြစ်နေလိမ့်မယ်။